Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Friday, July 6, 2012
ဖျားနာနေတဲ့ စိတ်
12:59 AM | Posted by
Phyu |
Edit Post
ဖျားနေပြီလေ။ ဒါကြောင့် အငြိမ်မနေတဲ့
ကျွန်မ အိပ်ယာထဲ မဖြစ်မနေနားရတော့တယ်။ ကျွန်မ အိပ်ယာဘေးက ပြူတင်းဘောင်တွေကို ပန်းချီကား
တစ်ချပ်ရဲ့ အနားသတ်တွေကို သဘောထားပြီး ကျွန်မ ခံစားနေမိတယ်။ ဒါပေမယ့် ဒါဟာ ပန်းချီတစ်ချပ်မဟုတ်သလို ရုပ်ရှင်တစ်ကားလောက်လည်း
အကြောင်းအရာက မစုံလင်ပြန်ဘူး။ ဒါကြောင့် ခေါင်းစဉ် တပ်ဖို့ မကြိုးစားချင်တော့ဘူး။ တစ်ခါ
တစ်ခါ ခေါင်းစဉ်မရှိတဲ့၊ ခေါင်းစဉ်တပ်မထားတဲ့ အရာတွေရဲ့ လေးနက်မှုက အရာရာထက် သာလွန်နေတတ်တယ်
မဟုတ်လား။
တစ်ငွေ့ငွေ့ တက်လာတဲ့ မျက်လုံးထဲက အပူငွေ့တွေက
ကျွန်မ ဖျားနေပြီ ဆိုတာကို ပြဆိုနေကြတယ်။ ဖျားတယ်လို့ ခေါင်းစဉ်တပ်လိုက်ရင် ကျွန်မ
ငယ်ငယ်က ဖျားတဲ့အချိန်မှာ ခံစားရရှိဖူးတဲ့ အဖေရဲ့ ကျွန်မ နဖူးကို ခဏခဏ စမ်းပြီး သက်သာလား
သမီးကြီးလို့ မေးတတ်တာတွေ၊ အမေရဲ့ ကြက်စွပ်ပြုတ်နွေးနွေးလေးနဲ့ အဖျားပျောက် ငန်းဆေးရယ်အပြင်
ကျွန်မလုပ်ခဲ့သမျှ ဖျားစေမယ့် အရာရာတွေကို ပြန်ပြောင်းပြောရင်း နားထူတဲ့ ကျွန်မရဲ့
ဝိသေသများစွာကို ရွတ်နေတတ်တဲ့ အမေရဲ့ ဂရုဏာနဲ့ ဆူနဲ့ အသံရယ်။ ကျောင်းမသွားရဖို့ သူပါ
ဖျားချင်လို့ အနာျးလိုက်လိုက်ကပ်ပြီး အပူကူးပေးဖို့ တောင်းတတ်တဲ့ မောင်လေးရယ်ကို သတိရစိတ်နဲ့
ပိုဝမ်းနည်းတတ်လို့ ဘယ်တော့မှ အဖျားကို နာမည်မတတ်ချင်ခဲ့ဘူး။ အရွယ်ရောက်လာလေ ကိုယ့်အပူ
သူများကို မကူးစေချင်လေပါပဲ။ ဒါပေမယ့်လေ… ဖျားတိုင်း လူရော စိတ်ပါ ဖျားလာတတ်တယ်။ ကျွန်မကပဲ
ကိုယ်ခံအား သိပ်နည်းနေ တတ်တာလား။
ကြည့်နေရင်းပဲ ငွေဗျိုင်း ဖြူဖြူလေး
တစ်ကောင် ဖြေးဖြေးချင်း ပျံသွားတယ်။ သူ့ ဗျိုင်းအုပ်နဲ့ ကွဲလာတာပဲလား။ တကယ်ဆို ဗျိုင်းဆိုတာက
အုပ်စုဖွဲ့ ပျံသန်းနေကြပဲလေ။ အားတင်းပျံရင်း အသိုက်မှာ ပြန်တွေ့ကြမှာလား။ သင်းကွဲ တစ်ကောင်ရဲ့
အားငယ်မှုကြောင့်ပဲ သူ့တောင်ပံတွေ လေးလံနေတာလား။ ဘာဖြစ်ဖြစ် သူ အားမလျှော့ဘဲ ဆက်ပျံသန်းသွားတယ်။
သူ့ခရီးကို သူဆက်သွားရမှာပေါ့လေ… သူမှာ ပန်းတိုင်ဆိုတာ ရှိပါစေလို့ ဆုတောင်းပေးမိတယ်။
မဟုတ်ရင် အတောင်ညောင်းရှာရော့မယ်။ နွေးထွေးတဲ့ အသိုက်မြုံကို ရှာဖွေတွေ့မှာပါ။
လေက တဖြည်းဖြည်းကြမ်းလာတော့ မာလကာပင်နဲ့
သူကို နွယ်တက်နေတဲ့ ကင်းမုံနွယ်တွေက ယိမ်းခါနေတယ်။ ကင်းမုံနွယ်တွေကြောင့် မာလကာပင်ခမျာ
လွတ်လွတ်လပ်လပ် လှုပ်ရှားမနေရရှာဘူးပေါ့။ ဒါပေမယ့် သူတို့ နှစ်ပင်ရဲ့ တွယ်ငြိမှုက မိုးဒဏ်လေဒဏ်ကို
ပိုခံနိုင်ရည် ရှိစေနေတာလား။
လွတ်လပ်မှုကို ခုံမင်တဲ့ စိတ်ရယ်။ တင်းကြပ်မှုတွေ
လောင်းရိပ်တွေကို မလိုလားတဲ့ စိတ်ရယ်ကြောင့် ဘဝမှာ နွယ်တွေလို တွယ်ငြိမိလာပြီလို့ ခံစားမိတိုင်း
တစ်စ တစ်စ ကိုယ်တိုင် ဖြတ်ပြီးရင်း ဖြတ်မိခဲ့တဲ့ နွယ်တွေ… ။
တကယ်တော့ လောကမှာ ဘဘာဝ
ဆန်မှုသာ အဓိကလို့ တွေးမိရင်း.. သဘာဝအတိုင်း သဘာဝ ဆန်ဆန်သာ နေလိုက် လို့ ပြောတတ်တဲ့
အသံတစ်သံကို သတိတရ ကြားယောင်မိတယ်။
အနည်းငယ် နောက်ကျနေခဲ့ပါပြီ… နွယ်ပင်တွေကို ဖြတ်ပစ်တတ်တာ
အကျင့်တစ်ခု ကျွန်မရဲ့ သဘာဝတရား လိုတောင် ဖြစ်နေပြီလေ…။
ပြူတင်းက လှမ်းမြင်ရတဲ့ တရိပ်ရိပ်ပြေးလွှားနေတဲ့
တိမ်တွေကိုကြည့်ရင်း မိုးရွာတော့မယ် ဆိုတာ ကျွန်မ သိတယ်။ မိုးရွာတာကို တိမ်တွေ ငိုချတာလို့
တစ်ချို့က ကဗျာဆန်ဆန် ဆိုကြပြန်တယ်။ ဒါပေမယ့် မိုးရွာတာဟာ သဘာဝက ပေးတဲ့ အဖိုးတန်ဆုတစ်ခုလို
လယ်သမားတွေက ပျော်ရွှင်ကြတယ်။ ဒါဆို သူတို့မျက်ရည်တွေက အတိုင်းအတာ တစ်ခုအထိ ပျော်ရွှင်မှုတွေကို
ဖန်းဆင်းပေးကြတယ် ဆိုတာ တိမ်တွေ သိရင် ငိုရကျိုးနပ်တယ်ဆိုပြီး ကျေနပ်ကြမှာပါ။ ကိုယ်ချစ်တဲ့
သူတွေ ပျော်ရွှင်ဖို့ အတွက် ကျွန်မ တိမ်တိုက်လေး တစ်တိုက် ဖြစ်ရရင်လည်း ကျေနပ်မိမယ်
ထင်တယ်။
လိုအပ်တဲ့အခါ အလိုက်သင့် ပေးဆပ်တတ်တဲ့ မျက်ရည်တွေဟာ တန်ဖိုးရှိတတ်ကြတာပါပဲလေ။
ဆူညံနေတဲ့ မိုးသံတွေ ကို နားထောင်ရင်း
တစ်စ တစ်စ ပိုမူးဝေလာတယ်။ သောက်ထားတဲ့ ဆေးအရှိန်ကြောင့် ကျွန်မ အိပ်ပျော်တော့မလား…
ဒါမှမဟုတ် ခေါင်းစဉ်တပ်မထားတဲ့ ခံစားချက်တွေ သိပ်များလွန်းပေမယ့် ပျို့အန်ခွင့် ကျွန်မကိုယ်
ကျွန်မ မပေးဘဲ အတင်းမျိုချမိခဲ့တာတွေ များလို့ မူးဝေလာတာလား။ ဘာပဲ ဖြစ်ဖြစ် ကျွန်မ
အိပ်ပျော်အောင် အိပ်လိုက်တော့မယ်။
နိုးထလာတဲ့ အချိန်တစ်ခုမှာ…
နေခြည်နဲ့ နွေးထွေးကြည်လင်တဲ့ မနက်ခင်း
တစ်ခု ဖြစ်မလား…
တောက်ပတဲ့ ကြယ်တွေနဲ့ လျို့ဝှက်ဆန်းကျယ်တဲ့
ညခင်းတစ်ခု ဖြစ်မလား..
ကျွန်မ မျက်နှာမှာ မိုးတွေ စိုလာတယ်…
ကျွန်မ ပြူတင်းတံခါးကို မပိတ်ဘဲ… အိပ်ပျော်ဖို့
ကြိုးစားမိတယ် ထင်ပါရဲ့.. ဘာဖြစ်ဖြစ် အလိုက်သင့်ပေါ့ လေ
လူတွေကို မောင်းနှင်နေတာ သူတို့ရဲ့
စိတ်တွေပဲ မဟုတ်လား ။ ။
အလွမ်းပြေ
(ဂျူလိုင် ၂ ရက်၊ ၂၀၁၂)
Labels:
အက်ဆေး,
ရောက်တတ်ရာရာ
Subscribe to:
Post Comments (Atom)
0 comments: