Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Showing posts with label စာအုပ်စင်. Show all posts
Showing posts with label စာအုပ်စင်. Show all posts
Wednesday, August 6, 2014
သုခမြို့တော် (၂)
5:57 AM | Posted by
Phyu |
Edit Post
ဆင်းရဲချမ်းသာ ကွာဟမှု၊
ကြိုးနီစနစ်နှင့် နိုင်ငံရေး ကစားပွဲများ
ဆင်းရဲသားတွေ
စုပေါင်းနေထိုင်ကြတဲ့ သုခမြို့တော်မှာ လူဦးရေ ခုနှစ်သောင်းခန့်လောက် ရှိပေမယ့် တာဝန်ယူသူလည်းမရှိ၊
အုပ်ချုပ်သူလည်းမရှိ နိုင်ငံအစိုးရက လစ်လျူရှုထားပေမယ့် အဲဒီနေရာကို အစားထိုးဝင်ထား
သူတွေက လူမိုက်ဂိုဏ်းတွေပါ။ လူမှုရေးကိစ္စ အဝဝကို သူတို့ကပဲ ဝင်ရောက်ဆုံးဖြတ် ငွေညစ်
ခေါင်းပုံဖြတ်ကြတာကြောင့် ဆင်းရဲသားတွေ နူရာဝဲစွဲ ဆိုသလို ဖြစ်ကြရပုံနဲ့ အဲဒီ လူမိုက်ဂိုဏ်းတွေရဲ့
နောက်ကွယ်က သူဋ္ဋေးကြီးတွေ နိုင်ငံရေးသမားတွေ ရှိနေကြပြီး ရွေးကောက်ပွဲကစားကွက်တွေ နိုင်ငံရေးလှည့်ကွက်တွေကိုလည်း
ဖန်တီးကြပုံတွေကို လည်း သုခမြို့တော် ဝတ္ထုထဲမှာ တွေ့ရနိုင်ပါတယ်။
ဆင်းရဲသား
ကိုယ်ရေပြားရောဂါသည်တွေအတွက် ဆေးရုံငယ်လေး ဖွင့်ဖို့ ကျိုးစားနေတဲ့ “ကိုဗားစကီး” ကို
“ဖခင်ကြီး” လူမိုက်ဂိုဏ်းခေါင်းဆောင် သူဋ္ဋေးကြီးက ခေါ်တွေ့ပြီး ဒီသုခမြို့တော်မှာ ဆေးခန်းဖွင့်မယ်
ဆိုရင် တစ်လ ၃၀၀၀ ထောင်သူ့ကို ပေးပါမယ်ဆိုတဲ့ စာချုပ်ချုပ်မှ ဖွင့်ခွင့်ရမယ်ဆိုပြီး
ခေါ်ပြောတဲ့ အခန်းမှာ ဖော်ပြထားတဲ့ ဖခင်ကြီးရဲ့ အိမ်နဲ့ သုခမြို့တော်က အိမ်တွေကို ယှဉ်ထိုးကြည့်ခြင်းအားဖြင့်ရယ်၊
လန်ချားပွဲတော်လုပ်တဲ့ အခါ သူဋ္ဋေးရပ်ကွက်ကို ပွဲတော်တက်ဖို့ သွားရပေမယ့် သူဋ္ဋေးရပ်ကွက်က
ကျွန်တော်တို့နဲ့ ကပ်ရပ်တွေပဲ ရှိလို့ တော်သေးတယ်လို့ ဆိုလာတဲ့ “ဟာစရီစပါး” တို့ မိသားစု
ပွဲတော်သွားကြပုံကို ရေးထားတဲ့ အခန်းတွေကို ကြည့်ခြင်းအားဖြင့် ဆင်းရဲချမ်းသာ ကွာဟမှုအပြင်
“ဖခင်ကြီး”ဟာ သုခမြို့တော်ကို အခြေပြုပြီး ရတဲ့ ဝင်ငွေက ဥာဏ်မီသလောက်လေး တွက်ကြည့်မယ်ဆိုရင်တော်
နှစ်စဉ် သန်းချီရသလို ရွေးကောက်ပွဲရှိလျင် ဆင်းရဲသားတွေဆီက မဲတွေကို ဝယ်ပေးတာကြောင့်
ရတဲ့ ဝင်ငွေများကလည်း မနည်းမနောလို့ ဆိုပါသေးတယ်။ နိုင်ငံရေး ကစားကွက်အတွက် လူမိုက်တွေ
မွေးထားတာကြောင့် ဆင်းရဲချမ်းသာ ကွာဟမှုကို ပိုစေတဲ့အပြင် တရားဥပဒေ မစိုးမိုးမှုနဲ့
ခေါင်းပုံဖြတ်မှုတွေကိုပါ မျက်ဝါးထင်ထင် တွေ့ရနိုင်ပါတယ်။
ဒါအပြင်မကသေးပါလား
။ သူတောင်းတဲ့ ဆက်ကြေးကို မပေးဘူး ငြင်းပယ်ခဲ့တာကြောင့် ဆေးခန်းနေရာကို ရောက်လာပြီး
တုတ်တွေနဲ့ရိုက်၊ လက်လုပ်ဗုံးတွေ ဖောက်ပြီး ဖျက်ဆီးခဲ့ကြတဲ့ အပြင် အသက်မသေရုံတမယ် ကျန်ခဲ့ပေမယ့်
သုခမြို့တော်ကို ဆူပူအောင် မလုပ်ဖို့ နို့တစ်စာကို လက်ခံရသူက “ကိုဗားစကီး” ကိုယ်တိုင်ဖြစ်နေတာက
ဖခင်ကြီး နောက်မှာ ဘယ်သူရှိနေလည်း ဆိုတာ မမြင်ရပေမယ့် သိနိုင်ပါတယ်။ ကျွန်မလည်း ကျွန်မတို့
နိုင်ငံရဲ့ ဟိုးအရင်ခေတ်က လက်ကိုင်ဒုတ် အဖွဲ့အစည်းတွေ၊ အခုခေတ် စွမ်းအားရှင် ဆိုသူတွေကိုပါ
အတွေးနဲ့ မြင်နေမိတယ်။
ထိုစဉ်က
ဘင်္ဂလားပြည်မှာ လက်ဝဲ အစိုးရက အုပ်ချုပ်သူ ဖြစ်ပါတယ်။ တစ်နေ့မှာ လိုင်စင်မရှိတဲ့ လန်ချားတွေကို
ဖျက်ဆီးဖို့ အမိန့်ထွက်လာပြီး လန်ချားသမားတွေ ဆန္ဒပြကြပေမယ့် လန်ချားတွေကို မီးပုံရှို့လိုက်တာကြောင့်
ဆန္ဒပြသူထဲက လန်ချားသမားတစ်ယောက်ဟာ မီးပုံထဲ ခုန်ဆင်းပြီး မီးမလောင်သေးတဲ့ လန်ချားတွေကို
တွန်းထုတ်ရင်း ကိုယ်တိုင်မီးလောင်ခံသေဆုံးသွားတဲ့ အခန်းမှာ .. “ အလုပ်သမားလူတန်းစားကို
ကာကွယ်တဲ့ သူတွေလားဗျာ၊ သူတို့ ပါးစပ်ထဲမှာတော့ အခွင့်အရေးတို့၊ တရားမျှတမှုတို့ စကားလုံးတွေ
ပြည့်နေတာပဲ။ ဓနရှင်ကို တိုက်ဖျက်ကြ၊ သွေးစုပ်သူကို ဆန့်ကျင်ကြလို့ ပြောခဲ့တဲ့ သူတွေဟာ
သူတို့လဲ အာဏာရလာရော လှမ်းကြည့်ဖော်တောင်မရတော့ဘူး။ လန်ချားကို ဖျက်ဆီးမယ်ပြောတာ လယ်ကွင်းထဲက
စပါးတွေကို မီးရှို့မယ် ပြောတာနဲ့ အတူတူပဲ။ သူတို့ အဲဒီ ဥပဒေ လုပ်လိုက်တော့ ဘယ်သူတွေ
ခံရမယ်ထင်လဲ. လန်းခြားပိုင်ရှင်တွေက လန်ချားမငှားရတော့လို့ ငွေလေးငါးခြောက်ကျပ် မရလို့
ဘာမှ မဖြစ်ဘူး။ ကျွန်တော်တို့မှာ ငတ်တာ” လို့ လန်ချားဆွဲတဲ့ ဟာစရီပါးက ဒေါသထွက်ထွက်နဲ့
မချိတင်ကဲ ပြောပါတယ်။ နောက်ဆုံး ခံရသူတွေက ဆင်းရဲသားတွေပါပဲ။
အသက်
၂၈ နှစ်အရွယ် ကလေးလေးယောက်အမေ မုဆိုးမရဲ့ ရောဂါကို ကုပေးဖို့ နိုင်ငံရပ်ခြားကနေ ဆေးကို
တကုတက မျှော်လင့်ချက်အပြည့်နဲ့ လှမ်းမှာတဲ့ ကိုဗားစကီး ကြုံရတဲ့ ဗျူရိုကစေစီ ယတ္တရားအလုပ်လုပ်ပုံကြောင့်
ရောက်လာတဲ့ဆေးတွေဟာ စောင့်ခိုင်းလိုက်၊ ငွေတောင်းလိုက်၊ စောင့်ခိုင်းလိုက်၊ ငွေထပ်တောင်းလိုက်နဲ့
ဆေးသက်တမ်းကုန်မှသာ ရတော့သလို လူမမာကိုလည်း အသက်မကယ်နိုင်ဖြစ်ရတော့သည့် အဖြစ်ကို ရင်နာစရာ
တွေ့ရပြန်ပါသည်။ ဖတ်ရင်း ကျွန်မမှာ တို့နိုင်ငံမှာလည်း ဒီအဖြစ်တွေ နည်းမှာ မဟုတ်ပါလားလို့
တွေးမိပါတယ်။
ရာသီဥတုနှင့်သဘာဝဘေး
အန္တရာယ်များ
“ဘင်္ဂလားဆောင်းသည် ဟိမဝန္တာမှ လေအေးကြီးများ
တိုက်ခတ်သောကြောင့် ဆယ့်လေးဒီဂရီသို့ ရောက်သည်။ ထိုအပူရှိန်သည် တစ်လလုံးလုံး နေပူလှန်းခံထားရသော
ပြည်နယ်သားများအတွက် သွေးခဲလောက်သော အပူရှိန် ဖြစ်သည်။ “လူ့မြင်းများ” အဖို့ကား ထိုအအေးသည်
အလွန်ကြောက်ဖွယ်အလိလိ။ လန်ချားဆွဲပြီး ချွေးသံတရွဲရွဲဖြင့် ဖြစ်နေရာမျှ လူထိုင်စောင့်ရသည့်
အခါမျိုးတွင် သူတို့၏ အာဟာရချို့တဲ့သော ခန္ဒာကိုယ်သည် ခံနိုင်ရည်စွမ်းမရှိတော့။” ဟု
ဝတ္ထုရေးဆရာက ရာသီ ဥတုပြင်းထန်ပုံကို ရေးပြခဲ့ပြီး အဲဒီလောက်ပြင်းထန်တဲ့ ရာသီဥတုကို
အံတုရတဲ့ ဆင်းရဲသားတို့ရဲ့ ယိုင်ယိုင်နဲ့နဲ့ ဘဝကို ထောက်ပြထားပါတယ်။
ဘင်္ဂလားရာသီဥတုက အပြောင်းအလဲမြန်သလို
မိုးကတော့ဖြင့် မထင်ရင် မထင်သလို ကောက်ကောက်ရွာတတ်တဲ့ အမျိုးပါလား။ “ ပြဒါးတိုင်အပူချိန်သည် ဆယ့်ငါးဒီဂရီလောက် တက်လာကာ
တစ်ရာ့လေးဆယ်အထိရောက်လာလေသည်။ တိုတောင်းသော ဆောင်းရာသီ ကုန်ဆုံးသွားလေပြီ သူတို့အဖို့
ပူလောင်လှသော ငရဲသည် ဆိုက်ရောက်လာလေပြီ၊” ဟု အပူချိန်ပြင်းလွန်းလှတဲ့ နွေရာသီကို ထောက်ပြထားသည်။
အိမ်ကျဉ်းကျဉ်းလေးများတွင် ပြွတ်သိပ်နေရသော ဆင်းရဲသားများ၊ အလုပ်ကြမ်းသမားများအတွက်
ဒုက္ခပိုလှသလို? အပူရှိန်ပြင်းလာတာနဲ့ ရောဂါတွေ လူတွေ တဖြုတ်ဖြုတ်သေကုန်ကြ၊ လူကောင်းပကတိက
၂၄ နာရီအတွင်း ဝမ်းရောဂါဖြစ်ပြီး သေကုန်ကြတာကို ဝမ်းနည်းစရာ၊ ကြောက်လန့်စရာ တွေ့ရပြန်ပါတယ်။
နွေမှာ အပူလွန်ပြီး လေဆင်နာမောင်းကြီးများ
လာတတ်သလို မိုးမှာ ပြင်းထန်လာတဲ့ မုန်တိုင်းဒဏ်၊ မိုးကြီး ရေကြီးဒဏ်တွေကိုလည်း အလူးအလဲ
ခံကြရတဲ့ ဆင်းရဲသွားတွေရဲ့ ဘဝက ဘယ်လိုများ
နလံထူလာကြဦးမှာလဲ တွေးမတွေးရဲစရာပါ။ ငါများ အဲဒီနေရာမှာ လူမဖြစ်ခဲ့တာ ကံကောင်းလှချည်လားလို့တောင်
ကျွန်မ တွေးမိတဲ့ အထိပါပဲ။
ကိုးကွယ်ယုံကြည်မှုနဲ့
ယဉ်ကျေးမှုအစဉ်အလာ
ကလာက္တားမှာ နေ့တိုင်းလိုလို နတ်ပွဲ
တစ်ခုခုတော့ဖြင့် ရှိတတ်တယ်လို့ ဝတ္ထုထဲမှာ တွေ့ရပါတယ်။ အနောက်တိုင်းမှာ ကြီးပျင်းပြီး
ဒီကို ရောက်လာခဲ့တဲ့ ကိုဗားစကီးကတော့ဖြင့် ပွဲတော်တွေအတွက် သုံးတဲ့ ငွေတွေကို ကြည့်ပြီး
စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုရှာပေမယ့် ဥစ္စာတိုးခြင်း၊ စီပွားပျက်ခြင်း၊ အလုပ်ရခြင်း၊
ရောဂါရခြင်း၊ သေခြင်း အစရှိတဲ့ လူမှုဘဝဖြစ်စဉ်များအားလုံးဟာ နတ်နဲ့မကင်းဘူးလို့ ယုံကြည်ထားတဲ့
သူတွေအတွက်ကတော့ ပူဇော်ပွဲတွေက သိပ်ကိုအရေးပါတာကြောင့် သုခမြို့တော်မှာ ကာလီမာမယ်တော်ပွဲအတွက်
ငွေကောက်တာ တစ်မနက်တည်းနဲ့ တစ်ထောင်လောက် ရနှင့်တာ အံ့သြစရာ မဟုတ်သလိုပါ။ ဆင်းရဲကြသည့်တိုင်
နတ်များ မငြိုငြင်စေဖို့ ကျိုးစားကြရသည်။ ထမင်းအငတ်ခံပြီး ပွဲတော်မှာ ဝတ်ဖို့ ဝတ်ကောင်းစားလှ
ဝယ်။ ကြွေးတင်ခံကြ။ ဒါကိုပဲ အားနည်းချက်လို သုံးတဲ့ အလှူခံလိမ်တွေအတွက် အကွက်ရပြီး
လိမ်စားကြ။ ဒါပေမယ့်လည်း ပွဲတော် တစ်ခုပြီးတိုင်း ဆင်းရဲသားတို့ရဲ့ နတ်များစောင့်ရှောက်ခြင်းကြောင့်
ရလာမယ်လို့ ယုံကြည်တဲ့ မျှော်လင့်ချက်ရောင်ခြည်ရေးရေးကြောင့် အားတွေ ပြန်တက်လာကြပုံ
ကိုလည်း လူ့ဘဝ ဖြေဆေးတစ်ခုလို တွေ့ရပြန်တယ်။
အန္ဒိယနိုင်ငံမှာ
သမီးမိန်းကလေးကို အရွယ်မလွန်ခင် လက်ထပ်ပေးဖို့က အလွန်အရေးကြီးတဲ့ ထုံးစံတစ်ရပ်မို့
သူ့အသက်မသေခင် သမီးကလေးကို အိမ်ထောင်ချပေးဖို့ သူ့သတို့သားဖိုး မတတ်နိုင်လို့ သူ့သမီးကို
ကိုယ်ရေရောဂါသည်လက်ထဲ ထိုးမထည့်နိုင်လို့ ကိုယ့်အရိုးတွေကိုတောင် ငွေ ၅၀၀ နဲ့ ရောင်းခဲ့ရတဲ့
ဟာစရီပါးဟာ ၊ ခန်းဝင်ဖိုး ၂၀၀၀ ကျော် ကျမယ့် အရေးအတွက် ကျိုးစားရှာဖွေရှင်း ပင်ပန်းဒဏ်၊
စိတ်ဖိစီးမှုဒဏ်၊ ရောဂါဖိစီးမှုဒဏ်ချက်တွေနဲ့ သမီးမင်္ဂလာဆောင်နေ့မှာပဲ လောကကြီးက ထွက်ခွာသွားရတာကို
တွေ့ရတဲ့အခါ ယုံကြည်မှုရိုးရာအစဉ်အလာတွေအကြား မတွန်းလှန်သာ ရုန်းကန်ကြရတဲ့ လူတွေရဲ့ဘဝကို
ခံစားသိမြင်နိုင်ပါတယ်။
မေတ္တာ၊
အားမာန် နှင့် လူမှုဝန်ထမ်းစိတ်
ကျွန်မ လေ့လာမိသမျှ ဒီဝတ္ထုကို လာပီးယားဟာ
ကာလက္တားမှာ နှစ်နှစ်ကြာအောင်နေပြီး လူပေါင်း ၂၀၀ ကျော်နဲ့ စကားပြော လေ့လာပြီးမှ ရေးသားခဲ့တာလို့
ဆိုကြပါတယ်။ ဒီလို မြှုပ်နှံပြီး ရေးခဲ့တဲ့ အတိုင်း ဝတ္ထုရဲ့ ဆွဲဆောင်အားကလည်း ကောင်းလှသလို
ဘဝသရုပ်တွေကလည်း ပီပြင်ခဲ့ပါတယ်။ အရှေ့မှာ ကျွန်မ အနှစ်ချုပ်ခဲ့သမျှ အဓိက ဇာတ်ကောင်
နှစ်ယောက်ဖြစ်တဲ့ အိမ်ယာမဲ့ ဟာရီစပါး နဲ့ လူမှုဝန်ထမ်း သာသနာပြု ကိုဗားစကီး တို့မှာ
ကျွန်မ ဟာရီစပါးတို့ရဲ့ ဘဝတွေ အကြောင်းပဲ အဓိကထား ပြန်ပြောပြခဲ့ပေမယ့် စာရေးဆရာရဲ့
ရည်ရွယ်ချက်ကတော့ ဆင်းရဲသားတွေရဲ့ ဘဝတွေနဲ့ သူတို့ရဲ့ ရုန်းကန်မှုကြားက အားမာန်တွေ၊
တစ်ဦးနဲ့ တစ်ဦးကြားထားတဲ့ မေတ္တာတွေကို သိရှိစေလိုတဲ့အပြင် လူမှုဝန်ထမ်းသမားတွေရဲ့
ကူညီသင့်တဲ့ ပုံစံကိုပါ ထောက်ပြသွားချင်ပုံရပါတယ်။
ဆင်းရဲသားများကြား တစ်ဦးကို တစ်ဦး
ရိုင်းပင်းကြပုံတွေကို၊ ဆင်းရဲသား မိသားစုများ၏ မိဘနဲ့သားသမီးကြား၊ လင်မယားကြား မေတ္တာထားကြပုံတွေကို
ဆင်းရဲမှုကို အတူ ရင်ဆိုင်ကြပုံ၊ အဓိက မိခင်တို့၏ သားသမီးအပေါ်ထားတဲ့ မေတ္တာတွေ၊ ကြံ့ကြံ့ခိုင်
ရင်ဆိုင်မှုတွေကိုပုံဖော်ထားတာကို ဒီဝတ္ထုမှာ တွေ့နိုင်ပါတယ်။
ဒါအပြင် လူမှုဝန်ထမ်း ဇာတ်ကောင် တွေဖြစ်တဲ့
ကိုဗားစကီးအပြင် သီလရှင်ကြီး ထရီဇာ၊ ဆရာဝန်လေး မက်စ်တို့ စေတနာအပြင် မဆုတ်သော ဇွဲလုံလနဲ့
မေတ္တာတန်ခိုးကြောင့်သာ အခက်အခဲတွေကို ကျော်လွန်ပြီး ကူညီနိုင်တာဖြစ်ပေမယ့် တော်ရုံလူဆို
နောက်ဆုတ်နေလိုက်လောက်တဲ့ အခြေအနေ အခက်အခဲတွေကိုလည်း ထင်ထင်ရှားရှား ဖွဲ့ပြထားပါတယ်။
အဲဒီမှာ ကိုဗားစကီး ပြောတဲ့ စကားလုံး တစ်လုံးက “ ခက်တာက ကျွန်တော်ငတ်တာက အပျော်တမ်းငတ်သလို
ဖြစ်နေတယ်။ အပျော်တန်း ဒုက္ခခံရတယ်ဆိုတာ တစ်နေ့ ကယ်မယ့်သူရောက်လာတာပဲ။ ကိုယ့်မှာ ခံနိုင်ရည်ကုန်သွားတာနဲ့
တစ်ပြိုင်နက် အပျော်တမ်း ဒုက္ခခံတာတွေကို စွန့်လွှတ်ပစ်လို့ရတယ်။ ဒါပေမယ့် သူတို့ ဒုက္ခခံတာ၊
သူတို့ ငတ်တာ တကယ်ငတ်နေရတာ။ ဘယ်သူမှ ကယ်မယ့်လူ မရှိဘူး မဟုတ်လား။ ဒီတော့ ကျွန်တော်ဟာ
သူတို့လို ဘယ်လောက်ပဲ အငတ်ခံခံ သူတို့နဲ့တော့ တစ်သားတည်း မဖြစ်နိုင်ဘူး။ တစ်ထပ်တည်း
မဖြစ်နိုင်ဘူး” ဆိုတဲ့ စကားက ဖွံ့ဖြိုးရေးလုပ်ပါတယ် ဆိုသူတွေကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။
မေးခွန်းထုတ်လိုက်သလိုပါပဲ။ ဇာတ်လမ်းထဲက ကိုဗားစကီးကတော့ သူတို့နဲ့တစ်သားတည်း နေထိုင်သွားပြီး
တကယ်ပဲ တစ်သက်တာ ဖွံ့ဖြိုးရေးလုပ်သားအဖြစ် ကျိုးကျိုးစားစား ကူးပြောင်းနိုင်ခဲ့ပါတယ်။
ဒီကမ္ဘာကျော်စာအုပ်ကို ဘာသာပြန်ပဲ ဖတ်ဖြစ်တာကြောင့်
အရေးအသား ရသ အားနည်းတယ်လို့ မဆိုချင်ပေမယ့် ရသပိုင်းလိုအပ်မှုကို ခံစားမိပါတယ်။ ဒါပေမယ့်
ကာလက္တားက ဆင်းရဲသားတို့ရဲ့ အခြေခံ ဘဝကို ခံစားသိမြင်ပြီး သူတို့ အားလုံးရဲ့ မျှော်လင့်ချက်
ရောင်ခြည်လေးတစ်စ အဖြစ်ကို ဆောင်ချင်တဲ့ လူမှုဝန်ထမ်းတွေ ပေါ်လာစေရုံမက ဖွံ့ဖြိုးရေးဝန်ထမ်း
အစစ်အမှန်ဆိုတာ ဘယ်လိုဆိုတာကိုပါ မီးမောင်း ထိုးပြနိုင်ခဲ့ပါတယ်။ ကျွန်မတို့လို စာဖတ်သူတွေကိုလည်း
ဘဝရဲ့  အားမာန်တွေအပြင် အခက်အခဲတွေကိုလည်း သတိမူမိလာစေပါတယ်။
သတ္တိနဲ့ မျှော်လင့်ချက်တို့ကို မြင်စေတဲ့အပြင် သတိ ရှိမှုကိုရစေပါတယ်။ ရင်နင့်ကျန်စေတဲ့ စာအုပ်တစ်အုပ်ပါပဲ။
Sunday, August 3, 2014
သုခမြို့တော် (၁)
1:17 PM | Posted by
Phyu |
Edit Post
ကျွန်မ အခုပဲ သုခမြို့တော် ဆိုတဲ့ စာအုပ်ကို ဖတ်ပြီးသွားတယ်။
ဆရာမြသန်းတင့်ရဲ့ အမျိုးသား စာပေ ဘာသာပြန်ဆုရ စာအုပ်တစ်အုပ်ပါ။
မူရင်းက
Dominique Lapierre ရဲ့ City Of Joy ။ အိမ်ယာမဲ့များရဲ့ ဆင်းရဲမွဲတေမှု၊
ငတ်မွတ်မှုဒဏ်၊ ပျောက်ရှနေတဲ့ မျှော်လင့်ချက်များ၊ ပေါက်ကွဲထွက်လာတဲ့
အကြမ်းဖက်မှုတွေ၊ စနစ်ဆိုးရဲ့ ခေါင်းပုံဖြတ် အနိုင်ကျင့် ကြိုးနီစနစ်ရဲ့
အကျိုးရလဒ်တွေအပြင် ယုံကြည်မှုနဲ့ ဓလေ့ ထုံးစံကပေးတဲ့ အားအင်တွေအပြင်
ရိုက်ခတ်မှုဒဏ်ချက်တွေကိုပါ ပီပီပြင်ပြင် တွေ့မြင်လာအောင် ရေးဖွဲ့ထားတဲ့ သုခ
မြို့တော်။ ဇာတ်လမ်းမှာ အဓိက ဇာတ်ဆောင် တွေက ဟာစရီပါး ဆိုတဲ့ အိမ်ယာမဲ့
တစ်ယောက်နဲ့ စတီဗင် ကိုဗာစကီး ဆိုတဲ့ လူမှုရေးလုပ်သား ခရစ္စယာန်ဘုန်းကြီး တစ်ပါး
တို့ပါပဲ။
လွန်ခဲ့သော သုံးနှစ်ခန့်ကပေါ့ ထွက်ပေါက်ပျောက်နေသော ကျွန်မကို
စာနာ နားလည်ပေးသူ တစ်ယောက် လောကကြီး က ကျွန်မအား ငှားလိုက်ခဲ့ဖူးသည်။
ငှားလိုက်ခဲ့ဖူးသည် ဆိုသည်မှာ … အပိုင်မရ သောကြောင့်ပင်။ ကိုယ့်ကိုကိုယ်တောင် မပိုင်သော လောကကြီးတွင်
မည်သူ့ကိုများ လောကကြီးက အပိုင်ပေးမှာတဲ့လဲ။ ထိုစဉ်အခါ လောကကြီးက
မောပန်းနေသောကျွန်မအတွက် ဖြေဆေး ပေးခြင်းပင် ဖြစ်ပါလိမ့်မည်။ နီးစပ်လိုသူတို့
အတွက် အချိန်သည် တံတိုင်းမဖြစ်ခဲ့ပါ။ သူနဲ့ ကျွန်မ အချိန်တွေကို အဆင်ပြေပြေ
ညှိတတ်ကြသည်။ ကျွန်မ အိပ်ကာနီး အချိန်တွင် ညနေစာ စားသော သူနှင့် သူအိပ်ကာနီး
အချိန်တွင် အိပ်ယာထသော ကျွန်မတို့ အချိန်တွေကို ညီညီမျှမျှ အသုံးချတတ်သည်။
ကျွန်မအတွက် အိပ်ယာဝင် ပုံပြင်တစ်ပုဒ်၊ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ် သူ့မှာ ညနေစာ
စားရင်းပြောပြဖို့ အဆင်သင့် ရှိတတ်ပြီး မနက်ခင်း နှုတ်ခွန်းဆက် စကားအဖြစ် ကျွန်မ
အိပ်တုန်းသူဖတ်ဖြစ်တဲ့ literature ဒါမှမဟုတ် Concept တစ်ခုက သူ့ အိပ်ရာဝင်ကာနီး
နှုတ်ဆက်စကားအဖြစ် အမြဲ အသင့် ဖြစ်နေတတ်သည်။ ကျွန်မတွင် ပျောက်ဆုံးနေသော
အရာများကို သူက ပြန်ရှာဖွေ ပေးတတ်သည်။ သူရှာဖွေ ခဲ့ပေးသည်များက ကျောင်းသင်ခန်းစာ
အတွင်းမှာ သင်ကြားရသော အတွေးအခေါ်ပညာရှင်များ ၏ အတွေးအခေါ်များကို သူနှင့် ကျွန်မ
ငြင်းခုန်ရခြင်း၏ ရလဒ်က သူ့စာတမ်းမှာရော ကျွန်မ စာတမ်းအတွက်ပါ အတူတကွ
အသုံးဝင်ခဲ့သလို၊ ဘဝအတွက် လိုအပ်သော အသိပညာ အတွေးအခေါ်များကို သူ့ဘဝနှင့် နှိုင်းကာ
သိသော အသိများ ၊ စာအုပ်များ ကြားမှရသော အသိများဖြင့် မိတ်ဆက်ပေးလေ့ရှိသည်။ ကျွန်မ၏
စာဖတ်နှုန်းသည် quantity မှ quality ဖြစ်လာစေပြီး မြသန်းတင့်၊ ထင်လင်း၊
မောင်ထွန်းသူ၊ မင်းလူ၊ ခင်ခင်ထူး၊
မြင့်သန်း၊ ကြည်မောင်သန်း၊ မောင်ချောနွယ်၊ သစ္စာနီ၊ ကြည်အေး ….. စသော စသော …
စာရေးသူ၊ ကဗျာရေးသူများ။ သူ့ကျေးဇူးကြောင့် သာ ကျွန်မ External Hard-drive လေးထဲမှ
E-Library လေးသည် ထိုသူတို့ နာမည်တွေနှင့် ပိုလေးလေး လာခဲ့သည်။ ထို့နောက်…..
အကြောင်းကြောင်းကြောင့်…. ကျွန်မတို့ ဝေးကြသည်။ သို့သော် ကျေးဇူး တင်ထိုက်သူ
စာရင်းတွင် ထိုသူ့ကို ရေးချထားရပါမည်။
တစ်နေ့က စာအုပ်ဆိုင်ကို ရောက်သွားတော့ ကျွန်မ လက်ထဲမှာ
စာအုပ်တစ်အုပ်ကို ကိုင်ရက်သား ဖြစ်နေသည်။ ထိုစာအုပ်က Dominique Lapieree ရဲ့ City
of Joy ကို မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော်။ ကျွန်မ နားမှာ အသံ တစ်ချို့
ကြားယောင်လာတယ်။ “လာပီးယဲ (Lapieree ) ရဲ့ City of Joy ရယ် ကမူး (Camus) ရဲ့ The Plague (
ပုလိပ်ရောဂါ) ရယ် နဲ့ The Outsider (စည်းအပြင်ကလူ ) ကို ဖတ်စေချင်တယ်။ ဒါပေမယ့်
ခင်ဗျားလေး စိတ်ပျော့ပုံနဲ့တော့ Existentialism လည်း ဝတ္ထုပုံစံနဲ့
လေ့လာပြီးသားဖြစ်အောင် စည်းအပြင်ကလူပဲ
အရင် ဖတ်ကြည့်ပါဦးလေ။ ကျန်တာတွေကို နှလုံးသားနုလို့ ခံစားနိုင်ဖို့ အသင့်ဖြစ်ပုံ
မပေါ်သေးဘူး။ ကမူးကတော့ ကျွန်တော့ရဲ့ ငယ်ချစ်လိုပဲ.. သူ့လက်ရာတွေက လောကကို
ထင်ဟပ်တယ်။ လောကအကြောင်း၊ လူ့သဘာဝနဲ့ လောကဓံကို နားလည်ဖို့ဆို သူ့စာတွေ
အဖတ်သင့်ဆုံးပဲ။ လူ့ဘဝဆိုတာ စိတ်ကူးယဉ် တစ်ခုတည်း မဟုတ်ဘူး လက်တွေ့နဲ့
ပေါင်းစပ်ဖို့လိုတယ်။” ကမူးရဲ့
ပုလိပ်ကိုတော့ တွေ့ပါရဲ့ ဒါပေမယ့် ကျွန်မ တစ်လ သုံးမယ် ဆိုတဲ့ လစ်မစ်က ကျော်လို့
တစ်အုပ်ပဲ ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ မကြာခင်က အန္ဒိယကို တစ်ခေါက် ရောက်ဖူးသလို
ထပ်လည်း ရောက်ရဦးမယ့် ကျွန်မအတွက်
လာပီးယဲရဲ့ သုခမြို့တော်သာ အသင့်တော်ဆုံးလို့။
သူညွှန်းဆို ပြသတဲ့ သုခမြို့တော်။ ကျွန်မ နှလုံးသားနုလို့
အဆင်သင့် မဖြစ်သေးဘူးဆိုပြီး ဇာတ်ကြောင်းလေးပြောပြတာ ကြားခဲ့ဖူးခဲ့ပေမယ့် ကျွန်မ
ဒီလောက် ခံစားရမယ်မှန်း မယူဆခဲ့မိပါဘူး။ တစ်ညနဲ့ တစ်ရက်ကြာ ဖတ်ပြီးသွားတဲ့
နောက်မှာတော့ ကျွန်မ ရင်တစ်ခုလုံး နင့်ကျန်ရစ်ခဲ့တယ်။ ၂၄ နာရီ မပြည့်ခင်က
ကွဲထားတဲ့ အသည်းကြောင့်လား ဝတ္ထုထဲက အကြောင်းအရာတွေကြောင့်လား ကျွန်မ အသက်ရှူ
မဝချင်တော့ဘူး။
လယ်ယာမဲ့
ပထမဆုံး ကျွန်မ ခံစားရတဲ့ အကြောင်းအရာက
ကျွန်မဟာ လယ်သမား သားသမီးတစ်ဦး ဖြစ်နေတာရယ်၊ ကျွန်မ ပထမဆုံး ရေးခဲ့တဲ့
သုတေသနစာတမ်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်က လယ်သမားတွေရဲ့ အခြေအနေကို မျက်မြင်ထင်ရှား သိနေတာရယ်၊
လတ်တလော ကျွန်မတို့ မြန်မာပြည်မှာ လယ်မြေ အသိမ်းခံနေရတဲ့ လယ်သမားအရေးကိစ္စတွေရယ်
ကြောင့် ပထမဦးဆုံးအခန်းမှာပဲ
ဘင်္ဂလားပြည်နယ် ဘန်ကူလီရွာ အနီးတဝိုက်က လယ်သမားတွေရဲ့ ဘဝက ကျွန်မကို
တစ်သားတည်း ခံစားစေပြီး ရင်တွေ ပူလာရပါတယ်။
တဖြေးဖြေး ဆုတ်ယုတ်လာတဲ့ လယ်သမားတို့ဘဝ၊
လယ်ပိုင် ဘဝကနေ လယ်လုပ်သား တဖြည်းဖြည်းနဲ့ လယ်လုပ်သားဘဝကနေ ကျွေးတင်..
ဒီလိုနဲ့ လယ်ရှင်၊ မြီရှင် များရဲ့
ခေါင်းပုံဖြတ်မှု အပြင် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အလူးအလဲ ခံရတဲ့ သူတွေ။
ဆင်းရဲချွတ်ခြုံကျမှု သံသရာစက်ဝိုင်းကြီးကနေ မလွတ်နိုင်တော့တဲ့ လယ်သမားတွေ နောက်ဆုံး
စားရမဲ့ သောက်ရမဲ့ ဘဝကို ရောက်ပြီး မြို့ကြီးပေါ် ရရာအလုပ်လုပ်ဖို့ တက်လာရပုံတွေကို
ရေးဖွဲ့ထားတဲ့ နေရာမှာ.. ရွာဓလေ့ရဲ့ ခင်တွယ်စရာကောင်းပုံ၊ တဖြည်းဖြည်း ဒုက္ခတွင်းထဲ
ရောက်နေရပေမယ့် မိသားစုဝင်တွေရဲ့ တစ်ဦးကို တစ်ဦး ငဲ့ညှာစာနာ ထောက်ထားကြပုံ၊
အားမလျှော့ မျှော်လင့်ချက်ထားသောလည်း ပါးပါးလာပုံ၊ အိမ်နီးချင်းတွေ
တဖြည်းဖြည်းနည်းပါးလာပုံ တွေကို တဆင့်ချင်း ရေးပြထားတာ က သူတို့နဲ့အတူ ကိုယ်ပါ
မျှော်လင့်ရင်း ဝေဝါးလာရတယ်။
“ဟာရီစပါးတို့၏
ခံနိုင်ရည် တဖြည်းဖြည်း နည်းလာလေပြီ။ တစ်နေ့တွင် အဖေ ပရီးဒစ်က မိသားစု အားလုံးကို
ခေါ်သည်။ အားလုံးရောက်သည့်အခါ ဒိုတီကြားထဲတွင် ညှပ်ထားသည့် ဆယ်တန် ငါးရွက်နှင့်
ကျပ်ပြား နှစ်ပြားကို ထုတ်ကာ ဟာစရီပါးကို ပေးသည်။ မင်းက သားအကြီးဆုံးပဲ၊ ဒီတော့
သားမယားတွေကို ခေါ်ပြီး ကာလကတ္တားကို သွားကြပေတော့” လို့ ပြောလိုက်ချိန်မှာ သူတို့
မိသားစုနဲ့အတူ ကျွန်မ လိုက်ပါ ငိုကျွေးမိပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက
လယ်သမားတွေ အဲဒီလို ဖြစ်လာမှာ ကိုလည်း သိပ်စိုးမိတယ်။
မျှော်လင့်ချက်နဲ့ မြို့တက်လာတဲ့
ဟာစရီပါးတို့ ရောက်လာတဲ့ ကာလကက္တားကို
ဟာစရီပါးက “လူမဆန်တဲ့ မြို့ကြီး” လို့နာမည်တပ်ပါတယ်။ လမ်းပေါ်မှာ လူဘုံးကနဲ
လဲကျသေရင်တောင် ကိုယ့်နဲ့ မဆိုင်သလို နေကြသူတွေရဲ့ ယိုယွင်းနေတဲ့ လူမှုရေးစိတ်တွေ၊
ငတ်မွတ်ခြင်းနဲ့အထိဂရုဏ်းတွေ၊ အဆိုးဆုံး ရာသီဥတု ဒဏ်တွေနဲ့ ကာလကက္တားဟာ လူတွေအတွက်
.. “ဒီမှာ မျှော်လင့်ချက် မရှိတော့ဘူး၊ ငါတို့မှာ ဒေါသပဲ ကျန်တော့တယ်”လို့
နံရံတွေမှာ ထုတ်ဖော်ရေးရလောက်အောင် အခြေအနေဆိုးဝါးနေချိန်မှာ ရောက်ခဲ့သူတို့ရဲ့
အားမလျော့တမ်း အသက်ရှင်ဖို့ ကျိုးစားရပုံတွေ၊
ကိုယ့် ကိုယ်ထဲက သွေး၊ သန္ဒေသား၊ အရိုး စတာတွေ ကိုတောင် ထုတ်ရောင်းရသူတွေ၊
မတတ်သာလို့ တောင်းစားရပုံတွေနဲ့ ငိုနေတဲ့ မောင်လေးတွေကို မကြည့်ရက်လို့ ပြည့်တန်ဆာ
ဖြစ်ရသူ ဆယ့်သုံးနှစ်အရွယ် မိန်းမငယ်လေး… ဟာစရီပါးနဲ့ သူ့ ပလက်ဖောင်း
အိမ်နီးနားခြင်း အသစ်တွေရဲ့ ပုံရိပ်တွေက ဆင်းရဲသားတို့ရဲ့ မဆုတ်နစ်တဲ့
အားမာန်အပြင် အလုပ်ရှားပါးလို့ ထမင်းတစ်လုပ်ရဲ့ ခက်ခဲမှုဆိုတာကို နားလည်
သဘောပေါက်စေပါတယ်။ မကြုံဖူးတဲ့ ဘယ်သူ ယုံနိုင်မှာတဲ့လဲ။ ကျွန်မ အန္ဒိယရောက်စဉ်က
တံတားအောက်တွေမှာ ထမင်းချက်နေတဲ့ မိသားစုလေးတွေကို ပြေးမြင်ယောင်လာရင်း
ဆို့နစ်လာမိတယ်။ တမြန်နေ့ကပဲ ကျွန်မ ရန်ကုန်မှာ မနက်စောစော ဘုရားတက်တော့
ဈေးဝယ်စင်တာကြီးတစ်ခုရဲ့ ရှေ့မှာ အိပ်ယာသိမ်းနေတဲ့ သက်ကြီးရွယ်အို
အဖိုးတစ်ယောက်ကို တွေ့တော့ ကျွန်မရဲ့ အဖော်ကို သူဒီမှာ အိပ်တာလားဟင်လို့
ယောင်ရမ်းမေးမိသေးတယ်။ သူကတော့ ဟုတ်တယ်လို့ ထင်တယ်တဲ့။ ကျွန်မ မျက်လုံးထဲ
သူတို့တွေက ရုပ်ရှင်လို တစ်ကွက်ပြီး တစ်ကွက် မြင်လာတယ်။
ငတ်မွတ်မှုများ၊
အာဟာရချို့တဲ့မှုများ၊ ပင်ပန်းမှုဒဏ်များ၊ သန့်ရှင်းမှုမရှိသော ပတ်ဝန်းကျင်၊
ညစ်ညမ်းသော လေထု၊ ရှားပါးသော ရေ ၊ ရာသီဥတုဒဏ် အားလုံး ပေါင်းစပ်လိုက်သော ဒဏ်က
ရောဂါများကို ဖြစ်စေသည်။ သွေးအန်နေတဲ့ လန်ချားသမားတွေ၊
ဗိုက်ပူနံကားချောင်းတဟွတ်ဟွတ် ဆိုးနေတဲ့ ကလေးတွေ၊ အရိုးပေါ် အရည်တင် ပိန်လှီနေတဲ့
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ တဟီးဟီး အချမ်းထနေတဲ့ ငှက်ဖျားဖြစ်နေသူတွေ၊
မျက်မမြင်ဖြစ်လာသူတွေ၊ ဝဲထူထူနဲ့ ကလေးလူကြီးတွေ၊ ကိုယ်ရေပြားရောဂါရှင်တွေ စတဲ့
ရောဂါရှင်တွေ။ အမှိုက်ပုံပေါင်းများစွာမှာ စွန့်ပစ်ခံရရှာတဲ့
ကလေးငယ်ပေါင်းများစွာတွေရဲ့ ဘဝတွေ။ ရောဂါဖြစ်ပြီး လဲကျသေဆုံးနေတဲ့ ပိုင်ရှင်မဲ့
အလောင်းတွေဟာ ကာလက္တားရဲ့ မြို့ပေါ် လမ်းတွေပေါ်မှာ နဲ့ သုခမြို့တော်လို့ ခေါ်တဲ့
ဆင်းရဲသား ရပ်ကွက်လေးထဲမှာ နေရာယူထားပါတယ်။ သေချင်းတရားဆိုတာ သူတို့အတွက်
အထူးအဆန်းမဟုတ်တော့တဲ့ အရာ။
ရောဂါသည်ကလေးတစ်ယောက်အမေ
ဆင်းရဲသူမ တစ်ယောက်ရဲ့ အားမာန်ကို
ဇာတ်လမ်းရေးသူက ဆားဗီးယားဆိုတဲ့
အဆုတ်ရောဂါသည် ကလေးလေးရဲ့ အမေ အကြောင်းကို ကိုဗားစကီး ပြောပြဟန်နဲ့ “
ညညဆိုရင် သူ့သားလေး ဝေဒနာသက်သာအောင် သားအိပ်ရာဘေးနားထိုင်ပြီး တစ်ညလုံး တရားစာတွေ
ရွတ်တော့တာပဲ။ သူ့မှ မျိုသိပ်ထားတာမရှိဘူး။ ကျိန်ဆဲတာလည်း မရှိဘူး။ ဒီမိန်းမက
ယုံကြည်ခြင်းတရားနဲ့ မေတ္တာတရားကို ဘယ်လိုရအောင်လုပ်ရတယ် ဆိုတာ
သင်ကြားပေးလိုက်သလိုပဲလို့ ရေးသားထားတာကို ဖတ်ရတဲ့အခါ ဆင်းရဲမှုကို တည်ငြိမ်စွာ
ရင်ဆိုင်သူတွေရဲ့ အားမာန်ကို လှိုက်လှိုက်လှဲလှဲ ခံစားမိသလို ဒါဟာ ဘဝရဲ့
လမ်းပဲလို့လည်း မြင်ခဲ့မိတယ်။
(ဆက်ရန်)
Thursday, July 12, 2012
ဒီမိုကရေစီ အုတ်မြစ်အတွက် ဖတ်သင့်တဲ့ စာအုပ်လေး
8:08 AM | Posted by
Phyu |
Edit Post
ကျွန်မ ဆက်တိုက် အလုပ်ရှုပ် ပင်ပန်းသွားတာရယ်၊
ခရီး ထွက်ရကာနီးရယ်ကြောင့် စောစော အနားမယ်လို့ စိတ်ကူးပြီး အိပ်ယာဝင်ပေမယ့် စိတ်က သူငယ်ချင်းဆီက
လက်ဆောင်ရလာတဲ့ စာအုပ်လေးဆီ ရောက်နေတာကြောင့်
အိပ်မရဘဲ စာထဖတ်မိပြန်ပါတယ်။ တူဒေး
စာအုပ်တိုက်က ထုတ်တဲ့ ‘ ပညာရေးအစ … ဒီမိုကရေစီ အခြေခံ” ဆိုပြီး ဆရာ ဒေါက်တာ သိန်းလွင်က
“ Education and The Culture of Democracy
: Early Child Hood Practice” ဆိုတဲ့ စာအုပ်ကို ဘာသာပြန်ထားတဲ့ စာအုပ်ပါ။
ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရနဲ့ အလေ့အထ
များကို ရှင်းလင်းထားပြီး ဒီလို ဒီမိုကရေစီ စနစ်ကို ပုံဖော်ရမှာ အရေးကြီးတဲ့ ဇာတ်ကောင်တွေအနေနဲ့
ကလေးများဟာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို ရှင်းပြထားပါတယ်။ နောက်ပြီး ကလေးများရဲ့
ပတ်ဝန်းကျင် ၊ အထူးသဖြင့် ကျောင်းနဲ့ မိသားစု ဝန်းကျင်ဟာ ကလေးတွေအပေါ် လွမ်းမိုးမှု
ဘယ်လောက်ရှိတယ် ဆိုတာနဲ့ ဒီကလေးတွေဆီ ဒီမိုကရေစီစနစ် အမြစ်တွယ် သွားမှသာ နိုင်ငံသားကောင်းတစ်ယောက်
အဖြစ် ဘယ်လို ရပ်တည်နိုင်မယ် ဆိုတာကိုလည်း စိတ်ဝင်စားစရာ ရေးပြထားပါတယ်။ ကလေးတွေကို
မွေးထုတ်ပုံဖော်ရာ ကလေးတို့ရဲ့ ကြီးပြင်းရာ ပတ်ဝန်းကျင် အထူးသဖြင့် စာသင်ကျောင်းများနှင့်
မိသားစု ဝန်းကျင် ၊ မိဘနဲ့ ဆရာ များဟာ အရေးပါတဲ့ သူများ ဖြစ်တယ် ဆိုတာကို ထောက်ပြထားပါတယ်။
ဒီနောက်မှာတော့ ကလေးတွေကို ဒီမိုကရေစနစ်နဲ့ ရင်းနှီးအောင်၊ ဒီမိုကရေစီ စနစ်ရဲ့ နိုင်ငံသားကောင်းများရဲ့
လူ့အဖွဲ့အစည်းအဖြစ် ထိထိရောက်ရောက် ပါဝင်တဲ့ သူများ ဖြစ်လာအောင် လိုအပ်တဲ့ အသိ အမြင်နဲ့
ကျွမ်းကျင်မှုတွေ ရအောင် ငယ်စဉ်ကတည်းက ကျောင်းမှာနဲ့ အိမ်မှာ ဘယ်လို ပြုမူ သင်ကြားပေးရမယ်
ဆိုတာတွေကို သေသေချာချာ ရေးသားဆွေးနွေး ဖော်ပြထားပါတယ်။
ကျွန်မ သူငယ်ချင်းက ကျွန်မကို ဒီစာအုပ်ကလေးကို
ပေးရင်း ပြောတဲ့ စကားအတိုင်း ဒီစာအုပ်ကလေးက အသိပညာတင်မက ဘယ်လို အသုံးချရမယ် ဆိုတဲ့
အတတ်ပညာကိုပါ ပေးထားတာကို ထူးခြားကောင်းမွန်တဲ့ အချက်အနေနဲ့ တွေ့ရပါတယ်။ ဒီမိုကရေစီ
စနစ်ကို မြတ်နိုးသူတိုင်း လိုချင်ပါတယ်လို့ ပြောနေမယ့်အစား ကိုယ်တိုင် ဘယ်လို ကြိုးစား
ရယူနိုင်မလဲ။ အနာဂတ် အပြောင်းအလဲကို ဘယ်လို ပုံဖော်မလဲ ဆိုတာကို ဒီစာအုပ်ကလေးက လမ်းညွှန်ထားတာပါပဲ။
ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ
သားပေါက်ကလေး ဆက်လက်ရှင်သန်ပြီး ရင့်ကျက်တဲ့ စနစ်အဖြစ် အနာဂတ်မှာ ပုံပေါ်လာဖို့ဆိုရင်
ကလေးငယ်တွေဆီမှာ ဒီမိုကရေစီ အုတ်မြစ်ကို ခိုင်အောင် ချရမယ်ဆိုတာကို အတိအလင်း မီးမောင်းထိုးပြနေပါတယ်။
တခြားသူတွေကိုလည်း ဖတ်ကြည့်ဖို့ ညွှန်းချင်တဲ့ စိတ်ရယ်ကြောင့် ဖတ်ပြီးပြီးချင်း ဒီစာအုပ်
အညွှန်း ပို့စ်လေးကို ထရေးမိတာပါပဲ။ ‘ ပညာရေးအစ … ဒီမိုကရေစီ အခြေခံ” ဆိုတဲ့ စာအုပ်လေးကို
ကလေးတွေနဲ့ နီးစပ်နေတဲ့ ကျွန်မတို့ တွေ ဒီမိုကရေစနစ်ကို တကယ်လိုလားတယ်ဆို ဖတ်သင့်တဲ့
စာအုပ်ကလေးပါပဲလို့ ညွှန်းချင်ပါတယ်။ ဒီစာအုပ်ကို လက်ဆောင်ပေးလာတဲ့ သူငယ်ချင်း ကိုလည်း တကယ့်ကို ကျေးဇူးတင်ပါတယ်လို့ …
ခင်မင်စွာဖြင့်
အလွမ်းပြေ
Labels:
စာအုပ်စင်
|
0
comments
Subscribe to:
Posts (Atom)