My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts
Monday, September 15, 2014

အဖြူ ရောင် နာကျင်မှု အိပ်မက် (သို့ ) Taj Mahal







သိပါရဲ့လား၊ အန္ဒိယ အင်ပါယာသခင် ၊ ရှာချာ့ခ်ဟန်
ဒီ ဘဝ၊ နုပျိုခြင်း၊ ကြွယ်ဝမှု၊ အာဏာ
အားလုံးဟာ အချိန်ရဲ့ တိုက်စားမှုမှာ
မျောပါသွားမယ့် အရာတွေ ဆိုတာ။
သင်ဟာ သင်ရဲ့ အိမ်မက်ထဲမှာပဲ
နှလုံးသားရဲ့ နာကျင်မှုကို
ထာဝရ သိမ်းထား ခဲ့တယ်။  
—Rabindranath Tagore

အန္ဒိယနဲ့ Taj Mahal (တာ့ခ်ျမဟာ) ကို လူတွေက အတူတွဲမြင်ကြသလို အန္ဒိယရောက်ရဲ့သားနဲ့ ယမုံနာမြစ်ကမ်းဘေးက Agra ( အာဂရာ) ဒေသက Taj Mahal ကို မရောက်ရင် အန္ဒိယ မရောက်ခဲ့သလိုပဲလို့ ပြောရမလိုမို့ ကျွန်မလည်း အပြေးအလွှား နယူးဒေလီကနေ ၄ နာရီကျော် ကားစီးပြီး သွားခဲ့တယ်။ 

Taj Mahal… ကမ္ဘာ့အံ့ဖွယ်တပါး၊ ဘုရင်တပါးရဲ့ သူ့မိဖုရားအပေါ် ချစ်ခြင်းရဲ့ ထာဝရ ထွန်းလင်းနေတဲ့ သင်္ကေတ။ ကျော်ကြားလှတဲ့ ဗိသုကာပညာလက်ရာတစ်ပါး။ ကြီးမား ခမ်းနားလှတဲ့ သမိုင်းရဲ့ သက်သေ။
နံနက်ခင်း နေရောင်အောက်မှာ စကျင်ကျောက် အဖြူရောင်တို့က တဖိတ်ဖိတ် တောက်ပနေသည်။ ခန်းနာလှတဲ့ အဆောက်အဦးကြီးကို ကျွန်မကို ဝေးဝေးက ရပ်ငေးကြည့်နိုင်တဲ့ ရှုခင်းနေရာမှာ ကားမောင်းသူ ဦးလေးကြီးက ရပ်ပေးရင်း “ဦးလေးကတော့ အနားကို လိုက်လို့မရဘူး ၊ စကျင်ကျောက် အဖြူရောင်တွေက လေထုညစ်ငြမ်းလို့ အဝါရောင် ပြောင်းလာလို့တဲ့၊ တစ်ယောက်တည်း သွားလို့လည်း မကောင်းဘူး။ ဂိုက်ငှားပြီး အထဲကို ဝင်သွားနော်” လို့ ကျွန်မကို ပြောပါတယ်။ 


Wednesday, August 13, 2014

လွမ်းစရာ နေဝင်ချိန် (သို့) Galle Face Beach




~ဒီနေဝင်တာ နောက်ထပ် ကြုံဦးမယ်…. အချိန်တန်လာရင် နှုတ်ဆက်ရမယ် ဒီအတိုင်းပဲ … သယ်ဆောင်ရာ ခြေလှမ်းတို့ နောက်ကွယ်… ထင်ကျန်နေတဲ့ တို့ရဲ့ စိတ်တွေ ကြေကွဲ .. အမှောင်ဝင်လာတဲ့ လမ်းထဲ~
 ( ထူးအိမ်သင် -နေဝင်ချိန်များ ) 
ပင်လယ်ဘက် ညနေခင်း လမ်းလျှောက် ထွက်ခဲ့တယ်။ အေးအေးလူလူ ညနေပိုင်း လမ်းလျှောက်ရတာ ကို ကျွန်မက နှစ်သက်သူလေ။ ခပ်ဖြေးဖြေး တွေးတွေးငေးငေး လျှောက်လာရင်း တစ်နေရမှာ ကျွန်မ ထိုင်ချလိုက်တယ်။ ကျွန်မ ခြေထောက်တွေကို ပင်လယ်လေညှင်းက လာပြီး ထိကစားပေမယ့် သဲသောင်နဲ့ တော့ ထိမနေပါဘူး။ လေထဲမှာ လွင့်နေတယ်။ ကျွန်မက တံတိုင်းပေါ်မှာ ထိုင်နေတာလေ။ အောက်တစ်ဆင့်မှာမှ ကမ်းခြေ။ ကမ်းခြေ သောင်ပြင်မှာတော့ လှိုင်းစီးသူ၊ ဘောလုံးကစားသူတွေနဲ့ ပေါ့။ Galle Face လို့ ခေါ်တဲ့ Colombo ရဲ့  အန္ဒိယ သမုဒ္ဒရာ အနောက်ဘက် ကမ်းခြေ။ အများပြည်သူ လွတ်လွတ်လပ်လပ် နားနေနိုင်တဲ့ ပြည်သူပိုင်ကမ်းခြေမို့ ညနေဟာ မိသားစုလိုက် လာကြသူတွေ၊ သူငယ်ချင်း အဖွဲ့တွေ၊ ချစ်သူစုံတွဲတွေ၊ ခရစ်ကတ်ကစားကြသူတွေ၊ ရေကူးကြသူတွေ နဲ့ လမ်းလျှောက်ကြသူတွေနဲ့ စည်ကားနေတတ်ပြီး စွန်လွှတ်သူတွေကိုတော့ အများဆုံး တွေ့ရတဲ့ နေရာပေါ့။
Tuesday, August 12, 2014

Gangaramaya Temple (သို့) ယဉ်ကျေးမှုတို့ ဆုံဆည်းရာ ကျောင်းတော်






ခရီးသိပ်သွားတာ ဝါသနာလည်းပါ၊ သွားလည်း သွားဖြစ်တဲ့ ကျွန်မမှာ ခရီးသွားဖော် သူငယ်ချင်းလေး တစ်ယောက်ရှိတယ်ရှင့်။ သူ့ကို လူတွေက  အဲလစ်နဲ့ အံ့သြဖွယ်ကမ္ဘာ ထဲက ကောင်မလေးနဲ့ တူတယ်လို့ ပြောကြတယ်။ ဆံပင်လေး နှစ်ဖက်  ခွဲစီးထားပြီး အမြဲပြုံးနေတဲ့ မျက်နှာ ဝိုင်းဝိုင်းလေးက ချစ်စရာလေး။ သူက ကျွန်မရဲ့ ခရီးသွားဖော် မဖြူဖွေးပါ။ 

ကျွန်မနဲ့ မဖြူဖွေး သီရီလင်္ကာနိုင်ငံ Colombo မြို့ ကိုရောက်ပြီး တစ်ပတ်ကျော်လောက်မှာ ရလာတာ ပိတ်ရက်လေးကို အကျိုးရှိရှိ ခြေဆန့်ဖို့ ဘယ်သွားမလဲ လို့ လုပ်ဖော်ကိုင်ဖက်တွေကို မေးတဲ့အခါ Colombo မှာ အထင်ကရ နေရာတွေကို ပြောပြပါတယ်။ အဲဒီအထဲက  “Gangaramaya Temple” ကို ညနေပိုင်း ကျွန်မတို့ ရောက်ခဲ့တယ်။ 


အဖြူရောင် ဝတ်စုံတွေနဲ့ လူတွေ သက်ဝင်လှုပ်ရှားသွားလာနေကြတဲ့ “Gangaramaya Temple” အရှေ့မှာ ကျွန်မတို့ စီးလားတဲ့ သုံးဘီးလေးရပ်သွားတော့ ကျွန်မစိတ်ထဲ အဖြူရောင်ဝတ်မလာလို့ ဝင်မှ ဝင်လို့ရပါ့မလားလို့ စိတ်ပူရင်း မရဲတရဲ့ အဝင်မှာ ကျွန်မတို့ မြန်မာမှာလိုပါပဲ အဝင်ကတည်းက ဖိနပ်ချွတ်ဝင်ရသလို နိုင်ငံခြားသားတွေက ရူပီး ၂၀၀ အလှူငွေ ထည့်ရတယ်လို့ ကောင်တာလေး တစ်ခုနဲ့ ထိုင်နေတဲက လူတစ်ယောက်က ပြောလာတယ် ဒါပေမယ့် အဲဒီအလှူငွေကို ဘောင်ချာထုတ်ပေးပြီး သူ့လက်နဲ့ တောင်မယူပါဘူး မသန်စွမ်းကလေးများကို လှူဒါန်းရန်လို့ ရေးထားတဲ့ အလှူခံ ပုံးထဲ ထည့်လိုက်ပါတဲ့။ 
Thursday, February 7, 2013

ကျွန်မ ကိုလတ်ငြိမ်းနဲ့ မတွေ့ခဲ့ပါ

ဆေးရုံလေးကနေ မျှော်ကြည့်ရင်
             
ဒီနေ့ ညနေပိုင်း နယ်ကနေ ရန်ကုန်ကို လာမယ့် ကျွန်မ အမေကို သွားကြိုရမှာရယ်၊ အစည်းအဝေးတစ်ခု ရှိနေတာရယ်ကြောင့် အခု ထမင်းစားချိန်လေးပဲ ပို့စ် ရေးလိုက်ဦးမှ ဘာအကြောင်းရေးရရင် ကောင်းမလဲ တွေးတော့ မနေ့က ကျွန်မ Facebook မှာ ကွန်မန့် လာရေးတဲ့ အထဲမှာ လတ်ငြိမ်းဆိုတဲ့ သူတစ်ယောက်ကို တွေ့လို့ ချင်းတောင်လတ်ငြိမ်း ကို သတိရမိပါတယ်။ 
ဆရာအလင်္ကာရည်ကျော် ရဲ့ ဝတ္ထု ကို ဇင်ယော်မောင်မောင် ရိုက်ကူးတဲ့ ကြိုးကြားတောင်ပံခတ်သံ ထဲက ချင်းတောင်မှာ တာဝန်ထမ်းဆောင် ခဲ့တဲ့ စေတနာ ဆရာဝန် ဒေါက်တာလတ်ငြိမ်းကို သတိရ မိတာပါ။
ကျွန်မ ပြီးခဲ့တဲ့ နှစ်လ ကျော်လောက်က ရောက်ခဲ့တဲ့ ချင်းပြည်က ဆေးရုံလေး တစ်ခု ရောက်ပြီး ပြန်လာတော့ အော် ကျွန်မ ကိုလတ်ငြိမ်းနဲ့ မတွေ့ခဲ့ပါလားလို့ တွေးမိခဲ့တဲ့ အကြောင်းကို သွားသတိရမိပါတယ်။ 
                   ကျွန်မက Civic Education Trainer တစ်ယောက် အနေနဲ့ ခရီး တော်တော် ထွက်ဖြစ်ပါတယ်။ ကျွန်မရဲ့ ချင်းပြည် မြောက်ပိုင်း ဒုတိယ ခရီးစဉ်က တီးတိန်မြို့နယ်က ရွာလေး တစ်ရွာကိုပါ။ အဲဒီ ရွာကလေးက အိမ်ချေ ၁၄၀ လောက်တောင် ရှိတာမို့ ချင်းပြည်အနေနဲ့ ပြောရရင် တကယ့် ရွာကြီး တစ်ရွာပါ။ ရွာ အင်္ဂါရပ်တွေ အရ  ရွာမှာ အထက်တန်းကျောင်းရော ဆေးရုံရောအပြင် ခရစ္စယာန်ဘုရားရှိခိုးကျောင်း ၊ အဲဒီ အပြင် ချင်းဒေသ ကိုးကွယ်ရာ တစ်ခုဖြစ်တဲ့ ပေါ်ကျင့်ပေါက် ဘာသာ ဘုရားရှိခိုးကျောင်း ၊ ဈေးဆိုင်ကြီး ၃ -၄ ဆိုင်လောက်လည်း ရှိတာကြောင့် ရွာကြီး တစ်ရွာ လို့ ကျွန်မက ဆိုရတာပါ။
       ကျွန်မက တစ်နေရာရောက်ရင် အဲဒီနေရာရဲ့ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှု အခြေအနေတွေကို လေ့လာရတာ ဝါသနာ ပါလို့ အငြိမ်မနေ လျှောက်သွားတတ်ပါတယ်။ အဲဒါကြောင့် ကျွန်မနဲ့ ခရီး အတူ သွားလေ့ရှိတဲ့ အဖွဲ့သား တွေကဆိုရင် အစ်မ ခရီးပန်းပေမယ့် အငြိမ်ကို မနေဘူးနော် ဆိုပြီး မှတ်ချက် ချတတ်တယ်။ ကျွန်မ စိတ်ထဲမှာတော့ ရောက်တုန်း ရောက်ခိုက် လေ့လာရတာကိုးနော်။
                  အဲဒီရွာက ဆေးရုံလေးက ကျွန်မတို့ တည်းခိုရတဲ့ ခရစ္စယာန် ဘုရားရှိခိုးကျောင်းနဲ့ ဆိုရင် ၁၅ မိနစ်လောက်တော့ လျှောက်ရတယ်။ အဲဒီနေ့က ကျွန်မရဲ့ သင်တန်းချိန်ပြီးတော့ အဖွဲ့ထဲက ညီမလေး တစ်ယောက်နဲ့အတူ ဆေးရုံဘက် လမ်းလျှောက်ရအောင် ဆိုပြီး လျှောက်ခဲ့ကြတယ်။ 
ကိုလတ်ငြိမ်းမရှိတဲ့ ဆေးရုံလေး

    ထင်းရှူးပင်လေးတွေ အစီအရီ ခြံရံနေတဲ့ လမ်းကလေးကို ကျော်လာတဲ့ အခါ တောင်ကုန်းလေးပေါ်က ဆေးရုံလေးကို တွေ့ရပါတယ်။ ဆေးရုံရဲ့ ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ် ငြိမ်သက်နေပါတယ်။ ကျွန်မ စိတ်ထဲမှာ အော် ကျွန်မ ရောက်ဖူးတဲ့ ဆေးရုံတွေနဲ့ ကွာခြားလိုက်တာလို့။ ဆေးရုံတို့ ရဲစခန်းတို့ ဆိုတာ လူမစည်လေ ကောင်းလေ လို့ ကျွန်မ အမေ မှတ်ချက်ချ ဖူးတာ သတိရမိပါတယ်။
ဒါပေမယ့် အခု ဆေးရုံကလေးကတော့ တိတ်ဆိတ်လွန်းလှပါတယ်။ ကျွန်မနဲ့ ပါလာတဲ့ ညီမလေးက ဘေးက ရှုခင်းတွေ ဓါတ်ပုံရိုက်နေတုန်း ကျွန်မ ဆေးရုံကို ဝင်ကြည့်တော့ အခန်းအားလုံးက သော့ခတ်ထားတာချည်းပဲ ။ ဘယ်ဘက် ကော်ရစ်ဒါ ထောင့်က အခန်းလေး တစ်ခုတော့ ပွင့်နေတယ်။ ကျွန်မလည်း အဲဒီ အခန်းလေးထဲ ခေါင်းပြူကြည့်လိုက်တဲ့အခါ အသက် ၄၀ နှစ်လောက် ရှိမယ့် အမျိုးသမီး နှစ်ယောက်နဲ့ အသက် ၁၀ နှစ် အရွယ် ယောင်္ကျားလေး တစ်ယောက်ကို တွေ့ပါတယ်။ ဒါနဲ့ ကျွန်မကပဲ စပြီး ကျွန်မ ဒီရွာကို သင်တန်းလာပေးတဲ့ အဖွဲ့က သင်တန်းဆရာမပါ ဟိုဟို ဒီဒီ လျှောက်ကြည့်ရင်း ဒီနား ရောက်လာတာပါ လို့ မိတ်ဆက်လိုက်တော့ ဒရစ် သွင်းပေးဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီး တစ်ယောက်က လာဝင်ထိုင်ပါလို့ ပြောပါတယ်။ သူ့ကိုယ်သူလည်း ကျွန်မ ဒီဆေးရုံးက သူနာပြု ဆရာမပါလို့ ပြောပါတယ်။ ကလေးလေးကတော့ ဆေးရုံကို လာပြတဲ့ အမျိုးသမီးရဲ့ ကလေးလေးပါ။ အမျိုးသမီးကလေး အမျိုးသမီး ရောဂါနဲ့ အားနည်းတာလို့ပဲ ဆိုပါတယ်။ 
             ဒါနဲ့ ဒီရွာက လူတွေက ကျန်းမာတယ်နော် ဆေးရုံမှာ လူမရှိဘူးနော်လို့ ကျွန်မက စကားစတော့ နာ့စ် အမျိုးသမီးက ဆရာမရယ် ဒီရွာမှာလေ ငှက်ဖျား ဖြစ်တဲ့သူ သိပ်ပေါတာ.. တစ်နှစ်ထက် တစ်နှစ် ပိုပို များလာတယ်။ ဆိုင်ကယ် အက်ဆီးဒင့် ဆိုလည်း ခဏခဏ ဖြစ်တာပေါ့။ တခြား ဖျားတာ နာတာတွေလည်း ဖြစ်ကြတာပါပဲ။ ဒါပေမယ့် ဆရာဝန်ကလည်း မရှိ ဆေးကလည်း အခု မြင်ရတဲ့ ခုံပေါ်က ဆေးကလွဲလို့ ဘာမှ ရှိပါဘူး။ ဆရာမ တွေ့ခဲ့တဲ့ ခွဲစိတ်ခန်း တို့ စတိုခန်းတို့က သော့ခတ်ထားပေမယ့် အထဲမှာ ဘာဆို ဘာမှ မရှိပါဘူး ဆရာမရယ် အဲဒီတော့ လူတွေက ဖြစ်ပြီဆို မြို့ဘက် ပြေးကြရတာပါပဲ။ ဒီမှာတော့ ခရီးမှာ ခံနိုင်ရုံ လုပ်ပေးရတာတို့ အားနည်း၊ ဖျားနာတာ လောက်ပဲ လာကြတယ်။ ဒါတောင် ခဏပဲ ဆေးရုံမှာ ဘာမှ မရှိတော့ ဆေးရုံ လာမတက် ချင်ကြပါဘူးလေ။ နောက် တစ်ချို့ကတော့ ဆေးရုံ ကြောက်တယ်။ ကျွန်မကို အိမ်တွေကို လိုက်ဖို့ လာခေါ်ကြတော့လည်း လိုက်ရတယ်။ ဆရာဝန်လေး တစ်ယောက်လောက် ရှိရင်တော့  ဆေးရုံလေး စိုစိုပြေပြေရှိပြီး သူများတွေ အားကိုးလာမယ် ထင်ပါတယ် ဆရာမရယ်လို့ ကျွန်မကို ချင်းသံ ဝဲဝဲလေးနဲ့ ငြီးပြရှာပါတယ်။ ကျွန်မကလည်း မိသားစုက ဒီရွာက မဟုတ်ဘူး ဆရာမရဲ့ ဒီရွာကလေ ဆိုင်ကယ်နဲ့ နေ့တစ်ဝက်လောက် သွားရတဲ့ ရွာကလေ  ကျွန်မ ရွာကိုလည်း တစ်လ တစ်ခါလောက် ပြန်ဖြစ်တယ်။ အဲဒီကြတော့ တစ်ခြား ဆရာမ နှစ်ယောက် က အလှည့်ကျ လာပေးပါတယ်။ အခု သူတို့တွေက တခြား ရွာတွေမှာလေ လို့ ပြောပါတယ်။ 
ဆရာဝန်လာရင် နေဖို့အိမ်

                ဆေးရုံရဲ့ နဘေးမှာတော့ ဝန်ထမ်း အိမ်ရာလေးတွေ ၊ ဆရာဝန် အတွက် အိမ်လေး ကိုလည်း လှလှ ပပ သပ်သပ်ရပ်ရပ်လေး ဆောက်ထားတာ တွေ့ရတယ်။ ကျွန်မလည်း ဆေးရုံရှေ့ကနေ ကြည့်လိုက်ရင်း အဝေးက မြင်နေရတဲ့ တောင်တန်းကြီးကို ငေးရင်း ထင်ရှူးတောလေး အလည်က ဒီဆေးရုံလေးအတွက် ဒေါက်တာ လတ်ငြိမ်းကို တမ်းတမိပါတယ်။  အခုတော့ နာ့စ် တစ်ယောက်သာ ရှိတဲ့ ဆေးရုံ လူတွေ အားသိပ်မကိုးတဲ့ ဆေးရုံလေးက အဆင်းတော့ လှပြီး အချင်း မပြည့်စုံ ဖြစ်နေရှာတယ်။
         တစ်ဘက်က စဉ်းစားရင် ရောဂါတစ်ခုခု ဖြစ်လာရင် ဒီဝေးလံတဲ့ ဒေသကနေ့ မြို့ကို ဆေးသွားကုဖို့ သုံးရမယ့် ငွေကို အဆင်းရဲဆုံးကို နာမည်တတ်ခံထားရတဲ့ဒေသခံတွေ တတ်နိုင်ပါရဲ့လား။ ရှိတာလေးတွေ ရောင်းချ ပေါင်းနှံပြီး လုပ်ကြရမလား။ မလုပ်နိုင်ရင်  ရိုးရာဆေးတွေနဲ့ကု ၊ ကုလို့ မနိုင်ရင် အသက်ဆုံးရုံလား တွေးပြီး ရင်ပူလာမိပါတယ်။ 

ပိတ်ထားရတဲ့ တံခါးများ

      တကယ်တော့  ကျွန်မ ရွာရောက်စက ကျောင်းရှိတယ်၊ ဆေးရုံရှိတယ် ဆိုတဲ့ ကျွန်မရဲ့ ဖွံ့ဖြိုးမှုရှိသား ဆိုတဲ့ အတွေးက အခုဆို အဝေးလွင့်လို့ ပြေးပါပြီ။ ဆေးရုံရှိပေမယ့် ဆရာဝန် မရှိတဲ့ ဆေးရုံ ကျေးရွာလူထု အပြည့်အဝ ယုံကြည် အားကိုးလို့မရတဲ့ ဆေးရုံဟာ ဗလာဖြစ်လို့ နေပါတယ်။
    ဆရာဝန်လေးတွေ နေရာက နေကြည့်ရင်လည်း ဒီလို ခေါင်တဲ့နေရာ အစားအသောက်၊ အနေအထိုင် ခက်ခဲ လူသူ အရောက်နည်းတဲ့ ဒီနေရာကို သူရောက်လာတယ်။ စေတနာအလျှောက် သူတကယ် ရောက်လာတယ် ထားဦး ဆေးမရှိရင် သူလည်း ဘာမှ လုပ်လို့ မရ စိတ်ဓတ်ကျနေရ ဦးမှာပဲ။ အဲဒီ အပြင် ရတဲ့ လခက နည်း ဦးမယ် မြို့ပေါ်မှ နေသလိုမျိုး တခြား သူလေ့လာချင်တာတွေလည်း ဆက်လေ့လာခွင့် မရဘဲ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်နေသလို ဖြစ်နေမယ်။ မိသားစုအသိုက်အဝိုင်းနဲ့လည်း အဝေး ကိုယ်နဲ့ ယဉ်ကျေးမှု မတူတဲ့ သူတွေ ကြားမှာ လာနေရမယ် ဆိုရင် လက်တွေ့ကျကျ စဉ်းစားကြည့်မယ် ဆိုရင် တကယ့်ကို မတွေးကြည့်ချင်စရာလေ။ သူတို့လာနေနိုင်လောက်တဲ့ အခြေအနေတစုံတရာဖြစ်အောင် ဘယ်လောက် ဘယ်လို ဖန်တီးမလဲ  နောက်တစ်ခုက ဆရာဝန်တွေကို ကိုလတ်ငြိမ်းလို စိတ်မျိုးဝင်လာအောင် ဘယ်လို ပြုစု ပျိုးထောင်မလဲ ဆိုတာကိုပါ ဆေးပညာသင်တဲ့ ကျောင်း တက္ကသိုလ်တွေ အတွက် မေးခွန်းပါပဲ။
    ကဲ ဖွံ့ဖြိုးရေး တကယ်လုပ်မယ် ဆိုရင် ကျွန်မတို့ တွေးစရာ အများကြီးပါ။ တစ်ခုပျက်လို့ တစ်ခုပြင်လိုက် ရုံနဲ့ လုံလောက်မှုမရှိပါဘူး။ ဆက်စပ်နေတဲ့ အရာတွေကို ထည့်မတွေးလို့ မရနိုင်ပါဘူး။
ပြည်သူတွေ ကျန်းမာရေးအတွက် ဆေးရုံလိုတယ်။
 ဆေးရုံတစ်ရုံ ရှိနေရုံဟာ မြို့ရွာ အင်္ဂါရပ်နဲ့ ညီပေမယ့် ဆရာဝန်နဲ့ ဆေးကို ဖြည့်ဆည်းမပေးထားရင် တကယ်လက်တွေ့ကျတဲ့ ကျန်းမာရေးကတော့ ပြည့်စုံလာမှာ မဟုတ်ပါဘူး။ ဆရာဝန်တွေ ရောက်လာအောင် ဘယ်လိုလုပ်မလဲ၊ ဆေးတွေ ပြည့်စုံလာအောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ အစီအစဉ် မရှိရင် အဟောသိကံပါပဲ။ ကျန်းမာရေး ကဏ္ဍအတွက် ပြောရရင် ကျန်းမာရေး ဆေးပေးခန်း၊ ဆေးရုံတွေအပြင်  ပြည့်စုံတဲ့ ဆေးဝါးထောင့်ပံ့မှု တွေရဖို့ ကျောင်းတွေကလည်း ဒေါက်တာလတ်ငြိမ်းလေးတွေ မွေးထုတ်ဖို့ အပြင် ဒေါက်တာလတ်ငြိမ်းလေးတွေရဲ့ အနာဂတ်ကိုပါ ထည့်သွင်းစဉ်းစားပြီး တကယ်  တစ်ပတ်လည် ဖွံ့ဖြိုးစေချင်မိပါတယ်။ 

ဒေသခံ ချင်းတိုင်းရင်းသားတွေ..

အခုဆိုရင် ကမ္ဘာ့ဘဏ်ကရော တခြား နိုင်ငံတကာကရော မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကူအညီတွေ  ချေးငွေတွေ ပေးနေကြပါပြီ။ သူတို့ ကူညီသူတွေကလည်း သူတို့ ပေတံတွေနဲ့ ဖွံ့ဖြိုးရေးကို တိုင်းတာ ပြီး ကူညီပေးကြမှာပါ။ ဒါပေမယ့် ကျွန်မတို့ ရေမြေ ဒေသနဲ့ ကိုက်ညီတဲ့ ဘယ်လို အကူအညီ လိုသလဲ ဆိုတာကတော့  ကျွန်မတို့က ပြောပြတတ်ရပါမယ်။ မဟုတ်ရင် အခုလိုပဲ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံရုံ ဖြစ်ပြီး တကယ့် လက်တွေ့ လည်ပတ်မှု မရှိတဲ့ အရာတွေ ဖြစ်လာရင် ငွေကုန် လူပန်း ထုံးစံအတိုင်း အကျွေးတင် ကျန်ပြီး တကယ့် ဖြွုံ့ဖိုးမှုတော့ မရနိုင် ဖြစ်လာနိုင်ချေတွေ အများကြီး ရှိနေတာမို့  ဖွံ့ဖြိုးရေး ကြိုးပမ်းမှုတွေမှာ နိုင်ငံသားတိုင်းက ပါဝင်ပြီး ကိုယ် နိုင်ငံရဲ့၊ ဒေသရဲ့ တကယ့် လိုအပ်ချက်တွေကို ဖော်ထုတ် ပြောပြ တောင်းဆို ညွှန်ပြနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုပဲ ဖွံ့ဖြိုးရေး လုပ်တဲ့ သူတွေကလည်း ကိုယ့်တာဝန်ယူတဲ့ အလုပ်ပြီးရုံ မဟုတ်ဘဲ တပတ်လည်အောင် လူထုအတွက် တိုင်းပြည်အတွက် စဉ်းစားပြီး လုပ်ဆောင်နိုင်မှ တကယ့် အဓိပ္ပါယ် ပြည့်စုံတဲ့ ဖွံ့ဖြိုးရေး အကာရော အနှစ်ပါ ပြည့်စုံတဲ့ ဖွံ့ဖြိုးရေး ဖြစ်နိုင်မှာပါ။
ဒီလို တစ်ပတ်မလည်ဘူးဆိုရင်ဖြင့် ဆေးရုံရှိပေမယ့် တစ်ခုခုဆို မြို့ပေါ်တက်ပြေး ရှိသမျှဟာလေးတွေ ရောင်းချရင်း ဆင်းရဲတွင်း တပတ်လည် နေတဲ့ ဒေသခံတွေရဲ့ ဘဝပဲ ဆင်းရဲကျော့ သံသရာ တပတ်လည်မဆုံးနိုင်ပဲ ဖြစ်နေတော့ မှာလေ။  
Friday, July 20, 2012

နော်ဘူဘောရဲ့ ဆုတောင်းပြည့်တောင်

၁၃ မိုင်နဲ့ သံတောင်ကြီး အကြား လမ်းရှုခင်း

ကျွန်မ ငယ်ငယ်ကတည်းက တန်ခိုးရှိတဲ့ ငွေဘီးလေးပိုင်ရှင် နော်ဘူဘော မင်းသမီးလေးရဲ့ဇာတ်လမ်းလေးကို မေမေပြောပြတဲ့ ကရင် ရိုးရာ ပုံပြင်ထဲမှာ ကြားခဲ့ဖူးပါတယ်။ နောက်ပိုင်း မှတ်မှတ်ရရ ကျွန်မ တက္ကသိုလ် ဒုတိယနှစ်လောက်မှာ ကျောက်ကြီးက ကျွန်မ သူငယ်ချင်း မင်္ဂလာဆောင်တော့ သူတို့ မင်္ဂလာမောင်နှံ နော်ဘူဘောမှာ သစ္စာဆို ဆုတောင်းဖို့ သွားတဲ့ အကြောင်းကို ပြန်ပြောပြတော့ ပိုပြီး အမှတ်တရရှိနေမိတယ်။

ပသိချောင်း

 တောင်ငူနဲ့ ၁၃ မိုင်လို့ ခေါ်တဲ့ နေရာမှာ ကျွန်မ စာသင်ဖို့ ရောက်သွားခဲ့တာကြောင့်  ခုတော့ ကျွန်မလည်း နော်ဘူဘောတောင်ကို ရောက်ဖို့ အကြောင်းဖန်လာပါပြီ။ တောင်ငူမှာ စာသင် ပြီးတဲ့နောက် ၁၃မိုင်ကို ကျွန်မတို့ အဖွဲ့ ခရီးဆက် ခဲ့ကြပါတယ်။ တောင်ငူကနေ ၁၃ မိုင်အကွာမှာနေရာလေးကိုတော့ ၁၃ မိုင်စခန်းလို့ပဲ ခေါ်ကြပါတယ်။ တောအုပ်ဆိုင်းဆိုင်း၊ ကျောင်းဆောင် ကျောက်တုံး ကြီးတွေ ကြားမှာ ပသိချောင်းရဲ့ ရေစီးသံကို နားထောင် ရတာ ၁၃ မိုင်ဒေသရဲ့ သဘာဝဂီတတေးသွား တစ်ခုလိုပါပဲ။ နော်ဘူဘော ဆုတောင်းပြည့်တောင်ကတော့ အဲဒီ ၁၃ မိုင်ကနေ နောက်ထပ် ၇ မိုင် လောက် ထပ်သွားရင် ရောက်ပါတယ်။ 

ကျွန်မနဲ့ ကျွန်မကို လိုက်ပို့တဲ့ ဒေသခံ သူငယ်ချင်းတို့ နှစ်ယောက်သား နေပြပြလေးသာတဲ့ နေ့မှာ ကျွန်မ ရောက်ချင်လွန်းပါတယ်လို့ တသသ ပြောနေတဲ့ ဆုတောင်းပြည့် နော်ဘူဘောတောင်ကို ဆိုင်ကယ်နဲ့ ထွက်လာခဲ့ပါတယ်။ ၁၃ မိုင်အကျော် တစ်လျှောက်လုံးကတော့ တောင်တက်လမ်းကြီးပါပဲ။

ကားလမ်းကနေ လှမ်းတွေ့နေရတဲ့ ခပ်လှမ်းလှမ်းက ရေတံခွန်

လောကကြီးကို ဘုရားသခင် ဖန်ဆင်းခဲ့ရိုးသာ မှန်ရင် ဒီကရင်ပြည်နယ် မြောက်ပိုင်းဒေသဟာ သိပ်ကို ကောင်းကြီးပေးခံရတဲ့ ဒေသပါပဲ လို့ ကျွန်မ လမ်းတစ်လျှောက် တွေးလာခဲ့မိပါတယ်။
 ရေမြေ၊ တောတောင်၊ စိမ့်စမ်း၊ ချောင်း၊ ရေတံခွန်၊ ရေပူစမ်း၊ တောထွက် ပစ္စည်းနဲ့ သားငါးသီးနှံ တကယ် ပေါကြွယ်ဝတဲ့ ဒေသလို့ ပြောလို့ ရပါတယ်။

 ရော်ဘာနဲ့ ဖာလာက နိုင်ငံခြားပို့နိုင်တဲ့ ထွက်ကုန်ပါ။ ဒူးရင်း၊ ဒညင်း အပြင် ကော်ဖီနဲ့ တခြား ဒေသထွက် ကုန်တွေလည်း ထွက်ပါသေးတယ်။ ပသိချောင်းရဲ့ အထက်တော့ ရွှေတူးလို့ ရပါသတဲ့။ ဒါပေမယ့် ဒေသရဲ့ မငြိမ်းချမ်းခဲ့တဲ့ အခြေအနေ ကြောင့် ဒေသဟာ ဖွံ့ဖြိုးမှု နောက်ကျတယ်လို့ ပြောလို့ ရတဲ့ အခြေအနေပါ။ ဒါပေမယ့် ငြိမ်းချမ်းခဲ့ရင်  နောက်ပိုင်းရော အခု လက်ရှိ ဒေသမှာ ရှိနေတဲ့ အရင်းအမြစ် တွေကို အကျိုးရှိရှိ အသုံးချပြီး ဒေသခံတွေရဲ့ ဖွံ့ဖြိုးရေးကို သေသေချာချာ လုပ်ဆောင် နိုင်ပါ့မလား။  ဒေသခံတွေရဲ့ ရိုးသားမှုကို ခုတုံးလုပ်ပြီး  စီးပွားရေးသမားတွေနဲ့ မသမာလောဘသားတွေရဲ့ လက်ထဲမှာ ဒေသရဲ့ အဖိုးတန် အရင်းအမြစ်တွေ တဖဲ့ဖဲ့ ကျွေကုန်မလား။ မဖြစ်ဘူး.. ငါစာသင်ရင် ငါ့လူမျိုးတွေရဲ့ အကျိုးကို တတ်အားသလောက် ကာကွယ်ဖို့ ဒါတွေ အားလုံး သေသေချာချာ ထည့်ပြော သတိပေး ခဲ့ရမယ်လို့ ကျွန်မ လမ်းတစ်လျှောက် ရှုခင်းတွေကို ကြည့်ရင်း တွေးလာနေမိတာ …. ကျွန်မကို လိုက်ပို့ ပေးတဲ့ ဒေသခံ ကောင်လေးက ‘ဆရာမ ရှေ့ဆိုရင် ရွှေညောင်ပင် ရောက်ပြီ” လို့ ဆိုလာတဲ့ အခါကြမှ ပဲ အတွေးတွေ ရပ်ပါတော့တယ်။

 ရွှေညောင်ပင်ရွာကလေးကနေ နောက်ထပ် တစ်တောင်ကို ကျော်ပြီးရင် နာမည်ကျော် သံတောင်ကြီး တောင်ပေါ် အပန်းဖြေ စခန်းမြို့လေးကို ရောက်မယ်  အဲဒီကနေ ၁၀ မိနစ်လောက် ထပ်တက်သွားရင်တော့ နော်ဘူဘောကို ရောက်ပြီလို့ သူက ပြောပြတယ်။ 

သူက ရွှေညောင်ပင်သားမို့ သူ့အိမ်က ဒီမှာ ရှိတယ် အပြန်ကြရင် ဆရာမကို အလည်ခေါ်မယ်နော်လို့ အိမ်မှာ မီးလှုံရင်း လက်ဖက်ရည်သောက်ရအောင်လို့ သူက ဖိတ်တော့ ကျွန်မလည်း ကောင်းတာပေါ့ လိုက်လည်မယ်လေလို့ ပြောလိုက်တယ်။ 

ဒီလိုနဲ့ ရွှေညောင်ပင် ကျော်လာတာနဲ့ မိုးဖွားလေးတွေ ကျလာတယ်။ ကျွန်မက မိုးရွာလာပြီ လို့ ရေရွတ် မိတော့  သူက ဒီမှာ ဒီအတိုင်းပဲ ဆရာမရဲ့ ဒါပုံမှန်ပဲလို့ သူက ပြောတယ်။ နောက်ပြီး သူက နောက်လိုက် သေးတယ် ဒီမှာ မိုးက တစ်ခါပဲ ရွာတယ် တစ်ခါရွာ ၄ လပဲ ကြာတယ် ဆရာမရဲ့တဲ့လေ။ ကျွန်မက ဟယ် ဒီမိုးက ဒါဆို မစဲတော့ ဘူးပေါ့နော် ဆိုတော့ သူက ရယ်နေတယ်။ တဖြည်းဖြည်း မိုးက ပိုသည်းလာပါတယ်။ 



ကျွန်မက နင် ဆိုင်ကယ်မောင်းလို့ ဖြစ်ရဲ့လား ဆိုတော့ .. ဟာ ဆရာမကလည်း ဒီနေရာတွေ ကျွန်မ သွားနေကျ မျက်စိမှိတ်မောင်းလို့ ရတယ်တဲ့။ တကယ်လည်း မျက်စိမှိတ် မောင်းတတ်မှ ရမှာပေါ့ ခဏနေတော့  မြင်ကွင်းက မိုးကြား၊ မြူကြားမှာ ဝေဝေဝါးဝါးပဲ တွေ့ရပါတယ်။သံတောင်ကြီး ရောက်တော့ သူက ဆရာမ ချမ်းနေပြီ အရင် ကော်ဖီသောက်ပြီးမှ ဆက်တက်ကြတာပေါ့လို့ ပြောတယ်။ ဆိုင်ရှင် အဒေါ်ကြီးတွေက နော်ဘူဘောတောင် တက်မယ် ဆိုတော့ အထူးအဆန်းလို ကျွန်မတို့ကို ကြည့်နေကြတယ် မိုးတွင်းဆို လူသိပ်မတက်ကြဘူးတဲ့လေ။

 ကျွန်မနဲ့ စိတ်တူကိုယ်တူ ခရီးသွားနေကျသူငယ်ချင်းက  နင် အဲဒီ နော်ဘူဘော တောင်နေရာလေးကို သဘောကျမှာ မြူတွေနဲ့ အိမ်မက်သိပ်ဆန်တဲ့ နေရာလေးပဲ ရောက်အောင် သွားခဲ့ သိလားလို့ ကျွန်မကို ပြောခဲ့တယ်လေ။ ကျွန်မလည်း ရောက်မှတော့ ရောက်အောင် သွားမယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပြီး ဖြည်းဖြည်းရောက်အောင် တက်ပါ့မယ်လို့ ပြောခဲ့တယ်။ 

မြူတွေကြားက နော်ဘူဘောတောင်


နော်ဘူဘောတောင်ခြေမှာ ဆိုင်ကယ်ထားခဲ့ရပြီး ကျွန်မတို့ လမ်းလျှောက်တက်ခဲ့ကြတယ်။ ဒါ ဘွယ်ဟီခိုတောင် လို့ခေါ်တယ် ၊ ဒီမှာ တောင်ဖိုနဲ့ တောင်မ ဆိုတာ ရှိတယ် ဆရာမ။ ဒီတောင် နှစ်တောင်က ဒီဘက်မှာ အမြင့်ဆုံးပေါ့ ။ အဖိုက ထိပ်မှာ သစ်ဝါးပင် သိပ်မရှိဘူး။ အဖိုက ဆုတောင်းတောင် အစ်မတောင်က နှစ်သစ်ကူးတောင်လေ။ 

ကရင် နှစ်သစ်ကူးအချိန်ဆို ဒီမှာ လူတွေ အပြည့်ပေါ့ လို့ လိုက်ပို့တဲ့ ဒေသခံက ရှင်းပြပါတယ်။ သူက လက်ညှိုး ဟိုထိုး ဒီထိုး ပြောနေပေမယ့် သူနဲ့ ကျွန်မ တစ်ယောက်ကို တစ်ယောက်တောင် ရှင်းရှင်း မမြင်ရလောက်အောင် မြူခိုးတွေက ဝေနေပါတယ်။ ဒါဟာ တိမ်တိုက်တွေပဲ ဆိုတာ ကျွန်မ သတိထားမိတော့ ချစ်သုဝေ ဆိုတဲ့ တိမ်တွေ နေတဲ့ အရပ်ပေါ့လို့ တွေးမိတယ်။ တကယ်တော့ တိမ်တွေ နေတဲ့အရပ်ဆိုတာ စိတ်ကူးယဉ်မိသလောက် ကဗျာမဆန်ဘဲ  စိုစွတ်ပြီး ချမ်းလှပါတယ်။ 

နော်ဘူဘောတောင်လို့လည်း ခေါ်တဲ့ ဆုတောင်းတောင်၊ တနည်းအားဖြင့် ဘွယ်ဟီခို အဖို ကို တက်တဲ့ လှေခါးထစ်တွေ အတိုင်း ကျွန်မတို့ ဖြည်းဖြည်း တက်လာခဲ့ကြပါတယ်။ ကျွန်မကို လိုက်ပို့ပေးတဲ့ ဒေသခံကောင်လေးကတော့ ပြောလည်းပြော တက်တာလည်း ခပ်သွက်သွက်နဲ့  ကျွန်မကို ခဏခဏ ရပ်စောင့်ရပါတယ်။ 

ဒါ ပေ ၄၈၄၂ ပေ မြင့်တယ် လို့ ဆိုတော့ ကျွန်မက ဒါဆို ပန်းသီးစိုက်လို့ရတာပေါ့လို့ ပြောတော့ ပန်းသီးတော့ ဒီမှာ သိပ်မရှိဘူး လို့ သူက ပြောလိုက်ပါတယ်။  
 အခု မြူတွေ ဆိုင်းနေတော့ ဆရာမ တောင်ပေါ်က လှမ်းမြင်ရတဲ့ ရှုခင်းတွေကို မတွေ့ရဘူးပေါ့လို့ မိုးကုန်ရင်လည်း နောက်ထပ်လာခဲ့ဦးလေလို့  ထပ်ပြောလိုက်ပါသေးတယ်။ 
တောင်ပေါ်တက်တဲ့ လှေခါး နဲ့ ဆုတောင်း ဗိမ္မာန်

တောင်ပေါ် တက်တဲ့ လမ်းတစ်လျှောက် ဆုတောင်းဂူလေးတွေကို တစ်ခုပြီး တစ်ခု တွေ့ရပေမယ့် အားလုံးကို သော့ခတ်ထားတယ်။ တောင်ထိပ်မှာတော့ ကြီးမားလှတဲ့ လက်ဝါးကတ်တိုင်ကို လှပစွာတွေ့ရပါသေးတယ်။ မိုးရာသီ လူအလာနည်းလို့ ဆုတောင်းဂူလေးတွေကို ပိတ်ထားတာလို့  ထင်ပေမယ့် တောင်ထိပ်ရောက်တဲ့အခါမှ အစောင့်လူကြီး မရှိလို့ အားလုံးကိုသော့ခတ်ထားတာ ဆိုတာ သိလိုက်ရတယ်။ 
ဆင်နှာမောင်းပုံ ကျောက်ဆောင်

တောင်ထိပ်မရောက်ခင်လေးမှာ ဆင်နှာမောင်းပုံ ကျောက်ဆောင်ကို စပြီး တွေ့ရပါတယ်။ ဆက်တက်    လိုက်တော့ နော်ဘူဘောကို ခြည်နှောင်ထားတဲ့ နေရာ၊ တရားစီရင်တဲ့ စားပွဲ စတဲ့တွေကို ကျောက်ဆောင် ကျောက်တုံး တွေအဖြစ် တွေ့ရတော့ ကျွန်မ အာရုံထဲမှာ နော်ဘူဘောနဲ့ သူမရဲ့ ချစ်သူ စောသောဒိုးခွားရဲ့ အချစ်ဇာတ်လမ်းလေးက ခပ်ရေးရေး ပေါ်လာပါတော့တယ်။ ကျွန်မ ငယ်ငယ် အမေပြောပြတဲ့ ဇာတ်လမ်းမှာ ဇာတ်လိုက် နှစ်ယောက်ရဲ့ အကြောင်းလောက်ပဲ ခပ်ရေးရေးသာ ကျွန်မ မှတ်မိနေပေမယ့်  ကျောင်းသူတစ်ယောက် လက်ဆောင်ပေးတဲ့ နော်ဘူဘောသမိုင်း စာအုပ်လေးကြောင့် ကျွန်မ သေသေချာချာ ပြန်သိ လာရတော့ မျက်စိထဲမှာ ဇာတ်လမ်းလေးကို မြင်ယောင်နေမိတယ်။ 
တရားစီရင် စားပွဲ


ဇာတ်လမ်းထဲမှာ ကိကုတောင်၊ ဘွယ်ဟီခို၊ ဘွယ်သီခို နဲ့ ဒေါဖားခို တောင်တွေကို အခြေခံပြီး  ရွှေညောင်ပင်ကနေ ၁၀ မိုင်လောက်ဆက်သွားရတယ်လို့ဆိုတဲ့ ကိကုတောင်မှာ နန်းတည်ခဲ့တဲ့ တောင်များသခင် ကိကုဘုရင် သမိအိ ရဲ့ သားတော်၊  လက်ရုံးရည်၊ နှလုံးရည်ပြည့်စုံတဲ့ ယောင်္ကျားကောင်း စောသောဒိုခွား နဲ့ ပင်လယ်သမုဒ္ဒရာ သခင် ဘုရင် သာကအူ တို့ရဲ့ သမီးတော် ၊ လှပပြီး ယဉ်ကျေးလိမ္မာတဲ့ နော်ဘူဘော တို့ရဲ့ အချစ်ဇာတ်လမ်းဟာ သူတို့ မိဘတွေကို အကြောင်းပြုပြီး တစ်ဦးကို တစ်ဦး တွေ့ကြရပေမယ့် မြင်မြင်ချင်း တစ်ယောက်ကို တစ်ယောက် သိပ်ကို ချစ်မိသွားခဲ့ပြီး ပျော်ပျော်ရွှင်ရွှင် လက်ထပ်ခဲ့ကြတာပါ။ 

ပင်လယ်သမုဒ္ဒရာမှ မင်းသမီးလေး  နော်ဘူဘောဟာ ယောင်နောက် ဆံထုံးပါ တောင်ပေါ်ဒေသကို လိုက်လာခဲ့တဲ့ အခါ သူမမိခင်က ဘယ်လောက် ချက်ချက် မလျှော့တဲ့ ဆန်ဘူးနဲ့ ဆံပင်မှာ ပန်ဆင်ထားရင် လူအများကြားမှာ ထင်ရှားပြီး၊ ခြေမှာ နင်းထားရင် ကိုယ်ပျောက်နိုင်တဲ့ စွမ်းအားရှိတဲ့ ငွေဘီးကို လက်ဆောင်အဖြစ် ပေးလိုက်တာကြောင့် မင်းသမီးလေး တန်ခိုးနဲ့ တိုင်းပြည်မှာ ဆန်စပါး ကြွယ်ဝပြီး သူမရဲ့ ချစ်သူကလည်း သူမရဲ့ ငွေဘီးတန်ခိုးနဲ့ ရန်သူတွေကို အလွယ်တကူ အောင်မြင်နေတာကြောင့် မင်းသမီးလေးကို လူချစ် လူခင်ပေါကြပြီး ဂုဏ်သတင်း ပျံ့မွှေးနေသလို တစ်ဖက်မှာလည်း မနာလိုသူတွေ ရှိနေကြတယ်လေ။ ဒီလိုနဲ့ တစ်နေ့မှာတော့ စစ်တိုက်သွားတဲ့ မင်းသားဟာ ငွေဘီးပါပေမယ့် သတိလက်လွတ် အောင်ပွဲခံ စောခဲ့တာကြောင့် တိုက်ပွဲမှာ ကျဆုံးခဲ့ရာကစပြီး နော်ဘူဘော တစ်ယောက် ကြမ္မာငင်ပါတော့တယ်။ 

မင်းသားကျဆုံးတဲ့အခါ မနာလိုသူတွေက စုပေါင်းတောင်းဆိုမှုကြောင့် ကိကုဘုရင်မှာ ချွေးမတော်ကို နယ်နှင်ဒဏ်ပေးလိုက်ရကာ နော်ဘူဘော မင်းသမီးလေးခမျာ  ဒေါဖားခိုတောင်သို့ ခေါ်ဆောင်သွားခံရပြီး ရင်ကွဲနာကျ သေဆုံးသွားခဲ့ရရှာပါတယ်။  ဒီဇာတ်လမ်းလေးထဲမှာ ချစ်ခြင်း မေတ္တာအပြင် တန်ခိုးအာဏာ၊ မနာလိုမှု နဲ့ မယုံကြည်မှု သံသယ တရားတွေကြားမှာ ချစ်သူနှစ်ယောက်ဟာ မြေဇာပင် ဖြစ်ခဲ့ကြပြီး ဝမ်းနည်းစရာ ဇာတ်လမ်းလေးအဖြစ် ဇာတ်သိမ်းခဲ့ရပါတယ်။ 

နော်ဘူဘောကို ချည်နှောင်ခဲ့တဲ့ ကျောက်တုံး


တရားသူကြီးတောင်လို့လည်း ခေါ်တဲ့ ကျွန်မအခုရောက်နေတဲ့  ဘွယ်ဟီခို ဆုတောင်းတောင်ပေါ်မှာ နော်ဘူဘောကို တရားစီရင် ခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် တောင်ပေါ်မှာ နော်ဘူဘော အမှတ်တရ များစွာ အဖြစ် တရားသူကြီး တရားစီရင်တဲ့ စားပွဲ၊ ကုလားထိုင်၊  နော်ဘူဘောကို ချည်နှောင်ထားတဲ့ နေရာ၊ ရေချိုးခန်း၊ အိပ်ခန်း စတဲ့ ကျောက်တုံးတွေကို ပုံသဏ္ဍာန်ထင်ထင် ရှားရှား တွေ့ရပါတယ်။

သစ္စာတိုင် ဆုတောင်း ခေါင်းလောင်းထိုးရာ နေရာ


 နော်ဘူဘောဟာ စိတ်ထားကောင်းပြီး ပြည့်ဝတဲ့ မင်းသမီးလေးမို့ လူတွေကို ဆုတောင်းပြည့်စေတယ်လို့ ဆိုကြပြီး ဒေသခံတွေက ဝတ်ဖြူစင်ကြယ်နဲ့ နက်မှောင်တဲ့ ဆံပင်အရှည်ကြီး ဖျားလျားချထားတဲ့ အမျိုးသမီးငယ်လေးကို ဒီတောင်ပေါ်မှာဝိုးတဝါး တွေ့ရလေ့ ရှိတယ်။ အဲဒီလို တွေ့တဲ့ နှစ်တွေ ဆိုရင် ဆန်စပါး ပေါများပြီး သာယာတယ်လို့ အယူရှိကြတာ  ဒီနေ့ခေတ်အချိန်အထိပါပဲ။ ဒါကြောင့် ဒီ ဆုတောင်းတောင်ကို လူမျိုးဘာသာ မရွေးလာပြီး သစ္စာတိုင် ဆုတောင်းကြတဲ့ အလေ့အထ ရှိတယ်လို့ပါတယ်။ 


စိတ်ထားကောင်းတဲ့ ပြည့်ဝတဲ့ နော်ဘူဘော မင်းသမီးလေးတစ်ယောက်   သူ့ချစ်သူဟာ တိုက်ပွဲမှာ ကျဆုံးခဲ့လို့ သူလည်း စစ်ကို မလိုလားတဲ့ သူတစ်ယောက် ထဲမှာ ပါမယ်ထင်ပါရဲ့။ ကျွန်မ မိုးထဲ ရေထဲ သူ့ဆီအရောက်လာပြီး တောင်းခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းမေတ္တာကို နော်ဘူဘောတစ်ယောက် နားညောင်းမယ် ထင်ပါရဲ့။

အလွမ်းပြေ 

စာကိုး။    ။ နော်ဘူဘော ရာဇဝင် ( Rev နေဘလု၊ Rev. အုန်းဖေ ) 
ဆုတောင်းတောင် ထိန်းသိမ်းရေး ကော်မတီ 
Monday, July 16, 2012

နွေရာသီ ဝိုင်ချို ခရီး

တောင်ပေါ်နွေဦးက မြေပြန့်သူ ကျွန်မ အတွက်တော့ အိုအေစစ်ပါပဲ.... သာယာတဲ့ တောင်ပေါ်နွေနေ့လေး တစ်နေ့ မှာ ချင်းပြည်ရဲ့ နွေဦးရဲ့ ဝိုင်ကို ခံစားဖို့ ဟားခါးမြို့ကနေ အထက်ဘက် နာရီဝက်လောက် ဆိုင်ကယ်နဲ့ သွားလိုက်ရင် ရောက်ပြီလို့ ဒေသခံ သင်တန်းသားတွေ လမ်းညွှန်လိုက်တဲ့ စတော်ဘယ်ရီခြံလေးဆီကို ကျွန်မတို့ အရောက် သွားခဲ့ကြတယ်...။ ကျွန်မတို့ ဆိုတာကတော့  ဟားခါးမှာ စာသင်ဖို့ လာခဲ့ကြတဲ့ ကျွန်မတို့ အဖွဲ့ သူငယ်ချင်း ခြောက်ယောက်ပေါ့....

www.alwanpyay.com
ဟားခါးမြို့ရှုခင်း  ( Photo by TAL)
ဟားခါးမြို့က အထွက် စတော်ဘယ်ရီခြံကို သွားတဲ့ လမ်းတလျှောက်မှာ တော့ တစ်ဘက်မှာ ချောက်ကမ်းပါး တစ်လျှောက် မျှော်ကြည့်ရင် အောက်မှာ ခပ်ပြပြ  တောင်ပေါ်မြို့ ရှုခင်းတွေနဲ့  တစ်ဘက်မှာတော့ တောင်ကပါးယံ တစ်လျှောက်မှာ အစီအရီ ပေါက်ပြီး ပွင့်ဖူး နေကြတဲ့  တောင်ဇလပ် ပန်းတွေကို မျက်စိတဆုံးမြင်ရပါတယ်။

www.alwanpyay.com
စတော်ဘယ်ရီ ခြံကို သွားတဲ့ လမ်းလေး... ( photo by TAL )
www.alwanpyay.com
ကောင်းကင်ပြာပြာ... နေခြည်နွေးနွေး အောက်မှာ လမ်းဘေးတစ်လျှောက် တောင်ဇလပ် နီနီလေးတွေနဲ့ ... သိပ်လှနေတဲ့ တောင်ပေါ်လမ်းလေး..... ( photo by TAL )

ဒီတောင်ပေါ်လမ်းကလေးရဲ့ အကွေ့လေး လည်း ကျော်တော့  ကျွန်မက ဆိုင်ကယ် မောင်းတဲ့ သူငယ်ချင်းကို ပန်းခူးဖို့ ရပ်ပေးဖို့ ပူဆာလိုက်တယ်...

www.alwanpyay.com
ကျွန်မရဲ့ တောင်ဇလပ် ပန်းနီနီလေး .. ( photo by TAL )
ကျွန်မ ပန်းခူးနေတုန်း ကျွန်မ သူငယ်ချင်းကလည်း နေပူဆာ လှုံနေတဲ့ ချင်းမိသားစုနဲ့ ကလေးလေးတွေကို ဓါတ်ပုံရိုက်လေရဲ့ ..

www.alwanpyay.com
နေရောင်ခြည်ရဲ့ နွေးထွေးမှုနဲ့ မိသားစု ချစ်ခြင်းရဲ့ နွေးထွေးမှုတို့ ပေါင်းဆုံရာ.... ( Photo by TAL )
www.alwanpyay.com
စာအတူတူ ဖတ်နေကြတဲ့ မောင်နှမတစ်တွေ ...  ( Photo by TAL )
ကျွန်မ သူငယ်ချင်းက ဆိုင်ကယ်စက်ကို ပြန်နှိုးရင်း ပန်းတွေ သူဘာသာ အပင်ပေါ်မှာ လှနေတာကိုလို့ ဘာလို့ ခူးချင်ရတာလဲလို့  သဘာဝကို ဖျက်ဆီးတာပဲလို့ ကျွန်မကို ရန်စတယ်လေ.. ။ ကျွန်မက ဒီ တောင်ဇလပ်ပန်းလေးကို ငါ ဒိုင်ယာရီထဲမှာ ညှပ်ပြီး သိမ်းထားချင်လို့ပါ။ ချင်းပြည်နဲ့ ငါ့ကို အဝေးရောက်သွားရင်တောင် စိတ်နဲ့ ရင်းနှီးနေဖို့ ဒီလောက်တော့ ပေးဆပ်သင့်တာပေါ့ ။ ဒါရင်းနှီးမှုအတွက်ပါ ဆိုတော့  သူမနိုင်တော့ နင်တော်တော် စကားတတ်တိုင်း ဆိုပြီး သူက ရယ်တယ်..
နောက်ပြီး ဒီထက် ရင်းနှီးအောင် တစ်ပွင့်လောက် စားလိုက်လေ.. စားလို့ ရတယ်လို့ ကျွန်မကို မြှောက်ပေးတယ်... ကျွန်မလည်း တကယ်လားဆိုပြီး ပွင့်ဖတ်လေး တစ်ပတ်ကို စားကြည့်တော့ ချဉ်ချဉ်လေး... စားကောင်းသား...။ ဒါနဲ့ သူ့ကို .. စောစောက ပြောရင် သုတ်စားဖို့ အများကြီး ခူးခဲ့ပါတယ်လို့ ပြန်နောက်လိုက်သေးတယ်....

ဒီလိုနဲ့  နာရီဝက်လောက်မှာ .... ကျွန်မတို့... တွေ့လိုက်ရတဲ့ ရှူခင်းကတော့

www.alwanpyay.com
ပန်းသီးပွင့်ဖြူဖြူ နဲ့ စတော်ဘယ်ရီခင်း စိမ်းစိမ်း...  Photo By TAL
ချင်းတောင်တန်းကြီး နောက်ခံထားလို့ ... ကျွန်မ အိပ်မက်ထဲ ရောက်နေသလားလို့ ထင်မိတယ်...။
www.alwanpyay.com
စတော်ဘယ်ရီ ဆွတ်သူများ  (photo by PPT )
စတော်ဘယ်ရီ ခူးနေတဲ့ အဘွားနဲ့ အိပ်နေတဲ့ ကလေးလေးကို ကျောပိုးထားတဲ့ အစ်မကြီး ကို စိုက်ခင်းထဲမှာ တွေ့တယ်။ ကလေးကျောပိုးရင်း အလုပ်လုပ် နေရတဲ့ အစ်မကြီးကို ကြည့်ရင်း ငါဆို အဲလို လုပ်နိုင်ပါ့မလားလို့ တွေးမိတယ်။  သူတို့တွေက ဗမာလို သိပ်နားမလည် ကြဘူး... ဓါတ်ပုံ အရိုက်ခံရမှာလည်း သိပ်ရှက်ကြလို့ ဒီပုံကို မနည်းရိုက်ယူလာခဲ့ရတယ်...  သူတို့မကြိုက်မှာ စိုးလို့ မျက်နှာကို ပေါ်အောင် မရိုက်လာခဲ့ဘူး ...

www.alwanpyay.com
ခူးပြီးသား စတော်ဘယ်ရီတွေ .... Photo by TAL

www.alwanpyay.com
စတော်ဘယ်ရီ..... ( Photo by PPT)
www.alwanpyay.com
စတော်ဘယ်ရီခင်းထဲမှာ ကိုယ်တိုင် ဆင်းခူးစားခဲ့သေးတယ်.... (Photo by PPT )

စတော်ဘယ်ရီခြံလို့ ဆိုပေမယ့်  ခြံလုပ်ငန်း အပြင် ဆက်စပ်လုပ်လို့ ရတဲ့ ပျားမွေးတာလေးပါ တစ်နိုင် လုပ်ထားတာကိုလည်း တွေ့ရတယ်... ဒါအပြင် ပန်းသီးပင်၊ ထောပတ်သီးပင် နဲ့ တခြား သီးပင်စားပင်လေးတွေကိုပါ တပါတည်း စိုက်ထားတာ တွေ့ရပါတယ်။ ဒီလို စိုက်ထားတော့ မီဖိုချောင်အတွက်အပြင် ရာသီပေါ် သီးနှံလေးတွေကို ကိုယ်ခြံထဲကပဲ ဆွတ်ယူလို့ ရတဲ့အခါ ငွေကုန်သက်သာသလို .. လတ်လတ်ဆတ်ဆတ် ဆေးဝါးအန္တရာယ် ကင်းကင်းနဲ့ စားရတော့ သိပ်ကောင်းတာပဲနော်လို့ ကျွန်မတို့တွေ ပြောမိကြတယ်။
ကျွန်မက သိပ်သဘောကျတာပဲဟယ် ဆိုတော့ ... ကျွန်မသူငယ်ချင်းတစ်ယောက်က သူတို့လို တကုတ်ကုတ် ကြိုးစားပြီး  ဒီမှာ နေနိုင်မလား...လို့ နောက်သလို မေးပါတယ်။ ကျွန်မ အင်းချဖို့ တွေဝေမိတယ်။ ဒါပေမယ့်.... နှစ်သက်မိတာတော့ အမှန်ပါ။

ပျားမွေးမြူရေးပုံး .... (Photo by PPT)


ထောပတ်သီးတွေ...



ပဲသီးပင်....

ချင်း ခရမ်းချဉ်သီး...
ခြံထဲ လမ်းလျှောက်လို့ ဝတော့ .. အိမ်ဆိုင်လေးပေါ်ကို ပြန်တက်လာခဲ့တယ်။ နားရင်း .... စကားတွေ ပြောရင်း.... ဒေသထွက် စတော်ဘယ်ရီ ဝိုင်ကို မြည်းစမ်း အရသာခံရင်း... Summer Wine ဆိုတဲ့ ငယ်ငယ်တုန်းကတည်းက နားယဉ်ခဲ့တဲ့ သီချင်း.. ဇော်ဝင်းထွဋ် နဲ့ ဟေမာနေဝင်း ကလည်း မြန်မာလိုပြန်ဆိုထားတဲ့ စတော်ဘယ်ရီ ချစ်သဲရှင် ဆိုတဲ့ သီချင်းလေးတွေကို အမှတ်ရမိပါသေးတယ်။

ဝရန်တာကနေ လှပတဲ့ ရှုခင်းတွေကို ခံစားရင်း .... သူငယ်ချင်းတွေနဲ့ ကျွန်မ ချင်းတောင်တန်းအနှံ ခြေဆန့်ဖို့ စိတ်ကူးယဉ်နေမိပါတယ်.... ။  ချင်းပြည် ခရီးစဉ်က ဘယ်လိုပဲ ခက်ခဲ ပင်ပန်းပေမယ့်လည်း .... ကျွန်မ ချင်းတောင်တန်းကြီးနဲ့ ချင်းပြည်ရဲ့ သဘာဝအလှတရားတွေကြောင့် ..... ချစ်ခင်မြတ်နိုးစွာ နောက်ထပ်လာဖို့.... အခုကတည်းက စဉ်းစား အိပ်မက်နေမိတယ်.... ဟေး.... ချင်းတောင်တန်းကြီးရေ.... တို့ ထပ်လာခဲ့ပါ့မယ်... ။ 

Sunday, May 31, 2009

Copenhagen Carnival

မနေ့က ကျောင်းပိတ်ရက် မို့ မနက်စောစော အုန်းနို့ခေါက်ဆွဲ ချက်စားမယ်လို့ စဉ်းစားနေတုန်း သူငယ်ချင်းက ဖုန်းဆက်လာတယ် သွားမယ်လေ.. Carnival .. လျှောက်ကြည့်ကြမယ် အခုထွက်ခဲ့ ဆိုတာနဲ့ ဘာမှ မချက်တော့ဘဲ ခေါက်ဆွဲပြုတ်စားပြီး .. သူငယ်ချင်းတွေနဲ့ အတူ့ မြို့လည်ကို Metro စီးပြီး ထွက်လာခဲ့ကြတယ်...။

မြို့လည်လည်း ရောက်ရော ..

သူတို့နဲ့ စတွေ့တယ်...




ချစ်စရာ အပြုံးလေးနဲ့..


မညောင်းနိုင်းဘူး အားနဲ့ မာန်နဲ့ ...












သူကတော့ တို့ ဘက်လှည့်ပြီး ပဲပေးပုံက ဒီလို...




အလှလေးတွေ..













သူတို့ကလည်း မြူးတယ်..



ဒါကတော့ ပန်းခြံထဲမှာ
ဒီလို...







ပြုံးပျော် ကခုန်နေကြတဲ့ သူတွေငေးရင်း လမ်းလျှောက်ရင်း မောပြီ...း)