My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Showing posts with label သီချင်း. Show all posts
Showing posts with label သီချင်း. Show all posts
Tuesday, October 23, 2012

သင်ဟာငြိမ်းချမ်းရေး လိုလားသူလား သင့်နှလုံးသားကို ပြန်မေးပေးပါ



ဒီနေ့လည်း သတင်းဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်။ ရခိုင်မှာ ညမထွက်ရ အမိန့် ပြန်ထုတ်ရပြန်ပြီ။ နှစ်ဘက်စလုံးက လူတွေ သေကြပြန်ပြီတဲ့။ ကျွန်မ စိတ်မကောင်းလိုက်တာ။ ကျွန်မ အခုနောက်ပိုင်း သတင်းတွေ ဖတ်ရမှာ ကြောက်လာတယ်။ 

လူတွေ အချင်းချင်း သတ်ကြတယ်။ အားနည်းသူတွေရဲ့ နေထိုင်အသက်ရှင် မှီတွယ်ရာတွေကို အားကြီးသူတွေက တရားနည်းလမ်း မကျယူကြတယ်။ တရားနည်းလည်း မကျ ကျအောင် လုပ်ပြီး လည်း အမြတ်ထုတ် လုပ်ယူကြတယ်။ ကမ္ဘာကြီး ပေါ်မှာ  လူတွေ အချင်းချင်း ဘာလို့ ဒီလိုတွေ ဖြစ်နေကြရတာလဲ။ ပြန်တွေးကြည့်တော့ တစ်ခုတည်းပါပဲ ဒီကမ္ဘာကြီးပေါ်မှာ အသက်ရှင်နေထိုင် နေတုန်ါး ဆိုတဲ့ စိတ်အားကြီးသွားတာကြောင့် ပါပဲ။ 

အဲဒီ ငါ အားကြီးတဲ့အခါ တခြား ငါ မဟုတ်တဲူ့ တွေထက်သာမှ ဆိုတဲ့ စိတ်တွေနဲ့ တစ်ယောက်ချင်းစီဟာ ငါ တွေ ရှင်သန်ဖို့ အမျိုးမျိုးကျိုးစားခဲ့ကြရင်း အများကြားက ငါ ဆိုတာတာကို ကွဲပြားအောင်လုပ်ရင်း ခွဲခြားမှုတွေကို ဖန်တီးခဲ့ကြတယ်။ ကမ္ဘာပေါ်မှာ မညီမျှ မှုတွေကို အထပ်ထပ် ဖန်တီးခဲ့ ကြရာက တစ်သက်တာ မငြိမ်းချမ်းဘဲ အသက်ရှင် နေထိုင်ခဲ့ကြတာပဲ။ ဒါပါပဲ…. ဒီလိုနဲ့  စစ်ပွဲတွေ အကြမ်းဖက်မှုတွေ အထပ်ထပ် ကျွန်မတို့ နေထိုင်ရာ ကမ္ဘာကြီးကို နေပျော်စရာ နေရာမဟုတ်အောင် ဖန်တီးနေကြတယ်။ 

ဒီမငြိမ်းချမ်းတဲ့ အဖြစ်အပျက်တွေကို ဘယ်ကစလဲ ဆိုရင် ငါ ဆိုတာကပဲ စတာပါ။ အဲဒီ ငါ ဆိုတာတွေ မရှိတဲ့ နေ့မှာ ကမ္ဘာကြီး ငြိမ်းချမ်းသွားမှာပဲ။ ဘယ်သူက  မငြိမ်းချမ်းအောင် စသလဲ ဆိုတဲ့ ဘဲဥ အစရှာမဲ့ အစား ငါကစတာမို့ ငါကပဲ အဆုံးသတ်ပေးနိုင်မှာပါ။ ဒါကြောင့် ကမ္ဘာပေါ်မှာ ငါ ဆိုတာ မရှိတော့တဲ့နေ့မှာ ငြိမ်းချမ်းရေးနဲ့ ပြည့်စုံလာမှာပါပဲ။ အဲဒီနေ့ဟာ သူ ရယ် ငါရယ် မခွဲခြားတော့မယ့် ကွဲပြားမှုတွေ ကို အရေးမထားတော့ပဲ တစ်ဦးနဲ့ တစ်ဦး လေးစားမှု၊ ကိုယ်ချင်းစာတရား၊ ချစ်ခင်မြတ်နိုးမှုတွေနဲ့ တို့တွေ ဆိုတဲ့ စိတ်ကို ဆောင်ကျဉ်း ပေးလာမယ့်နေ့။ အဲဒီနေ့ကို ကျွန်မတို့ လူသားအားလုံး မျှော်လင့်ရမယ့် နေ့ပါပဲ။ 
အဲဒီနေ့ ရောက်လာရင်တော့ဖြင့် ဒီနေ့ ကျွန်မတို့ ကမ္ဘာမှာ တွေ့မြင်နေရတဲ့ လူသားအချင်းချင်း သတ်စရာလည်း မလိုတော့ဘူး၊ အနိုင်ကျင့်မှုတွေလည်း မလိုတော့ဘူး။ လူတွေလည်း တစ်ယောက်က သတ်လို့ တစ်ယောက် သေစရာ မလိုတော့ဘူး။ စစ်တွေလည်း မရှိတော့ဘူး။ အထိကရုဏ်းတွေလည်း မဖြစ်တော့ဘူး။ ဘယ်လောက် ကောင်းလိုက်မလဲ။
တကယ်တော့ စဉ်းစားကြည့်စမ်းပါ။ ဘယ်သူပဲ ဖြစ်ဖြစ် အားလုံး ဒီကမ္ဘာကြီးပေါ်က လူသား  တွေပါပဲ။ ဘယ်သူကများ ကမ္ဘာအပြင်ဘက်မှာ သွားနေလို့ ရလို့ပါလဲ။ ဘယ်သူကရော ကမ္ဘာအပြင်ဘက်ကနေ ဒီကမ္ဘာကို ရောက်လာလို့လဲ။ တစ်ယောက်ကို တစ်ယောက် ချစ်ခင်တတ်ကြရင် ကမ္ဘာကြီးက နေပျော်စရာ ကမ္ဘာကြီး ဖြစ်လာမှာပါ။ 

ကျွန်မတို့ အားလုံး အတူတူတွေပဲ။ ဘယ်သူမှလည်း မသေနိုင်တော့တဲ့သူ မရှိပါဘူး။ အသက်တစ်ရာ နေဖို့ ခက်ခဲပါတယ်။ အသက်ရှင် နေထိုင်ချိန်လေးမှာ စိတ်ချမ်းသာမှုနဲ့ အေးချမ်းမှုကို ကိုယ်လည်း လိုချင်သလို တခြား လူသားတွေလည်း လိုချင်မှာပဲ  ကိုယ်ချင်းစာကြည့်စမ်းပါလား။ သူလည်း ကမ္ဘာပေါ်က ကိုယ့်လို လူသား တစ်ယောက်ပဲလေ။ မျှဝေ ခံစား ကိုယ်ချင်းစာကြည့်လိုက်စမ်းပါ။ 

စာဖတ်သူကိုယ်တိုင် ရှင့် နှလုံးသားကို ကိုယ်တိုင် ပြန်မေးကြည့်ပေးပါ ငြိမ်းချမ်းမှု မလိုချင်ဘူးလား။ အခု မသက်ဆိုင်သလို ဝေးနေသေးပေမယ့် တစ်ယောက်ကို တစ်ယောက်သတ်နေကြတာတွေ များလာရင် အဲဒီ သတ်ဖြတ်မှုကြီး ကျယ်ပြန့်လာရင် ရှင့် အနားကို ရောက်လာတော့မှာ။ ရှင်ဘယ်လို လုပ်မလဲ။ 

ကျွန်မတို့ လုပ်နိုင်တာ တစ်ခုတော့ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေသမျှ ကိုယ်နဲ့  သက်ဆိုင်တဲ့ အရာလို့ ပထမဆုံး သတ်မှတ်ဖို့ လိုပါတယ်။ နောက်ပြီး အဲဒီ အကြမ်းဖက်မှုတွေကို မလိုလားဘူးဆိုရင် ရှင်ကိုယ်တိုင် ကိုယ့်ရဲ့ ငါ  ဆိုတာကို မြန်မြန်သတ်ပြီး ငြိမ်းချမ်းရေးကို မြတ်နိုးသူတစ်ယောက်အဖြစ် ကမ္ဘာကြီးမှာ မညီမျှမှုတွေကို ဖန်တီးမိသူ မဖြစ်အောင် ကျိုးစားနေထိုင်လိုက်ပါ။
 ကိုယ်နေထိုင်တဲ့ ငြိမ်းချမ်းရေး နည်းလမ်းကိုလည်း တခြားသူတွေကို လက်ဆင့်ကမ်းပြီး ကိုယ်တိုင် ငြိမ်းချမ်းတဲ့ ကမ္ဘာကြီး ဖြစ်ဖို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ယောက်လို့ ခံယူလိုက်ပါ။ သင်ကိုယ်တိုင် လူသားဆန်တဲ့ လူတစ်ယောက် ဖြစ်အောင် နေထိုင်လိုက်ပါ။ အဲဒီ သင်ရဲ့ ငြိမ်းချမ်းနေတဲ့ စိတ်ရဲ့ ပတ်ဝန်းကျင်ကို ချဲ့ထွင်ရင်း သင့်ရဲ့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင် ကျယ်လာလေလေ ကမ္ဘာကြီးမှာ မငြိမ်းချမ်းတဲ့ နေရာတွေ များလာလေလေ ပဲပေါ့။ 

ကမ္ဘာကြီးရဲ့ အရွယ်အစားက ကြီးမလာပါဘူး။ ဒါပေမယ့် သင်ဖန်တီးနေတဲ့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ကြီးက ကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းသွားတဲ့ အခါ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီး ဖြစ်သွားမှာပါ။ ကျွန်မတို့ အားလုံး ဝိုင်းကျိုးစား ကြရင် ဖြစ်နိုင်ပါတယ်။ 

ဟုတ်ပါတယ်။ ငြိမ်းချမ်းပြီး မညီမျှမှုတွေ မရှိတဲ့ လူသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်တဲ့ ကမ္ဘာကြီးဟာ ကျွန်မရဲ့ အိပ်မက်ပါပဲ။ ကျွန်မမှာ သား၊သမီးလေးတွေသာ ရှိခဲ့ရင် ကျွန်မ သူတို့ကို လက်ဆောင်ပေးချင်တာ တစ်ခုပဲ ရှိတယ် .. အဲဒါကတော့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးပါပဲ။

ကျွန်မရဲ့ အိပ်မက်ဟာ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးပဲ.. ရှင်ရော … ရှင့်နှလုံးသားကို ပြန်မေးကြည့်ပါ… သေသေချာချာ ပြန်မေးကြည့်ပါ…. 
ရှင်တို့လည်း ကျွန်မလိုပဲ လိုချင်မယ်ဆိုတာ ယုံပါတယ်။ မငြိမ်းချမ်းတဲ့ အဖြစ်အပျက်တွေကို မြင်ရလေ ငြိမ်းချမ်းရေးကို တောင့်တလေပါပဲ။ 

ကမ္ဘာကျော် ဘီတဲလ်တေးဂီတ အဖွဲ့ရဲ့ နာမည်ကြီး အဆိုတော် ဂျွန်လင်နွန် ( John Lennon) ရဲ့ သီချင်းလေးကို ကြားဖူးကြမှာပါ။ သီချင်းရဲ့ နာမည်က Imagine ( စိတ်ကူး ) တဲ့ ။
အဲဒီ သီချင်းလေးက လူတွေကို ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို စိတ်ကူးမိစေလို့ ငြိမ်းချမ်းရေး လိုလားတဲ့ ဂျွန်လင်နွန်က သီဆိုခဲ့တာပါ။



Imagine there's no heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people living for today

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people living life in peace

You, you may say
I'm a dreamer, but I'm not the only one
I hope some day you'll join us
And the world will be as one
Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people sharing all the world

You, you may say
I'm a dreamer, but I'm not the only one
I hope someday you'll join us
And the world will live as one

စိတ်ကူးကြည့်လိုက်ပါ… လွယ်လွယ်လေးပါပဲ
ကျွန်တော်တို့ အထက်မှာ ကောင်းကင်ဘုံတွေလည်း မရှိ ၊
အောက်မှာ ငရဲလည်း မရှိ
တကယ်တော့  လူသား အားလုံးရဲ့ အထက်မှာ
ကောင်းကင်ကြီး ကလွဲလို့ ဘာမှရှိမနေပါဘူး။
စိတ်ကူးကြည့်လိုက်ပါ..
လူတွေ အားလုံး ဒီနေ့အတွက်ပဲ အသက်ရှင် ကြမယ်ဆိုရင်
နိုင်ငံတွေလည်း ခွဲခြားစရာမလို
ဘာသာတွေလည်း ကွဲပြားစရာမလို
ဒါက လုပ်ကြည့်ဖို့ မခက်ပါဘူး..
ဒီလိုဆို  တစ်ယောက်နဲ့ တစ်ယောက် သတ်စရာ
တစ်ယောက်ကြောင့် တစ်ယောက် သေစရာ မလိုတော့ဘူး
ကမ္ဘာမှာ လူသားတွေ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းသွားနိုင်ကြမယ်။
ကျွန်တော့ကို စိတ်ကူးယဉ်နေသူလို့ ခင်ဗျား ပြောကောင်း ပြောနိုင်ပါတယ်။
ဒါပေမယ့် ကျွန်တော် ပြောနိုင်ပါတယ်။
ဒီလို ဘဝမျိုးလိုချင်တာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။
တစ်နေ့ ကျွန်တော်နဲ့ ခင်ဗျားဟာ စိတ်တူကိုယ်တူပဲ ဖြစ်လာမယ်။
ဒီလိုပဲ… ကမ္ဘာကြီးမှာ လူသားတွေ အားလုံး တစ်စိတ်တစ်ဝမ်းတည်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သူတွေ ဖြစ်လာ ပါလိမ့်မယ်။
စိတ်ကူးကြည့်လိုက်ပါ…
ပိုင်ဆိုင်မှုတွေ အတွက် ပူလောင် လောဘတက်စရာ မလို
ငတ်မွတ်ဆင်းရဲခြင်းတွေလည်း မရှိဘဲ
ညီရင်းအစ်ကို မောင်ရင်းနှမ ချစ်ခင်မှုတွေနဲ့  ဘဝတစ်ခုကိုလေ
ခင်ဗျား မနေချင်မိဘူးလား  ကျွန်တော် မေးကြည့်ချင်မိတယ်။
လူသားအားလုံး ကမ္ဘာမှာ ကိုယ်ချင်းစာတရားတွေ ဝေမျှလို့ နေထိုင်ကြမယ်လေ။
ကျွန်တော့ကို စိတ်ကူးယဉ်နေသူလို့ ခင်ဗျား ပြောကောင်း ပြောနိုင်ပါတယ်။
ဒါပေမယ့် ကျွန်တော် ပြောနိုင်ပါတယ်။
ဒီလို ဘဝမျိုးလိုချင်တာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။
တစ်နေ့ ကျွန်တော်နဲ့ ခင်ဗျားဟာ စိတ်တူကိုယ်တူပဲ ဖြစ်လာမယ်။
ဒီလိုပဲ… ကမ္ဘာကြီးမှာ လူသားတွေ အားလုံး တစ်စိတ်တစ်ဝမ်းတည်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သူတွေ ဖြစ်လာပါလိမ့်မယ်။ 

လို့ သူက သီဆို ခဲ့ပါတယ်။

လူသားအားလုံးရဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို ကျွန်မတို့ မျှော်လင့်ခွင့် ရှိသလို ဖြစ်လာအောင် ကျိုးစားဖို့လည်း လူသား အားလုံးမှာ တာဝန်ရှိပါတယ်။ 

သင် ဘယ်လို ကမ္ဘာမှာ နေချင်လဲ… သင့်ကိုသင် ပြန်မေးကြည့်ပါ…
သင်နှလုံးသားကို ပြန်မေးကြည့်ပါ… ငြိမ်းချမ်းရေးကို မလိုလား ဘူးလားလို့… 

ကျွန်မနဲ့အတူ ရှင်တို့ အားလုံးမှာ တာဝန်ရှိသလို ကျွန်မတို့ နေထိုင်ရာ ကမ္ဘာမြေအပေါ် တာဝန်ကျေဖို့ ငြိမ်းချမ်းတဲ့ အနာဂတ်ကို  ကျွန်မတို့ လက်နဲ့ ဆောင်ကျဉ်းကြရအောင်… 

ခင်မင်စွာဖြင့်

အလွမ်းပြေ
Friday, November 11, 2011

Songs ... bring back old Memories!


မမသက်ဝေနဲ့ မမရဲ့ ကိုကြီး တို့ မင်္ဂလာနှစ်ပတ်လည် ဆိုပြီး Blogger မောင်နှမတွေ ဝိုင်းဆုတောင်းပေးနေတော့ .. ဒီသီချင်းလေးကို သတိရမိတယ်...

မမသက်ဝေနဲ့ မမရဲ့ ကိုကြီး သက်ဆုံးတိုင် ဒီလိုပဲ အမြဲ ထာဝရ ပျော်ပျော်ရွှင်ရွှင်နဲ့  ဘဝကို ဆက်ပြီး ဖြတ်သန်းနိုင်ပါစေ..း)

မင်္ဂလာနှစ်ပတ်လည် လက်ဆောင် အဖြစ် နားထောင်ဖို့ ..



         သီချင်းတစ်ပုဒ်ဟာ ကိုယ့်ဘဝရဲ့ အမှတ်ရစရာ များစွာကို သယ်ဆောင်ထားနိုင်ပါတယ်။ တစ်ခါတစ်လေ ကိုယ်တောင်မသိလိုက်ပဲ တစ်နေရာရာကနေ ကြားလိုက်တဲ့ သီချင်းတစ်ပုဒ်ကြောင့် အတိတ်က အချိန်တစ်ချိန်၊ အဖြစ်အပျက် တစ်ခုခုနဲ့ တစ်စုံတစ်ယောက်ကို ပြန်လွမ်းသွားတာမျိုး ကြုံဖူးမှာပါ။

ကျွန်မ အတွက်ကတော့ ..

ကလေးဘဝမှာ အဖေနားထောင်တဲ့ သီချင်းတွေနဲ့ ရင်းနှီးခဲ့ရတာပါပဲ..
အကြိုက်ဆုံး သီချင်းတွေကို ပြန်စဉ်းစားမိရင်..

ဒီသီချင်းလေးက လိုက်ဆိုလို့ ကောင်းတာတော့  ပါးစပ်ထဲ စွဲတယ်...


ဒီသီချင်းလေးက ရယ်ရလို့ မှတ်မိနေတာ...  ဒုတိယ အကြိမ် အမှတ်ပြန်ရစေတာက ရုံးနဲ့ ပုဂံကို ခရီးထွက်တော့ ညပိုင်း ရုံးက အစ်ကိုတွေ တစ်ညလုံး အော်ဆိုနေကြတာကြောင့်ပါ.. အစပိုင်းက လွမ်းမိုးသီချင်း ဆိုပေမယ့် နောက်ပိုင်း ရုံးက လူတွေရဲ့ အကြောင်းကို တစ်ယောက်ပြီး တစ်ယောက် အစားထိုး ဆိုကြတာ ရယ်ရပြီး ပျော်စရာပါ...




ဒီသီချင်းလေးက အစ်ကိုတွေ ဂစ်တာတီးရင် ဆိုနေကျမို့ နားထဲစွဲနေခဲ့တယ်..


X'mas အချိန်ဆိုရင် အကကျင့်တဲ့ သီချင်းလေးမို့ .. ပျော်စရာအချိန်လေးတွေကို မျက်စိထဲ မြင်ယောင်လာစေတယ်..


ရင်ခုန်တတ်စအရွယ်မှာ နားထောင်လို့ အကောင်းဆုံး သီချင်းလေး..




 အေးချမ်းမေနဲ့ စည်သူလွင်ရဲ့ စုံတွဲ အခွေလေးကတော့ ကျွန်မတို့ ၇တန်းလောက် က ခေတ်အစားဆုံးပဲလေ..


ဒီသီချင်းလေးက လူတစ်ယောက်ကို သတိရစေတာကြောင့် ဒီပို့စ်လေးကို ရေးဖြစ် ဖို့အိုင်ဒီယာရတာလို့ တောင် ပြောလို့ ရပါတယ်.. ကျွန်မ ၉ - ၁၀ တန်းနှစ်လောက်လို့တော့ ထွက်တာလို့ထင်တာပဲ.. ဒီသီချင်းလေးက ကိုတေးဖိုးလို့ ခေါ်တဲ့ ကိုဘရိတ်ကီ ရဲ့ ပထမဆုံး အခွေမှာ ဆိုထားတဲ့ သူ့ရဲ့သီချင်းပါ..  ဒီနေ့ ယူကျုမှာ ဟိုနားထောင် ဒီနားထောင်လုပ်ရင်း တွေ့တာပါ.. နိုနို ပြန်ဆိုထားတာကို တွေ့တာပါ..


တက္ကသိုလ် နေ့ရက်တွေကို သတိရစေတယ်... အမြဲဆုံဖြစ်ခဲ့ကြတဲ့ သူငယ်ချင်းတွေလဲ ခုတော့  ဆုံဖို့ ခက်နေကြပြီ ပဲ..

ဒီသချင်းလေးက ..နင့်ကို ငါက နားနား...နား..နား.. မင်းစိတ်ဆိုးမှာလား... ဆိုပြီး နောက်ပြောင် ခဲ့တဲ့  .. ကျောင်းတက်ချိန်တွေကို ..ပြန်သတိရပြီး.. ရယ်မိစေတယ်..


အခုဆို..ဆောင်းဝင်လာပြီ..  မနက်ခင်းနိုးတိုင်း... ဒီသီချင်းလေးကို စိတ်ထဲက နားထောင်ချင်မိလို့..  နားထောင်ဖြစ်နေတယ်...


သီချင်းကြိုက်တဲ့ ကျွန်မအတွက် ရေးမယ်ဆို ရေးစရာ  ကုန်မှာကို မဟုတ်ပါဘူး...
သီချင်းတွေက ကျွန်မအတွက် အဖော်တွေပါပဲ..

Tag မလုပ်ရတာ ကြာလို့ ဒီပို့စ်လေးကို မမသက်ဝေ ဦးလေးဂျူလိုင် ၊ မမမြသွေးနီ ၊ မမချစ်ကြည်အေး ၊
 ဦးသားငယ် တို့ကို Tag လုပ်လိုက်မယ်နော်.. ရေးပေးပါဦးလို့..  ..ပြီးရင် တော့..ထုံးစံအတိုင်း...း)

အလွမ်းပြေ
Monday, December 22, 2008

ပြန်မလာတော့ ဘူးကွယ်…

ထူးအိမ်သင်




ပြန်မလာတော့ဘူးကွယ်.. ကိုယ်ထွက်သွားတော့မယ် .. ကြင်နာသူနဲ့ ဝေးရာ.. အဝေး.. အဝေး….ဝေး… နှလုံးသားက နာကြင်စွာနဲ့… နောက်ဆုံး… နှုတ်ဆက်ခဲ့တယ်…။

ကိုယ် အလိုချင်ခဲ့ဆုံးအရာ.. ဘဝမှာ.. ချစ်ခြင်းမေတ္တာ… ရယူ ပိုင်ဆိုင်ခွင့် မရှိတော့
အဆွေး….. အဆွေး……ဆွေး……..
မမေ့တတ်ခဲ့သူသာ ရင်ထဲ အို…တမ်းတနေမယ်…။

ရင်ဆိုင်ရင်း ရှုံးနိမ့်ရင်း… ကိုယ့်ဘဝမှာ ဖျောက်ဖျက်မရတဲ့ အမှားများ…
မျှော်လင့်ရင်း.. ဆုံးရှုံးရင်း
နှလုံးသားမှာ ဒဏ်ရာတွေသာ ပြည့်နှက်ခဲ့တယ်… ကြေကွဲ…။

ပန်မဆုံနိုင်တော့ ဘူးကွယ် .. မင်းကို ကိုချစ်ခဲ့လည်း… တို့ ရင်ခုန်သံများ အဝေးမှာ ဝေးမြဲ.. ဝေးဆဲ.. အေးခဲ…. ရက်စက်တဲ့ ကံကြမ္မာကိုပဲ သိပ်စိတ်နာတယ်…။

နောက်ဆုံး နှုတ်ဆက်ခဲ့ပါတယ်.. အချစ်ရယ်… ကိုယ် သွားပြီကွယ်…..
Tuesday, July 1, 2008

Dreams for Plans

SHAKIRA ရဲ့ သီချင်းတွေ အများကြီးထဲက..နှစ်သက်မိတဲ့ သီချင်းလေးပါ..
လင့်က...

Dreams for Plans


'Dreams For Plans"

Once upon a time you and I
When we were green and easy
Fresh as limes and happy as a Sunday sky
There was nothing we could sell or buy
'Cause all we really needed
Was our bare feet and a pair of wings to fly

What do you think, darling?
Have we lived too much, too fast?
And have you
Have you felt melancholy, darling
Wishing that time hadn't passed?

Can you tell me how it used to be?
Have we missed our chance?
Have we changed our hopes for fears
And our dreams for plans?

Can you tell me how it used to be
When we really cared?
And when love was on our side
On our side...

I remember all the times before
When we could spend our living
Staring at the ceiling, lying on the floor
My vocabulary wasn't broad
I spoke so little English
That the word "stress" would
Sound like something odd

What do you think, darling?
Have I lived too much, too fast?
And have you
Have you felt the melancholy, darling
Wishing that time hadn't passed?

Can you tell me how it used to be?
Have we missed our chance?
Have we changed our hopes for fears
And our dreams for plans?
Can you tell me how it used to be
When we really cared?
And when love was on our side
On our side...

What is your guess, darling?
Have I lived too much, too fast?
So if you
If you ever come and find me crying
Now you know
Now you know why

Can you tell me how I used to be?
Have I missed my chance?
Have I changed my hopes for fears
And my dreams for plans?
Can you tell me how it used to be
When we really cared?
And when love was on our side
On our side...