My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Showing posts with label Life Strategies. Show all posts
Showing posts with label Life Strategies. Show all posts
Saturday, January 28, 2012

စိန်စီထားသော အချိန်လေးများ

အချိန်ရထားက မရပ်တမ်း သွားနေပါတယ်။ နောက်ပြန်လှည့်မရတဲ့ အချိန်တွေကို စနစ်တကျ မစီမံနိုင်ရင် စိတ်ဖိစီးမှုနဲ့ ဆုံးရှုံးမှုတွေကြား ဘဝက လုံးချာလည် လိုက်သွားနိုင်ပါတယ်။ ကုန်သွားတဲ့ အချိန်ကို စိန်နဲ့ ရွှေနဲ့ စက်ပြီး ပြန်ဝယ်လို့ မရဘူး မဟုတ်လား။ အဲဒါ ကိုယ့် အသက်တွေပါပဲ။ စိန်ထက် ရွှေထက် အချိန်က ပို အဖိုးတန်ပါတယ်။ သူ့ကို အသုံး ကောင်းကောင်း ချရင်တော့ စိန်တွေ ရွှေတွေ အပြင် အဲဒီထက် ပို အရေးပါတဲ့ စိတ်ကျေနပ် ပျော်ရွှင်မှုနဲ့ ကိုယ်လိုချင်တဲ့ ဘဝကို ရနိုင်ပါတယ်။
 ကိုယ့်ကိုကိုယ် သတိထားမိလာတာက အချိန် စီမံခံခွဲမှု စွမ်းရည်( Time Managemant Skill) အရမ်းကျလာတယ် ဆိုတာပါပဲ။ အလုပ်အများကြီးကို လုပ်လို့ မပြီးနိုင်ဘူး ဖြစ်လာတယ်။ အာရုံများလို့ မရဘူး။ တစ်ယောက်တည်း လုပ်ချင်ရာ လုပ်က ကိစ္စ မရှိဘူး အလုပ်ထဲ ပြန်ဝင်ပြီ ဆိုတာနဲ့ ကျွန်မတို့ အချိန်တွေကို အလုပ်အတွက် စနစ်တကျ သုံးရတော့မှာလေ။ 
အချိန်ကိုက်ပြီးရမယ့် အလုပ်တွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မှာ။ လူအများနဲ့ ဆက်ဆံတဲ့ အခါ အချိန်ကို သေသေချာချာ စံမံခန့်ခွဲပြီး အလုပ်တွေ မပြီးနိုင်ဘူးဆိုရင် ပြဿနာရှိလာလိမ့်မှာမို့ အခုတလည်းက အလေ့အကျင့် ပြန်လုပ်ဖို့ ကိုယ့်ကိုကိုယ် ပြန်မောင်းတင်ရတယ်။ မောင်းတင်ရင်း မထူးပါဘူး ဆိုပြီး ဒီ ဆောင်းပါးလေးကို ပါရေးလိုက်တာပါ။ 

ကျောင်းသားဘဝမှာ အရေးကြီးတဲ့ အချိန်စီမံ ခန့်ခွဲမှု

ကျောင်းသားဘဝမှာ  ပုံမှန်လုပ်ရတဲ့ အလုပ်၊ နေရာတဲ့ ပုံစံတွေကနေ ခွဲထွက်ပြီး ကျောင်းစာကလွဲလို့ လုပ်စရာမရှိ  ကိုယ့်ကျောင်းတက်ချိန်နဲ့ ကျောင်းစာတွေ ပြီးအောင် လုပ်ရတာကလွဲလို့ပေါ့။ အဲဒီမှာ သိပ်မဆိုးသေးပါဘူး။ အတန်းတက်ချိန် မရှိရင် ပိုတောင် အေးဆေးသေးပါတယ်။ ကျောင်းစာသာလျှင့် အရေးအကြီးဆုံးကိုး။ ကျောင်းစာဆိုတဲ့ အာရုံ တစ်ခုပဲ ရှိတယ်။ 

အဲ ကျောင်းသား ဘဝကနေ အလုပ်ထဲ ဝင်တော့မယ် ဆိုရင်တော့ အရင်လို ကျောင်းသား တစ်ခုတည်း မဟုတ်တော့ဘူး။ ဘဝ ဆိုတာကြီးနဲ့ ထိပ်တိုက်တွေ့ပြီဆိုတော့မှ  ချော်လဲလို့ မဖြစ်ဘူး မဟုတ်ဘူးလား။ တကယ်တော့ ကျွန်မတို့ကျောင်းသား ဘဝမှာတင် လက်တွေ့ လုပ်ငန်းခွင် ဆီကို ကူပြောင်းဖို့ အဆင်သင့် ဖြစ်အောင် ပြင်ဆင်ဖို့ပါ ကျွန်မဆို့ အချိန်တွေကို သုံးသင့်ပါတယ်။ 

ကျောင်းသားဘဝမှာ ကျောင်းစာတွေကို အချိန်မီ ပြီးဖို့က အဓိကပါ၊ ပြီးရင် ကိုယ့် အချိန်တွေကို လူမှု ဆက်ဆံရေးမှာ တိုးတက်လာအောင် လုပ်သင့်ပါတယ်။ ကျောင်းက လုပ်ရှားမှုတွေမှာတာမျိုး၊ အားကစားပွဲတွေ၊ စတဲ့ လူမှုရေး နယ်ပယ်နဲ့ ကိုယ်လက် ကြံ့ခိုင်မှုကိုပါ တိုးတက်အောင် လုပ်သင့်ပါတယ်။ 
 VOA က ပြီးခဲ့တဲ့ အပတ်က သတင်း မှာ ကာယလှုပ်ရှာမှုဟာ ကျောင်းစာကို ပိုတော်စေတယ် ဆိုတာကို နယ်သာလန် ဆေးကျောင်းက သုတေသီတွေက တွေ့ရှိခဲ့ပြီး အသက်ကြီးတဲ့ အခါလည်း သူငယ်ပြန်တာမျိုး မဖြစ်အောင် ကာကွယ်ရာရောက်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။
                       နောက်ပြီး တခြား ဗဟုသုတ ဖြစ်ဖွယ် စာများ ဟောပြောပွဲများကိုလည်း တက်ရောက်သင့်ပါတယ်။ နောက်တစ်ခုက ငွေရှာတာကို ရပ်မထားပဲ ကျောင်းတက်နေတဲ့ ကြားက ငွေရှာနိုင်အောင် ကြိုးစားနည်းလမ်းရှာသင့်ပါတယ်။ 
လူဆိုတာ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တာ အကောင်းဆုံးပါပဲ။ နောက်ဆုံး အရေးအကြီးဆုံး တစ်ချက်က တော့ လုပ်ငန်းခွင်အတွက် ကြိုတင် ပြင်ဆင်မှုပါပဲ။ ကိုယ်သွားမယ့် လုပ်ငန်းခွင်ကို ကြိုတင်လေ့လာ လိုအပ်တာတွေ ပြင်ဆင်ထား ရပါမယ်။ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ကိုယ်လျှောက်နိုင်ဖို့ ရနိုင်ဖို့ အဆင်သင့် ဖြစ်အောင် လေ့ကျင့်ပါ လို့ အကြံပေးချင်ပါတယ်။

Time Management ( အချိန် စီမံခံခွဲမှု) 

Time Management ဆိုတာ ကိုယ့်ရဲ့  အသက်နဲ့ဘဝကို စနစ်တကျနဲ့ အကျိုးရှိရှိ ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင် စိတ်ကျေနပ်စွာ ဘဝကို ဖြတ်သန်းသွားနိုင်အောင် လုပ်တာပါပဲ။
အချိန်ကို စနစ်တကျသုံးခြင်း အကျိုး

အချိန်ကို စနစ်တကျ သုံးတယ်ဆိုတာ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ သတ်မှတ်ထားတဲ့ အလုပ်တွေကို ပြီးအောင် လုပ်နိုင်တာပါပဲ။ ကိုယ်လုပ်စရာရှိသမျှ အလုပ်တွေကို ပြီးစီးသင့်တဲ့ အချိန်မှာ ပြီးစီးအောင် လုပ်တာပါ။ 
 အဲဒီလို ပြီးစီးလာရင် စိတ်ဖိစီးမှုတွေ ရော့ကျလာမယ်၊ လူက ပိုပျော်ရွှင်လာမယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ပိုရှိလာပြီး။ ကိုယ်ပိုင်စွမ်းရည်တွေ ပိုပြီး မြင့်မားလာမယ်။ စွမ်းရည်မြင့် လာတာနဲ့ အမျှ အလုပ်တွေ အချိန်မှန်ပြီးလာမယ်.. ဒီနောက်တော့ အချိန်ပိုတွေ ထွက်လာမယ်။ အဲဒီ အချိန်ပိုတွေကို ထပ်ပြီး အကျိုးရှိရှိ သုံးနိုင်မယ်ဆိုရင် ကိုယ့်ဘဝကို ပိုကောင်းလာအောင် လုပ်နိုင်မှာ သေချာပါတယ်။
  
အချိန်ကို စနစ်တကျ သုံးနိုင်ဖို့ ကြိုးစားမယ်

  • စိတ်ရှည်ပါ။ အားမလျှော့ပါနဲ့။
အချိန်ကို စနစ်တကျ သုံးနိုင်တဲ့ စွမ်းရည်တက်လာအောင် အရင်ဆုံး လုပ်ရမှာပါ။ နောက် လုပ်နေစဉ်မှာ အားမလျှော့ ပစ်ဖို့နဲ့ ငါ လုပ်နိုင်ပါတယ် ဆိုတဲ့ စိတ်ရှိကိုအမြဲ ထားပြီး ဆက်ကြိုးစားဖို့ တိုက်တွန်းချင် ပါတယ်။ 

  • ကိုယ့် အကြောင်းကိုယ် သိပါ
အလုပ်တစ်ခုကို အကြာကြီးလုပ်ပြီးရင် ငြီးငွေလာတတ်ပြီး အလုပ်ပြီးဖို့ စွမ်းရည်ကျလာတာမို့ ကိုယ့်စွမ်းရည် ဘယ်အချိန်လောက်ဆို ကျလာရင် ဘယ်လို အာရုံကို ပြန်လမ်းဆန်းလာအောင် လုပ်မလဲ ဆိုတာ သိပါ။ 
သတ်မှတ်အချိန်အတွင်း အလုပ်ပြီးဖို့အချိန်တိုအတွင်း  သွေးပူလေ့ကျင့်ခန်းနဲ့ ခေါင်းအေးအောင်ဘယ်လို လုပ်ရမလဲ ဆိုတာ သိအောင် ကြိုးစားပါ။သတ်မှတ်အချိန်အတွင်း အလုပ်တွေ ပြီးတဲ့အခါ ကိုယ့်ကိုကိုယ် ဘယ်လို ဂုဏ်ပြုမလဲ ဆိုတာပါ စဉ်းစားပါ။ သင်ပျော်ရွှင်လာပါလိမ့်မယ်။

  • အချိန်ကို စနစ်တကျ ဘယ်လို စီမံခန့်ခွဲမလဲ
အချိန်ကို စီမံ ခံခွဲတာဟာ အလုပ်ကို ပြီးမြောက်အောင်လုပ်တာပါပဲ။ ကိုယ်လုပ်ရမယ့် အလုပ်တွေကို ဘယ်အချိန်အတွင်း ဘယ်အလုပ်တွေ ပြီးအောင် လုပ်ရမယ် ဆိုတာပါပဲ။
တစ်နှစ်အတွင်း၊ တစ်လအတွင်း၊ တစ်ပတ်အတွင်း၊ တစ်ရက်အတွင်း  ပြီးအောင်လုပ်ရမယ့် အလုပ်တွေ ချရေးကြည့်ပါလား အဲဒီမှာ သင် ဘယ်လောက် အလုပ်များလဲ ပေါ်လာပြီ။ ကြားဖြတ် ဝင်လာမယ့် အလုပ်တွေလည်း ရှိဦးမှာ မလန့်သွားပါနဲ့။ နောက်တာပါ။ ရိုးရိုးလေးပဲ စတာပေါ့။

အရေးအကြီးဆုံး သတိပြုရမယ့် အချက်က လုပ်သင့်တာနဲ့ လုပ်ချင်တာကို ခွဲသိပြီး လုပ်သင့်တာတွေ ပြီးမှ လုပ်ချင်တာကို လုပ်ပါ။ 

ညအိပ်ရာမဝင်ခင် နောက်နေ့ ပြီးအောင် လုပ်ရမှာတွေ ကို ချရေးပြီး အချိန်နဲ့ သတ်မှတ်ပါ။ အရေးအကြီးဆုံးကနေစပြီး လုပ်ပါ။ အရေးကြီး တစ်၊ နှစ် စသည်ဖြင့် သတ်မှတ်ပါ။  နောက်ပြီး လုပ်ချင်တာတွေကို ပိုတဲ့ အချိန်မှာ ထည့် သတ်မှတ်ပါ။
မနက်စောစော နိုးနိုးချင်း လုပ်ရမယ့် အလုပ်စာရင်းကို ကြည့်ပြီး ဖြည့်စရာရှိတာဖြည့်ပြီး စလုပ်ပါတော့ ။ အချိန်မီပြီးတာ အတွက် ကိုယ့်ကိုကိုယ် ဆုပေးဖို့ မမေ့နဲ့ ဦးနော်။
လုပ်သင့်တာတွေ မပြီးရင် လုပ်ချင်တာ လုပ်ခွင့်မရတာကတော့ ဒဏ်ပေးခြင်း တစ်မျိုးပေါ့။ 

ညဘက် အိပ်ရာဝင်တဲ့ အချိန်မှာ ဒီနေ့ မပြီးမြောက်ခဲ့သေးတဲ့ အလုပ်တွေကနေ စရေးပါ၊ နောက် ထပ် လုပ်ရမယ့် အလုပ်တွေ နဲ့ ကိုယ်လုပ်ချင်တာတွေရေးတဲ့အခါ ကိုယ် လုပ်သင့်တာတွေ လုပ်လို့မပြီးလို့ လုပ်ချင်တာတွေကို လုပ်ခွင့်မရတာ သိပြီး လုပ်ချင်တာ လုပ်ခွင့်ရဖို့ ပိုကြိုးစားပြီး လုပ်ပါ။ ဒီလိုနဲ့ အချိန်ကို စနစ်တကျ သုံးတတ်လာပါလိမ့်မည်။

လူက အကျင့်ပါပဲ။ အကျင့် မဖြစ်ခင် ဒုက္ခကြီးလို ဖြစ်နေပေမယ့် အကျင့်ဖြစ်ပြီး အသားကျသွားတဲ့အခါ ပျော်ပျော်ရွှင်ရွှင်နဲ့ အေးဆေး လုပ်နေမှန်း မသိ အချိန်ကို အက်ျိုးရှိရှိ သုံးနိုင်လာမှာမို့ စိတ်ညစ်စရာလို့ မမြင်ပါနဲ့။ လေ့ကျင့်ခန်း စလုပ်ခါစ လူလိုပေါ့ အစတော့ ကိုယ်တွေ လက်တွေ နာတယ် နောက်တော့ လေ့ကျင့်ခန်း မလုပ်ရရင်တောင် နေလို့ ထိုင်လို့ အဆင်မပြေချင်ဘူးလေ။

အင်တာနက်ပေါ်မှာ ဖတ်ထားသမျှနဲ့ ကိုယ်အတွေးလေးကို ပေါင်းစပ် ရေးထားတာတဲ့ ဒီစာလေးကို အချိန်ပေးပြီး လာဖတ်တဲ့ စာဖတ် ပရိတ်သတ်တွေကို  ကျေးဇူးတင်ပါတယ်လို့ ပြောရင်း  
ကဲ ကျွန်မလည်း သတ်မှတ်ထားတဲ့ Blogging ချိန်က ၁၅ မိနစ်တောင် ကျော်နေပြီ။ ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။

ခင်မင်စွာဖြင့်

အလွမ်းပြေ



Wednesday, December 14, 2011

Home Sweet Home!




နှစ်သစ်မှာ လူသစ် စိတ်သစ်ဖြစ်ဖို့ ကိုယ့်နေတဲ့ အိမ်နဲ့ အိပ်ခန်းလေးကို အလှဆင် ပြုပြင်လိုတဲ့  ကျွန်မလိုပဲ စိတ်ကူးရှိတဲ့ သူငယ်ချင်းတွေအတွက် ဒီပို့စ်လေးကို ရေးလိုက်တာပါ။ လူ့စိတ်ကိုက တစ်ခါ တစ်လေ ငြီးငွေ့ လွယ်တဲ့ သဘောရှိတယ်မဟုတ်လား။ ကျွန်မစိတ်လည်း အဲဒီလိုပဲ  တစ်ခု တစ်ခုဆို ငြီးငွေ့တတ်တယ်။

တစ်ခါတစ်လေ လောကမှာ ငြီးငွေ့တိုင်း အပြောင်းအလဲ အလွယ်တကူ မလုပ်သင့်တဲ့ အရာတွေ ရှိနေသေးတယ် ။ အဲလို အရာတွေ ကြတော့ အမြဲတမ်း ဆန်းသစ်ဖို့ အပြောင်းအလဲလေးတွေ လုပ်ပေးရတယ်။ အဲဒီလိုမှ မလုပ်ပေးဘူးဆိုရင် နောက်ဆက်တွဲက မပြောင်းလဲ သင့်တာကိုပါ အလွယ် တကူ ပြောင်းလဲဖို့ ကြိုးစားမိပြီး တန်ဖိုး ကြီးကြီး ပေးဆပ် လိုက်ရ တတ်တယ်။

အလွယ်တကူ ပြောင်းလို့ မရတဲ့အရာတွေကိုတော့ တစ်ယောက်နဲ့ တစ်ယောက် အခြေအနေခြင်း မတူတော့ မပြောင်းလဲသင့်တဲ့ အရာတွေချင်းလဲ တူခြင်းမှ တူမှာပေါ့လေ။

ဒီနေ့ ကျွန်မပြောမယ့် အကြောင်းကတော့ ဘုံတူလောက်တယ်ရှင့်။ အဲဒါက ကျွန်မတို့ နေတဲ့ အိမ်နဲ့ အလုပ် ရုံးခန်းတွေပဲလေ။ ကျွန်မတို့ နေတဲ့ အိမ်၊ အိပ်ခန်းနဲ့ ရုံးခန်းတွေက ကျွန်မတို့ နေ့တိုင်း ထိတွေ့နေရတဲ့ နေရာတွေ မဟုတ်လား။

ဒီအိမ်နေရာ ငြီးငွေ့လာပြီ ဒီရုံးနေရာ ငြီးငွေလာပြီ ပြောင်းမယ်လို့ အလွယ်တကူလုပ်လို့ ရတာ မဟုတ်ဘူးလေ။ နေ့တိုင်းဒီပတ်ဝန်းကျင်မှာပဲ လှည့်ပတ်သွားလာ နေထိုင်နေရတာမို့ တစ်ခါတစ်လေ စိတ်ထဲ ရိုးအီလာတဲ့ ခံ စားမှုကို လူုတိုင်း ခံစားမိမှာပဲ။

အဲဒီလို အချိန်မှာ တစ်စုံတစ်ယောက်က ရုံးခန်းထဲကို ပန်းအိုး တစ်အိုးလောက် ယူလာတာပဲဖြစ်ဖြစ်။ အိမ်ရှင်း ထားတာပဲ ဖြစ်ဖြစ် ။ မထင်မှတ်ဘဲ တွေ့လိုက်ရရင် စိတ်ထဲ တက်ကြွသွားတာမျိုး၊ လန်းဆန်းသွားတာမျိုး ၊အဲဒီလို ခံစားချက်နဲ့ အလားတူမျိုး  စာဖတ်သူ အနေနဲ့ အနည်းဆုံး တစ်ခါလောက်တော့ ခံစားဖူးမှာ သေချာပါတယ်။

ဒီလိုဆိုတော့ အိမ်၊ အိပ်ခန်းနဲ့ ရုံးခန်း အလှဆင်တာဟာ အရေးကြီးတဲ့ အချက်တစ်ခုဆိုတာ  နားလည် သဘောပေါက် ထားသင့်ပါတယ်။ ဒါပေမယ့် ကျွန်မတို့အတွက် နောက်ထပ် အကြောင်းပြချက်က အချိန် မရှိဘူး ဆိုတာပါပဲ။ အချိန်မရှိလို့ ... အချိန်မရှိလို့။ ရေရွတ်နေကျ စကားပါ။ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တကယ်ပဲ လုပ်ချင်တယ် ဆိုရင် အချိန်မကုန်ဘဲ အလွယ်တကူနဲ့ ၊ ငွေကုန်ကြေးကျ သက်သာစွာနဲ့ အလှဆင်နိုင်မယ့် စိတ်ကူးလေးတွေ သင့်မှာ ရှိနေမယ် ဆိုရင်။ အချိန်လေး နဲနဲ ပေးလိုက်ပြီး စိတ်ချမ်းသာမယ့် နည်းကို အကြိုက်တွေ့မှာပါ။

ကျွန်မလည်း ကျွန်မအိမ်၊ ကျွန်မ အိပ်ခန်းကို တစ်လ တစ်ခါ လောက်တော့ ပုံစံ အပြောင်းအလဲလေး လုပ်တတ်တယ်။ တစ်ခါ တစ်လေ စိတ်ပါရင် ရာသီအလိုက် အလှဆင်တတ်တယ်။ ဝါသနာပါတာလည်း ပါပါတယ်။ ဒီနေ့ Christmas Decoration လေးတွေ Supermarket မှာတွေ့လာတော့  အိမ်အလှဆင်တဲ့ အကြောင်း ပို့စ်လေး ရေးဖို့ စိတ်ကူးရလိုက်တာပါ။

အိမ်ဆိုတာဟာ တစ်နေကုန် ကျွန်မတို့ အလုပ်မှာ မောပန်းလာသမျှ၊ အပြင်မှာ ကြုံတွေ့ခဲ့ရတဲ့ ဘဝအမောတွေ ချွေးသိပ်ပြီး နားခိုရာနေရာပါ။ ဒါကြောင့် အိမ်နဲ့ အိမ်ခန်းလေးတွေက နေချင့်စဖွယ် အတတ်နိုင်ဆုံး ဖြစ်နေနိုင်ရင် အကောင်းဆုံးပါ။

၁) အရောင်များနဲ့ ကစားမယ်

အခန်းလေးကို အရောင်ပြောင်းပေးပါ။ Home Decoration ရဲ့ အခြေခံကတော့ အရောင်တွေအကြောင်း နားလည်ဖို့ လိုလိမ့်မယ်ရှင့် ။ အရောင်တွေကို ခံစား တွဲစပ်တတ်ဖို့ အမြင်ရှိဖို့ ပထမအချက်လိုပါမယ်။ သဘာဝကျကျ အရောင်တွေကို တွဲစပ်တတ်ဖို့ပဲလိုပါတယ်။ သိပ်ခေါင်းစား မခံပါနဲ့။

ကဲ... ကိုယ့် အိပ်တဲ့ အခန်း ပြင်ဆင်ဖို့ ဥပမာပေးပြီး ကြည့်ကြည့်ရအောင်။ ကိုယ့် အခန်းကို သစ်တောလေးလို ဖြစ်ချင်တာလား။ ဒီဇင်ဘာ အငွေ့အသက်ရချင်တာလား။ Theme ကို စဉ်းစားပြီး အရောင်းတွေကို စဉ်းစားလိုက်ပါ။ အဲဒီ အရောင်တွေကို ရွေးချယ်လိုက်ပြီး အဆင်ပြေသလိုထားပါ။ အရိုးရှင်းဆုံးဟာ အကောင်းဆုံးပါပဲ။  အရောင်တွေ အများကြီးကို ရောစပ်မိရင် မျက်စိနောက် စရာကောင်းပါတယ်။ ဥပမာ အစိမ်းရောင် တောအုပ်ဆန်ဆန် အခန်းလေးကို ဖန်တီးချင်တယ် ဆိုပါတော့... အောက်မှာ အရောင်တွဲစပ်ထားတာလေးတွေ နမူနာကြည့်ပါ။ မျက်စိရှင်းရှင်းနဲ့ လှတာ တွေ့နိုင်ပါတယ်။

 

အခန်းကျဉ်းလေးလည်း လှအောင် ဆင်လို့ရပါတယ်။
  • အဓိကက  ပစ္စည်းဟောင်းတွေ မလိုအပ်တဲ့ ပစ္စည်းတွေကို သံယောဇဉ်ဖြတ်ပစ်လိုက်ပြီး လိုအပ်တာလောက်နဲ့ ရောင့်ရဲတတ်ပါ။ 
  • အိပ်ယာခင်းနဲ့ ခန်းစီးအရောင်တွေ ကို ဖြစ်သလို မဝယ်ပါနဲ့။ ကိုယ့်စိတ်ကြိုက် အရောင်နဲ့ အခန်းအခြေအနေကို စဉ်းစားပြီးဝယ်ပါ။ မှောင်တဲ့ အခန်းဆို အလင်းများတဲ့အရောင်၊ အလင်းများတဲ့ အခန်းဆို အရောင်ငြိမ်လေး စသည်ဖြင့်ပေါ့။အိပ်ရာခင်းနဲ့ ခန်းစီးတွေ ဟာ မှန်မှန်လဲပေးရမယ့် အမျိုးအစားမို့ သူ့ကို လဲပေးရတဲ့ အလုပ်ဟာ အချိန်ပို ကုန်တယ်လို့ ယူဆစရာ မဟုတ်ပါဘူး။
၂) ပန်းကလေးများနဲ့ အလှဆင်မယ်

ပန်းအိုးထိုးတာ၊ ပန်းပင်လေးတွေနဲ့ အလှဆင်တာ အလွယ်ဆုံးနဲ့ အများဆုံး လုပ်လေ့ရှိတဲ့ အလုပ်ပါ။ ဝေးဝေးလံလံ မစဉ်းစားပါနဲ့ တွေ့တဲ့ နေရာက ရှိတဲ့ပန်းနဲ့ အိမ်မှာ ရှိတဲ့ ခွက်တစ်ခုခု ၊ သုံးပြီးသား ဘူးခွံ စတာတွေနဲ့ ထိုးစိုက် အလှဆင်လိုက်ပါ။

အခန်းထဲမှာ ပန်းပင်လေး တစ်ပင်၊ ပန်အိုးလေး တစ်အိုး ရှိနေရင် စိတ်ထဲမှာ လန်းဆန်းမှုကို အထောက်အကူပြုတာ အမှန်ပါပဲ။ ဒီမှာ ငွေကုန်လည်း သက်သာ လှလည်း လှတဲ့ နည်းလေးတွေပါ။  ပန်းက ပြောင်းပြောင်း ထိုးနေရတာနဲ့ သူဘာသာ အပြောင်းအလဲ ဖြစ်နေပါလိမ့်မယ်။

ပန်းပင်စိုက်တာဆိုရင်တော့ အခန်းထဲမှာ စိုက်မယ်ဆို Indoor Plant ဟုတ် မဟုတ်တော့ သတိထားပါ။ ပန်းပင်ကလည်း ကြီးကြီးလာမှာဆိုတော့ သူကြီးလာပြီလား ကြည့်ရတာကိုက အိမ်မှာ စိတ်ဝင်စားစရာ တစ်ခုပါပဲ။







နောက် ဖြစ်နိုင်ရင် ဝရန်တာမှာပဲ ဖြစ်ဖြစ်၊ အိမ်ရှေ့မှာပဲ ဖြစ်ဖြစ် အားရင် အားသလို အပင်လေးတွေ စိုက်လို့ရပါသေးတယ်။ Home Gardening ကို ကျွန်မလည်း စိတ်ဝင်စားလို့ နောက်ရေးပါဦးမယ်။

၃) ပန်းချီလေးတွေ၊ နံရံကတ် အလှဆင် ချိတ်တဲ့ ပစ္စည်းလေးတွေကို ရာသီအလိုက်လေး ပြောင်းပေးမယ်။

အများကြီး မဟုတ်ပါဘူး။ ပုံးလေးနဲ့ တစ်ပုံးလောက် ထားပြီး တစ်လ တစ်ကြိမ်လောက် ပြောင်းချိတ်ပေးရင် အပြောင်း အလဲလေး ဖြစ်သလို။ အခန်းလေးလဲလှပါတယ်။



၎) ခြေသုတ်ခုံ ဒီဇိုင်း လှလှလေး 

အရေးမကြီးဘူးလို့ ထင်ပေမယ့် ဒါကလည်း တကယ် အရေးကြီးပါတယ်။ ကျွန်မတို့ အမြဲ အပြင်က အိမ်ကို ပြန်ဝင်တိုင်း ပထမဆုံးတွေ့ရတာ ခြေသုတ်ခုံပဲရှင့်။ ကျွန်မအမြင်ပြောရရင် သူ့ဒီဇိုင်းလေးက ပြောင်းနေရင် လှတပတ ဖြစ်နေရင် စိတ်ထဲ နဲနဲတော့ ကြည်သွားတာပဲ။

ကျွန်မကတော့ ခြေသုတ်ခုံ လှလှလေးတွေကလည်း အိမ်အတွက် အလှဆင် ပစ္စည်း တစ်ခုပဲလို့ ထင်တယ်။ ခြေသုတ်ခုံလေးတွေကလည်း ခဏ ခဏ လဲပေးသင့်တဲ့ အမျိုးအစားထဲက ဆိုတော့ ကျန်းမာရေးအတွက်ရော အိမ်လေးရဲ့ အလှအပအတွက် သူတို့ကိုလည်း ပြောင်းလဲ သုံးပေးရမယ်လို့ ထင်ပါတယ်။



ကျွန်မရဲ့ ပုံမှန် လုပ်တတ်တဲ့ နည်းလမ်းတွေကတော့ ဒီလောက်ပါပဲ။ အဲဒီ ပုံမှန်လုပ်နေတာလေးတွေ လုပ်ရင်း စားပွဲကို ဟိုနားရွေ့၊ စာအုပ်စင် ဒီနားရွေ့ စတဲ့ အပြောင်းအလဲ လေးတွေလည်း အချိန်ရရင် လုပ်တတ်သေးတာပေါ့နော်။ စာဖတ်သူတွေ လုပ်လေ့ရှိတဲ့ စိတ်ချမ်းသာပျော်ရွှင်မှုကို ပေးတဲ့ အိမ်ကလေးတွေ လှပဖို့အတွက်  အကြံဥာဏ်ကောင်းလေးတွေ ရှိရင်လည်း ပြောပါဦးနော်။

ခင်မင်စွာဖြင့်
အလွမ်းပြေ

Thursday, November 24, 2011

သဝေထိုး င ရဲ့ ဝဆွဲ... ငွေ


~~ ပြောင်းလဲတတ်တဲ့ လောကကြီးမှာ သူလေအရေးပါ မရှိကြောင့်မို့ အရေးထားကြတာ သူ့တစ်ယောက်ကိုပါ လူသားအားလုံး ပါးစပ်ဖျားမှာ သူလေ ရှိတာ ... စိုးမိုးခြင်းနဲ့ သိမ်းပိုက်မင်းမူ သွားခဲ့ပြီကွာ.. သဝေထိုး င ရဲ့ ဝဆွဲ... ငွေ... ရေး...ရေး.. ~~ 

ကျွန်မ မငွေခင်
ငွေအကြောင်း စဉ်းစားမိတိုင်း ခင်ဘုဏ်းရဲ့ ငွေ သီချင်းကို ပြေးသတိရမိပါတယ်။ ကျွန်မ ကိုယ် ကျွန်မ ပြန်ကြည့်တော့ .. ပြောတော့ ငွေကို သိပ်မမက်ဘူး... မမက်ဘူး။ လူမချမ်းသာချင်ဘူး၊ လူတန်းစေ့ယုံပေါ့.. စိတ်ပဲချမ်းသာ ချင်တယ် ဒါကြောင့် ငွေနောက်တော့ ဘယ်တော့မှ မလိုက်ဘူး ပါးစပ်က တတွတ်တွတ် ရွတ်ရင်း ငွေရှာနေရပါတယ်။ ငွေအတွက် ပူပင်ရတဲ့ အချိန်တွေလဲ ရှိလာပြန်ပါတယ်။ ငွေနဲ့ပတ်သက်ပြီး အကြောင်းတစ်ခုခုပေါ်လို့ ကူညီလိုက်ချင်တယ်၊ သုံးလိုက်ချင်တယ် ၊ ပေးလိုက်ချင်တယ် စိတ်ထဲမှာ ဖြစ်လည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်ရင် ငွေကြောင့် စိတ်မကောင်း ဖြစ်ရပြန်တယ်။ ဒါတင်မက မထင်မှတ်တဲ့ ငွေထွက်ပေါက်တွေ ပေါ်လာတိုင်း စိတ်ညစ်ရသလို မထင်မှတ်တဲ့ ငွေတွေ ဝင်လာတိုင်း ပျော်ရွှင်ရပြန်တယ်။ အော် တတ်လည်း တတ်နိုင်တဲ့ ငွေ နောက်တနည်း ခေါ်ကြတဲ့ ပိုက်ဆံ။ ကိုယ့်ဘဝကို သူက ထိန်းချုပ်ဖို့ တချိန်လုံး အကွက်ရှာ နေပါလား။
ငွေဆိုတာ ဂုဏ်ကို ခေါ်တယ် ဆိုတာတွေ ခဏ ဘေးချိတ်ထား လူတန်းစေ့ဘဝမှာ ငွေအတွက် မပူမပင်တော့ နေချင်တယ်။ ဒါကျွန်မ သဘောထား အမှန်ပါပဲ။ ပြောတော့ လူမှုရေးသမား၊ ဖွံ့ဖြိုးရေး လုပ်မယ်ပြောပြီး အဆင်းရဲ မခံနိုင်ဘူးလားလို့ မေးရင် ဟုတ်ပါတယ်လို့ ကျွန်မတော့ အမှန်ကို ဖြေရဲပါတယ်။ 
ကျွန်မမှာ အကြောင်းပြချက်ရှိပါတယ်။ ကျွန်မ ဘဝမှာ တာဝန်သိသူ ကျေပွန်သူ တစ်ယောက် ဖြစ်ချင်တယ်။ ဥပမာ- မဖွံ့ဖြိုးတဲ့ ဒေသက ကလေးတွေအတွက်  စေတနာထားတဲ့ ကျောင်းဆရာအဖြစ် အရိုးထုတ်ပြီး အိမ်က မိသားစု ထမင်းမဝ၊ မွေးထားတဲ့ ကလေးတွေရော ယူထားတဲ့ မိန်းမရော စိတ်ဆင်းရဲရတာ တရားပါရဲ့လား။ သူက ပီတီစား တစ်သက်လုံး သေတဲ့အထိ ဂုဏ်ယူပေမယ့်  နောက်က မိသားစုရဲ့ ရှေ့ရေးက ဝေဝါးနေရင် ကျွန်မတော့ အဲလို လူကို သူရဲကောင်းလို့ မသတ်မှတ်နိုင်ဘူး။  အဲလိုလုပ်နိုင်ပြီး မိသားစုကိုလည်း ကောင်းကောင်း စောင့်ရှောင့်နိုင်တဲ့ သူဆိုရင် ကျွန်မ တကယ် အားကျမိမှာပါ။ လူမှုရေးတွေချည်း လုပ်ရင်း တကယ်လည်း အငတ်မခံနိုင်တဲ့ အခါ လူမှုရေး  လုပ်စားတဲ့ လူမှုရေး လုပ်ငန်းရှင်ကြီး ဖြစ်လာမှာကိုလည်း ကျွန်မကို ကျွန်မ မလိုလားဘူး။
အဲလိုမဖြစ်ရအောင် ကိုယ့်ဝါသနာနဲ့လည်း ရှင်သန်နိုင်အောင်၊  ကိုယ်နေချင်တဲ့ အခြေအနေနဲ့ ကိုက်ညီနိုင်အောင် ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းတော့ ကွဲကွဲပြားပြား ဖြစ်အောင် လုပ်ရတော့မယ်လို့ ကျွန်မ ခံယူထားပါတယ်။

မာနမင်းသမီးရဲ့ ဘဝ သင်ခန်းစာ

ကျွန်မ ငယ်ငယ်ကတည်းက အိမ်မှာ အမေရဲ့စာအုပ်ပုံ၊ ဦးလေးသုံးယောက်ရဲ့ စာအုပ်ပုံ ထဲမှာ ကြီးခဲ့ရတော့  စာအုပ်တွေရဲ့ လွမ်းမိုးမှုကြောင် ထင်ပါရဲ့  ဆယ်တန်းအောင်တာနဲ့ အလုပ်လုပ်မယ် ကိုယ့်အားကိုယ်ကိုးမယ်။ ကိုယ့်ပိုက်ဆံပဲ ကိုယ်သုံးမယ် လုပ်ပြီး အတိုက်အခံလုပ် အလုပ်လုပ်ခဲ့တာ အခုအချိန်အထိ အလုပ်မရှိတဲ့ အချိန်ဆိုတာ မရှိသလောက်ဘဲ။ အချိန်ပြည့် သင်တန်းတက်ချိန် နဲနဲက လွဲလို့။

အိမ်ကနေ ဆယ်တန်းအောင်ချိန်ကနေ ခုထိ မုန့်ဖိုးမတောင်းခဲ့ပေမယ့် အလုပ်လက်ရှိလုပ် နေပေမယ့်  တစ်ခါတစ်ခါ  ဘာလို့ လိုငွေတွေ ပြနေရတာလဲလို့ ကျွန်မကို ကျွန်မ ပြန်မေးမိပါတယ်။ 

ကျွန်မအတွက် လိုငွေပြမှု ဘဝ သင်ခန်းစာအတွက် အကြောင်းအရင်း အဖြေက 
 ၁။  ငွေသုံးစွဲမှုစနစ် 
၂။ စုဆောင်းကျင့်မရှိမှု 
၃။  စိတ်မနိုင်မှု ဆိုတဲ့
သုံးချက်ကို သွားတွေ့ပါတယ်။ 

 ကျွန်မ ဒါတွေကို မပြင်ဆင်နိုင်ရင် အနာဂတ်မှာ ဒီထက်ခက်ဖို့ပဲ ရှိတော့မယ်ဆိုတာ ကျွန်မ သဘောပေါက်တွေ့ရှိလာပါတယ်။ ကျွန်မ အနာဂတ်မှာ ငွေအတွက် ပူပင်မနေရဖို့  ဒါတွေကို မပြင်ရင် မရတော့ဘူးဆိုတာ သိလာပါတယ်။ အကြွေးဆိုတဲ့ ချောက်ထဲ မရောက်ဖို့ ဘဝမှာ အရေးကြီးပါတယ်။ မဟုတ်ရင် ဘဝရဲ့ အေးချမ်းမှုပျောက်ပြီး ပူပင်သောကတွေကြားမှာ နစ်မြှုပ်သွားပါလိမ့်မယ်။

ဘဝမှာ ငွေရှာဖို့ သက်သက် ကျွန်မ အသက်မရှင်ရဖို့ သူ့ကို ကျွန်မ ဇက်ကြိုးကိုင်နိုင်ဖို့ ကြိုးစားရပါတော့မယ်။

ဇက်ကြိုး (သို့) အကျင့်

ဇက်ကြိုးကိုင်ဖို့ အသေအချာ လိုက်ရှာလိုက်တော့မှ အဲဒီ ဇက်ကြိုးဟာ ကိုယ်ကိုကိုယ်တိုင် ဖြစ်နေပါတယ်။ တနည်းအားဖြင့် ကိုယ့်ရဲ့ အကျင့်တို့ဆိုတာ သေချာတွေ့လိုက်ရပါတယ်။ အဲဒီတော့ ကိုယ်ဘယ်လို အကျင့်တွေကို ကျင့်မှ ဇက်ကြိုးကို ကိုင်နိုင်မလဲ ဆိုတော့ ..
  • ငွေတန်ဖိုးသိတဲ့ အကျင့်
  • ငွေရှာတတ်တဲ့ အကျင့်
  • သုံးတတ်တဲ့ အကျင့်
  • စုဆောင်းတတ် တဲ့ အကျင့်


ငွေတန်ဖိုးသိတဲ့ အကျင့်။ ။ ငွေမရှိရင် တွေ့ရတဲ့ ဒုက္ခ နဲ့ ငွေကို ကိုယ်တိုင်ရှာဖူးမှ ငွေတန်ဖိုးကို သိပါမယ်။ ကိုယ်တိုင်ရှာတဲ့ သူတွေလည်း သိပေမယ့်  စိတ်ရဲ့အလိုကို လိုက်ရင်း နောက်မှ နောင်တရတတ်တဲ့ သူတွေလည်း တွေ့ရတာကြောင့် ငွေရဲ့ တန်ဖိုးကို ခေါင်းထဲ အမြဲ ထည့်ထားဖို့ လိုပါလိမ့်မယ်။

ငွေရှာတတ်တဲ့ အကျင့်  ။ ။ ငွေဘာလို့ ရှာလည်းဆိုရင် အဖြေအမျိုးစုံ ထွက်လာပေမယ့် အရင်းစစ်လိုက်ရင် သုံးဖို့ပါ။ ထွက်ဖို့ လိုအပ်တဲ့ ငွေရှိလို့ ဝင်ငွေရှာတာပါ။ အဲဒီတော့  ကိုယ့်ဝင်ငွေကို ထွက်ငွေနဲ့ ကိုက်အောင် နည်းလမ်းတကျ ရှာဖွေနိုင်အောင် ကြိုးစားကျင့်ရပါလိမ့်မယ်။

သုံးတတ်တဲ့ အကျင့် ။  ။ ဝင်ငွေကို အခြေခံပြီး လုံလောက်အောင် အသုံးနဲ့ အဖြုန်းကို ခွဲခြား သိရှိနားလည်ပြီး သုံးစွဲတတ်ဖို့ လိုပါတယ်။ ကိုယ်ရဲ့ အခြေခံ မရှိမဖြစ် သုံးဖို့ လိုအပ်တာအတွက် အရင်သုံးပြီး မှ  လိုချင်တာအတွက်ကိုဘယ်လိုသုံးမလဲ ဆိုတာ သိပြီး စနစ်တကျ သုံးစွဲတတ်ဖို့ လိုအပ်ပါမယ်။

စုဆောင်းတတ် တဲ့ အကျင့်။ ။ မထင်မှတ်တဲ့ ထောင့်ကနေ ဝင်လာပြီး အငိုက်ထိုးစစ်ဆင်တတ်တဲ့ မမြင်ရတဲ့ ဘေးအန္တရယ်နဲ့ လောကဓံကြားမှာ လူတွေ အသက်ရှင်နေရတာကို မမေ့လျှော့ရင် လိုငွေပြမှု ၊ အကြွေးတင်မှုတွေ ဆိုတာတွေကလည်း မထင်မှတ်ဘဲပေါ်လာတဲ့  မဖြစ်မနေ သုံးစွဲစရာတွေ အတွက် သုံးရလို့ ပေါ်လာတာတွေပါ။ အဲဒီအတွက် မပြေးသော်လည်း ကန်ရာရှိအောင် စုဆောင်းငွေဆိုတာ လိုပါတယ်။ သေရေးရှင်ရေးဖြစ်တဲ့ ကျန်းမာရေးတို့အတွက်အပြင် ဘဝအနာဂတ်တွက် ငွေစုဆောင်းထားတတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် လစဉ် ဝင်ငွေရဲ့ ဘယ်လောက်ရာခိုင်နှုန်းကို ဆက်ဆက် စုမယ် ဆိုတာကို ရအောင် ကျင့်ဖို့လိုမယ် ထင်ပါတယ်။

အကျင့်ဖြစ်ဖို့ စနစ်

ကိုယ်ဘယ်လောက်ဝင်လို့ ဘယ်လောက်သုံးတယ် ဆိုတာ မသိဘဲ အပေါ်က ပြောတဲ့ အကျင့်တွေကို ဘယ်လိုမှ ကောင်းအောင် ကျင့်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူတွေတိုင်းမှာ ကိုယ့် ဝင်ငွေနဲ့ အသုံးစရိတ်၊ စုငွေ၊ အကြွေး စတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ ကိုယ်ရလောက်တဲ့ ဝင်ငွေ၊ သုံးစွဲရမှာတွေ၊ စုဆောင်းထားသင့်တဲ့ ပမာဏနဲ့ ဆပ်ဖို့ရှိတဲ့ အကြွေးတွေကို ခန့်မှန်းတွက်ချက်ပြီး  ကိုယ့်ရဲ့ရသုံး မှန်းခြေ ငွေစာရင်း Personal Budget  လေးလုပ်ထားသင့်ပါတယ်။ ဒါမှ ကိုယ့်အခြေအနေ ကိုယ်သိပြီး ဆင်ခြင်လို့ရပါမယ်။

ကိုယ့်ရဲ့ရသုံး မှန်းခြေ ငွေစာရင်း Personal Budget  ဘယ်လို ဆွဲမလဲဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူလောက်ပါဘူး။ အခြေခံတူညီနိုင်တာတွေက အဓိက စားဝတ်နေရေး နဲ့ အခွန်ဆောင်ရန်ပါ။ (အခွန်က ကျွန်မတို့ မြန်မာနိုင်ငံသားတွေနဲ့ စိမ်းနေပေမယ့် နီုင်ငံသားတိုင်း မဖြစ်မနေ ပေးဆောင်ရမယ့် အရာမို့  ထည့်ကို တွက်ရမယ့် အရာပါ) အဲဒီအပြင် ကျန်းမာရေး၊ ပညာရေး၊ ဖျော်ဖြေရေး စရိတ်တွေပါ။ ကိုယ့်ရဲ့ လိုအပ်ချက်(Need) နဲ့ လိုချင်မှု(Want) ကို ခွဲခြားပြီး  နားလည်အောင် ကြိုးစားပြီး အရေးကြီးအဆင့်တွေကိုသတ်မှတ်ထားရင် ဝင်ငွေနဲ့ ထွက်ငွေ မလုံလောက်မှုမရှိအောင် ထိန်းကျောင်းနိုင်ပါလိမ့်မယ်။

စိတ် 

စကားလုံး တစ်လုံးထဲနဲ့ သူ့ကို ထိန်းဖို့ တော်တော် ခက်ပါတယ်။ လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိပါတယ်။ ကျွန်မရဲ့ အားနည်းချက်ကို ပထမဦးဆုံး စာပိုဒ်မှာ ရှာဖွေ တွေ့နိုင်ပါတယ်။ တာဝန်ကျေချင်တဲ့ စိတ်ပါပဲ။ ဟုတ်ပါတယ်။ လူတိုင်းမှာ စွမ်းဆောင်နိုင်တဲ့ အတိုင်းအတာ (Limit) ရှိပါတယ်။ ကျွန်မရဲ့ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာထက် ပိုပြီး တာဝန်ကျေချင် လုပ်ပေးချင်တတ်တဲ့ စိတ်ကြောင့် ကျွန်မကိုယ် ကျွန်မရော၊ သူများကိုပါ ဒုက္ခပေးတတ်ပါတယ်။
ကိုယ်ဆွဲထားတဲ့ Personal Budget ထဲက အပိုအလိုမရှိတာသိရဲ့နဲ့ မိဘအတွက် ကိုယ်တတ်နိုင်သလောက် ဖြည့်ဆည်းပေးပြီးတာတောင် ထပ်ပြီး မိသားစုဝင်တွေက တစ်ခုခု ထပ်ပြီး တောင်းဆိုလာ ရင် မလုပ်ပေးဘဲ မနေနိုင်ဖြစ်ပြန်ရော၊ နောက်ကိုယ်လိုအပ်မှာ သိရဲ့နဲ့ ကိုယ့်မိတ်ဆွေတစ်ယောက်ယောက် များလိုနေရင် ချေးလိုက်ပြန်ရော၊ အကူအညီတောင်းလာရင် ပေးလိုက်ချင်ပြန်ရော၊  လူမှုရေး အသုံးစရိတ် အတွက် Budget ထည့်ထားလည်း ကိုယ်တကယ် လုပ်ပေးချင်တာနဲ့ အဆမတန် ကွာနေပြန်ရော။
အဲလို မနိုင်ဝန်တွေကိုစိတ်မနိုင်ဘဲ ထမ်းတဲ့ ဘေးထွက် ဆိုးကျိုးက ကိုယ်တိုင်ဆွဲထားတဲ့ Personal Budget ကို ကိုယ်တိုင် မလိုက်နာနိုင်၊ ချေးမိလို့  သူများက ပြန်မပေးနိုင်တဲ့အခါ တောင်းရတော့ နှစ်ဦးကြား မျက်နှာပူရ၊ မိတ်ဆွေပျက်ရ၊ သူလည်း အရှက်ရ ကိုယ်လည်း ဒုက္ခရောက်။ ပူဆာတိုင်း ရကျင့်ပါနဲ့ သူတွေကလည်း ပူဆာလို့ မရရင် စိတ်ကောက်ငြိုငြင်နဲ့ ပြောမဆုံးနိုင်အောင်ပါပဲ။ စေတနာပေမယ့် တကယ် ဖန်တီးမိတာ နှစ်ဘက်လုံးအတွက် ရလာဒ်က ဝေဒနာတွေ ဖြစ်နေတာ တွေ့ရပါတယ်။
ကိုယ့်ကိုကိုယ် သူများအတွက် လိုအပ်တာထက် ပိုကောင်းသူကြီးလို့ ပြောချင်တာမဟုတ်ပါဘူး သူများအပေါ် ကောင်းရတာကို နှစ်သက်ပြီး အဲဒီကျေနပ်မှုကို ကိုယ့်စိတ်ထဲကနေ ဘိန်းလိုစွဲနေတဲ့ တနည်းအားဖြင့်  သူများက ကျေးဇူးတင်တာ ချီးကျူးတာကို သာယာတဲ့စိတ် လိုတာထက်ပိုတဲ့ ဂုဏ်ယူလိုစိတ်လို့ပဲ ထင်ပါတယ်။ ဘယ်အရာမှ လိုတာထက် ပိုတာဟာ ရည်ရှည်မှာ မကောင်းနိုင်ဘူး မဟုတ်လား။
ဒါတောင်တခြား မြင်မြင်သမျှ ဝယ်ချင်၊ မြင်မြင်သမျှ စားချင်၊ Discount တွေ့သမျှ စိတ်ဝင်စား ဆိုတဲ့ သူတွေထဲမှာ ကျွန်မ မပါတာကိုပဲ ကိုယ့်ကိုကိုယ် ကျေးဇူးတင်ရမလို ဖြစ်နေပါတယ်။ လူတိုင်းလည်း  ကျွန်မလိုပဲ ကိုယ် ဘယ်လိုနေရာမျိုးမှာ ငွေကို လိုအပ်ထက် ပိုသုံးလိုက်တတ်တဲ့ အားနည်းချက် ရှိလည်း ဆိုတာ သိဖို့ လိုအပ်မယ် ထင်ပါတယ်။
ကျွန်မ အနာဂတ်မှာ ကိုယ့် အခြေခံလိုအပ်ချက်တွေ ပြည့်စုံပြီး  ငွေအတွက် မပူပင်ရတဲ့သူဖြစ်ချင်တယ်။ ဒါမှ ကိုယ်လုပ်ချင်တဲ့ လူမှုရေးအလုပ်ကိုလည်းလုပ်ရင်း ၊ ကိုယ့်ပတ်ဝန်းကျင်အပေါ်လည်း  ကိုယ်နိုင်သလောက် တာဝန်ကျေပြီး လူပီသတဲ့ စိတ်ချမ်းသာတဲ့၊ အေးချမ်းတဲ့ ဘဝကို လိုချင်တယ်လေ။ စနစ်မကျရင် အနာဂတ်လှဖို့ မလွယ်ဘူး မဟုတ်လား။
အဲဒီတော့ အဓိကအချက်ဖြစ်တဲ့ ကိုယ်ဆွဲထားတဲ့ Personal Budget ကို ကိုယ်စွဲစွဲမြဲမြဲ အလေးထားတဲ့ စိတ်နဲ့ ကိုယ့်အားနည်းချက်ကို ကိုယ်သိပြီး ပြင်ဖို့ စိတ်ကို ထိန်းနိုင်ဖို့ ကျင့်ရပါဦးမယ်။

ခင်မင်စွာဖြင့်
အလွမ်းပြေ