My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Showing posts with label Arts and Creation. Show all posts
Showing posts with label Arts and Creation. Show all posts
Wednesday, December 14, 2011

Recycle Idea: The secret garden


“If you look the right way, you can see that the whole world is a garden.”
“As long as you have a garden you have a future and as long as you have a future you are alive.”
“And the secret garden bloomed and bloomed and every morning revealed new miracles.”
*The Secret Garden *
 ပန်းပင်လေးတွေ စိုက်ရတာ ကျွန်မဝါသနာပါ။ တစ်ခါတစ်ရံလည်း စားပင် သီးပင်တွေကိုပါ စိုက်လို့ရရင် စိုက်လိုက်ပါသေးတယ်။ ဒါကြောင့် ကျွန်မဝါသနာအလျှောက် စုစည်းထားတဲ့ Recycle Home Gardening Idea လေးတွေကို စုစည်းပြီး မျှဝေလိုက်ပါတယ်။ 
ကျွန်မတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ လှပတဲ့ နေချင့်စဖွယ် ပန်းခြံလေးတွေကို ရှိတဲ့နေရာနဲ့ ဖြစ်အောင် လုပ်လို့ရတဲ့ ပုံစံလေးတွေကို စုစည်းထားတာပါ။

ခြင်းတောင်း အဟောင်းကို ခြေသုတ်ခုံအဟောင်းထည့်ပြီး ကြားထဲမှာမှ မြေဆွေးထည့်ပြီး စိုက်တဲ့ နည်းပါ။ ဝါယာကြိုးဟောင်း တွေနဲ့လည်း ချိတ်ဆွဲထားပါသေးတယ်။  နေရာကျဉ်းမှာပဲဖြစ်ဖြစ် တိုက်ခန်း ဝရန်တာမှာပဲ ဖြစ်ဖြစ် စိုက်လို့ရတဲ့ နည်းလေး တစ်ခုပါ။

လှတော့ နဲနဲ sexy ဖြစ်တာပေါ့:D




ကျွန်မတို့ လွှင့်ပစ်မယ့် ရှူးဖိနပ်တွေကို အသုံးပြုလို့ ရမယ့် နည်းပါ။  ရှူးဖိနပ်တွေ ကို သေချာရေဆေး ဆေးလေးသုတ်ပြီး ဒီလို စိုက်လို့ရမယ် ထင်ပါရဲ့။


 ဒီလို အအေးဘူးခွံ၊ ရေသန့်ဘူးခွံတွေကို အဆင့်ဆင့် ချိတ်ဆွဲပြီးဖြစ်ဖြစ်ရသလို ၊ ချစိုက်ရင်လည်း အဆင်ပြေသားနော်..


ပဲ့သွားတဲ့ ကော်ဖီခွက် တွေ..

သံဗူး အဟောင်းတွေ .. ပန်းအိုးလေးတွေ ။ 








ကားတာရာတွေကတော့ အပင်ကြီးတွေ စားပင်တွေ စိုက်ချင်ရင် အဆင်ပြေပြေ သုံးနိုင်တယ်။

ကော်ဗူးအဟောင်းတွေ ။
ဒါလည်း သံဗူး အဟောင်းတွေပါပဲ။








ဒီလိုကြတော့လည်း ဟောင်းသွား ပေါက်သွားတဲ့ အိမ်သုံးပစ္စည်း မှန်သမျှ အသုံးတည့်တာချည်းပဲနော်.
 ပျော်ရွှင်ခြင်းရဲ့သော့ချက်လို့ ပြောလို့ရလောက်တဲ့ ..  ဧဒင်ဥယျဉ်လေးကို ကိုယ့်အိမ်ကလေးဆီ သယ်ဆောင်လာနိုင်ပါစေ။
ခင်မင်စွာဖြင့်
အလွမ်းပြေ



 

Home Sweet Home!




နှစ်သစ်မှာ လူသစ် စိတ်သစ်ဖြစ်ဖို့ ကိုယ့်နေတဲ့ အိမ်နဲ့ အိပ်ခန်းလေးကို အလှဆင် ပြုပြင်လိုတဲ့  ကျွန်မလိုပဲ စိတ်ကူးရှိတဲ့ သူငယ်ချင်းတွေအတွက် ဒီပို့စ်လေးကို ရေးလိုက်တာပါ။ လူ့စိတ်ကိုက တစ်ခါ တစ်လေ ငြီးငွေ့ လွယ်တဲ့ သဘောရှိတယ်မဟုတ်လား။ ကျွန်မစိတ်လည်း အဲဒီလိုပဲ  တစ်ခု တစ်ခုဆို ငြီးငွေ့တတ်တယ်။

တစ်ခါတစ်လေ လောကမှာ ငြီးငွေ့တိုင်း အပြောင်းအလဲ အလွယ်တကူ မလုပ်သင့်တဲ့ အရာတွေ ရှိနေသေးတယ် ။ အဲလို အရာတွေ ကြတော့ အမြဲတမ်း ဆန်းသစ်ဖို့ အပြောင်းအလဲလေးတွေ လုပ်ပေးရတယ်။ အဲဒီလိုမှ မလုပ်ပေးဘူးဆိုရင် နောက်ဆက်တွဲက မပြောင်းလဲ သင့်တာကိုပါ အလွယ် တကူ ပြောင်းလဲဖို့ ကြိုးစားမိပြီး တန်ဖိုး ကြီးကြီး ပေးဆပ် လိုက်ရ တတ်တယ်။

အလွယ်တကူ ပြောင်းလို့ မရတဲ့အရာတွေကိုတော့ တစ်ယောက်နဲ့ တစ်ယောက် အခြေအနေခြင်း မတူတော့ မပြောင်းလဲသင့်တဲ့ အရာတွေချင်းလဲ တူခြင်းမှ တူမှာပေါ့လေ။

ဒီနေ့ ကျွန်မပြောမယ့် အကြောင်းကတော့ ဘုံတူလောက်တယ်ရှင့်။ အဲဒါက ကျွန်မတို့ နေတဲ့ အိမ်နဲ့ အလုပ် ရုံးခန်းတွေပဲလေ။ ကျွန်မတို့ နေတဲ့ အိမ်၊ အိပ်ခန်းနဲ့ ရုံးခန်းတွေက ကျွန်မတို့ နေ့တိုင်း ထိတွေ့နေရတဲ့ နေရာတွေ မဟုတ်လား။

ဒီအိမ်နေရာ ငြီးငွေ့လာပြီ ဒီရုံးနေရာ ငြီးငွေလာပြီ ပြောင်းမယ်လို့ အလွယ်တကူလုပ်လို့ ရတာ မဟုတ်ဘူးလေ။ နေ့တိုင်းဒီပတ်ဝန်းကျင်မှာပဲ လှည့်ပတ်သွားလာ နေထိုင်နေရတာမို့ တစ်ခါတစ်လေ စိတ်ထဲ ရိုးအီလာတဲ့ ခံ စားမှုကို လူုတိုင်း ခံစားမိမှာပဲ။

အဲဒီလို အချိန်မှာ တစ်စုံတစ်ယောက်က ရုံးခန်းထဲကို ပန်းအိုး တစ်အိုးလောက် ယူလာတာပဲဖြစ်ဖြစ်။ အိမ်ရှင်း ထားတာပဲ ဖြစ်ဖြစ် ။ မထင်မှတ်ဘဲ တွေ့လိုက်ရရင် စိတ်ထဲ တက်ကြွသွားတာမျိုး၊ လန်းဆန်းသွားတာမျိုး ၊အဲဒီလို ခံစားချက်နဲ့ အလားတူမျိုး  စာဖတ်သူ အနေနဲ့ အနည်းဆုံး တစ်ခါလောက်တော့ ခံစားဖူးမှာ သေချာပါတယ်။

ဒီလိုဆိုတော့ အိမ်၊ အိပ်ခန်းနဲ့ ရုံးခန်း အလှဆင်တာဟာ အရေးကြီးတဲ့ အချက်တစ်ခုဆိုတာ  နားလည် သဘောပေါက် ထားသင့်ပါတယ်။ ဒါပေမယ့် ကျွန်မတို့အတွက် နောက်ထပ် အကြောင်းပြချက်က အချိန် မရှိဘူး ဆိုတာပါပဲ။ အချိန်မရှိလို့ ... အချိန်မရှိလို့။ ရေရွတ်နေကျ စကားပါ။ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တကယ်ပဲ လုပ်ချင်တယ် ဆိုရင် အချိန်မကုန်ဘဲ အလွယ်တကူနဲ့ ၊ ငွေကုန်ကြေးကျ သက်သာစွာနဲ့ အလှဆင်နိုင်မယ့် စိတ်ကူးလေးတွေ သင့်မှာ ရှိနေမယ် ဆိုရင်။ အချိန်လေး နဲနဲ ပေးလိုက်ပြီး စိတ်ချမ်းသာမယ့် နည်းကို အကြိုက်တွေ့မှာပါ။

ကျွန်မလည်း ကျွန်မအိမ်၊ ကျွန်မ အိပ်ခန်းကို တစ်လ တစ်ခါ လောက်တော့ ပုံစံ အပြောင်းအလဲလေး လုပ်တတ်တယ်။ တစ်ခါ တစ်လေ စိတ်ပါရင် ရာသီအလိုက် အလှဆင်တတ်တယ်။ ဝါသနာပါတာလည်း ပါပါတယ်။ ဒီနေ့ Christmas Decoration လေးတွေ Supermarket မှာတွေ့လာတော့  အိမ်အလှဆင်တဲ့ အကြောင်း ပို့စ်လေး ရေးဖို့ စိတ်ကူးရလိုက်တာပါ။

အိမ်ဆိုတာဟာ တစ်နေကုန် ကျွန်မတို့ အလုပ်မှာ မောပန်းလာသမျှ၊ အပြင်မှာ ကြုံတွေ့ခဲ့ရတဲ့ ဘဝအမောတွေ ချွေးသိပ်ပြီး နားခိုရာနေရာပါ။ ဒါကြောင့် အိမ်နဲ့ အိမ်ခန်းလေးတွေက နေချင့်စဖွယ် အတတ်နိုင်ဆုံး ဖြစ်နေနိုင်ရင် အကောင်းဆုံးပါ။

၁) အရောင်များနဲ့ ကစားမယ်

အခန်းလေးကို အရောင်ပြောင်းပေးပါ။ Home Decoration ရဲ့ အခြေခံကတော့ အရောင်တွေအကြောင်း နားလည်ဖို့ လိုလိမ့်မယ်ရှင့် ။ အရောင်တွေကို ခံစား တွဲစပ်တတ်ဖို့ အမြင်ရှိဖို့ ပထမအချက်လိုပါမယ်။ သဘာဝကျကျ အရောင်တွေကို တွဲစပ်တတ်ဖို့ပဲလိုပါတယ်။ သိပ်ခေါင်းစား မခံပါနဲ့။

ကဲ... ကိုယ့် အိပ်တဲ့ အခန်း ပြင်ဆင်ဖို့ ဥပမာပေးပြီး ကြည့်ကြည့်ရအောင်။ ကိုယ့် အခန်းကို သစ်တောလေးလို ဖြစ်ချင်တာလား။ ဒီဇင်ဘာ အငွေ့အသက်ရချင်တာလား။ Theme ကို စဉ်းစားပြီး အရောင်းတွေကို စဉ်းစားလိုက်ပါ။ အဲဒီ အရောင်တွေကို ရွေးချယ်လိုက်ပြီး အဆင်ပြေသလိုထားပါ။ အရိုးရှင်းဆုံးဟာ အကောင်းဆုံးပါပဲ။  အရောင်တွေ အများကြီးကို ရောစပ်မိရင် မျက်စိနောက် စရာကောင်းပါတယ်။ ဥပမာ အစိမ်းရောင် တောအုပ်ဆန်ဆန် အခန်းလေးကို ဖန်တီးချင်တယ် ဆိုပါတော့... အောက်မှာ အရောင်တွဲစပ်ထားတာလေးတွေ နမူနာကြည့်ပါ။ မျက်စိရှင်းရှင်းနဲ့ လှတာ တွေ့နိုင်ပါတယ်။

 

အခန်းကျဉ်းလေးလည်း လှအောင် ဆင်လို့ရပါတယ်။
  • အဓိကက  ပစ္စည်းဟောင်းတွေ မလိုအပ်တဲ့ ပစ္စည်းတွေကို သံယောဇဉ်ဖြတ်ပစ်လိုက်ပြီး လိုအပ်တာလောက်နဲ့ ရောင့်ရဲတတ်ပါ။ 
  • အိပ်ယာခင်းနဲ့ ခန်းစီးအရောင်တွေ ကို ဖြစ်သလို မဝယ်ပါနဲ့။ ကိုယ့်စိတ်ကြိုက် အရောင်နဲ့ အခန်းအခြေအနေကို စဉ်းစားပြီးဝယ်ပါ။ မှောင်တဲ့ အခန်းဆို အလင်းများတဲ့အရောင်၊ အလင်းများတဲ့ အခန်းဆို အရောင်ငြိမ်လေး စသည်ဖြင့်ပေါ့။အိပ်ရာခင်းနဲ့ ခန်းစီးတွေ ဟာ မှန်မှန်လဲပေးရမယ့် အမျိုးအစားမို့ သူ့ကို လဲပေးရတဲ့ အလုပ်ဟာ အချိန်ပို ကုန်တယ်လို့ ယူဆစရာ မဟုတ်ပါဘူး။
၂) ပန်းကလေးများနဲ့ အလှဆင်မယ်

ပန်းအိုးထိုးတာ၊ ပန်းပင်လေးတွေနဲ့ အလှဆင်တာ အလွယ်ဆုံးနဲ့ အများဆုံး လုပ်လေ့ရှိတဲ့ အလုပ်ပါ။ ဝေးဝေးလံလံ မစဉ်းစားပါနဲ့ တွေ့တဲ့ နေရာက ရှိတဲ့ပန်းနဲ့ အိမ်မှာ ရှိတဲ့ ခွက်တစ်ခုခု ၊ သုံးပြီးသား ဘူးခွံ စတာတွေနဲ့ ထိုးစိုက် အလှဆင်လိုက်ပါ။

အခန်းထဲမှာ ပန်းပင်လေး တစ်ပင်၊ ပန်အိုးလေး တစ်အိုး ရှိနေရင် စိတ်ထဲမှာ လန်းဆန်းမှုကို အထောက်အကူပြုတာ အမှန်ပါပဲ။ ဒီမှာ ငွေကုန်လည်း သက်သာ လှလည်း လှတဲ့ နည်းလေးတွေပါ။  ပန်းက ပြောင်းပြောင်း ထိုးနေရတာနဲ့ သူဘာသာ အပြောင်းအလဲ ဖြစ်နေပါလိမ့်မယ်။

ပန်းပင်စိုက်တာဆိုရင်တော့ အခန်းထဲမှာ စိုက်မယ်ဆို Indoor Plant ဟုတ် မဟုတ်တော့ သတိထားပါ။ ပန်းပင်ကလည်း ကြီးကြီးလာမှာဆိုတော့ သူကြီးလာပြီလား ကြည့်ရတာကိုက အိမ်မှာ စိတ်ဝင်စားစရာ တစ်ခုပါပဲ။







နောက် ဖြစ်နိုင်ရင် ဝရန်တာမှာပဲ ဖြစ်ဖြစ်၊ အိမ်ရှေ့မှာပဲ ဖြစ်ဖြစ် အားရင် အားသလို အပင်လေးတွေ စိုက်လို့ရပါသေးတယ်။ Home Gardening ကို ကျွန်မလည်း စိတ်ဝင်စားလို့ နောက်ရေးပါဦးမယ်။

၃) ပန်းချီလေးတွေ၊ နံရံကတ် အလှဆင် ချိတ်တဲ့ ပစ္စည်းလေးတွေကို ရာသီအလိုက်လေး ပြောင်းပေးမယ်။

အများကြီး မဟုတ်ပါဘူး။ ပုံးလေးနဲ့ တစ်ပုံးလောက် ထားပြီး တစ်လ တစ်ကြိမ်လောက် ပြောင်းချိတ်ပေးရင် အပြောင်း အလဲလေး ဖြစ်သလို။ အခန်းလေးလဲလှပါတယ်။



၎) ခြေသုတ်ခုံ ဒီဇိုင်း လှလှလေး 

အရေးမကြီးဘူးလို့ ထင်ပေမယ့် ဒါကလည်း တကယ် အရေးကြီးပါတယ်။ ကျွန်မတို့ အမြဲ အပြင်က အိမ်ကို ပြန်ဝင်တိုင်း ပထမဆုံးတွေ့ရတာ ခြေသုတ်ခုံပဲရှင့်။ ကျွန်မအမြင်ပြောရရင် သူ့ဒီဇိုင်းလေးက ပြောင်းနေရင် လှတပတ ဖြစ်နေရင် စိတ်ထဲ နဲနဲတော့ ကြည်သွားတာပဲ။

ကျွန်မကတော့ ခြေသုတ်ခုံ လှလှလေးတွေကလည်း အိမ်အတွက် အလှဆင် ပစ္စည်း တစ်ခုပဲလို့ ထင်တယ်။ ခြေသုတ်ခုံလေးတွေကလည်း ခဏ ခဏ လဲပေးသင့်တဲ့ အမျိုးအစားထဲက ဆိုတော့ ကျန်းမာရေးအတွက်ရော အိမ်လေးရဲ့ အလှအပအတွက် သူတို့ကိုလည်း ပြောင်းလဲ သုံးပေးရမယ်လို့ ထင်ပါတယ်။



ကျွန်မရဲ့ ပုံမှန် လုပ်တတ်တဲ့ နည်းလမ်းတွေကတော့ ဒီလောက်ပါပဲ။ အဲဒီ ပုံမှန်လုပ်နေတာလေးတွေ လုပ်ရင်း စားပွဲကို ဟိုနားရွေ့၊ စာအုပ်စင် ဒီနားရွေ့ စတဲ့ အပြောင်းအလဲ လေးတွေလည်း အချိန်ရရင် လုပ်တတ်သေးတာပေါ့နော်။ စာဖတ်သူတွေ လုပ်လေ့ရှိတဲ့ စိတ်ချမ်းသာပျော်ရွှင်မှုကို ပေးတဲ့ အိမ်ကလေးတွေ လှပဖို့အတွက်  အကြံဥာဏ်ကောင်းလေးတွေ ရှိရင်လည်း ပြောပါဦးနော်။

ခင်မင်စွာဖြင့်
အလွမ်းပြေ

Wednesday, December 7, 2011

Recycled gifts idea for X'mas and New Year !





ကျွန်မတို့  ငယ်ငယ်က သင်ဖူးတဲ့ ကဗျာလေးကို အမှတ်ရမိပါတယ်။ မ၀ယ်ဖူးမယ်ခူးတဲ့ဖက်စို မီးမကူ နေပူမှာမကင်အားလို့ ထားရတယ် အိပ်ရာအောက်မှာ မင်းသောက်ဖို့ကို ဆိုတဲ့ ခံစားမှု ကဗျာလေးကို သတိရမိပါတယ်။ မိန်းမပျိုလေး တစ်ယောက်က သူ့ချစ်သူ သောက်ဖို့ ဆေးလိပ်ကို ကိုယ်တိုင် လိပ်ပေးတဲ့အကြောင်း လေးပါ။ ချစ်စရာကောင်းလှသလို သူ့ချစ်သူကို သူဘယ်လောက် ချစ်သလဲ၊ တမြတ်တနိုး အလေးထားသလဲ။ သတိတရ ရှိလိုက် သလဲ ဆိုတာကို ကဗျာလေးက ဖော်ပြနေပါတယ်။

ကိုယ်ချစ်ခင်တဲ့သူတွေကို အမှတ်တရလက်ဆောင်လေးတွေ ပေးတတ်တာ အစဉ်အလာ တစ်ခုလိုပါပဲ။   အခု ဒီဇင်ဘာလထဲမှာ ဆိုရင် ခရစ္စမတ်၊ နှစ်သစ်ကူး၊ နောက်ပြီးရင် ဖေဖော်ဝါရီ ချစ်သူများနေ့ လာဦးမှာပါ။ ရုပ်ဝတ္တုပစ္စည်းတွေထွန်းကားလှတဲ့  ဒီအချိန်အခါမှာ ပိုက်ဆံများရှိရင် တစ်ကမ္ဘာလုံးကို ပတ်ပြီး စိတ်ကြိုက်ဝယ်ပေးလို့ရပါတယ်။ ဒါပေမယ့် အဲဒီ ဝယ်လို့ ရသမျှဟာ တခြားသူတွေလည်း ဝယ်လို့ရနိုင်တဲ့ ပစ္စည်းတွေပါပဲ။ တကယ်ပဲ ကိုယ့်ချစ်သူ ခင်သူတွေကို အမှတ်တရလေး ဖြစ်စေချင်ရင် ကိုယ်တိုင် အားထုတ်မှုနဲ့ ကိုယ်တိုင်ပြုလုပ်ပေးတဲ့ လက်ဆောင် ကတော့ ကမ္ဘာပေါ်မှာ တစ်ခုတည်းပဲဖြစ်မှာပါ။ အဲဒီကြောင့် ကိုယ်ပိုင်စိတ်ကူးလေးနဲ့ ဖန်တီးထားတဲ့ လက်ဆောင်လေးတွေ အကြောင်း ပြောပြချင်တဲ့ စိတ်ကူးလေးပေါ်လာလို့ ဒီပို့စ်လေးကို ရေးဖြစ်ပါတာပါ။


ကိုယ်ပိုင်စိတ်ကူးလေးနဲ့ ကိုယ်အိမ်မှာပဲ ရိုးရိုးရှင်းရှင်းနဲ့ လှပတဲ့ လက်ဆောင်လေးတွေကို လုပ်လို့ရပါတယ်။ ဒါအပြင် အဲဒီလို လက်ဆောင် ပစ္စည်းလေးတွေကို ပြုလုပ်တဲ့အခါ recycle လုပ်နိုင်ဖို့ စိတ်ကူးလေးပါ ထည့်ပေါင်းလိုက်ရင် ကိုယ်တိုင်လည်း မကုန်သင့်တဲ့ ငွေလည်း မကုန်ရသလို ကမ္ဘာကြီးကိုလည်း ကယ်တင်ပြီးသား ဖြစ်မယ်။ ကိုယ့်လက်ဆောင် ပစ္စည်းလေးကလဲ ဘယ်မှာမှ ဝယ်လို့မရတဲ့ ကိုယ်တိုင်လုပ်ထားတဲ့ ပစ္စည်းလေးမို့ လက်ဆောင်ရတဲ့ သူကလည်း ဝမ်းသာမဆုံး ဖြစ်ဦးမယ် ဘယ်လောက်ကောင်းလိုက်သလဲနော်။ 


Green Handmade gifts စိတ်ကူးမှာ ကျွန်မ လုပ်လေ့လုပ်ထရှိတာက Greeting Cards လေးတွေပါပဲ။ Photo Frame လေးတွေပါ။ အအရမ်းကို လွယ်ပါတယ်။ မှတ်မှတ်ရရ နာဂစ်ဖြစ်ပြီးကာစက ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖို့ ကျွန်မနဲ့ ကျွန်မ သူငယ်ချင်းတွေ အဲဒီလို ကတ်လေးတွေ လုပ်ရောင်းပြီး Fund ရှာခဲ့ကြပါတယ်။ သိပ်ကို ရိုးရှင်းပြီး လွယ်ကူလှပါတယ်။ ကိုယ့် ပတ်ဝန်းကျင်မှာ အလွယ်တကူဝယ်လို့ရနေတဲ့ A4 စာရွက်ရောင်စုံတွေ၊ နောက် တခြား ကိုယ်ကြိုက်တဲ့ စာရွက်အသား၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ အထဲက စိတ်ကြိုက်ဖြစ်တာနဲ့ လုပ်လို့ရပါတယ်။ recycle ပစ္စည်းလေးတွေလည်း လုပ်လို့ရပါတယ်။ အဓိက က  အိုင်ဒီယာပါ။ Greeting cards လုပ်မယ်ဆိုရင်  အလွယ်ဆုံးက A4 စာရွက်ကို လေးခေါက်ခေါက်၊ တစ်ဝက်ပဲ ပိုင်းပိုင်း၊ လေးခေါက်လုံးပဲ ယူယူ အခြေခံ ကတ်ပုံစံပေါ်ပါပြီ။ ကတ်ကို သင့်စိတ်ကြိုက် အိုင်ဒီယာလေးတွေနဲ့ အဆင့်ဆင့် ပုံဖော်သွားယုံပါ။
  
ပုံလေးတွေနဲ့ ပြပါ့မယ်။ ကျွန်မ အခန်းထဲမှာ လှည့်ပတ်ပြီး အသုံးပြုလို့ ရနိုင်လောက်တဲ့ ပစ္စည်းတွေ ရှာပါတယ်။ Magazine အဟောင်းတွေ၊ ကူပွန်၊ လိပ်စာကတ်၊ လက်ကမ်းစာစောင်၊ ဘူးခွံ နဲ့ အခုလို နှစ်ကုန်ကာနီးဆိုတော့ အသုံးမဝင်လောက်တော့တဲ့ Calender တွေ စတဲ့ မျက်စိထဲ လှပြီး ကိုယ်သုံးလို့ ရမယ့် ဟာတွေပေါ့ ။ 

ရှာလို့ရသမျှ ဒီမှာပါ.. 



 အဲဒီနောက်တော့ ဒီရှာသမျှ ပစ္စည်းတွေနဲ့ ဘယ်လို လှအောင် လုပ်မလဲ အိုင်ဒီယာ ရအောင်  အင်တာနက်ပေါ်မှာ ဒီဇိုင်းလေးတွေ ဟိုရှာ ဒီရှာ လုပ်ကြည့်တာပေါ့


 ပြီးတော့ .. နှစ်ကုန်ကာနီးမို့ Calender တွေ အသုံးမလိုတော့မယ့် တူတူ ဓါတ်ပုံ stand လေးနဲ့ Calender အသစ်လေး လုပ်ဖို့ စိတ်ကူးရတယ်။  
ပထမဆုံး Calender ကို ဒီဇင်ဘာလ တစ်ရွက်ကို ဖယ် ၊ နံရံမှာ ကပ်ပြီး ယူလိုက်ပါတယ်။ 





နောက်ပြီး ဘယ်လို လုပ်ရင် အကောင်းဆုံး ဖြစ်မလဲ ဆိုတာ သေချာ ကြည့်လိုက်ပြီး အထဲက စာရွက်တွေ ဖယ်ရင် တစ်ရွက်ချန်ထားပြီး အဲဒီ အရွက်ကိုပဲ နောက်ခံအဖြစ် သုံးမယ်လို့ ဆုံးဖြတ်လိုက်တယ်။





ဘာလို့လဲ ဆိုတော့ ဓါတ်ပုံနေရာကို  ဖြတ်ထုတ် လိုက်ပြီးရင် ဘောင်ကွတ် ထားသလို ဖြစ်သွားမှာ မို့ပါ။ အောက်မှာ ဆက်ကြည့်ပါ ။











ဓါတ်ပုံနေရာကို ဖြတ်ထုတ်လိုက်ပြီး။ Double Tape နဲ့ ငြိမ်သွား ကပ်လိုက်တယ်။







 X'mas အတွက် ဆိုတော့ အစိမ်းရောင်လေး ပါအောင် ဘောင်ကို မော်ဒယ်စိမ်းလို့ ခေါ်မလား။ High light Maker နဲ့ပဲ ချယ်လိုက်တယ်။






 ဒါက မထင်မှတ်ပဲ ထွက်လာတဲ့  KFC က ပေးတဲ့ နှစ်သစ်ကူး ကူပွန်တွေ ထည့်တဲ့ ကာဗာ ။ အဲဒီက စာသားကို ယူသုံးမယ်။









 ဒီနှစ်အတွက် ဆိုတော့ စာလုံး တစ်လုံးကို ပြင်ရမှာပေါ့..










 ဒီလိုလေး ဆိုတော့ ပြောင်းမယ့် နှစ်ကို ဟိုက်လိုက်  လုပ်ထား သလိုလေး ဖြစ်သွားတာပေါ့










 ဒီ ပီကေခွံ လေးက စိမ်းစိမ်းလေး ဆိုတော့ x'mas tree လေး မဖြစ်နိုင်ဘူးလား








ဒါက သစ်ပင်ရဲ့  ပင်စည်လေး




ကဲ... ဒီလို လေး








သစ်ပင်လေးရဲ့ ထိပ်မှာ ကြယ်လေး လိုချင်တယ်။



ဒါကလည်း ကံကောင်းထောက်မစွာ ထွက်လာတဲ့ ကတ်အဟောင်း ပေါက်စကလေး။






 ရွှေရောင်ကြိုးလေးကို ဖြတ်အထုံးလေးလုပ် သစ်ပင်လေးရဲ့ ထိပ်မှာ တပ်လိုက်တယ်။ ကျန်တဲ့ အရုပ်လေးကို ဘေးသားတွေ ညှပ်ပြီး ကပ်လိုက်တယ်။ ဘောင်လေးတွေပါ ကပ်လိုက်တယ်။ နောက်ပြီး ဓါတ်ပုံလေးကို အသည်းပုံလေးလုပ်ပြီး ကပ်လို့ရပြီပေါ့။ နောက်တစ်ဖက်မှာ တစ်မျက်နှာစာ နှစ်သစ် Calender လေးပါ လိုချင်ရင် ရှာကပ်လိုက်လို့ ရပါသေးတယ်။ 







နောက်ထပ် ဒီဇိုင်းလေး နှစ်ခုလောက်လည်း ဆက်ပြီး လုပ်ပြပါဦးမယ်။
ဒါကလည်း နောက်ထက် calender အဟောင်းတစ်ခုပါပဲ။
လက်ကမ်းကြေငြာတစ်ခု 




အနက်ရောင် နောက်ခံ လိုချင်တာ အနက်ရောင် စာရွက်ကလည်း မရှိတော့ ဒီလို အကြံရတယ်။






 အပေါ်က စာရွက်အဖြူထပ်ကပ်ထားတာ














 နောက်ထပ် အမဲရောင် တစ်ခု ထပ်လိုချင်တော့  ဒါက ဘာလေးလဲ သိလား...









 အကျီတံဆိပ်အပိုင်းအစကလေးပါ။






စာအုပ်အဖုံး အဟောင်း က ပန်းပွင့်လေးတွေ လှတယ် ဟုတ်?












 ကဲ ဒီလိုလေး ဖြတ်ပြီး ကပ်လိုက်တယ်။








နောက်ဆုံး လုပ်ပြမယ့် တစ်ခုပေါ့.. ဒါလေးက  ..





 ခေါင်းစီးကြိုးဝယ်လာတုန်းက ပါကင် အခွံ









 ခေါင်းစီးကြိုးပါကင်က အောက်ခံကတ်ထူပြား











 ကဲဒီလိုလေး ပုံဖော်ကြည့်မယ်။ စိတ်ကြိုက်ဖြစ်ပြီး ဆိုမှ ကပ်တာပေါ့။








 ရိုးရိုးရှင်းရှင်းလေးလဲ လှပါတယ်။









သင် အမှိုက်လို့ ထင်နေတဲ့ အရာတွေဟာ သိပ်လှတဲ့ အရာတွေအဖြစ် ပြောင်းဖို့ သူတို့အလှကို မြင်အောင် ကြည့်တတ်ဖို့ပဲ လိုပါတယ်။  အချိန်လည်း မကုန်ပါဘူး တစ်ခု ဖြစ်ဖို့ ၅ မိနစ်ကနေ ၁၀ မိနစ်လောက်ပဲ ကြာပါတယ်။ ကိုယ်တိုင် လုပ်ကြည့်ပြီးရင်  ကိုယ့် အနုပညာအတွက် ကြည်နူးမှု၊ ငါလုပ်နိုင်တယ် ဆိုတဲ့ ပျော်ရွှင်မှုတို့အပြင် ကိုယ်ပိုင်လက်ရာလေးမို့ လက်ဆောင်ရတဲ့ သင်ချစ်တဲ့သူကလည်း တန်ဖိုးထား ပျော်ရွှင်မှာပါ။ တစ်ခုလောက် ကြိုးစား လုပ်ကြည့်လိုက်ပါလားနော်။

ဆန်းသစ်တဲ့ စိတ်ကူးတွေ အများကြီး ပိုင်ဆိုင်လာပြီ ဆိုရင်တော့ .. ကိုယ်ပိုင် ဝင်ငွေရဖို့ဖြစ်ဖြစ်၊ လူမှုရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ ရှာဖို့ပဲဖြစ်ဖြစ်လည်း အသုံးတည့်ပါသေးတယ်။ 


ဒီလိုလုပ်ဖို့ အသုံးပြုလေ့ ပြုထရှိတဲ့လိုအပ်မယ့် ပစ္စည်းတွေဖြစ်တဲ့ စာရွက်တွေ၊ ခဲတံ၊ပေတံ၊ရောင်စုံ Maker Pen တွေ ၊ ကော်ဗူး ၊ tape ကတ်ကြေး၊ဓါး အခြေံခံ အသုံးပြုလေ့ပြုထ ရှိတဲ့ အလှဆင်ပစ္စည်းလေးတွေကို အသေးစိတ် ဒီထက် သိချင်တယ် ဆိုရင် ဒီ  The Basic Tools မှာ သွားကြည့်လို့ ရပါသေးတယ်။

  အောက်က ပုံလေးတွေကတော့ ကျွန်မတို့ သူငယ်ချင်းတွေ ကတ်လေးတွေ လုပ်ပြီး fundraising လုပ်ကြတုန်းက အမှတ်တရ ပုံလေးတွေပါ။ 


 ကတ်လေးတွေ လုပ်နေတဲ့ အနုပညာ မျက်သိ သိပ်ရှိတဲ့ ကျွန်မ သူငယ်ချင်း Blogger ကိုဟန်သစ်ငြိမ်ပေါ့... ကျွန်မ ကို ကတ်ကလေး လုပ်တတ်အောင် သူက စသင်ပေးတာပါ။





 ကျွန်မတို့ လုပ်ထားတဲ့ ကတ်လေးတွေကို ရောင်းနေတဲ့ ပန်းပုံပြင်လို့ ခေါ်တဲ့ ပြည့်ပြည့် ..





ခင်မင်စွာဖြင်..

အလွမ်းပြေ