My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Monday, September 22, 2014

နောက်ဆုံးနေ့





အရမ်းမှောင်လွန်းလို့
အလင်းကိုတောင်
မမျှော်ချင်တတ်ချင်တော့ပါဘူး။
တိတ်တဆိတ်
ပျောက်ဆုံးသွားချင်တယ်။

Saturday, September 20, 2014

သိရဲ့လား



သတိရနေလား..
ငြင်းဖို့ခက်ခဲ..
အတွေးထဲတော့
မင်းအမြဲ ရှိတယ်..



လွမ်းသလား...
ခေါင်းခါဖို့ မရဲ..
အလွမ်းမှုန်တွေကတော့
အလင်းမဲ့ညမှာ..
ခပ်လဲ့လဲ့ဖြာဆင်းဆဲ..

Sunday, March 9, 2014

"နွေအိပ်မက်"



အနီရောင် စိန်ပန်းကြွေတွေကြား
ပြေးလွှားတတ်တဲ့ နင်နဲ့ငါ။
ညနေတွေဆီမှာ …
“ဝေးသွားတဲ့ အခါ”ကို
လေပြေတို့နဲ့
နှစ်ယောက်အတူဆိုဘူးတယ်။
နွေအိပ်မက်များထဲမှာဆုံဖို့
ညတွေ ဘယ်လောက် အိပ်ရဦးမှာလဲ။

အိပ်မရတဲ့ ညတွေမှာ
ပန်းအိုးထဲက ကံ့ကော်တွေက
ငါ့ကို နှစ်သိမ့်ရှာတယ်။
ချစ်သစ္စာဆိုတာ
ဒီကမ္ဘာမှာ ရှားပါးပစ္စည်း
ကုသိုလ်ကြမ္မာ
မီမှမီပါ့မလားရယ်လို့
တွေးရင်း အားငယ်မိတယ်။
သန်းခေါင်ယံ လေညင်းက
ကံကောင်းခြင်းတွေကို
ပြန်ယူဆောင်လာလေမလား
မရဲတရဲနဲ့ မျှော်လင့်ရင်း
အိုကွယ်..
ရဖူးတဲ့ အကြင်နာဆိုတာ
ခါးသီးစရာမှမဟုတ်တာ။
အိပ်မရသူနဲ့
အိပ်မက်ထဲ ရောက်မလာသူရဲ့
နွေအိပ်မက်ဟာ
ဒီလိုနဲ့…
ဒီလိုနဲ့...
တဖြည်းဖြည်း
အဆုံးမရှိ…သလိုလို
အဆုံးသတ်ခဲ့တယ်။
(အလွမ်းပြေ)
၈.၃.၂၀၁၄
Thursday, December 12, 2013

လရောင်ဝေး


လရောင်
ငွေရောင်အလင်းတန်းတွေနဲ့ ညှို့
ကိုယ့်ကို ခေါ်ဆောင်သွားပါလား
သူထားရက်ခဲ့တဲ့ နေ့တွေမှာ
ကိုယ်မှ မပျော်ရွှင်နိုင်တာ။

ပြောစရာစကားကို
ရင်မှာ မမြိုသိပ်နိုင်လို့
ကြယ်တွေဆီ စကားဆို
ငိုနေမိတယ်၊

ကိုယ်တိုင်တောင်
မကြားနိုင်လောက်အောင်
ရင်ခုန်သံ တိုးတိုးသွား
အသက်ရှူများတောင်
ရပ်တန့်သွားတော့မယ်။

လှည့်ကြည့်ပါဦး
အချစ်ရယ်...။

မဆိုသာလို့..
ဒီည... ကိုယ်
လဝန်းဆီ ခရီးဆက်
ထွက်သွားတော့မယ်။

မင်းရှိတဲ့
ကမ္ဘာမြေပြင်မှာ..
ကိုယ့်အတွက်
နေစရာမလိုအောင်
အထီးကျန်လွန်း
ဒီအလွမ်းဒဏ်ကို
ကိုယ်ခံနိုင်ရည်
မရှိလို့ပါ
တို့ဝေးခဲ့ပါပေါ့
အချစ်ရယ်။

(အလွမ်းပြေ)
Tuesday, February 26, 2013

ဖွံ့ဖြိုးရေး သမားတစ်ယောက်ရဲ့ မျှော်လင့်ချက်


ဖွံ့ဖြိုးရေး ဆိုတာနဲ့ ငါ
စတော်ဘယ်ရီ ပင်အောက်မှာ ချိန်းဆိုခဲ့မိလေသလား..
ဝေဝေ ဝါးဝါး ပြန်တွေးကြည့်မိသေးတယ်။
ဘဝကို အရိုးရှင်းဆုံးနဲ့
အမှန်တကယ် ပြည့်ဝစွာနေထိုင်ဖို့
အတူ သင်ယူကြဦးစို့လို့..
ပြောရင်းနဲ့ ...
မြို့ပြ အိပ်မက်တွေကြားမှာ ..
ရင်ထဲက စိမ်းမြခြင်းတွေ
အလွှာလိုက် ကွာကွာကျ
ဖွံ့ဖြိုးရေး ညီမျှခြင်းကို ရှာရင်းနဲ့
ချိန်ခွင်လျှာတွေ လွဲလွဲနေဆဲ
ချိန်နေတဲ့  အလေးတွေကို ကြည့်မိတော့
အတ္တဆိုတဲ့ တံဆိပ်ကို တွေ့ရတာ
ငါ့မှာ အလန့်တကြား
ဇောချွေးများတောင် ပြန်လာတယ်။
ဘာပဲဖြစ်ဖြစ်
ဒီမြေ ဒီရေ ..
စိမ်းလန်းခြင်းတွေ ဝေဖို့
ငါ့ချွေးတစ်စက်က
ရေတစ်စက်
သစ်တစ်ခက်အဖြစ် ပြောင်းနိုင်ရင်
တစ်နေ့တော့
တို့ရဲ့ မြေကမ္ဘာမှာ
ဒေသခံတို့ရဲ့
ဘဝတွေ  
စတော်ဘယ်ရီသီးလေးလို
ချိုမြလာနိုင်ပါရဲ့..
မျှော်လင့်ချက်ကို ..
ငါ့နှလုံးသားနဲ့
အားယူလို့
ရှေ့ကို ဆက်ရဦးမယ်။



Monday, September 24, 2012

မင်းမသိတဲ့ ငါ


မခွဲနိုင်ဘူးလို့
အခါခါ ရေရွတ်ခဲ့တယ်
ဒါပေမယ့်
ရင်ထဲက အသံကို
မင်းကြားနိုင်မယ်
မထင်ပါဘူး
ငါဟာ.. နှုတ်ဆွံ့ခဲ့သူပါ။



မလှမ်းသာပါဘူး
ပုဝါတစ်ကမ်းမှာ
မင်း မချစ်လို့ပေါ့
အလွမ်းနဲ့ပဲ
ကျန်ခဲ့ပါရစေ..
မင်း.. ခြေသံကို
အမှောင်မှာ နားစွင့်ရင်း
ငါဟာ.. စောင့်စားခဲ့သူပါ။

နှလုံးသားချင်း
နားမလည် နိုင်ခဲ့ရင်
အချစ်ဆိုတာ
စစ်ပါတော့မလား
ငတ်မွတ်မှုဆိုတာ
အစာရေစာ တစ်မျိုးကိုပဲ
မတွေးမိပါနဲ့
နှလုံးသားဟာ  နားလည်မှု
အာဟာရပြတ်လို့နေလေရဲ့
ငါဟာ.. ချစ်ခြင်းကိုသာ ငတ်မွတ်ခဲ့သူပါ။

ဒီလိုနဲ့….
အနီး အဝေးဆိုတာ
ဘာနဲ့ တိုင်းတာမှာတဲ့လဲ
ကြာမြင့်ချိန်တွေကိုရော
ဘာနဲ့ တိုင်းတာမှာတဲ့လဲ
ငါ နှလုံးသား ဒီရေကိုရော
ဘာနဲ့ တိုင်းတာမလဲ
နယူတန်ဆိုတာကရော
ဘယ်သူလဲ…
ဒီလိုနဲ့…
တဖြေးဖြေးချင်း
ပါးလ်
ငါ့ရင်ဘတ်ထဲ
အောင့်အောင့်လာတယ်
စွန့်ခွာရတော့မယ့်
ငါ့ လိပ်ပြာအတွက်
ခိုနားခွင့် တစ်နေရာ
မင်း နှလုံးသားမှာ
ရှိရဲ့လား..
နောက်ဆုံးအနေနဲ့
ကြားချင်သေးတယ်..
နားချင်သေးတယ်..
မင်းမသိနိုင်တဲ့ 
ငါဟာ…
လေလွင့်ခဲ့သူပါ။ 

အလွမ်းပြေ
စက်တင်ဘာ ၂၄ ၊ ၂၀၁၂။ 
Sunday, July 29, 2012

နွယ်ပင်


အချစ်က ကြိုးတစ်ချောင်းတော့ မဟုတ်ဘူး
ဒါပေမယ့် တို့နှစ်ယောက်လုံး
ရေလောင်းပေါင်းသင်မိခဲ့တဲ့ နွယ်တစ်ပင်.. ။
အဲဒီ အပင်ရှင်သန်ဖို့
တို့နှစ်ယောက်ရဲ့ နှလုံးသားကို
မြေသြဇာလို ကျွေးရလိမ့်မယ် ....။
ကဲ မင်းမှာ သတ္တိရှိရဲ့လား
နှလုံးသားမပေးနိုင်တော့တဲ့နေ့..
.
ညှိုးလျှော့ခွေ... အရွက်ကြွေမြေခ...
သူ့အလိုလို သေသွားပါလိမ့်မယ်... ။
ဒါ သဘာဝတရား အတိုင်းပါပဲ..
ဒီထက်ပိုပြီး မျှော်လင့်ခွင့် ...
တို့များကမ္ဘာမှာ... မရှိပါဘူး...
( ပြောရရင် .... )
ဘုရားသခင်ရဲ့ အလိုတော် အတိုင်း
ကံတရားပေးသမျှပေါ့ ...အချစ်ရယ်.....။ ။
အလွမ်းပြေ
Monday, July 23, 2012

ပုံရိပ်ကဗျာ ( ၁)



တစ်ချို့သော ဓါတ်ပုံတွေဟာ .. ပုံလေး တစ်ပုံဆိုတာထက် ပိုပြီး အဓိပ္ပါယ် ရှိကြပါတယ်။ 
တစ်ချို့သော ဓါတ်ပုံတွေဆီမှာ ... ပျော်ရွှင်မှုကို ရှာတွေ့တယ်။
တစ်ချို့သော ဓါတ်ပုံတွေ ဆီမှာ... ချစ်ခြင်းမေတ္တာကို ရှာတွေ့တယ်။
တစ်ချို့သော ဓါတ်ပုံတွေ ဆီမှာ ... မျှော်လင့်ခြင်းကို ရှာတွေ့တယ်။
တချို့သော ဓါတ်ပုံတွေ ဆီမှာ ..... အတွေးတွေကို ရှာတွေ့တယ်။
တစ်ချို့သော ဓါတ်ပုံတွေ ဆီမှာ... ဘဝတွေကို ရှာတွေ့တယ်။
တစ်ချို့သော ဓါတ်ပုံတွေ ဆီမှာ...
တစ်ချို့သော ဓါတ်ပုံတွေဆီမှာ...
ကျွန်မ ရှာတွေခဲ့တဲ့ အရာတွေကို....ကဗျာလို ခံစားရင်း... ပုံရိပ်ကဗျာ  လို့ နာမည် တပ်ဖြစ်ခဲ့တယ်။ 


အဝေး ...


www.alwanpyay.com
photo by TAL
location : Northern Chin State ( Hakhar ) 


နေခြည် အသွေး
ခပ်ရေးရေး အရိပ်
လေယူ ဆောင်ရာ.. 
အဝေးဆီကို ..
စိတ်နဲ့ ပျံသန်းဖူးရဲ့
ယိမ်းနွဲ့ လို့ရီဝေ ..။

အလွမ်းပြေ


မိုးနေ့ ...





အေးစက်တဲ့ နေ့
မိုးနဲ့လေ တိုးဝှေ့လို့
ခပ်ယဲ့ယဲ့ နှလုံးသားမှာ
နာကျင်နေရှာတယ်။
ဒါပေမယ့်..
ပျော်ရွှင်ခြင်းဆိုတာ
နေရောင်ခြည်နဲ့အတူ
ရောက်လာလေမလား
ခပ်ပါးပါး မျှော်လင့်လို့
အားတင်းထားရဲ့။

အလွမ်းပြေ



လွင့်





တိမ်လို လေလို
ပါးပါးလေး.... လွင့်
ကြိုးပေမယ့် 
မနှောင်မိခဲ့ဘူး ....လွင့်
ဆုံမှတ်ဆိုတာ ..
မရှိပါဘူး.....
ကိုယ့် ဖြစ်တည်မှုအတိုင်း.... လွင့်..

အလွမ်းပြေ
















Tuesday, January 10, 2012

၁၀၇.၆ ဒီဂရီ ဖာရင်ဟိုက်



အကြင်သူ
နှလုံးသား နာဖျားနေရှာတယ်။ 

ဦးနှောက် အတွေး
မျက်စိ အမြင်
နှလုံးသား အချစ်
လျှာဖျား စကား
နှုတ်ခမ်း အပြုံး
ယုံတမ်း ပုံပြင်

လှည်စားခြင်း မာယာနဲ့
အထီးကျန် တိမ်တိုက်
ယိမ်းနွဲ့ပါး ဓါးသွားနဲ့
နွယ်တစ်ပင်
ပြတ်ရွေ့ခြင်းနဲ့
မီးတောင် ချှော်ရည်ပူ


ဒီကမ္ဘာမှာ
မျှော်လင့်ခြင်းဆိုတာ
ကြည်လင်ခြင်း ကောင်းကင်ပြာပြာ
ပျော်ရွှင်ခြင်း နေခြည်နွေးနွေး
ချိုမြိန်ခြင်း ပန်းသီးလေး
ဖြူစင်ခြင်း စံပယ်ပွင့်ဝေ


တကယ်တော့
အစစ်အမှန်ဆိုတာ အတုအယောင်ပဲလို့
သူသိသွားတဲ့တစ်နေ့ကစ
ကုရာနတ္ထိ ဆေးမရှိ
သေဆုံးမယ့် ရက်ကို စောင့်ရင်း..
တမြေ့မြေ့လွမ်းရင်း...ကြွမ်းရင်း..
နားမလည်မှုများကို စာဖွဲ့..


အကြင်သူ၏
နှလုံးသား နာဖျားနေတယ်။ 

အလွမ်းပြေ



Saturday, January 7, 2012

လမ်းပြကြယ်



ဒီည ..

ကောင်းကင်ကို မော့ကြည့်မိတယ်။
သူရဲကောင်းတွေ ကြွေရင်
ကြယ်ဖြစ်သတဲ့ …။
သူဟာ ..
တို့တွေ  အတွက်တော့
သူရဲကောင်းများထဲက
သူရဲကောင်းတစ်ယောက်..
ဒဏ္ဍာရီ မဆန်ပါဘူး
ဒါပေမယ့်...
လက်တွေ့ကျကျ
ကမ္ဘာမြေပေါ်မှာ
သူ့မြေ၊ သူ့ရေ
သူ့လူမျိုး၊ သူ့တိုင်းပြည် အတွက်
အမှောင်ခွင်း
အနာဂတ်အလင်းကို ..
ဆောင်ကျဉ်းဖို့
မြဲမြံတဲ့ ယုံကြည်ချက်နဲ့
ရှေ့ကနေ မားမားရပ်ရင်း
နေလို၊ လလို
အလင်းပြခဲ့သူ။ 

ကလောင်နဲ့
တရားမျှတခြင်းကို ထုဆစ်သူ။
နှလုံးသား အစစ်နဲ့
တိုင်းပြည် ကို ချစ်သူ..။
အလုပ်နဲ့ သက်သေပြ
ပြည်သူကို လေးစား
တရားကို ခင်မင်
မူများကို ထုဆစ်

တိုင်းပြည် အနာဂတ်သစ်ကို လမ်းပြရင်း

ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းသူ။
ပညာမီးတိုင် အလင်းညှိသူ။
မတူညီသော အင်အားများရဲ့
ဆုံမှတ်။
သူ …
ကမ္ဘာမြေကနေ
သံသရာဆီ
ခရီးထွက်လေပြီ။
တို့များရဲ့
ကောင်းကင်မှာ
သူဟာ
အမှောင်ညများရဲ့
လမ်းပြကြယ်..
မြေပြင်နဲ့ကောင်းကင်
ငါတို့ ရင်ထဲမှာ..
နောင်နှစ်ပေါင်းများစွာအထိ..
ထွန်းလင်းတောက်ပ နေဦးမယ်။ 


( ဆရာနေ.. ရက်လည်နေ့ အမှတ်တရ.. ကန်တော့ရင်း .. )


သတိရခြင်း များစွာဖြင့်
ဆရာ့တပည့်
အလွမ်းပြေ ( ဖြူဖြူသီ)

Sunday, December 11, 2011

နတ္ထိအခန်း



လမိုက်ည ကမ္ဘာမှာ 
လူသားတစ်ယောက် ဖြစ်တည်ခြင်းက 
အကြင်နာနဲ့ ထွန်းညိထားတဲ့   
မေတ္တာ မီးအိမ်မှန်ငယ်ကလေး ကွဲရှခဲ့ရင် 
နာကျင်စရာ ပြည့်နှက်လွန်းလှပေါ့။ 

အနိုင်မယူသူ အရှုံး။ 
ဥာဏ်သာသူ သရဖူဆောင်းရာတည့်  
 သံလျက်တော် ထက် အာဏာစက်မှာ
အမိန့်တော် အောက်က
နှလုံးသားငယ် ကြေမွစေသား။ 

ရှင်သန်မှုဟာ အကာအကွယ်မဲ့ 
မိုးလေထန်ထန်ကြားက လှေငယ်။ 
ငါ့နှလုံးသားက လမင်း မဟုတ်သော်ငြား
ကြယ်တစ်ပွင့်တော့ ပွင့်ခဲ့ပါရစေ။ 

တန်ဖိုးမဲ့ ချင်မဲ့။ တန်ဖိုးရှိချင်ရှိ။
မေတ္တာကိုသာ အမိုးအကာလုပ်ကာ
အချစ်တွေ သက်ဆက် ထွန်းလင်းထား။ 

ဆူးမရှိတဲ့ စံပယ်ဖြူပါ။
ကြွေလွင့်ခြင်းဟာ အဆုံးတစ်နေ့ဆိုရင်တောင်
မေတ္တာကို ဒိုင်းလိုကာရင်း 
မိုးဒဏ်လေထန်ကြား စွမ်းသမျှ မွေးမြခဲ့ပါတယ်။

နှလုံးသားအလှတရားကို
မြင်နိုင်တဲ့ အစွမ်းသတ္တိ ဟာ 
သူ့အတွက် ရှင်သန်ခြင်း ခွန်အား။ 

လမိုက်ညနဲ့ မိုးလေထန်တဲ့ နေ့တွေကို
ကျော်ဖြတ်ရင်း 
ယုံကြည်ချက်ရဲ့ ခရီးသည်
မေတ္တာအိမ်ငယ်မှာ
နွေးထွေးခြင်းနဲ့ လုံခြုံခြင်း
ထိုက်တန်သူ နေရာတစ်ခုတော့
ပြင်ဆင်ထားကောင်းပါရဲ့။

လဲပြိုမကျအောင် 
သူအားတင်းရရှာတယ်။ 
သစ္စာတော်ဦး စူးစေသား။ 

ရှင်သန်နေဆဲ လူသားတစ်ယောက်အတွက်
မေတ္တာမဲ့ အကြင်နာမဲ့.. 
နတ္ထိငါ့ရဲ့ အခန်းငယ်ထဲ
အခုတော့. ....
.နှလုံးသွေး စက်လက်   
နာကျင်လွန်းလှပေါ့..
စိမ်းရက်လေအား။



အလွမ်းပြေ
Saturday, November 19, 2011

ကြိုးပြတ်ည





နှုတ်ဆက်ကြပါစို့
နေဝင်ချိန်ရောက်တာ
မျှော်လင့်ထားတာထက်
စောလွန်းလှတယ်။

ထင်ထားတာထက်
ပိုခိုင်တဲ့ ကြိုးအတွက်
အလိုတော်အတိုင်း
ငြင်းဆန်ချင်ပေမယ့်
လက်ခံလိုက်ရတယ်။

အချိန်တန်ပြီဆို..
အဆင်သင့်ဖြစ်ဖို့တော့
မမျှော်လင့်လိုက်ပါနဲ့
ကိုယ်က ..
ခွဲခွာခြင်းတွေနဲ့
ဘယ်တုန်းကမှ
အသားမကျခဲ့သူပါ။

လှည့်မကြည့်ဖို့
ကိုယ့်ကိုကိုယ် သတိပေးရင်း
ခြေလှမ်းကိုစတော့
ကမ္ဘာမြေဆွဲအား
ဘယ်လောက်ထိများလဲဆိုတာ
အကျွင်းမဲ့ ယုံကြည်မိလာတယ်။

ကိုယ့်ကောင်းကင်က
ကြယ်လေးကြွေတာကိုမှ
ကိုယ်မှာ ဖမ်းဆုပ်ခွင့်မရ
ဝမ်းနည်းမှုဆိုတာသာ
ဘဝသက်သက်မို့ 
သူလင်းဖြာခဲ့သမျှကို
ရင်မှာ ထာဝရ
သိမ်းထားရင်း..

ကိုယ့်နှလုံးသားရဲ့
ဆန့်ကျင်ဘက်ကိုလှမ်းရတာ
ဘယ်လောက် နာကျင်လိုက်ပါသလဲ
ကံတရားက ဒီလိုပဲ 
ကိုယ့်အတွက် 
ပြဌာန်းထားခဲ့သတဲ့လား။


နှုတ်ဆက်ကြပါစို့
နေဝင်ချိန်ရောက်တာ
မျှော်လင့်ထားတာထက်
စောလွန်းလှတယ်။


အလွမ်းပြေ

Sunday, November 13, 2011

သိရဲ့လား



သတိရနေလား..
ငြင်းဖို့ခက်ခဲ..
အတွေးထဲတော့
မင်းအမြဲ ရှိတယ်..

လွမ်းသလား...
ခေါင်းခါဖို့ မရဲ..
အလွမ်းမှုန်တွေကတော့
အလင်းမဲ့ညမှာ..
ခပ်လဲ့လဲ့ဖြာဆင်းဆဲ..

မေးခွန်းတွေမရှိတဲ့
တိတ်ဆိတ်ခြင်းမှာတောင်
ခပ်တိုးတိုး ညည်းမိတာ
အလွမ်းသီချင်း..
မင်းကို တမ်းတတဲ့ကဗျာ ..



သိရဲ့လား...
မင်းမရှိတဲ့ ..တို့ဘဝ
ခြောက်သွေ့လွန်းလှတယ်။ ။

အလွမ်းပြေ

Saturday, November 5, 2011

ကဗျာ မှတ်စု


ပျော်ရွှင်ခြင်းနိုင်ငံ

 တို့တွေ လက်ထဲက
 ပျော်ရွှင်ခြင်းကို
 မင်းကပေးသလား
 ငါကပေးသလား...
 ညနေခင်း တစ်ခုမှာ
 တို့ ငြင်းခုန်ကြဦးမလား
 တကယ်တော့
 တစ်ယောက်ကို တစ်ယောက်က
 ဖန်ဆင်းဖို့ ပါပဲ...
အချစ်တွေ ...
 ခိုင်မြဲပါစေ...။  

   
ချစ်ခဲ့တယ်

မိုးရွာပြီးစ
ညနေတွေကို
ချစ်ခဲ့တယ်...။
အေးမြမှုအပြင်..
သတိရခြင်းကိုပါ
သယ်ဆောင်လာခဲ့ပေမယ့်
ရင်ထဲက အလွမ်းတွေကိုတော့
ပြန်မသယ်သွားခဲ့ပါဘူး...။
တကယ်တော့..
အဲဒီ အလွမ်းတွေကို 
ခါးသက်သက်ကော်ဖီထက်
ပိုစွဲလမ်းနေဆဲ..။
ငါလေ...
မိုးရွာပြီးစ ညနေတွေကို
        ချစ်ခဲ့တယ်...။            



နင့်ရဲ့ငါ

အနိုင် အရှုံးတွေလဲ
 မရှိပါဘူး..
 အမြဲ နင့် အပြုံးတွေကိုပဲ
 ငါ ချစ်ခဲ့တယ်..။
 နင်ရယ်တဲ့ နေ့တွေတိုင်း..
 ငါ့ ရင်မှာ ရောင်စင်တွေဖြာ..
 နင် မှိုင်တဲ့ နေ့တွေမှာ
 မြူတွေဆိုင်း...
တကယ်ဆို..
နင်က.. အရာရာတိုင်းကို
ဘယ်အချိန်ကစပြီး.. 
ဝင်သိမ်းပိုက်သွားပါလိမ့်.
ကိုယ်တိုင်တောင်
 မသိခဲ့သူရယ်ပါ။
 ယုံပါ..ချစ်သူ..
 အရှုံး အမြတ်တွေနဲ့
 အဆုံးသတ်တွေကို
မေ့ထားရင်း..
ငါ.... လေ...
နင့် အပြုံးတွေကိုပဲ
ဆက် ချစ်သွားမယ်..။


သမင်လည်ပြန်

အချစ်ဆိုတာ
နှုတ်ဖျားက စာလုံးပေါင်းမှ
 သိမှာတဲ့လား..
တကယ်ဆို..
နင် မျက်ဝန်းနဲ့
အချစ်ကို စာလုံးပေါင်းခဲ့တာ
ငါ.. နှလုံးသားနဲ့
ကြားခဲ့ဖူးတယ်။
အတူကောက်ဖူးတဲ့
ပန်းပွင့်လေးတွေ
မွှေးနေဆဲလား..
နင်မိုးပေးတဲ့
ထီးကလေးအောက်
တစ်ခေါက်ပြန်ရောက်ချင်လို့..
အချိန်ရထားနောက်
နင့်အချစ်တွေ
လိုက်မသွားဖို့ ဆုတောင်းရင်း
အရောက် ပြန်လာခဲ့ပါ့မယ်။


အချစ်ဦး


ဖူးသစ် ပွင့်ဦး

အချစ်ဦးမို့..

မဆုံဖြစ်လည်း

ငုံအဖူးမကြွေ

ရင်မှာ စွဲလျှက်

သစ္စာနွယ်ဆက်

နင့်ကိုငါ ချစ်တယ်

သက်ဆုံးထိလေ..။ ။ 
 ည

  လန့်နိုးတဲ့ည
အမှောင်ထဲမှာ
လွင့်သွားတဲ့
အရိပ်တွေ ..

ရယ်သံ ခပ်ပါးပါး
တိမ်တွေကြား
အပြေးအလွှား..
ခပ်သုတ်သုတ်
ထွက်သွားခဲ့..

ကြွေကျသွားတဲ့
မိုးစက်တွေက..
ရင်ထဲမှာ ရွာ..

ဒါက..
နွေကို အေးစေတဲ့
နည်းတဲ့လား..

ဘာဖြစ်ဖြစ်..
ခဏကြာရင်
ထပ်လွင့်သွားဦးမှာပဲ..

တစ်ချိန်မှာတော့…
တစ်ဆောင်းသစ်ချိန်ရှိဦးမယ်..။ ။




အသံမဲ့...



အဲဒီနေ့က
ဝရန်တာလေးဆီ
မော့ကြည့်ခဲ့တဲ့
အကြည့်တစ်ချက်
ဒါဟာ..နောက်ဆုံးပေမယ့်
ငါရှိနေခဲ့တာ.. မင်း သိတယ်။

ခွဲမသွားပါနဲ့
အကြိမ်ကြိမ်
မင်းပြောခဲ့ပေမယ့်
ခွဲခွာခြင်းခြေလှမ်းကို
မင်းကိုယ်တိုင် စလှမ်း…
ငါလွမ်းနေတာ… မင်း သိတယ်။

အတူမက်ဖူးတဲ့
အိပ့်မက်တွေ..
အတူဆိုဖူးတဲ့
သီချင်းတွေ…
အတူရှိဖူးတဲ့
အချိန်တွေ…
မင်း မမေ့ပေမယ့်..
အရွေ့များနဲ့
ထပ်တူ မင်းအတွက် အသစ်ဖြစ်..
ငါ့ ရင်မှာဘာဖြစ်လဲ… မင်း သိတယ်။

မင်း အတွက်..
အရာရာမှာ..
အပြစ်မယူ..
မငြူစူခဲ့ဘူးတာ…
ငါ့ပျော်ရွှင်မှုဟာ ဘာလဲ… မင်း သိတယ်။

အချိန်တွေကြာရင်..
အခါခါတိုက်စား…
တကယ်ပဲ..
ခပ်ပါးပါးဖြစ်နိုင်ပါ့မလား…
………………………
ငါ…………. မင်း…….. သိတယ်။



ခက်..လိုက်..တာ




ချစ်သူ..
ငါဟာ မင်းကိုမချည်နှောင်ခဲ့ဘူးပါ
မင်းလည်း ငါ့ကို မချည်ခဲ့ဘူးပါ..
ဒါပေမယ့် ..
မချည်နှောင်ခြင်း ကြိုးစတွေ ..
တို့ နှစ်ဦးကြားမှာ လွင့်မြောနေပါပေါ့..
အို.. ရုန်းရခက်လိုက်တာ..။

ချစ်သူ..
မင်းလဲ ပျံသန်းမယ်
ငါလဲ ပျံသန်းမယ်နှုတ်ဆက်..
ထွက်ခဲ့ ပြီးကာမှ..
အရောင်တူ တိမ်တွေဆီ
လွင့်မျောမိသူချင်းမို့..
တိမ်တိုက်ရဲ့အဆုံးမှာ..
မင်း ဘွားကနဲ ပေါ်လာတယ်..
အို..မေ့ရခက်လိုက်တာ။

ချစ်သူ..
မင်းရင်ထဲက အကြောင်းရာတွေ..
ငါ့ ရင်ထဲက ပြောတာတွေ..
အသံမဲ့ .. ဒြပ်မဲ့…ဒါပေမယ့်
ရင်ဘတ်ချင်း ထပ်တူကျ
မင်းရော.. ငါပါ.. သိနေပြန်တယ်..
အို.. နားမလည်ချင် ဟန်ဆောင်ဖို့ ခက်လိုက်တာ။

ချစ်သူ..
အပေး အယူဆိုတာ
တူပေမယ့်…
မျှဖို့ ခက်သလား…
ချစ်ခြင်းမှာ..
ဟန်ဆောင်ခြင်း..
ကင်းဖို့ခက်သလား..
ကိုယ့်တံတိုင်း ကိုယ်ခြားဖို့..
မင်းရော တို့ပါ ကြိုးစားမိသလား..
ချစ်နေရက်သား..
ချစ်နေရဲ့လား… ဖြေပါဆို
အိုး…
မင်းရော ..ငါပါ..
ဖြေဖို့.. ခက်လိုက်တာ..။
   စိတ္တဇ

မနက်မိုးသောက်ပြီလား
အလင်းစက်တွေရယ်
ငါ့ကို မနှိုးစမ်းပါနဲ့..
ငါ့ရင်ဘတ်တွေ
သိပ်အောင့်တယ်..။
ပူလွန်းတဲ့ညတွေရဲ့
အိပ်ပျော်စေမယ့်
ယမကာတွေကြောင့်လား
ငါ့ကိုယ်ထဲက
အက်ကွဲသံတချို့
ငါကြားတယ်…။
နေ့လည်ဆို
အလုပ်တွေကို
ငါက ရှုပ်တယ်..
ငါနေသာအောင်
ကျေးဇူးပြုပြီး..
ငါ့ကို ရှုပ်ကြပါ..။
ဘာဖြစ်ဖြစ်..
ကြာရင်..
ဒီလိုနဲ့.. ငါ
နေသားကျလာမယ်..
ဒီတစ်ချက်တော့
အသေချာဆုံးတွေထက်
သေချာနေလိမ့်မယ်…။ 


 လူ (သို့) လူး

လွမ်းမောတယ် ..
တသတယ်..
ချစ်ကြတယ်. 
မုန်းကြတယ်..
ခွင့်လွှတ်တယ်
ကျောခိုင်းတယ်..
ဒါ လူ့ ဘဝမို့..
အရူးအမူး
ဗျာတွေ များလို့
ပူလောင်လွန်းမယ်...
မြစ်တစ်ခုလို
အချိန်တွေ စီးရင်း
အနာဂတ်မှာ ...
အဖြေဆိုတာ ဖြစ်မယ်...
ဘဝရထားတွေ..
သံသရာစက်ဝန်းတွေကြား..
လူကနေ လူး မဖြစ်စေဖို့..
မေတ္တာတရားသာ 
ငြိမ်းချမ်းခြင်းကို သူ ပေးစွမ်းခဲ့တယ်။       ။



ပေးဆပ်သူ

အားအင်တွေ ပေးတဲ့
နေခြည်နွေးနွေးရဲ့
ပွေ့ဖက်ခြင်းခံရတဲ့နေ့တွေအစား
ပူလောင်ခြင်းက
ခုဆို.. ခက်ထန်စွာ..။

အသက်ဆက်ခွင့်ပေးတဲ့
ရှင်းသန့်တဲ့ လေဟာ..
ညစ်နွမ်းစွာနဲ့
တိုးဝှေ့နေဆဲ..။

ဘဝတွေ
ပြည့်စုံဖို့..
သူ့ဘဝကို
အစွမ်းကုန် စတေးခဲ့သူ..

နှစ်ပေါင်းများစွာ
တစ်ဖက်သတ်
ချစ်ခဲ့ရသမျှ
ခုဆို ..
သူပင်ပန်းနေရှာပြီ။

သူ့ပေးဆပ်မှုတွေကို
ပြန်ကြင်နာဖို့..
ပြန်လည် ပေးဆပ်ဖို့
မေ့နေခဲ့ကြတာ..
သူတစ်ခွန်းမှ အပြစ်မတင်ခဲ့
ဒါပေမယ့်..
သူ့မှာ အင်အားမဲ့နေရှာပြီ။

အို ..
ချစ်သော မြေကမ္ဘာ..
ကြွေမှာစိုးတယ်..

သူ့ခမျာ..
နာမကျန်းဖြစ်နေရှာပြီ..

ကျေးဇူးမေ့နေတဲ့
တို့တွေ..
သူ့အတွက်..
ပြန်ပေးဆပ်ကြရအောင်..

သူ့တစ်ဖက်သတ်အချစ်ကို
တုန့်ပြန်..
ပြန်လည် ပေးဆပ်ဖို့
ကြိုးစားရင်း..
ချစ်မြတ်နိုးစွာ..
အတူယှဉ်သန်ကြစို့လား..။



အဆုံးမဲ့

ပိန်းပိတ်အောင်
မှောင်လွန်းတဲ့ ညတွေ..
အမေ့ရဲ့ အသံက
သမီးအတွက်
အလင်းတစ်စက်ပါ..

သမီးလေး..
ဝမ်းမနည်းနဲ့
အမေရှိတယ်..တဲ့..။

ငိုစရာ
ရင်ခွင်ဝေးတဲ့နေ့တွေ..
ခုတော့...
သမီး ခံနိုင်ရည်ရှိအောင်
ကြိုးစားပါတယ် ..အမေ..။

သမီး မျက်ရည်တွေဟာ
အမေ့ရင်ကို
တိုက်စားတဲ့
့မြစ်တစ်စင်း ဖြစ်နေမှန်း..
ခုတော့..
သမီးနားလည်နေပြီ..။

အမေ့ဝမ်းထဲမှာတောင်
လောကကြီးကို
ကန်လန့်တိုက်ချင်နေတဲ့ သူ
အမေ့ ချစ်ချင်းတွေက
နူးညံ့စေခဲ့တာ..
ကျေးဇူးပါအမေ..။

အမေသင်ကြားပေးတဲ့
နူးညံ့တဲ့
ချစ်ချင်းတရားရဲ့
မြတ်နိုးဖွယ်ရာတွေအကြောင်း..
သမီး... နှလုံးသားက နားလည်ခဲပါပြီ။

အမေပေးတဲ့
အဆုံးစမဲ့ ပျံသန်းခွင်နဲ့
အမြဲရှိနေတဲ့
ခိုနားရာ ရငိခွင်တစ်စုံအတွက်..
သမီး နှလုံးသားက
ဦးညွှတ်ပါရစေ...။ 




 နေ့အိပ်မက်

နွေနေ့လည်ခင်းတစ်ခုကို
ပေါ့ဆိမ့်နဲ့မြည်းရင်း
ငေးရတဲ့ အရသာက
ခြောက်တီးခြောက်နဲ့။
အလျားလိုက်ရော
ဒေါင်လိုက်ပါ မျောနေတဲ့
လူတွေနောက်
လမ်းဘေးမီးရောင်တွေ တောက်ရင်
တို့ပါ မျောလိုက်ကြရမယ်
ဘယ်လမ်းရွေးမှာလဲ။

ခင်ဗျားက
လူကြီးဟန်ဆောင်ထားတဲ့
ကလေးတစ်ယောက်
ဘယ်တော့မှ
ဖြတ်မျဉ်းတွေကို
မမြင်တတ်ဘူး
ခင်ဗျားမျက်နှာပေါ်က
မျှော်လင့်ချက်တွေ
ခလုတ်တိုက်လဲလို့
ပျောက်ရှကုန်ပါ့မယ်။

ကျုပ်မွေးရပ်မြေက
စမ်းချောင်းလေးဟာ
ခင်ဗျားရဲ့ မျက်လုံးနဲ့
အလိုက်ဖက်ဆုံးပဲ
ငယ်ငယ်က အနားမှာ
အမြဲငေးမိသလောက်
ခုဆို..
ခွဲခွာခဲ့ရတာ ကြာပြီ
ကျူပ်တို့
(တွေးတွေး ဆဆနဲ့)
ကတ္တရာလမ်းတွေရဲ့
စေးကပ်ခြင်းတွေကနေ
ခွာလို့ရပါတော့မလား
ခုဆို ဖိနပ်တွေပါးတော့မယ်။

ခင်မင်စွာဖြင့်...
အလွမ်းပြေ

 Blog ကို မြန်မာပြည်ကနေ ဝင်ကြည့်ဖို့ မလွယ်တဲ့ အချိန်က Facebook မှာ အလွမ်းပြေဆိုတဲ့နာမည်နဲ့ရေးထားတဲ့ ပို့စ်လေးတွေကို Facebook အကောင့်ကိုလည်း ဖျက်လိုက်ဖို့ ဆုံးဖြတ်လိုက်တာကြောင့်ပြန်စုထားတာပါ။

Blingify.com - Wood Backgrounds
Friday, November 4, 2011

အိပ်မက်အလွန်


လာလေသွားစို့ 
တို့နှစ်ယောက်အတူ
ဟိုးအဝေးက လမ်းတွေဆီ... 

ရင်ခုန်ဖွယ် ကမ်းလင့်တဲ့ လက်
ရစ်မူးဖွယ် ပြုံးတဲ့ နှုတ်ခမ်း
ယုံကြည်ချက်တွေ ခပ်နက်နက်နဲ့
အမြင့်ပျံငှက်တစ်ကောင်ရဲ့ နားခိုရာ
ဒါမှမဟုတ်
အတူ ပျံသန်းမယ့် တောင်ပံတစ်စုံလား...

မျှော်လင့်ခြင်းတွေနဲ့ ရပ်ကြည့်နေရင်း
မာယာအဖြစ် အသွင်ပြောင်းသွားခဲ့
ဒါဟာ တစ်ချိန်မှာ ဝေဝါးသွားမယ့်အိပ်မက်တဲ့...

အလင်းတွေ အရောင်ရင့်တဲ့အချိန်
နေ့သစ်ဆီကို ရောက်ဖို့.
လန့်နိုးခဲ့ရပြန်ပေါ့...
  

မနက်ခင်းတွေက ..
အလွမ်းတွေနဲ့
လေးလံလွန်းတယ်...။ ။

အလွမ်းပြေ