Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
- အတွေးအမြင်
- ကဗျာ
- ဆောင်းပါး
- အက်ဆေး
- ရောက်တတ်ရာရာ
- ကိုယ်တိုင်ရေး ဝတ္ထု
- Life Skills
- ခရီးသွားမှတ်တမ်း
- Life in a travel bag
- လူ့အခွင့်အရေး(Human Rights)
- စာအုပ်စင်
- ဆရာနေ အမှတ်တရ
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Showing posts with label လူ့အခွင့်အရေး(Human Rights). Show all posts
Showing posts with label လူ့အခွင့်အရေး(Human Rights). Show all posts
Tuesday, October 23, 2012
သင်ဟာငြိမ်းချမ်းရေး လိုလားသူလား သင့်နှလုံးသားကို ပြန်မေးပေးပါ
8:50 AM | Posted by
Phyu |
Edit Post
ဒီနေ့လည်း
သတင်းဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်။ ရခိုင်မှာ ညမထွက်ရ အမိန့် ပြန်ထုတ်ရပြန်ပြီ။ နှစ်ဘက်စလုံးက
လူတွေ သေကြပြန်ပြီတဲ့။ ကျွန်မ စိတ်မကောင်းလိုက်တာ။ ကျွန်မ အခုနောက်ပိုင်း သတင်းတွေ
ဖတ်ရမှာ ကြောက်လာတယ်။
လူတွေ
အချင်းချင်း သတ်ကြတယ်။ အားနည်းသူတွေရဲ့ နေထိုင်အသက်ရှင် မှီတွယ်ရာတွေကို အားကြီးသူတွေက
တရားနည်းလမ်း မကျယူကြတယ်။ တရားနည်းလည်း မကျ ကျအောင် လုပ်ပြီး လည်း အမြတ်ထုတ် လုပ်ယူကြတယ်။
ကမ္ဘာကြီး ပေါ်မှာ လူတွေ အချင်းချင်း ဘာလို့
ဒီလိုတွေ ဖြစ်နေကြရတာလဲ။ ပြန်တွေးကြည့်တော့ တစ်ခုတည်းပါပဲ ဒီကမ္ဘာကြီးပေါ်မှာ အသက်ရှင်နေထိုင်
နေတုန်း ငါ ဆိုတဲ့ စိတ်အားကြီးသွားတာကြောင့်
ပါပဲ။
အဲဒီ
ငါ အားကြီးတဲ့အခါ တခြား ငါ မဟုတ်တဲ့သူ တွေထက်သာမှ ဆိုတဲ့ စိတ်တွေနဲ့ တစ်ယောက်ချင်းစီဟာ ငါ တွေ ရှင်သန်ဖို့ အမျိုးမျိုးကျိုးစားခဲ့ကြရင်း
အများကြားက ငါ ဆိုတာတာကို ကွဲပြားအောင်လုပ်ရင်း
ခွဲခြားမှုတွေကို ဖန်တီးခဲ့ကြတယ်။ ကမ္ဘာပေါ်မှာ မညီမျှ မှုတွေကို အထပ်ထပ် ဖန်တီးခဲ့ ကြရာက
တစ်သက်တာ မငြိမ်းချမ်းဘဲ အသက်ရှင် နေထိုင်ခဲ့ကြတာပဲ။ ဒါပါပဲ…. ဒီလိုနဲ့ စစ်ပွဲတွေ အကြမ်းဖက်မှုတွေ အထပ်ထပ် ကျွန်မတို့ နေထိုင်ရာ
ကမ္ဘာကြီးကို နေပျော်စရာ နေရာမဟုတ်အောင် ဖန်တီးနေကြတယ်။
ဒီမငြိမ်းချမ်းတဲ့
အဖြစ်အပျက်တွေကို ဘယ်ကစလဲ ဆိုရင် ငါ ဆိုတာကပဲ
စတာပါ။ အဲဒီ ငါ ဆိုတာတွေ မရှိတဲ့ နေ့မှာ
ကမ္ဘာကြီး ငြိမ်းချမ်းသွားမှာပဲ။ ဘယ်သူက မငြိမ်းချမ်းအောင်
စသလဲ ဆိုတဲ့ ဘဲဥ အစရှာမဲ့ အစား ငါကစတာမို့ ငါကပဲ အဆုံးသတ်ပေးနိုင်မှာပါ။ ဒါကြောင့်
ကမ္ဘာပေါ်မှာ ငါ ဆိုတာ မရှိတော့တဲ့နေ့မှာ ငြိမ်းချမ်းရေးနဲ့ ပြည့်စုံလာမှာပါပဲ။ အဲဒီနေ့ဟာ
သူ ရယ် ငါရယ် မခွဲခြားတော့မယ့် ကွဲပြားမှုတွေ ကို အရေးမထားတော့ပဲ တစ်ဦးနဲ့ တစ်ဦး
လေးစားမှု၊ ကိုယ်ချင်းစာတရား၊ ချစ်ခင်မြတ်နိုးမှုတွေနဲ့ တို့တွေ ဆိုတဲ့ စိတ်ကို ဆောင်ကျဉ်း ပေးလာမယ့်နေ့။ အဲဒီနေ့ကို ကျွန်မတို့
လူသားအားလုံး မျှော်လင့်ရမယ့် နေ့ပါပဲ။
အဲဒီနေ့ ရောက်လာရင်တော့ဖြင့် ဒီနေ့ ကျွန်မတို့
ကမ္ဘာမှာ တွေ့မြင်နေရတဲ့ လူသားအချင်းချင်း သတ်စရာလည်း မလိုတော့ဘူး၊ အနိုင်ကျင့်မှုတွေလည်း
မလိုတော့ဘူး။ လူတွေလည်း တစ်ယောက်က သတ်လို့ တစ်ယောက် သေစရာ မလိုတော့ဘူး။ စစ်တွေလည်း
မရှိတော့ဘူး။ အထိကရုဏ်းတွေလည်း မဖြစ်တော့ဘူး။ ဘယ်လောက် ကောင်းလိုက်မလဲ။
တကယ်တော့
စဉ်းစားကြည့်စမ်းပါ။ ဘယ်သူပဲ ဖြစ်ဖြစ် အားလုံး ဒီကမ္ဘာကြီးပေါ်က လူသား တွေပါပဲ။ ဘယ်သူကများ ကမ္ဘာအပြင်ဘက်မှာ သွားနေလို့
ရလို့ပါလဲ။ ဘယ်သူကရော ကမ္ဘာအပြင်ဘက်ကနေ ဒီကမ္ဘာကို ရောက်လာလို့လဲ။ တစ်ယောက်ကို တစ်ယောက်
ချစ်ခင်တတ်ကြရင် ကမ္ဘာကြီးက နေပျော်စရာ ကမ္ဘာကြီး ဖြစ်လာမှာပါ။
ကျွန်မတို့
အားလုံး အတူတူတွေပဲ။ ဘယ်သူမှလည်း မသေနိုင်တော့တဲ့သူ မရှိပါဘူး။ အသက်တစ်ရာ နေဖို့ ခက်ခဲပါတယ်။
အသက်ရှင် နေထိုင်ချိန်လေးမှာ စိတ်ချမ်းသာမှုနဲ့ အေးချမ်းမှုကို ကိုယ်လည်း လိုချင်သလို
တခြား လူသားတွေလည်း လိုချင်မှာပဲ ကိုယ်ချင်းစာကြည့်စမ်းပါလား။
သူလည်း ကမ္ဘာပေါ်က ကိုယ့်လို လူသား တစ်ယောက်ပဲလေ။ မျှဝေ ခံစား ကိုယ်ချင်းစာကြည့်လိုက်စမ်းပါ။
စာဖတ်သူကိုယ်တိုင်
ရှင့် နှလုံးသားကို ကိုယ်တိုင် ပြန်မေးကြည့်ပေးပါ ငြိမ်းချမ်းမှု မလိုချင်ဘူးလား။ အခု
မသက်ဆိုင်သလို ဝေးနေသေးပေမယ့် တစ်ယောက်ကို တစ်ယောက်သတ်နေကြတာတွေ များလာရင် အဲဒီ သတ်ဖြတ်မှုကြီး
ကျယ်ပြန့်လာရင် ရှင့် အနားကို ရောက်လာတော့မှာ။ ရှင်ဘယ်လို လုပ်မလဲ။
ကျွန်မတို့
လုပ်နိုင်တာ တစ်ခုတော့ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေသမျှ ကိုယ်နဲ့ သက်ဆိုင်တဲ့ အရာလို့ ပထမဆုံး သတ်မှတ်ဖို့ လိုပါတယ်။
နောက်ပြီး အဲဒီ အကြမ်းဖက်မှုတွေကို မလိုလားဘူးဆိုရင် ရှင်ကိုယ်တိုင် ကိုယ့်ရဲ့ ငါ ဆိုတာကို မြန်မြန်သတ်ပြီး ငြိမ်းချမ်းရေးကို မြတ်နိုးသူတစ်ယောက်အဖြစ်
ကမ္ဘာကြီးမှာ မညီမျှမှုတွေကို ဖန်တီးမိသူ မဖြစ်အောင် ကျိုးစားနေထိုင်လိုက်ပါ။
ကိုယ်နေထိုင်တဲ့
ငြိမ်းချမ်းရေး နည်းလမ်းကိုလည်း တခြားသူတွေကို လက်ဆင့်ကမ်းပြီး ကိုယ်တိုင် ငြိမ်းချမ်းတဲ့
ကမ္ဘာကြီး ဖြစ်ဖို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ယောက်လို့ ခံယူလိုက်ပါ။ သင်ကိုယ်တိုင်
လူသားဆန်တဲ့ လူတစ်ယောက် ဖြစ်အောင် နေထိုင်လိုက်ပါ။ အဲဒီ သင်ရဲ့ ငြိမ်းချမ်းနေတဲ့ စိတ်ရဲ့
ပတ်ဝန်းကျင်ကို ချဲ့ထွင်ရင်း သင့်ရဲ့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင် ကျယ်လာလေလေ ကမ္ဘာကြီးမှာ
မငြိမ်းချမ်းတဲ့ နေရာတွေ များလာလေလေ ပဲပေါ့။
ကမ္ဘာကြီးရဲ့
အရွယ်အစားက ကြီးမလာပါဘူး။ ဒါပေမယ့် သင်ဖန်တီးနေတဲ့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ကြီးက
ကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းသွားတဲ့ အခါ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီး ဖြစ်သွားမှာပါ။ ကျွန်မတို့
အားလုံး ဝိုင်းကျိုးစား ကြရင် ဖြစ်နိုင်ပါတယ်။
ဟုတ်ပါတယ်။
ငြိမ်းချမ်းပြီး မညီမျှမှုတွေ မရှိတဲ့ လူသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်တဲ့ ကမ္ဘာကြီးဟာ
ကျွန်မရဲ့ အိပ်မက်ပါပဲ။ ကျွန်မမှာ သား၊သမီးလေးတွေသာ ရှိခဲ့ရင် ကျွန်မ သူတို့ကို လက်ဆောင်ပေးချင်တာ
တစ်ခုပဲ ရှိတယ် .. အဲဒါကတော့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးပါပဲ။
ကျွန်မရဲ့
အိပ်မက်ဟာ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးပဲ.. ရှင်ရော … ရှင့်နှလုံးသားကို ပြန်မေးကြည့်ပါ…
သေသေချာချာ ပြန်မေးကြည့်ပါ….
ရှင်တို့လည်း ကျွန်မလိုပဲ လိုချင်မယ်ဆိုတာ ယုံပါတယ်။ မငြိမ်းချမ်းတဲ့
အဖြစ်အပျက်တွေကို မြင်ရလေ ငြိမ်းချမ်းရေးကို တောင့်တလေပါပဲ။
ကမ္ဘာကျော်
ဘီတဲလ်တေးဂီတ အဖွဲ့ရဲ့ နာမည်ကြီး အဆိုတော် ဂျွန်လင်နွန် ( John Lennon) ရဲ့ သီချင်းလေးကို
ကြားဖူးကြမှာပါ။ သီချင်းရဲ့ နာမည်က Imagine ( စိတ်ကူး ) တဲ့ ။
အဲဒီ
သီချင်းလေးက လူတွေကို ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို စိတ်ကူးမိစေလို့ ငြိမ်းချမ်းရေး လိုလားတဲ့
ဂျွန်လင်နွန်က သီဆိုခဲ့တာပါ။
Imagine there's no
heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people living for today
Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people living life in peace
You, you may say
I'm a dreamer, but I'm not the only one
I hope some day you'll join us
And the world will be as one
It's easy if you try
No hell below us
Above us only sky
Imagine all the people living for today
Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people living life in peace
You, you may say
I'm a dreamer, but I'm not the only one
I hope some day you'll join us
And the world will be as one
Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people sharing all the world
You, you may say
I'm a dreamer, but I'm not the only one
I hope someday you'll join us
And the world will live as one
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people sharing all the world
You, you may say
I'm a dreamer, but I'm not the only one
I hope someday you'll join us
And the world will live as one
စိတ်ကူးကြည့်လိုက်ပါ…
လွယ်လွယ်လေးပါပဲ
ကျွန်တော်တို့
အထက်မှာ ကောင်းကင်ဘုံတွေလည်း မရှိ ၊
အောက်မှာ
ငရဲလည်း မရှိ
တကယ်တော့
လူသား အားလုံးရဲ့ အထက်မှာ
ကောင်းကင်ကြီး
ကလွဲလို့ ဘာမှရှိမနေပါဘူး။
စိတ်ကူးကြည့်လိုက်ပါ..
လူတွေ
အားလုံး ဒီနေ့အတွက်ပဲ အသက်ရှင် ကြမယ်ဆိုရင်
နိုင်ငံတွေလည်း
ခွဲခြားစရာမလို
ဘာသာတွေလည်း
ကွဲပြားစရာမလို
ဒါက
လုပ်ကြည့်ဖို့ မခက်ပါဘူး..
ဒီလိုဆို တစ်ယောက်နဲ့ တစ်ယောက် သတ်စရာ
တစ်ယောက်ကြောင့်
တစ်ယောက် သေစရာ မလိုတော့ဘူး
ကမ္ဘာမှာ
လူသားတွေ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းသွားနိုင်ကြမယ်။
ကျွန်တော့ကို
စိတ်ကူးယဉ်နေသူလို့ ခင်ဗျား ပြောကောင်း ပြောနိုင်ပါတယ်။
ဒါပေမယ့်
ကျွန်တော် ပြောနိုင်ပါတယ်။
ဒီလို
ဘဝမျိုးလိုချင်တာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။
တစ်နေ့
ကျွန်တော်နဲ့ ခင်ဗျားဟာ စိတ်တူကိုယ်တူပဲ ဖြစ်လာမယ်။
ဒီလိုပဲ…
ကမ္ဘာကြီးမှာ လူသားတွေ အားလုံး တစ်စိတ်တစ်ဝမ်းတည်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သူတွေ
ဖြစ်လာ ပါလိမ့်မယ်။
စိတ်ကူးကြည့်လိုက်ပါ…
ပိုင်ဆိုင်မှုတွေ
အတွက် ပူလောင် လောဘတက်စရာ မလို
ငတ်မွတ်ဆင်းရဲခြင်းတွေလည်း
မရှိဘဲ
ညီရင်းအစ်ကို
မောင်ရင်းနှမ ချစ်ခင်မှုတွေနဲ့ ဘဝတစ်ခုကိုလေ
ခင်ဗျား
မနေချင်မိဘူးလား ကျွန်တော် မေးကြည့်ချင်မိတယ်။
လူသားအားလုံး
ကမ္ဘာမှာ ကိုယ်ချင်းစာတရားတွေ ဝေမျှလို့ နေထိုင်ကြမယ်လေ။
ကျွန်တော့ကို
စိတ်ကူးယဉ်နေသူလို့ ခင်ဗျား ပြောကောင်း ပြောနိုင်ပါတယ်။
ဒါပေမယ့်
ကျွန်တော် ပြောနိုင်ပါတယ်။
ဒီလို
ဘဝမျိုးလိုချင်တာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။
တစ်နေ့
ကျွန်တော်နဲ့ ခင်ဗျားဟာ စိတ်တူကိုယ်တူပဲ ဖြစ်လာမယ်။
ဒီလိုပဲ…
ကမ္ဘာကြီးမှာ လူသားတွေ အားလုံး တစ်စိတ်တစ်ဝမ်းတည်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သူတွေ
ဖြစ်လာပါလိမ့်မယ်။
လို့
သူက သီဆို ခဲ့ပါတယ်။
လူသားအားလုံးရဲ့
ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို ကျွန်မတို့ မျှော်လင့်ခွင့် ရှိသလို ဖြစ်လာအောင် ကျိုးစားဖို့လည်း
လူသား အားလုံးမှာ တာဝန်ရှိပါတယ်။
သင်
ဘယ်လို ကမ္ဘာမှာ နေချင်လဲ… သင့်ကိုသင် ပြန်မေးကြည့်ပါ…
သင်နှလုံးသားကို
ပြန်မေးကြည့်ပါ… ငြိမ်းချမ်းရေးကို မလိုလား ဘူးလားလို့…
ကျွန်မနဲ့အတူ
ရှင်တို့ အားလုံးမှာ တာဝန်ရှိသလို ကျွန်မတို့ နေထိုင်ရာ ကမ္ဘာမြေအပေါ် တာဝန်ကျေဖို့ ငြိမ်းချမ်းတဲ့
အနာဂတ်ကို ကျွန်မတို့ လက်နဲ့ ဆောင်ကျဉ်းကြရအောင်…
ခင်မင်စွာဖြင့်
အလွမ်းပြေ
Friday, January 20, 2012
အခွင့်အရေးဆိုတာ... အခွင့်အရေးယူပါ ( ၃ )
8:26 AM | Posted by
အလွမ်းပြေ |
Edit Post
လှူု့အခွင့်အရေးအကြောင်း ပြောရင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း (The Universal Declaration of Human Rights) ကတော့ မပြောမဖြစ် ပြောရမယ့် အကြောင်းအရာ တစ်ခုပါ။
ဒုတိယ ကမ္ဘာစစ်အပြီးမှာ လူတွေဟာ ကြုံတွေ့ခဲ့ရပြီးတဲ့ စစ်ရဲ့ ဆိုးကျိုးတွေကို လက်တွေ့ ရင်ဆိုင်ပြီးတဲ့ နောက်မှာ ဒီလို စစ်ကြီးမျိုး ထပ်ဖြစ်မှာကို မလိုလားတော့ပါဘူး။
ဒါကြောင့် ငြိမ်းချမ်းရေးကို ဆက်လက် ထိမ်းသိမ်းထားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေခဲ့ကြရာက ၁၉၄၈ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အစည်းအဝေးကနေ ဒီအချက်တွေကို ကမ္ဘာ့လူသားအားလုံးရဲ့ ငြိမ်းချမ်းရေးအတွက် ရှေ့ရှုကာ လူ့အခွင့်အရေး ကြေငြာစာတမ်း (The Universal Declaration of Human Rights) ကို နိုင်ငံပေါင်း ၅၀ ကျော်က သဘောတူပါဝင်ခဲ့ပြီး အတည်ပြု ကြေငြာခဲ့ကြပါတယ်။
၁၉၄၈ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်နေ့ တွင်
ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံအဖွဲအစည်းကြီးက လူ့အခွင့်အရေး ကြေငြာစာတမ်း ကြီးကို
အတည်ပြု၍ ကြေငြာ လိုက်ရာ ထိုကြေငြာ စာတမ်းကြီး ၏စာသားသည် နောက်စာမျက်နှာ
များတွင်အပြည့်အစုံပါရှိသည်။
ဤကဲ့သို့ရာဇ၀င်တင်မည့်ကြေငြာချက်ကိုပြုလုပ်ပြီးနောက် ဤညီ
လာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး အား ထိုကြေငြာစာ
တမ်းကြီး၏ စာသားကိုအများပြည်သူတို့ကြား
သိစေရန် ကြေငြာပါမည့် အကြောင်းကိုလည်းကောင်း၊ ထို့ ပြင်နိုင်ငံများ၊ သို့တည်း မဟုတ် နယ်မြေများ၏နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်းမပြုပဲ အဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြား ပညာရေး အဖွဲ့အစည်း များတွင် ထိုကြေငြာ စာတမ်းကြီး ကိုဖြန့်ချိဝေငှစေရန် ၊မြင်သာအောင်ပြထား စေရန်၊ဖတ်ကြား စေရန်နှင့်အဓိပ္ပယ်ရှင်းလင်း ဖေါ်ပြစေရန် ဆောင်ရွက် ပါမည့်အကြောင်းဖြင့် လည်းကောင်း ဆင့်ဆိုလိုက်သည်။
သိစေရန် ကြေငြာပါမည့် အကြောင်းကိုလည်းကောင်း၊ ထို့ ပြင်နိုင်ငံများ၊ သို့တည်း မဟုတ် နယ်မြေများ၏နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်းမပြုပဲ အဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြား ပညာရေး အဖွဲ့အစည်း များတွင် ထိုကြေငြာ စာတမ်းကြီး ကိုဖြန့်ချိဝေငှစေရန် ၊မြင်သာအောင်ပြထား စေရန်၊ဖတ်ကြား စေရန်နှင့်အဓိပ္ပယ်ရှင်းလင်း ဖေါ်ပြစေရန် ဆောင်ရွက် ပါမည့်အကြောင်းဖြင့် လည်းကောင်း ဆင့်ဆိုလိုက်သည်။
စကားချီး…
လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တကွလူတိုင်းအညီအမျှခံစားခွင့်ရှိသည့်အခွင့်အရေးများကိုအသိအမှတ်
ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံ အုတ်မြစ်ဖြစ်သောကြောင့် လည်းကောင်း၊
လူ့အခွင့်အရေးများကိုအရေးမထားမထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏အကျင့်သိက္ခာ ကို ချိုးဖေါက် ဖျက်ဆီးတတ်သည့်ရက်စက်ကြမ်းကြုတ်သောအပြုအမှုများကိုဖြစ်ပေါ် စေခဲ့သောကြောင့် လည်းကောင်း၊
လွပ်လပ်စွာဖွင့်ဟ ပြောဆိုနိုင်မှု၊လွတ်လပ်စွာသက်ဝင်ယုံကြည်နိုင်မှု၊ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ ခြင်းတို့မှ ကင်း လွတ်စွာအသက်မွေးနိုင်မှုတို့ကိုခံစားရယူစေနိုင်မည့်လောကတစ်ခုပေါ်ပေါက်လာရန်အရေးကိုလူခပ်သိမ်း တို့ကမိမိတို့၏အထက်သန်ဆုံးသောလိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့်ကြွေးကြော်ကြေငြာပြီးဖြစ်သောကြောင့် လည်းကောင်း၊
ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံ အုတ်မြစ်ဖြစ်သောကြောင့် လည်းကောင်း၊
လူ့အခွင့်အရေးများကိုအရေးမထားမထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏အကျင့်သိက္ခာ ကို ချိုးဖေါက် ဖျက်ဆီးတတ်သည့်ရက်စက်ကြမ်းကြုတ်သောအပြုအမှုများကိုဖြစ်ပေါ် စေခဲ့သောကြောင့် လည်းကောင်း၊
လွပ်လပ်စွာဖွင့်ဟ ပြောဆိုနိုင်မှု၊လွတ်လပ်စွာသက်ဝင်ယုံကြည်နိုင်မှု၊ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ ခြင်းတို့မှ ကင်း လွတ်စွာအသက်မွေးနိုင်မှုတို့ကိုခံစားရယူစေနိုင်မည့်လောကတစ်ခုပေါ်ပေါက်လာရန်အရေးကိုလူခပ်သိမ်း တို့ကမိမိတို့၏အထက်သန်ဆုံးသောလိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့်ကြွေးကြော်ကြေငြာပြီးဖြစ်သောကြောင့် လည်းကောင်း၊
လူခပ်သိမ်းတို့သည် တရားလက်လွတ်နှိပ်စက်ကလူပြုမှု၊
အုပ်စိုးမှုနှင့်ဖိစီးညဉ်းပန်းမှုတို့ကိုနောက်ဆုံးမလွှဲ သာမရှောင်သာ
လက်နက်စွဲကိုင်ကာတော်လှန်ခြင်း၊ ပုန်ကန်ခြင်းမပြုစေရန်၊ လူ့အခွင့်အရေးများကို ဥပဒေ ဖြင့်
ထိန်းသိမ်းကာကွယ်ပေးရမည်ဖြစ်သောကြောင့် လည်းကောင်း၊
နိုင်ငံအချင်းချင်း
ချစ်ကြည့်ရင်းနှီးစွာဆက်ဆံရေးကိုပိုမိုတိုးတက်စေရန်ကြံဆောင်ရမည်
ဖြစ်သောကြောင့် လည်းကောင်း၊
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်တို့သည် မှုလလူ့အခွင့်အရေးများကိုလည်းကောင်း၊
လူ၏ ဂုဏ် သိက္ခာကိုလည်းကောင်း၊
ယောကျာင်္း မိန်းမတို့၏ တူညီသည့်အခွင့်အရေးများ ကိုလည်းကောင်း၊ လေးစား ယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင်ထပ်မံ၍ အတည်ပြုပြီးသည့်အပြင်၊ လူမှုကြီးပွားတိုးတက်ရေးနှင့်တကွ ပိုမိုလွတ်လပ်ကောင်းမွန်သော လူ့ဘ၀ အဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိဌာန် ချပြီးဖြစ်သောကြောင့် လည်းကောင်း၊
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်တို့သည် မှုလလူ့အခွင့်အရေးများကိုလည်းကောင်း၊
လူ၏ ဂုဏ် သိက္ခာကိုလည်းကောင်း၊
ယောကျာင်္း မိန်းမတို့၏ တူညီသည့်အခွင့်အရေးများ ကိုလည်းကောင်း၊ လေးစား ယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင်ထပ်မံ၍ အတည်ပြုပြီးသည့်အပြင်၊ လူမှုကြီးပွားတိုးတက်ရေးနှင့်တကွ ပိုမိုလွတ်လပ်ကောင်းမွန်သော လူ့ဘ၀ အဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိဌာန် ချပြီးဖြစ်သောကြောင့် လည်းကောင်း၊
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတို့သည် ကုလသမဂ္ဂ အဖွဲ့နှင့်ပူးပေါင်း၍
လူ့အခွင့်အရေးများကိုလည်းကောင်း၊ အခြေခံ လွတ်လပ်ခွင့် အခွင့်အရေး များကို
လည်းကောင်း၊ ကမ္ဘာ တ၀ှမ်းလုံးတွင် ရိုသေ လေးစား ကျင့်သုံး စောင့်စည်း
ကြခြင်းကို အားပေးမည်ဟု ကတိပြုပြီး ဖြစ်သောကြောင့်လည်းကောင်း၊
ထို့ကြောင့် အထွေထွေညီလာခံက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး
ကြေငြာစာတမ်းကို လူတိုင်း၊ အဖွဲ့အစည်းတိုင်း အစဉ်နှလုံးသွင်းလျက်
ကမ္ဘာတ၀ှမ်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွပ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမသွန်သင်ခြင်းဖြင့်
အားထုတ်ကြရမည်ဟု လည်းကောင်း၊
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့်
ထိုနိုင်ငံတို့၏ အာဏာပိုင်
အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့်
ထိရောက်စွာ သိမှတ် ကျင့်သုံးစောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ
တိုးတက်သောဆောင် ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟု လည်းကောင်း
ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေးများဆိုင်ရာ အပြည် ပြည်ဆိုင်ရာ ကြေငြာစာတမ်း
ကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့တပြေးညီစွာဆောင်ရွက်နိုင်ကြစိမ့်သောငှာ
ယခုထုတ်ပြန်ကြေငြာလိုက်သည်။
အပိုဒ် (၁)
လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း၊ မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သော ဥာဏ်နှင့်ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။
လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း၊ မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သော ဥာဏ်နှင့်ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။
အပိုဒ် (၂)
လူတိုင်းသည် လူ့အခွင့်အရေး ကြေငြာ စာတမ်းတွင် ဖေါ်ပြထားသည့် အခွင့်အရေး
အားလုံး၊ လွပ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင် ခံစားခွင့်ရှိသည်။
လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ကျား၊
မ၊သဘာဝအားဖြင့်ဖြစ်စေ၊ဘာသာစကားအားဖြင့်ဖြစ်စေ၊ကိုးကွယ်သည့်ဘာသာအားဖြင့်ဖြစ်စေ၊နိုင်ငံရေး
ယူဆချက်၊ သိုတည်းမဟုတ် အခြားယူဆချက် အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်
ဆိုင်သော၊ သို့တည်းမဟုတ် လူမှု အဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ်
အားဖြင့်ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်
ဖြစ်စေ၊ အခြားအဆင့်အတန်း အားဖြင့်ဖြစ်စေ ခွဲခြားခြင်း မရှိစေရ။
ထို့အပြင် လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေ
ဒေသ၏ နိုင်ငံရေးဆိုင်ရာ ဖြစ်စေ စီရင်ပိုင်ခွင့် ဆိုင်ရာဖြစ်စေ
တိုင်းပြည်အချင်းချင်း ဆိုင်ရာဖြစ်စေ၊ အဆင့်အတန်း တစ်ခုခုကို အခြေ ပြု၍
သော်လည်းကောင်း၊ ဒေသ နယ်မြေတစ်ခု၏ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့်
နယ်မြေ၊ သို့ တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်းစောင့်ရှောက် ထားရသည့် နယ်မြေ၊
သို့တည်းမဟုတ် ကိုယ်ပိုင် အုပ် ချုပ်ခွင့်အာဏာတို့ တစိတ်တဒေသ
လောက်သာရရှိသည့်နယ်မြေ စသည်ဖြင့်ယင်းသို့သောနယ်မြေများ ဖြစ်သည်
ဟူသောအကြောင်းကို အထောက်အထားပြု၍ သော်လည်းကောင်း ခွဲခြားခြင်းလုံးဝမရှိစေရ။
အပိုဒ် (၃)
လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။
အပိုဒ် (၄)
မည်သူ့ကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ်၊
နိုင်ထက်စီးနင်း စေခိုင်းခြင်းမပြုရ၊ လူ ကိုကျေးကျွန်သဖွယ် အဓမ္မ
စေခိုင်းခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့်ထိုသဘောသက်ရောက်သောလုပ်ငန်း
ဟူသမျှကို ပိတ်ပင်တားမြစ်ရမည်။
အပိုဒ် (၅)
မည်သူ့ကိုမျှညဉ်းပန်းနှိပ်စက်ခြင်း၊သို့တည်းမဟုတ်ရက်စက်ကြမ်းကြုတ်စွာလူမဆန်စွာဂုဏ်ငယ်စေသော
ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် ပြစ်ဒဏ်ပေးခြင်းမပြုရ။
အပိုဒ် (၆)
လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ် တစ်ဦး အဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ် ပြုခြင်းကို ခံယူခွင့် ရှိသည်။
အပိုဒ် (၇)
လူအားလုံးတို့သည် ဥပဒေအရာ၌
တူညီကြသည့်အပြင်၊ဥပဒေ၏အကာအကွယ်ကိုခြားနားခြင်းမခံရစေပဲ
တူညီစွာခံစားပိုင်ခွင့်ရှိသည်။ဤကြေငြာစာတမ်းပါသဘောတရားများကိုဖီဆန်၍ခွဲခြားခြင်းမှလည်းကောင်း
ထိုသို့ ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှလည်းကောင်း၊ ကင်းလွတ်စေရန်
အကာအကွယ်ကို တူညီစွာ ခံစားပိုင် ခွင့်ရှိသည်။
အပိုဒ် (၈)
ဖွဲ့စည်းပုံ အခြေခံဥပဒေ ကသော်လည်းကောင်း အခြားဥပဒေက သော်လည်းကောင်း
လူတိုင်းအတွက်ပေး ထားသည့် အခြေခံ အခွင့်အရေး များသည် ချိုးဖောက် ဖျက်ဆီးခြင်းခံခဲ့ရလျှင် ထိုသို့ ချိုးဖောက် ဖျက်ဆီးသော
ပြုလုပ်မှုကြောင့်ဖြစ်ပေါ်လာသော နစ်နာချက် အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ
အာဏာပိုင် တရားရုံးတွင် ထိရောက်စွာ သက်သာခွင့် ရနိုင်စေရမည်။
အပိုဒ် (၉)
မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကို ဖြစ်စေ မခံစေရ။
အပိုဒ် (၁၀)
အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊
ပြစ်မှုကြောင့် တရားဆွဲ ဆိုစီရင်ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည်
လွတ်လပ်၍ဘက်မလိုက်သောတရားရုံးတော်၏လူ အများရှေ့မှောက်တွင် မျှတစွာ
ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။
အပိုဒ် (၁၁)
(၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကြူးလွတ်သည် ဟု
ထင်ရှားစီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှုနှင့် တရားဆွဲဆိုခြင်း
ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့်အ ရေးရှိသည်။ ထိုအမှုကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့်ပြစ်မှုအတွက်
ခုခံချေပနိုင်ရန်လိုအပ်သော အခွင့်အရေးများကို ထိုသူအား ပေးပြီး ဖြစ်စေရမည်။
(၂) တစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊အပြည်ပြည်ဆိုင်ရာ
ဥပဒေအရဖြစ်စေ ၊ပြစ်မှုမမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှု အရ
ဆွဲဆိုပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှု ကြူးလွန်စဉ် အခါက
ထိုက်သင့်စေနိုင်သောအပြစ်ဒဏ်ထက် ပိုမိုကြီးလေးသော ပြစ်ဒဏ်ကို
ထိုက်သင့်ခြင်း မရှိစေရ။
အပိုဒ် (၁၂)
မည်သူမျှ မိမိသဘော အတိုင်း အေးချမ်း လွတ်လပ်စွာ
နေထိုင်ခြင်းကိုသော်လည်းကောင်း၊ မိမိ၏မိသားစုကိုသော်လည်းကောင်း၊မိမိ၏နေအိမ်အသိုက်အ၀န်းကိုသော်လည်းကောင်း၊ စာပေး စာယူ ကိုသော် လည်းကောင်း
ဥပဒေအရ မဟုတ်သော ၀င်ရောက် စွတ်ဖက်ခြင်း မခံစေရ။
ထို့အပြင်မိမိ၏ ဂုဏ်သိက္ခာကိုလည်း အထက်ပါ အတိုင်း ပုတ်ခတ်ခြင်း
မခံစေရ။ လူတိုင်းတွင် ထိုသို့ဝင်ရောက် စွတ်ဖက်ခြင်းမှသော် လည်းကောင်း ပုတ်ခတ်
ခြင်းမှသော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။
အပိုဒ် (၁၃)
(၁) လူတိုင်းတွင် မိမိ၏ နိုင်ငံနယ်နမိတ် အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့်ရှိ သည်။
(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာသွား ပိုင်ခွင့်ရှိသည့်အပြင် မိမိ၏တိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်းရှိသည်။
(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာသွား ပိုင်ခွင့်ရှိသည့်အပြင် မိမိ၏တိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်းရှိသည်။
အပိုဒ် (၁၄)
(၁) လူတိုင်း တွင် ညဉ်းပန်း နှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြား တိုင်းပြည်များ ၌ အေးချမ်းစွာ ခိုလှုံ နေနိုင် ခွင့် ရှိသည်။
(၂) နိုင်ငံရေး နှင့် မပတ်သတ် သည့် ပြစ်မှုများမှ သော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် သ ဘောထားမှုများကိုဖီဆန်သော အမှုများမှ သော်လည်းကောင်း၊ အမှန်ပ်ါပေါက်လာသောပြစ်မှုကြောင့် တရားဆွဲဆိုခြင်း ခံရသည့် အမှုအခင်းများတွင် အထက်ပါအခွင့်အရေးကို အသုံးမပြုနိုင်စေရ။
(၂) နိုင်ငံရေး နှင့် မပတ်သတ် သည့် ပြစ်မှုများမှ သော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် သ ဘောထားမှုများကိုဖီဆန်သော အမှုများမှ သော်လည်းကောင်း၊ အမှန်ပ်ါပေါက်လာသောပြစ်မှုကြောင့် တရားဆွဲဆိုခြင်း ခံရသည့် အမှုအခင်းများတွင် အထက်ပါအခွင့်အရေးကို အသုံးမပြုနိုင်စေရ။
အပိုဒ် (၁၅)
(၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူပိုင်ခွင့်ရှိသည်။
(၂) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသား အဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသား အဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။
(၂) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသား အဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသား အဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။
အပိုဒ် (၁၆)
(၁) အရွယ် ရောက်ပြီးသော ယောကျာင်္းနှင့် မိန်းမတို့တွင် လူမျိုးကို
သော်လည်းကောင်း၊ နိုင်ငံသား အဖြစ်
ကိုသော်လည်းကောင်း၊ကိုးကွယ်သည့်ဘာသာကိုသော်လည်းကောင်း၊အကြောင်းပြု၍ချုပ်ချယ်ကန့်သတ်
ခြင်း မရှိပဲ၊ ထိမ်းမြားနိုင်ခွင့်နှင့် မိသားစုထူထောင်နိုင်ခွင့်ရှိသည်။
အဆိုပါယောကျာင်္းနှင့်မိန်းမတို့သည်လင် မယား အဖြစ် ပေါင်းသင်းနေစဉ်
အချိန်အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်း ကြသည့်
အခါ၌ သော် လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင် ပြုခြင်းနှင့်
စပ်လျဉ်းသော တူညီ သည့်အခွင့်အရေးများကို ရရှိထိုက်သည်။
(၂) သတို့သားနှင့် သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျင် ထိမ်းမြားခြင်း ကိုပြုရမည်။
(၃) မိသားစုတစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံ အဖွဲ့တစ်ရပ်ဖြစ်သည်။ ထိုမိသားစု သည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။
(၂) သတို့သားနှင့် သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျင် ထိမ်းမြားခြင်း ကိုပြုရမည်။
(၃) မိသားစုတစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံ အဖွဲ့တစ်ရပ်ဖြစ်သည်။ ထိုမိသားစု သည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။
အပိုဒ် (၁၇)
လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြား သူများနှင့် ဖက်စပ်၍
သော်လည်းကောင်း၊ ပစ္စည်း ဥစ္စာတို့ကို
ပိုင်ဆိုင်ရန်အခွင့်အရေးရှိရမည်။ဥပဒေအရမဟုတ်လျှင်၊ မည်သူမျှ မိမိ၏
ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။
အပိုဒ် (၁၈)
လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊
လွတ်လပ်စွာခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာသက် ၀င် ကိုးကွယ်နိုင်ခွင့်
ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိ ကိုးကွယ်သည့် ဘာသာ ကို သို့တည်းမဟုတ်
သက်ဝင် ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့်အပြင်၊
မိမိတစ်ယောက်ချင်း ဖြစ်စေ၊ အခြား သူများနှင့် စုပေါင်း၍ ဖြစ်စေ၊ ပြည်သူ
အများရှေ့မှောက်တွင် သော်လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ်ပဲ
သော်လည်းကောင်း၊ မိမိကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင်
ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊
ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့်ဆောက်တည်နိုင်ခွင့်တို့လည်းပါဝင် သည်။
အပိုဒ် (၁၉)
လူတိုင်းတွင်လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ
ဖွင့်ဟဖေါ်ပြနိုင်ခွင့်ရှိသည်။ အဆိုပါအခွင့် အရေးများ၌ အနှောက်အယှက်မရှိပဲ
လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်ပါသည့်အပြင်၊ နိုင်ငံနယ်နမိတ်များ
ကိုထောက်ထားရန် မလိုပဲ သတင်း အကြောင်းအရာနှင့် သဘောတရားကို တနည်းနည်းဖြင့်
လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့်
ဝေငှဖြန့်ချီခွင့်တို့လည်းပါဝင်သည်။
အပိုဒ် (၂၀)
(၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။
(၂) မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ၀င်စေရန်အတင်းအကျပ်မပြုရ။
(၂) မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ၀င်စေရန်အတင်းအကျပ်မပြုရ။
အပိုဒ် (၂၁)
(၁) လူတိုင်းတွင် မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊
လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စား လှယ်များမှ တစ်ဆင့်ဖြစ်စေ
ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိ၏ နိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ၀င်ရောက်နိုင်ရန်တူညီသည့်အခွင့်အရေးရှိသည်။
(၃) ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ် အာဏာ၏ အခြေခံဖြစ်ရပါမည်။
အဆိုပါဆန္ဒကိုအချိန်ကာ လပိုင်းခြားလျက် စစ်မှန်သော ရွေးကောက်ပွဲများဖြင့်
ထင်ရှားစေရမည်။ ရွေးကောက်ပွဲများ တွင်လည်း လူ တိုင်းအညီအမျှ ဆန္ဒမဲ
ပေးနိုင်ခွင့်ရှိရမည့်အပြင်၊ ထို ရွေးကောက်ပွဲများကို လျို့ဝှက်
မဲပေးစနစ်ဖြင့်ဖြစ်စေ၊ အလားတူလွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ၊ ကျင်းပရမည်။
အပိုဒ် (၂၂)
လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့်
ရယူပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံ ရေး ကြိုးပမ်းမှုဖြင့် ဖြစ်စေ၊
နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဖြစ်စေ၊
နိုင်ငံ အသီးသီး ၏
ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတ အင်အားနှင့်လည်းကောင်း၊
ထိုလူ၏
ဂုဏ်သိက္ခာ နှင့် စရိုက်လက္ခဏာ လွပ်လပ် စွာတိုးတက်မြင့်မားရေးအတွက်
မရှိမဖြစ်လိုအပ်သော စီးပွားရေး၊လူမှုရေးနှင့်ယဉ်ကျေးမှု အခွင့်အရေးများ ကို
သုံးစွဲပိုင်ခွင့်ရှိသည်။
အပိုဒ် (၂၃)
(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု
အလုပ်အကိုင်ကိုလွတ်လပ် စွာ ရွေးချယ်ရန် လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သော
အလုပ်ခွင်၏ အခြေအနေ ကို ရရှိရန် လည်း ကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ
အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။
(၂) လူတိုင်းတွင်ခွဲခြားခြင်းမခံရစေဘဲ၊တူညီသောအလုပ်အတွက်တူညီသောအခကြေးငွေရနိုင်ခွင့်ရှိသည်။
(၃) အလုပ်လုပ်ကိုင်သည့်လူတိုင်းတွင်၊မိမိနှင့် မိမိ၏မိသားစုအတွက်လူ့ဂုဏ်သိက္ခာနှင့်ညီအောင်နေထိုင် စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်အပြင်၊ တရားမျှတ၍ လုပ်ပျော်သည့် လစာ ကြေးငွေ ရပိုင်ခွင့်ရှိ သည်။ လိုအပ်ခဲ့ လျှင် အခြားနည်းလမ်းများမှ လူမှုရေးအထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။
(၄) လူတိုင်းတွင် မိမိ အကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်း အရုံးများ ဖွဲ့စည်းခွင့်၊ ပါဝင် ဆောင်ရွက်ခွင့် ရှိသည်။
(၂) လူတိုင်းတွင်ခွဲခြားခြင်းမခံရစေဘဲ၊တူညီသောအလုပ်အတွက်တူညီသောအခကြေးငွေရနိုင်ခွင့်ရှိသည်။
(၃) အလုပ်လုပ်ကိုင်သည့်လူတိုင်းတွင်၊မိမိနှင့် မိမိ၏မိသားစုအတွက်လူ့ဂုဏ်သိက္ခာနှင့်ညီအောင်နေထိုင် စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်အပြင်၊ တရားမျှတ၍ လုပ်ပျော်သည့် လစာ ကြေးငွေ ရပိုင်ခွင့်ရှိ သည်။ လိုအပ်ခဲ့ လျှင် အခြားနည်းလမ်းများမှ လူမှုရေးအထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။
(၄) လူတိုင်းတွင် မိမိ အကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်း အရုံးများ ဖွဲ့စည်းခွင့်၊ ပါဝင် ဆောင်ရွက်ခွင့် ရှိသည်။
အပိုဒ် (၂၄)
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ
ကန့်သတ်ထားသည့်အလုပ်လုပ်ချိန်အပြင်၊လစာနှင့်တကွ အခါအား လျော်စွာ သတ်မှတ်ထား
သည့် အလုပ်အားလပ်ရက် များ ပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့် ခံစား
ပိုင်ခွင့်ရှိသည်။
အပိုဒ် (၂၅)
(၁)လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏ မိသားစု ကျန်းမာရေးနှင့် တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အစာအဟာရ၊ အ၀တ်အထည်၊ နေအိမ် ၊ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှုရေး အထောက် အပံ့များ ပါဝင်သော သင့်တော်လျှောက်ပတ်သည့် လူမှုအဆင့်အတန်းကိုရယူခံစားခွင့်ရှိသည်။ ထို့အပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌လည်းကောင်း၊ မကျန်းမမာ ဖြစ်သောအခါ၌လည်းကောင်း၊ ကိုယ်အင်္ဂါမစွမ်း မသန်ဖြစ်သော အခါ၌လည်းကောင်း၊ မုဆိုးမ ဖြစ်သောအခါ၌လည်းကောင်း၊ အသက်အရွယ် အိုမင်းသော အခါ၌လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ၀မ်းစာရှာမှီးနိုင်သော နည်းလမ်း မရှိသောကြောင့် လည်းကောင်း၊ နေထိုင် စားသောက်ရေးတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။
(၁)လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏ မိသားစု ကျန်းမာရေးနှင့် တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အစာအဟာရ၊ အ၀တ်အထည်၊ နေအိမ် ၊ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှုရေး အထောက် အပံ့များ ပါဝင်သော သင့်တော်လျှောက်ပတ်သည့် လူမှုအဆင့်အတန်းကိုရယူခံစားခွင့်ရှိသည်။ ထို့အပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌လည်းကောင်း၊ မကျန်းမမာ ဖြစ်သောအခါ၌လည်းကောင်း၊ ကိုယ်အင်္ဂါမစွမ်း မသန်ဖြစ်သော အခါ၌လည်းကောင်း၊ မုဆိုးမ ဖြစ်သောအခါ၌လည်းကောင်း၊ အသက်အရွယ် အိုမင်းသော အခါ၌လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ၀မ်းစာရှာမှီးနိုင်သော နည်းလမ်း မရှိသောကြောင့် လည်းကောင်း၊ နေထိုင် စားသောက်ရေးတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။
(၂) သားသည် မိခင်များနှင့် ကလေးများသည် အထူး စောင့်ရှောက်ခြင်း နှင့်
အကူအညီပေးခြင်းကို ရခွင့်ရှိ သည်။ ဥပဒေ အရ ထိမ်းမြားခြင်းဖြင့် ဖြစ်စေ
အခြား နည်းဖြင့် ဖြစ်စေ မွေးဖွားသော ကလေး အားလုံးသည် တူညီသော
လူမှုကာကွယစောင့်ရှောက်ရေးကို ရယူခံစားကြရမည်။
အပိုဒ် (၂၆)
(၁) လူတိုင်းသည် ပညာ သင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့်
အခြေခံ အဆင့် အတန်းများတွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။
မှုလတန်းပညာသည်မသင်မနေရပညာဖြစ်ရမည်။ စက်မှုပညာ နှင့် အသက်မွေးမှု ပညာများကို
ယေဘူယျ အားဖြင့် သင်ကြား ရယူနိုင်စေရမည်။ ထို့ အပြင် အထက်တန်း ပညာအတွက်
အရည်အချင်းကို အခြေခံပြု၍ တူညီသောအခွင့်အရေးရရှိစေရမည်
(၂) ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာ အပြည့်အ၀ တိုးတက်မှုအပြင်၊
လူ့အခွင့်အရေး နှင့် အခြေခံလွတ်လပ်ခွင့် ရိုသေလေးစားမှုတို့ကို
ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည်
နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေး
အသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်းနားလည်မှု၊ သည်းခံမှုနှင့်
ခင်မင်ရင်နှီးမှု တို့ကိုအားပေးရ မည်။ ထို့အပြင်
ငြိမ်းချမ်းရေးတည်တံ့အောင်ဆောင်ရွက်ရန် အလို့ငှာ၊
ကုလသမဂ္ဂ၏ဆောင်ရွက်မှုများကို လည်း ဖြစ်မြောက်အောင် အားပေးရမည်။
(၃) မိဘတို့တွင် မိမိတို့၏ကလေးများသင်ယူရမည့် ပညာအမျိုးအစားကိုရွေးချယ်နိုင်သောလက်ဦးအခွင့် အရေးရှိသည်။
(၃) မိဘတို့တွင် မိမိတို့၏ကလေးများသင်ယူရမည့် ပညာအမျိုးအစားကိုရွေးချယ်နိုင်သောလက်ဦးအခွင့် အရေးရှိသည်။
အပိုဒ် (၂၇)
(၁) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှုလောက၌ လွပ်လပ်စွာ
ပါဝင်ဆောင်ရွက်နိုင်ခွင့် သုခုမပညာရပ် များကို လွတ်လပ်စွာ လိုက်စား
မွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာ ထွန်းကားရေး လုပ်ငန်းများ တွင် လွတ်လပ်စွာ
ဝင်ရောက်လုပ်ကိုင်နိုင်ခွင့် နှင့် ထိုပညာ၏အကျိုးအာနိသင်များကို
လွတ်လပ်စွာခံစားသုံးစွဲနိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် သိပ္ပံမှ ဖြစ်စေ၊ စာပေမှ ဖြစ်စေ၊ သုခုမပညာမှဖြစ်စေ၊ မိမိ ကိုယ်ပိုင် ဥာဏ်ဖြင့် ကြံစည်ဖန် တီးမှုမှ ဖြစ်ထွန်းလာသည့် ဂုဏ် နှင့်ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေး အတွက် ကာကွယ်မှုကိုရရှိရန် အခွင့်အရေးရှိသည်။
(၂) လူတိုင်းတွင် သိပ္ပံမှ ဖြစ်စေ၊ စာပေမှ ဖြစ်စေ၊ သုခုမပညာမှဖြစ်စေ၊ မိမိ ကိုယ်ပိုင် ဥာဏ်ဖြင့် ကြံစည်ဖန် တီးမှုမှ ဖြစ်ထွန်းလာသည့် ဂုဏ် နှင့်ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေး အတွက် ကာကွယ်မှုကိုရရှိရန် အခွင့်အရေးရှိသည်။
အပိုဒ် (၂၈)
လူတိုင်းသည် ဤကြေငြာစာတမ်းတွင်ဖော်ပြထားသည့်
အခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကို အပြည့် အစုံ ရယူနိုင်သော လူမှု
ဆက်ဆံရေး အခြေအနေ နှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အခြေအနေတို့၏
အကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။
အပိုဒ် (၂၉)
(၁) မိမိ၏ စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက် နိုင်သည့် တစ်ခုတည်းသော လူ့ အသိုက်အ၀န်း အတွက် လူတိုင်း၌ တာဝန်ရှိသည်။
(၂) မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုသုံးစွဲရာတွင်လူတိုင်းသည်၊အခြားသူများ၏အခွင့်အရေး များနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေ လေးစားစေရန် အလို့ငှာ လည်းကောင်း၊ ဒီမိုကရေစီ ကျင့်သုံးသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရား အပြင်၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ပြည်သူ့ အ ကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက်၊တရားမျှတစွာကျင့်ဆောင်ရန်အလို့ငှာလည်းကောင်း၊ဥပဒေကပြဌာန်း ထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
(၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့် များကို မည်သည့် အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ် ချက်များနှင့်လည်းကောင်း၊ အခြေခံမှုများနှင့်လည်းကောင်း ဆန့်ကျင်၍မသုံးစွဲရ။
(၂) မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုသုံးစွဲရာတွင်လူတိုင်းသည်၊အခြားသူများ၏အခွင့်အရေး များနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေ လေးစားစေရန် အလို့ငှာ လည်းကောင်း၊ ဒီမိုကရေစီ ကျင့်သုံးသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရား အပြင်၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ပြည်သူ့ အ ကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက်၊တရားမျှတစွာကျင့်ဆောင်ရန်အလို့ငှာလည်းကောင်း၊ဥပဒေကပြဌာန်း ထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
(၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့် များကို မည်သည့် အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ် ချက်များနှင့်လည်းကောင်း၊ အခြေခံမှုများနှင့်လည်းကောင်း ဆန့်ကျင်၍မသုံးစွဲရ။
အပိုဒ် (၃၀)
ဤကြေငြာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ
ပျက်စီးရာ ပျက်စီးကြောင်းတို့ကို ရည်ရွယ်၍ နိုင်ငံတစ်နိုင်ငံအတွက် ဖြစ်စေ၊
လူတစ်စုအတွက် ဖြစ်စေ၊ လူတစ်ဦး တစ်ယောက်အတွက်ဖြစ်စေ ပါဝင်ဆောင် ရွက်ရန်
အခွင့်ရှိသည်
ဟုသော်လည်းကောင်း၊ကိုယ်တိုင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟုသော်လည်းကောင်း
အဓိပ္ပယ်ပိုင်ခြား ကောက်ယူခြင်းမရှိစေရ။
( ဆက်ပါဦးမည် )
Ref:
www.un.org
www.myanmarpyay.freezoka.net
အလွမ်းပြေ
Labels:
လူ့အခွင့်အရေး(Human Rights)
|
0
comments
Thursday, December 29, 2011
အခွင့်အရေးဆိုတာ ... အခွင့်အရေး ယူပါ ( ၂ )
2:29 AM | Posted by
အလွမ်းပြေ |
Edit Post
အခွင့်အရေး ဆိုတာ... အခွင့်အရေးယူပါ ( ၁ )
အခွင့်အရေးဆိုတာ … အခွင့်အရေးယူပါ
( ၂ )
သမိုင်းဆရာကြီးတွေ ပြောတတ်တဲ့ စကားရှိတယ်ရှင့် သမိုင်းကို လေ့လာတာ၊ သင်ယူတာ၊ သင်ကြားပေးတာ မအ ရအောင်ပါတဲ့။
အဲဒီလိုပဲ ကျွန်မ တွေးမိတဲ့ နောက်တစ်ချက်က အယူအဆ၊ အယူဝါဒ တစ်ခုခု၊ ယုံကြည်မှု တစ်ခုခုပဲ
ဖြစ်ဖြစ်၊ အကောင်း အဆိုး၊ အမှား အမှန် ဆိုတာ အခြေအနေနဲ့ အချိန်အခါ အပေါ် မူတည်နေတတ် ပါတယ်။
နောက်ပြီး အသုံးအနှုန်း တူပေမယ့် အဓိပ္ပါယ် ကောက်ယူပုံခြင်းလည်း ကွဲပြားနေတတ်ပါတယ်။
အမှန် အမှားကို ခွဲခြားဖို့အတွက် ဒီအယူအဆတစ်ခု ဘာကြောင့် ပေါ်လာတယ် ။ ဘယ်လိုစပြီး ယူဆ တွေးခေါ်
ခဲ့ကြတယ်။ ဘာကို အခြေခံတယ် ။ စတဲ့ အခြေခံ သမိုင်းကြောင်း ဆိုတာတွေကို နားလည်ထားမှ ကိုယ့်ရဲ့
လက်ရှိ အခြေအနေ နဲ့ အချိန်အခါ အပေါ်ကို သုံးသတ်ပြီးမှသာ ကိုက်ညီသလား မှန်ကန်သလား
ပြန်လည် တွေးတော ယူနိုင်ဖို့ လိုအပ်ပါတယ်။
လူ့အခွင့်အရေးအကြောင်း ပြောမယ်ဆိုရင် သူ့သမိုင်းကြောင်းလေးကိုလည်း သိထားဖို့ လိုပါလိမ့်မယ်။ ကျွန်မတို့လည်း အခု လူအခွင့်အရေး ပြောချင်ရင်
သူ့ရဲ့ သမိုင်းကြောင်းလေးနဲ့ ပေါ်ပေါက် လာပုံတို့ကို ပြန် ပြီး လေ့လာ ကြည့်ရရင်။ လူ့အခွင့်အရေးဆိုတာကို
စပြီး ပြောလာကြတာ ၁၈ ရာစု မတိုင်ခင် ကတည်းကပဲ။
လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှုတွေကို ၁၉၇၀ လောက်က စပြီး အမေရိက၊ လက်တင်
အမေရိက ၊ ဥရောပ စတဲ့ အနောက် နိုင်ငံတွေနဲ့ အရှေ့ဘက်က ဆိုရှယ်လစ်နိုင်ငံ တွေမှာ စတင်
လာကြတာကို တွေ့ရပါတယ်။ အဲဒီတုန်းက အစိုးရတွေရဲ့ အကြွင်းမဲ့ အာဏာလွမ်းမိုးထားမှုတွေကို
ဆန့်ကျင်တဲ့ အနေနဲ့ လူ့အခွင့်အရေး တောင်းဆိုမှုတွေကို လှုပ်ရှားလုပ်ဆောင်ခဲ့ကြတာပါ။
အခုနောက်ပိုင်း ၂၁ ရာစုနဲ့ နောက်ပိုင်းခေတ်ကာလတွေ ကတော့ ဒီအခြေခံ သဘောတရားအပြင် အခြား ဒီထက်ပိုတဲ့ အကြောင်းအရာတွေ
သဘောတရားတွေကိုပါ ထပ်ပေါင်းလာကြတာကို တွေ့ရပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားမှု ဖြစ်စဉ်တွေကို
ကြည့်ရင် Early Civilization ( လူယဉ်ကျေးမှုသမိုင်း
အစောပိုင်းကာလ) ဒီအချိန်များမှာ ကတော့ အုပ်ချုပ်သူလူတန်းစားတွေရဲ့
အကြွင်းမဲ့ အာဏာအောက်က လွတ်မြောက်ဖို့ကို ဦးတည်ပြီး ကြိုးပမ်းခဲ့ကြပြီး ဦးဆောင် လှုပ်ရှားသူတွေက
ဘာသာရေး ခေါင်းဆောင်တွေ ဖြစ်ကြတာကို တွေ့ ရပါတယ်။ သူတို့ရဲ့ နောက်လိုက်တွေရဲ့ ဆုံးရှုံးမှူတွေအတွက်
ကာကွယ်ပေးချင်တဲ့ သဘော သက်ရောက်တာကို တွေ့ရပါတယ်။ ဒါကြောင့် လူ့အခွင့်အရေး လှုပ်ရှားမှုဟာ နိုင်ငံရေးနဲ့ ဘာသာရေး
ကို အခြေခံပြီး နိုင်ငံသားအခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ဦးတည် ခဲ့ကြတာ တွေ့ရပါတယ်။
၁၈ နဲ့ ၁၉ ရာစု အတွေးအခေါ်ပညာရှင်တွေက
သဘာဝအခွင့်အရေး (Natural Rights) အကြောင်းကို အများအပြား ဆွေးနွေးတွေးခေါ် ခဲ့ကြပါတယ်။
ဒီအယူအဆက ဘယ်နိုင်ငံ၊ ဘယ်ယဉ်ကျေးမှု၊ ဘယ်ဘာသာတရား အောက်မှာကို အခြေမခံဘဲ လူသားတစ်ယောက်အဖြစ် ကမ္ဘာမြေပေါ်မှာ မွေးဖွားလာကတည်းက
လူတိုင်း ကိုယ်စီမှာ သူ့ရဲ့ မွေးရာပါ သဘာဝတရားက ပေးထားတဲ့ အခွင့် အရေး ရှိပြီး ကမ္ဘာပေါ်ရှိ
လူသားတိုင်းမှာ ဒီ တူညီတဲ့ အခွင့်အရေးကို ရယူ ကျင့်သုံး ပိုင်ခွင့် ရှိတယ် ဆိုတာပါပဲ။
၁၉ ရာစုအလယ်ပိုင်းနဲ့ နောင်းပိုင်း
ကာလတွေမှာ ကျွန်စနစ်တွေ၊ အဖိနှိပ်ခံ အလုပ်သမားတွေ၊ လယ်သမား တွေရဲ့ အရေးကိစ္စတွေ ပြဿနာတွေဟာ
ဒီ လူ့သားအခွင့်အရေး ဆိုတာကို အသိပြုဖို့ ပိုမို ပေါ်လွင်စေ အကြောင်းအရာတွေ ဖြစ်လာခဲ့ပါတယ်။
နိုင်ငံအလိုက် ဒေသအလိုက် လူတွေဟာ သူတို့ရဲ့ ထိခိုက် နစ်နာ မှုတွေကို သဘောပေါက်နားလည်
လာကြပြီး အစုအဖွဲ့အလိုက် သူတို့ရဲ့ အခွင့်အရေးအတွက် ဖိနှိပ် သူတွေကို ဆန့်ကျင် တောင်းဆိုမှုတွေ
ဖြစ်လာတယ်။ ဥပမာ- အလုပ်သမားအဖွဲ့ အစည်းက ဦးဆောင်ပြီး အလုပ်သမားတွေရဲ့ အလုပ်ချိန်၊
လုပ်ခ လစာ၊ ခံစားခွင့်တွေကို တောင်းဆို ခဲ့ကြတာမျိုးတွေပါ။ အစောပိုင်း ကာလ လှုပ်ရှားမှုတွေဟာ
အတော်ကြမ်းတမ်းပြီး အခွင့်အရေး ဆုံးရှုံးသူများနဲ့ ပိုမိုရယူထားသူများကြားက ပဋိပက္ခဟာ
တော်တော် ကြမ်းတမ်းပြီး ပြဿနာအတော်များတယ်
ဆိုတာကို အဲဒီခေတ် ပတ်ဝန်းကျင်က သပိတ်တွေ၊ လှုပ်ရှားမှုတွေ အကြောင်းကို ပြန်ကြည့်ရင်
တော်တော် သိသာပါတယ်။ ဒီနေရာမှာ လှုပ်ရှားမှု အကြောင်းတွေကို အပိုင်းတွေ အများကြီးခွဲရအောင်
ရှည်သွားမှာ စိုးလို့ အကျယ်ချဲ့ပြီး မပြောတော့ပါဘူး။
နောက်ပိုင်း မျက်မှောက်ခေတ်ကို ကြည့်ရင်တော့
အသင်းအဖွဲ့ တစ်ခုရဲ့ အခွင့်အရေးထက် တစ်ဦးချင်းစီရဲ့ အခွင့်အရေးဘက်ကို ပိုမိုဦးတည်လာကြပြီး
ဥပမာ ပြောရရင် ဘာသာရေးအသင်းအဖွဲ့ အောက်ကနေ နိုင်ငံသားတွေရဲ့ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို
တောင်းဆိုတာမျိုးထက် တစ်ဦးချင်း အခွင့်အရေး ဆုံးရှုံးတယ် ထင်တဲ့ သူတွေ စုပေါင်း ဖွဲ့စည်းတဲ့
အသင်းအဖွဲ့တွေနဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ထင်ထင်ရှားရှား တွေ့လာရပါတယ်။ လိင်တူ
ဆက်ဆံ သူများ အသင်းနဲ့ ၄င်းတို့ရဲ့ အခွင့်အရေး တောင်းဆိုတဲ့ လှုပ်ရှားမှုများ လိုမျိုးပါ။
မျက်မှောက်ခေတ် လူ့အခွင့်အရေးလှုပ်ရှားမှုတွေဟာ Freedom ( လွတ်လပ်ခွင့် ) နဲ့ Equality
( သာတူညီမျှရှိမှု) တို့ကို ပိုဦးတည် ပြောဆိုလာကြတာကို တွေ့ရပါတယ်။ ကမ္ဘာအနှံ့မှာ လွတ်လပ်စွာ
ပြောဆိုရေးသား ပိုင်ခွင့်၊ အမျိုးသမီး အခွင့်အရေး၊ လိင်တူဆက်ဆံသူချင်း လက်ထပ်ခွင့်
စတဲ့ လှုပ်ရှားမှု တွေကို လှုပ်ရှားမှုတွေအဖြစ် တွေ့ရှိနိုင်ပါတယ်။ တစ်နည်းအားဖြင့်
ဘာသာရေး၊ လူမျိုးရေး တွေကို အခြေမခံဘဲ လူသားတစ်ယောက်ရဲ့ အခွင့်အရေး ဆိုတဲ့ အတွေးအခေါ်
ပိုမို စိုးမိုးလာတယ်လို့ ပြောလို့ရပါတယ်။
လူအခွင့်အရေးဆိုတာဟာ ကမ္ဘာပေါ်မှာရှိတဲ့
လူသားအားလုံးရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် နှင့် တန်းတူညီမျှမှုကို ရည်ညွှန်းတာမို့ တစ်ဖက်က
အာဏာကြီးစိုးမှုတွေ၊ အနိုင်ကျင့် ထိန်းချုပ်မှုတွေ၊ တရားမမျှတမှုတွေကို ဆန့်ကျင်ပြီး
လူသားအချင်းချင်း အတူတူ နေထိုင်နိုင်ဖို့ တစ်ဦးနဲ့ တစ်ဦးအကြားမှာ တစ်ဦးအခွင့်အရေးကို
တစ်ဦး လေးစားစေချင်တဲ့ ရည်ရွယ်ချက်ကို ဖော်ညွှန်းတာပါပဲ။
ဒါဟာ ပဋိပကတွေကို ရပ်စေချင်ပြီး
ပိုကောင်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့နဲ့ ငြိမ်းချမ်းရေးကို
ဖော်ဆောင်စေချင်တဲ့ လူသားအချင်းချင်း ကြားက
Social Contract ( လူမှု သဘောတူညီချက်) ပါပဲ။
လူ့အခွင့်အရေး လို့ ဘယ်အချက်တွေ သတ်မှတ်ထားလဲ အဲလို သတ်မှတ်ဖို့ ဆိုင်ရာ သဘောတူညီချက်တွေ
ကမ္ဘာမှာ ပေါ်လာဖို့ ဘယ်လို အဆင့်ဆင့် လုပ်ဆောင် ခဲ့ကြလည်း ဆိုတာကို ဆက်ပြောပြချင်ပါသေးတယ်။
( ဆက်ပါဦးမည်)
အလွမ်းပြေ
References :
Wikipedia
Labels:
လူ့အခွင့်အရေး(Human Rights)
|
0
comments
Thursday, December 22, 2011
အခွင့်အရေး ဆိုတာ… အခွင့်အရေး ယူပါ ( ၁ )
2:03 PM | Posted by
အလွမ်းပြေ |
Edit Post
ကျွန်မတို့
မြန်မာစကားမှာ အခွင့်အရေးသမားလို့ ပြောလိုက်ရင် ဒီလူဟာ မကောင်းတဲ့လူအဖြစ် လူတွေ အလိုလိုသိကြပါတယ်။
အခွင့်အရေး ယူတယ် ဆိုတဲ့ စကားက အနှုတ်လက္ခဏာ ၊ မကောင်းတဲ့ သဘောတရားဆန်ပါတယ်။
ဒီနေ့တော့
ကျွန်မက အခွင့်အရေးအကြောင်းနဲ့ အခွင့်အရေးယူဖို့ အကြောင်းကို ပြောပြချင်ပါတယ်။ ဒီလို
ဆိုတော့ ပေါက်ကရ ပြောတော့မယ်လို့များ ။ ရေးတော့မယ် လို့များထင်သွားမလား။
တကယ်တော့ ကျွန်မ
ပြောပြချင်တာက လူ့အခွင့်အရေးဆိုတဲ့ Human rights အကြောင်းပါ။
ဒီ လူ့အခွင့်အရေးဆိုတဲ့
စကားလုံးဟာ ကမ္ဘာမှာ သိပ်ခေတ်စားနေပါတယ်။ ဘာလို့များ အဲလောက်ခေတ် စားနေရ တာပါပဲ။ ရှင်းပါတယ်
ကျွန်မတို့ လူသားတွေ ကြီးစိုးတဲ့ ကမ္ဘာမို့ လူ့အခွင့် အရေး ခေတ်စားတာပါ။
တကယ်လို့များ
ဂြိုလ်သားတွေ လာအုပ်စိုးရင်တော့ ဂြိုလ်သား အခွင့်အရေးဆိုပြီး ကျယ်ကျယ် လောင်လောင် များ ကြားရ မလားလို့ ရယ်စရာ တွေးမိပါသေးတယ်။
တကယ်တော့
အခွင့်အရေးယူဖို့ဆိုတာ အခွင့်အရေးဘာဆိုတာ သိမှ ယူတတ်မှာပါ။ အခွင့်အရေး တာ ဘာဆိုတာ
သိဖို့နဲ့ အခွင့်အရေးယူတတ်ဖို့ လိုပါတယ်။ မယူတတ်ရင် မရတော့ ကိုယ့်အခွင့်အရေး ဆုံးရှုံးရသလို။
မယူတတ်ဘဲ ယူတော့လည်း ပိုယူမိရင် ကိုယ် ဂုဏ်သိက္ခာကျပြန်ရော။
ဒါကြောင့် နိုင်ငံနဲ့ချီပြီး ပြောရင် နိုင်ငံသား တစ်ယောက်စီတိုင်း ကိုယ့်အခွင့်အရေးဘာဆိုတာ သိဖို့လိုအပ်သလို နိုင်ငံအုပ်ချုပ်ရေးပိုင်းက လူတွေကလည်း ကိုယ့်လုပ်ပိုင်ခွင့်၊ ရပ်တည်မှု အပြင် ကိုယ့်နိုင်ငံသား တစ်ယောက်စီရဲ့ အခွင့်အရေးဟာ ဘာတွေ ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း နိုင်ငံဟာ သာယာဝပြောတဲ့၊ စည်ပင်အေးချမ်းတဲ့ နိုင်ငံ ဖြစ်လာမှာပါ။ တစ်နည်းပြောရရင် ဒီမိုကရေစီနည်းလမ်းကျတဲ့ နိုင်ငံပေါ့။
ဒါကြောင့် နိုင်ငံနဲ့ချီပြီး ပြောရင် နိုင်ငံသား တစ်ယောက်စီတိုင်း ကိုယ့်အခွင့်အရေးဘာဆိုတာ သိဖို့လိုအပ်သလို နိုင်ငံအုပ်ချုပ်ရေးပိုင်းက လူတွေကလည်း ကိုယ့်လုပ်ပိုင်ခွင့်၊ ရပ်တည်မှု အပြင် ကိုယ့်နိုင်ငံသား တစ်ယောက်စီရဲ့ အခွင့်အရေးဟာ ဘာတွေ ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း နိုင်ငံဟာ သာယာဝပြောတဲ့၊ စည်ပင်အေးချမ်းတဲ့ နိုင်ငံ ဖြစ်လာမှာပါ။ တစ်နည်းပြောရရင် ဒီမိုကရေစီနည်းလမ်းကျတဲ့ နိုင်ငံပေါ့။
လူအခွင့်အရေးဆိုတာ
ဘာများလဲ။ အရှင်းဆုံး ပြောရရင် လူတစ်ယောက်၊ လူသားတစ်ယောက်ရဲ့ ရှိသင့်တဲ့ အခွင့်အရေးပါ။
ယောင်္ကျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကလေးဖြစ်စေ၊ လူကြီး ဖြစ်စေ၊ လူဖြူ ဖြစ်စေ၊ လူမဲ ဖြစ်စေ
.. ဘယ်လို လူပဲ ဖြစ်နေပါစေ၊ ဘယ်နေရာမှာ ရှိနေပါစေ၊ ဘယ်အစိုးရ အုပ်ချုပ်မှုအောက်မှာပဲ
ရှိနေပါစေ သူဟာ လူသားတစ်ယောက် ဖြစ်နေသမျှ ကာလပတ်လုံး သာတူညီမျှ၊ လွတ်လပ်စွာ ဒီအခွင့် အရေး ရှိသင့်တယ် လို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေပါပဲ။
ဘယ်သူတွေကများ သတ်မှတ် ထားပါသလဲလို့တော့ မမေးလိုက်ပါနဲ့။ လူတွေကပါပဲ။ လူအမျိုးမျိုး
စိတ်အထွေထွေ ဆိုတဲ့ စကားလိုပဲ ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာ ရှိကြသလို မတူညီတဲ့ ပုံစံမျိုးစုံနဲ့
လှုပ်ရှား သွားလာ နေကြ တာပါ။ အဲဒီလို ပုံစံအမျိုးစုံနဲ့ လူတွေကြားမှာ သာတူညီမျှမှုကို
ဖန်းတီးဖို့အတွက် လူသားတစ်ယောက်စီရဲ့ အခွင့်အရေးဆိုတာ ပေါ်ပေါက်လာရတာပါပဲ။
လူအခွင့်အရေးက
ဘာတွေလဲ။ လူ့အခွင့်အရေးရဲ့ သမိုင်းကြောင်း မပြောခင်။ လူ့အခွင့်အရေးဆိုတဲ့ သတ်မှတ်ချက်ရဲ့
သဘောတရားကို အရင် စဉ်းစားကြည့်ရအောင် ။ ကိုယ်အကြောင်းပဲ ကိုယ်စတွေးကြည့်ရအောင်။ ကျွန်မပဲ
ဖြစ်ဖြစ် စာဖတ်သူပဲဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် တို့ ကိုယ့်ဘာသာ ကိုယ့်အခန်းထဲမှာ တစ်ယောက်တည်း
နေတယ် ဆိုပါစို့။ အိမ်မှာ ဘယ်သူမှလဲ မရှိဘူးဆိုပါစို့။ ဘယ်သူ့ကို ဂရုစိုက်နေရမလဲ။ ဘယ်သူမှ ဂရုစိုက်စရာမလိုပါဘူး။
သီချင်းအကျယ်ကြီး အော်ဆိုမယ်။ ညလယ်ခေါင် ဟင်းထချက်ချင်ချက်မယ်။ အဝတ်အစားလည်း ကြိုက်သလို
ဝတ်မယ်။ ဝတ်ချင်မှလည်း ဝတ်မယ်။ ဘယ်သူမှ မရှိတော့ ဘယ်သူ့ကိုမှ အလေးထားစရာမလိုပါဘူး။
ဘယ်လောက်ကောင်းလိုက်ပါလဲ။ လွတ်လွတ်လပ်လပ် စိတ်ချမ်းသာစရာ ကောင်းလိုက်တာ။ ဒါ ကိုယ့်အခွင့်အရေးပဲလေ။
ဒါဆို လူတစ်ယောက်ရဲ့ အခွင့်အရေးပေါ့ ။ ဘယ်သူပဲ ဖြစ်ဖြစ် ပိုင်ဆိုင်တဲ့ မွေးရာပါ အခွင့်အရေးပဲလေ။
ကြိုက်တာလုပ်ခွင့်ရှိတယ်ပေါ့။ အိုခေ ပဲ။ ကဲ ဒါပေမယ့် အိမ်ကို နောက်လူတစ်ယောက် ရောက်လာပါပြီတဲ့။ ဥပမာ
မောင်နှမသားချင်း တစ်ယောက်ယောက်ပေါ့။ သူမှာလည်း မွေးရာပါ လွတ်လွတ်လပ်လပ်နေပိုင်ခွင့်
ရှိတယ်လေ။ သူလည်း ခုနကလိုပဲ နေမယ်။ အဲဒါဆို ဘာဖြစ်မယ် ထင်ပါလဲ။ ကိုယ် အိပ်တဲ့ အချိန်သူ
က သီချင်းတွေ အော်ဆို၊ ထမင်းတွေ ဟင်းတွေ ထချက်မယ် ကဲ ဘယ်လိုလဲ။ အဲဒီနောက်မှ အိမ်သား
သုံးလေးယောက်ဆို .. တွေးတောင် မတွေးရဲတော့ဘူး မဟုတ်လား ဗြောင်းကိုဆံနေတော့မှာလဲ။
အိမ်ျတိုင်း
မိသာစုတိုင်းမှာ ထင်တိုင်းကျဲတဲ့ မောင်နှမတွေ အကြား ထိန်းညှိဖို့ ဘာလုပ်တတ်ကြဆိုတော့
မိဘဆိုတဲ့ အိမ်ရဲ့ အုပ်ချုပ်သူတွေက စည်းကမ်းဆိုတာတွေ သတ်မှတ်ပေးတတ်ကြပါတယ်။ သိပ်ပြီး
တင်းကျပ်တဲ့ စည်းကမ်းတွေ သတ်မှတ်တဲ့ မိဘရဲ့ လက်အောက်မှာ ဆိုရင် ဘယ်လို ခံစားရတတ်သလဲ။
ကိုယ်က ဒီမိသားစုထဲတင်မက ပြင်ပမှာ သူငယ်ချင်း တွေရှိသေးတယ် မဟုတ်လား။ တင်းကျပ်တဲ့ မိသားစုစည်းကမ်းနဲ့
သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးကြားမှာလည်း ကြုံရတဲ့ အခက်အခဲတွေ တွေ့ဖူးကြမှာပဲ။
ညကြီးအချိန်မတော်
သီချင်းတွေ အော်ကြီး ဟစ်ကျယ် ဖွင့်တတ်တဲ့ တစ်ယောက် အိမ်မှာ ရှိလို့ ဘေးအိမ်တွေနဲ့ စကားမများချင်၊ မိသားစုဝင်ချင်း အချင်းများတာ
မဖြစ်ချင်တာနဲ့ မိဘက အိမ်မှာ ည ၉ နာရီဆို မီးပိတ်၊
အိပ်ရမယ်လို့ သတ်မှတ်ပေးထားတယ် ဆိုပါစို့။ သူငယ်ချင်းက အရေးကိစ္စရှိလို့ ဖုန်းခေါ်တာမရတာကြာတော့
ကိုယ့်ကို သူတို့ကို မခင်ဘူးလို့အထင်လွဲခံရတယ်။ စာမေးပွဲရှိပေမယ့် စာဆက်ဖတ်လို့မရတော့ဘူး။
ဥပမာ ပြောပြတာပါ။ အဲဒီလိုမျိုးပေါ့။ ကိုယ်
အုပ်ချုပ်ရ အဆင်ပြေပြီးရော ဆိုတဲ့ သဘောမျိုးနဲ့ ဒါပဲ ဆိုရင် သားသမီးတွေ ခမျာ မိတ်ပျက်ရတဲ့သူရှိမယ်။ စာမဖတ်ရလို့ ဒုက္ခရောက်ရတာရှိမယ်။
ဒီလိုမျိုး ဆုံးရှုံးမှုတွေ ကြုံရတာတွေ ရှိမယ်။
ဒီထက်ပိုဆိုးတဲ့ ကိစ္စတွေ ဖြစ်ခဲ့ရင် ဘဝဆိုတာ ပျော်ရွှင်မှု ပျောက်ဆုံးပြီး သေနေသလားတောင်
ထင်ရပြီး အိမ်က ထွက်ပြေးချင်စိတ်တွေ ပေါက်လာတယ် မဟုတ်လား။ လူမှာလည်း ခံနိုင်ရည် ရှိတယ်လေ။
အဲဒီလို မဖြစ်ရအောင် မိဘကလည်း သားသမီး တစ်ယောက်စီတိုင်းရဲ့ အခွင့်အရေးကို အလေးထားစဉ်းစားပြီးမှ
အားလုံးအဆင်ပြေလောက်တဲ့ စည်းကမ်းကို ချသင့်တယ် မဟုတ်လား။
မိသားစုဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့
အသေးဆုံး ယူနစ်ပဲ။ အိမ်တစ်အိမ်မှာ လူသားတွေရှိသလို သူတို့ကို အုပ်ချုပ်တဲ့ အုပ်ထိန်းသူရှိတယ်။
မိသားစုတွေ စုစည်းထားတဲ့ နိုင်ငံမှာ နိုင်ငံ အစိုးရရှိတယ်။ ကမ္ဘာကြီးပေါ်မှာ နိုင်ငံ
အများကြီးနဲ့ ဖွဲ့စည်းထားတယ် ။ လူတွေ တစ်ယောက်နဲ့တစ်ယောက်။
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံတဲ့အခါ ၊ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံတဲ့
အခါ အဆင်ပြေပြေ ဖြစ်ဖို့နဲ့ မွေးရပါ အခွင့်အရေးတွေကို သူလည်းလျှော့ ကိုယ်လည်းလျှော့
လုပ်တဲ့အခါ တစ်ဦးချင်းရဲ့ ဘဝကိုလည်း မထိခိုက်ရအောင်၊ သာတူညီမျှလည်း ဖြစ်ရအောင် ချမှတ်ထားတဲ့
စံသတ်မှတ်ချက် တစ်ခုအဖြစ် လူအခွင့်အရေးဆိုတဲ့ သတ်မှတ်ချက် ပေါ်ထွက်လာတာပါပဲ။
ဒါ ကျွန်မတို့
သဘောတရားပိုင်းကို ရိုးရိုးလေး စဉ်းစားကြည့်တာပါ။ အဲဒီတော့ သူရဲ့ အခြေခံသဘောတရားက ကိုယ်ချင်းစာတရားလို့ ပြောရင်တောင် ရမယ်ထင်ပါရဲ့။ ကိုယ့် အခွင့်အရေးအပြင် သူများမှာလည်း အခွင့်အရေးတွေ ရှိတာကို လေးစားဖို့ လိုအပ်တယ်တယ်။ ဒါမှ အခွင့်အရေးသမားဆိုတဲ့ အနှုတ်လက္ခဏာဆောင်တဲ့ အခွင့်အရေးယူသူ မဖြစ်ရအောင်ပေါ့။
စာဖတ်သူ အနေနဲ့ ကျွန်မ ယူဆချက်နဲ့ မတူတဲ့ အမြင်၊ ဒါမှ မဟုတ် ထပ်ဖြည့်လိုတာ ရှိရင်လည်း ကွန်မန့်မှာ ဝင်ရောက်ဆွေးနွေးပေးပါလို့ ဖိတ်ခေါ်ပါတယ်။
နောက်ထပ်
လူ့အခွင့်အရေး သမိုင်းကြောင်းကို ဆက်ပြောပြပါ့မယ်။
(
ဆက်ပါဦးမည်)
အလွမ်းပြေ
Labels:
လူ့အခွင့်အရေး(Human Rights)
|
0
comments
Subscribe to:
Posts (Atom)





