Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Thursday, May 31, 2012
တောင်ဇလပ်လို မိန်းကလေး
2:31 AM | Posted by
Phyu |
Edit Post
အနီရောင်သွေး ရွှန်းရွှန်းစိုသော တောင်ဇလပ်ကို
မြင်ချိန်မှာ ကျွန်မ ရင်ထဲ အတိုင်းအဆမရှိ ပျော်ရွှင်မိပါတယ်။ ကျွန်မ အိမ်မက်များစွာထဲမှာ
ချင်းပြည်ကို ရောက်ဖူးချင်တဲ့ စိတ်ရယ်အပြင် တောင်ဇလပ်ပန်းလေးတွေကို အပြင်မှာ မြင်ဖူးချင်တဲ့
အိပ်မက်လည်း အပါအဝင် မဟုတ်လား။
“တောင်ဇလပ် တွေက လေသိပ်တိုက်လို့ တခြား
အပင်တွေ မပေါက်နိုင်တဲ့ တောင်စောင်းတွေမှာ ပေါက်ကြတယ်၊ ဒါ တောင်ဇလပ်ပင်တွေရဲ့ သူမတူတဲ့
စွမ်းရည် တစ်မျိုးပေါ့။ တောင်ဇလပ်ပန်း န်ီနီလေးတွေကို ကြည့်… သူတို့ နီတာက စိုနေတာပဲ
တွေ့လား၊ နှစ်နှစ်ကာကာ ရှိတယ်”
ဟားခါးမြို့ကအထွက် စတော်ဘယ်ရီခြံကို
သွားရာ လမ်းပေါ် လမ်းကွေ့တစ်ခုရဲ့ ဘေးက တောင်စောင်းပေါ်မှာ ပေါက်နေတဲ့ တောင်ဇလပ်ပင်တွေနဲ့
ရဲရဲ နီစွေးနေတဲ့ တောင်ဇလပ်ပွင့်တွေကို လှမ်းပြရင်း သူငယ်ချင်းက ပြောပြပါတယ်။
ကျွန်မက
သူ့ကို ဟေး.. ငါ့ကို ဆိုင်ကယ်ခဏရပ်ပေးလို့ ငါ အနီးကပ် မြင်ချင်လို့ လို့ဆိုတော့ သူက
ဆိုင်ကယ်ကို ရပ်ပေးပါတယ်။ ကျွန်မ တောင်ဇလပ်ပင်တွေဆီကို တောင်စောင်းကနေ တက်ဖို့ ကြိုးစားတော့
ထင်တာထက် တက်ဖို့ ခက်ပါတယ်။
မြေသားက နဲနဲပွတော့
ပြန်လျှောကျဖို့ လွယ်တာကိုး။ ဒါပေမယ့် ကျွန်မ တောင်ဇလပ် ပွင့်တစ်ခိုင်ကို ရအောင်
ခူးလာနိုင်ခဲ့တယ်။ အဲဒီ တောင်ဇလပ်ပွင့်လေးဟာ ကျွန်မ ဒိုင်ယာရီ ထဲမှာ ကျွန်မနဲ့ အတူ
မြေပြန့် အထိပါလာခဲ့ပါတော့တယ်။
ဒီနေ့ အဲဒီ တောင်ဇလပ်ပန်းခြောက်လေးကို
မထင်မှတ်ဘဲ ပြန်ကြည့်ရင်း သဘာဝ တောင်ဇလပ်အနီလေးက နွမ်းခြောက်သွားတဲ့တိုင် သူရဲ့ နီစွေးမှုက
လျှော့မသွားသေးပါလား။ သူ့ရဲ့ သဘာဝ အလှက အဖိုးတန်လိုက်တာလို့ တွေးနေရင်း အလှ အကြောင်းကို စိတ်ရောက် သွားခဲ့တယ်။ ကျွန်မ တွေးမိတာက
မိန်းကလေးတွေရဲ့ အလှတရားနဲ့တန်ဖိုး အကြောင်းပါ။
ဒီနေ့ခေတ် မြန်မာနိုင်ငံ မြို့ပြက မိန်းကလေးတွေရဲ့
အလှတရားရဲ့ စံသတ်မှတ်ချက်တွေ အကြောင်းကို တော့ ကျွန်မ ထဲထဲ ဝင်ဝင်မသိပေမယ့် လေ့လာကြည့်သလောက်ကတော့
ကိုရီးယားဇာတ်ကား တွေရဲ့ လွမ်းမိုးမှုနဲ့ ကိုရီးယား မင်းသမီးလေးတွေရဲ့ နုမွတ်လှပနေတဲ့
အလှက အခုခေတ်ရဲ့ စံလို့ အကြမ်းဖျင်း ယူဆလို့ ရမယ် ထင်ပါတယ်။
ကိုရီးယား မင်းသမီးလေးတွေ
တကယ်ကို လှပါတယ်။ ပြစ်မျိုးမှဲ့ မထင်ပါဘဲ။ နှဖူးဆံစကနေ ခြေဖျားထိပါပဲ။ သူတို့လိုပဲ
ကျွန်မတို့ မြန်မာ မင်းသမီးလေးတွေလေး လှလာကြတာကို မြင်တွေ့ရပါတယ်။ မင်းသမီးလေးတွေ လှတာ
ကြည့်လို့ကောင်းပါတယ်။ မင်းသမီးတွေလိုပဲ အရပ်သူ၊ ကျောင်းသူတွေ လှလာတာကို တွေ့ရပါတယ်။
မိန်းကလေးတွေ လှတော့ လောကကြီးက ဘယ်ကြည့်ကြည့် ကြည့်ကောင်းနေတာပဲ စိတ်ချမ်းသာ စရာ ကောင်းပါတယ်။
ဒါပေမယ့် အလှအပရဲ့ နောက်ကွယ်က ပေးဆပ်ရမှုတွေ အကြောင်းကို ပြန်စဉ်းစားလိုက်ရရင် ၊ပြစ်မျိုးမှဲ့မထင်
လှဖို့အတွက် သုံးစွဲလိုက်ရတဲ့ ငွေကြေးပမာဏနဲ့ အချိန်တွေ အကြောင်းတွေးမိရင် အလှရဲ့ တန်ဖိုး
ဆိုတာကို ဘယ်လို စံထားရမလဲ။
ဒီနေ့ခေတ်ကြီးက ငွေရှိရင် အလှအပတရားဆိုတာ
ရှိပါတယ်လို့ ဆိုရမလိုပါပဲ။ ပိန်ချင်လား၊ ဝချင်လား၊ မျက်စေ့မှေးနေလား၊ နှာခေါင်းမလှဘူးလား၊
နှုတ်ခမ်းလား၊ တစ်ကိုယ်လုံး ခွဲစိတ်ပြုပြင်လို့ရနေပါပြီ။ ဒါအပြင် လှပနေဖို့အတွက် လိမ်းခြယ်စရာ
ပစ္စည်းပေါင်းများစွာ အကူအညီနဲ့ နေ့ရောညပါ လှပနေနိုင်ပါပြီ။
အဲဒီလို လှပဖို့အတွက် သုံးရမယ့်
ငွေကြေးပမာဏနဲ့ တစ်နေ့တစ်နေ့ အသားထဲ စိမ့်ဝင်နေတဲ့ ဓာတုပစ္စည်းတွေက ပေးလာမယ့် ဘေးထွက်ဆိုးကြိုးတွေအကြောင်းကတော့
လှပမှုရဲ့ နောက်ကွယ်မှာ အရိပ်လို ကပ်ပါလာတာကို သတိပြုမိပါရဲ့လား။
မိန်းကလေး တစ်ယောက်အတွက် အလှအပဆိုတာ
တကယ်လိုအပ်ပါတယ်။ အလှအပဆိုတာ မိန်းကလေးတွေကို သဘာဝက ပေးထားတဲ့ ဂုဏ်ကျက်သရေ တစ်ခုပါ။ ဒါပေမယ့် လှပမှုဟာ ကျန်းမာသန်းစွမ်းမှုကို
ဖော်ပြတဲ့ ပြရုပ်သာ ဖြစ်သင့်ပါတယ်။
မိန်းကလေး တစ်ယောက်ရဲ့ အလှတရားဟာ အရေပြားတစ်ထောက်စာ
ထက်တော့ သာသင့်တယ်လို့ ကျွန်မယူဆ မိပါတယ်။ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဟာ အရေပြား တစ်ထောက်စာ
အလှတရားနဲ့တင် အဆုံးသတ် သွားပြီလို့ မတွေးမိဖို့တော့ လိုမယ်ထင်ပါရဲ့။
အဲဒီ အရေပြားတစ်ထောက်စာအတွက်
ကိုယ်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊ငွေတွေသာမက ကိုယ့်ဂုဏ်သိက္ခာနဲ့ အကျင့်စာရိတ္တကိုပါ
ရင်းနှီးမိပြီ ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်အတွက်
မတွေးဝင့်စရာ ပါလားလို့တွေးမိရင်း အခုခေတ် ကြားနေရတဲ့ မိန်းကလေးတွေ ကြားက စပွန်စာဆိုတဲ့ အသုံးအနှုန်းကို
ကျွန်မနားမှာ ခါးခါးသီးသီး ဖြစ်မိပါတယ်။
အလှအပအတွက် သုံးစွဲရမယ့် ငွေနဲ့ အဲဒီငွေကို
လုံလောက်စွာ ရှာဖွေနိုင်တဲ့ အရည်းအချင် မပြည့်ဝတဲ့အခါ အလှအပအတွက် သုံးစွဲရမယ့် ငွေကို
ကိုယ့်အားကိုယ်ကိုး ရှာရမယ့် အစား ဖြတ်လမ်းနည်းကို သုံးပြီး အလှအပနောက် တစ်ကောက်ကောက်
လိုက်နေသူတွေနဲ့ ဒီလို ဖြတ်လမ်းနည်း သုံးနိုင်တာကို ဂုဏ်ယူစရာလို့ စံလွဲမြင်နေကြတဲ့
မိန်းကလေးတွေကို မြင်နေရတဲ့အခါ စိတ်မကောင်း ဖြစ်မိပါတယ်။
တကယ်တော့ မိန်းကလေးတွေဟာ မိခင်ဆိုတဲ့
မြင့်မြတ်တဲက လူသားဘဝကို ပိုင်ဆိုင် နိုင်သူတွေမို့ မိန်းကလေးတွေရဲ့ လက်ထဲမှာ တိုင်းပြည်ရဲ့
အနာဂတ်ဆိုတာ ရှိနေတာ မိန်းကလေးတိုင်း သတိပြုမိသင့်ပါတယ်။ လူသားတစ်ယောက်အတွက် သူ့ရဲ့ လက်ဦးဆရာဟာ မိဘပါပဲ။
မိဘမှာမှ ကိုးလလွယ် ထားတဲ့ မိခင်က သူရဲ့ ပထမဦးဆုံး ဆရာပါပဲ။ ကလေးတွေဟာ မိခင်ရဲ့ ဝမ်းထဲမှာကတည်းက
လေ့လာသင်ယူမှုကို စလုပ်နေကြပါပြီ။ အဲဒီ မိခင်ဟာ ဥာဏ်ပညာနဲ့ ပြည့်စုံမှ ကလေးကို ကောင်းကောင်း
ပဲ့ပြင် ပေးနိုင်မှာမို့ မိန်းကလေးတွေဟာ အသိပညာရော အတတ်ပညာရောမှာ ဗဟုသုတ ပြည့်စုံဖို့
လိုအပ်ပါတယ်။
နောက်တစ်ချက်က တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာ
ကလေးတွေရဲ့ လက်ထဲမှာ ရှိတာမဟုတ်ပါလား။ ဓာတုပစ္စည်းနဲ့ လုပ်ထားတဲ့ အလှအပပစ္စည်းတွေကို
အလွန်အကျွံသုံးထားမိတဲ့ မိခင် တစ်ယောက်ရဲ့ ဝမ်းထဲမှာ နေရတဲ့ ကလေးရဲ့ အန္တရာယ်ဟာ ဘယ်လောက်ကြီးလိုက်ပါမလဲ။
ကလေးဟာ မိခင်ဝမ်းကတည်းက ဓာတုအဆိပ်သင့်ခဲ့မယ်ဆိုရင် ကျန်းမာတဲ့ ကလေး ဖြစ်လာနိုင်ပါဦးမလား။
ကျွန်မ အဖြေသေချာမသိပေမယ့် အဖြေကောင်းရမယ်လို့တော့ မမျှော်လင့်မိပါ။
ကျန်းမာခြင်းနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုမှာ
ပတ်သက်ဆက်နွယ်နေတဲ့ ကိစ္စပါ။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ကို ရှူနာရှိုက်ကုန်း နိုင်ငံသားထုနဲ့တော့
ဘယ်လိုမှ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။
ကျန်မာရေးနဲ့ နောက်ထပ် ဆက်စပ်နေတာက
အချက်အပြုတ် မီးဖိုဆောင် နိုင်နင်းခြင်း ပါပဲ။ မီးဖိုဆောင် နိုင်နင်းခြင်းဆိုတာကို
ပညာရပ်တစ်ခုလို အခုခေတ် မိန်းကလေးတွေက မယူဆတော့ ပါဘူး။ ကျွန်မ အမြင်ပြောရရင် မီးဖိုချောင်ကိစ္စဟာ
တိုင်းပြည်အနာဂတ်အထိပါ ဆက်စပ်နေတယ်လို့ ယူဆပါတယ်။
အိမ်ထောင်စု တစ်ခုမှာရှိနေတဲ့ လူတွေရဲ့
ကျန်းမာရေးဟာ မီးဖိုချောင်က အဓိက နေရာက ပါဝင်နေပါတယ်။ လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့
ဥာဏ်ရည်ဥာဏ်သွေး တိုးတက်မှု ဆိုတာ သူနေ့စဉ် စားသောက်နေရတဲ့ အစားအသောက် အပေါ်မှာ အများကြီးမူတည်ပါတယ်။
ထမင်းနဲ့ ဟင်းတွေ ချက်တတ်ရုံတင် မီးဖိုချောင်
နိုင်နင်းတာလို့ ပြောလို့ မရပါဘူး။ ဘယ် အစားအစာဟာ ဘာဓတ်တွေ ဘယ်လို အာနိသင်တွေ ရစေတယ်ဆိုတာ
သိရှိနားလည်းပြီး လိုအပ်သလို စီမံချက်ပြုတ်တတ်ဖို့နဲ့ သန့်ရှင်းသပ်ရပ်မှု ရှိဖို့ ဂရုစိုက်
နားလည် ဖို့လည်း လိုပါသေးတယ်။
ကိုယ့် အိမ်သားတွေရဲ့ လိုအပ်ချက်တွေ မျက်ခြေမပြတ်ကြည့်မြင်
နားလည် ဖြည်းဆည်းဖို့ ချက်ပြုတ်တတ်ဖို့လည်း လိုပါသေးတယ်။ ဒီလို မီဖိုချောင် နိုင်နင်းသူ
တစ်ယောက်ရဲ့ တန်ဖိုးကြောင့် အိမ်သားတွေဟာ ကျန်းမာ ပျော်ရွှင်ပြီး ဥာဏ်ရည် ထက်မြက်သူတွေ
ဖြစ်လာမယ် ဆိုရင် အိမ်မှာလည်း ကျန်းမာရေးအတွက် ငွေအပို မထွက်၊ အလုပ်လည်း ကောင်းကောင်း
လုပ်နိုင်တာကြောင့် စုမိ ဆောင်းမိနဲ့ ဝင်ငွေလည်း တိုးလာနိုင်သလို၊ ပညာရေးဖြစ်ဖြစ် အလုပ်မှာပဲ
ဖြစ်ဖြစ် ထူးချွန်ထက်မြက်သူတွေ ဖြစ်လာရင် ဂုဏ်သိက္ခာလည်း တက်လာနိုင်မယ်။
တိုင်းပြည်နဲ့
ချီပြီး ကြည့်ရင်လည်း ဒါဟာ နိုင်ငံသားကောင်းတွေ မွေးထုတ်ပေး နိုင်တဲ့ စွမ်းရည်ပဲပေါ့။
ဒါကြောင့် အိမ်ထောင်မှု နိုင်နင်းစွာ စီမံတတ်ခြင်းဟာလည်း တိုင်းပြည်အတွက် အရေးပါတဲ့
ပညာရပ် တစ်ခုပါပဲ။
မိသားစု ထမင်းဝိုင်းဟာ မိသားစုတစ်ခုရဲ့
ခိုင်မြဲခြင်းကို များစွာ အထောက်အကူပြုပါတယ်။ သံယောဇဉ် ချည်နှောင်တဲ့ ကြိုးတစ်ခုအဖြစ်
လူမှုရေး ရှုထောင့် ဘက်က ကြည့်ရင်လည်း အကျိုးအများကြီး ရှိပါတယ်။
အမေ့အိမ်ကို လွမ်းတယ်။
အမေ့လက်ရာ၊ မိန်းမလက်ရာ ၊အစ်မကြီး၊ ညီမလေးတို့ရဲ့ လက်ရာ ဘာဟင်းလေးကို လွမ်းတယ်၊ ဆိုတဲ့ စကားသံမျိုး ကျွန်မတို့ ပတ်ဝန်းကျင်မှာ အလျှံအပယ်
ကြားဖူးတာပဲ မဟုတ်ပါလား။
မိသားစုခြင်း စည်းလုံးမှုကနေ တစ်ယောက်ကို တစ်ယောက် ထိန်းသိမ်းပြုပြင်ရင်း
ခိုင်မြဲတဲ့ သာယာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ကြတဲ့ သူတွေဟာ စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်ခြင်းကို
ရရှိနိုင်ပြီး ဒါကလည်း ကြီးပွားရေး၊ဖွံ့ဖြိုးရေးကို အထောက်အကူ ပြုနိုင်စေပါတယ်။
အခုခေတ်မှာ မိန်းကလေးတွေဟာ လုပ်ငန်းခွင်
ဝင်ကြတဲ့ သူတွေများပါတယ်။ ကိုယ်တိုင် ချက်ပြုတ်ဖို့ အချိန်မရှိဘူးလို့ စောဒက တက်နိုင်ပါတယ်။
ဒါပေမယ့် ကိုယ်တိုင်မီးဖိုချောင် ဝင်စရာ မလိုရင်တောင် ကောင်းကောင်း စီမံ ခန့်ခွဲနိုင်ဖို့
သိထားတတ်ထားရမယ့် ပညာရပ်တစ်ခုပါ။
တိုင်းပြည်
ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ ပညာတစ်ခုအဖြစ် ဒီပညာကို ကျွမ်းကျင် တတ်မြောက်တယ် ဆိုတာ
ဂုဏ်ယူစရာ တစ်ခုပါပဲ။ လေ့လာသင်ယူဖို့ ကျွန်မတို့ အချိန်ကို ပေးဖို့ မနှမြောသင့်တာ အမှန်ပါ။
ဒါ့အပြင် အလုပ်လုပ်နေတဲ့ မိန်းကလေးတွေ
ဆိုရင် အခုခေတ်မှာ စဉ်ဆက်မပြတ် လေ့လာသင်ယူနေမှ လုပ်ငန်းခွင်မှာ ကိုယ့်အတွက် နေရာတစ်ခု
ရှိနေမှာ ဖြစ်တဲ့ ခေတ်မျိုးဆိုတာ အားလုံး နားလည်ပြီးသားပါ။ ကိုယ်အလျင်မှီအောင် လိုက်ပြီး
လေ့လာ ဆည်းပူးမနေနိုင်ရင် နောက်ကျန်ပြီး နေခဲ့ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် လေ့လာသင်ယူနေရမယ့်
အချိန်မှာ အလှအပအတွက်ပဲ အချိန်ကုန်နေလို့ မဖြစ်တော့ပါဘူး။ ပညာတတ်သားကောင်း၊ သမီးကောင်းတွေ
မွေးထုတ်ပေးနိုင်ဖို့ မိခင်လောင်းတွေ ဖြစ်တဲ့ မိန်းကလေးတွေဟာ ပညာတတ်၊ ပညာအရာမှာ ထူးချွန်တဲ့
သူတွေလည်း ဖြစ်ဖို့ လိုပါသေးတယ်။
အခုခေတ်ရဲ့ မိန်းမပီသတယ် ဆိုတဲ့ စကားနဲ့
သူကို တိုင်းတာတဲ့ စံနှုန်းက ပြောင်းလဲလာပြီးလို့ ကျွန်မ ထင်မိပါတယ်။ ကျွန်မ လက်လှမ်းမီရာ
လူကြီးတွေကို မေ့ကြည့်တော့ ရှေးခေတ်က မီးဖိုချောင်နိုင်နင်းပြီး အိမ်ထောင်တည်မြဲဖို့
ထိန်းသိမ်းတတ်ရမယ်။
မိသားစုနဲ့ ပတ်ဝန်းကျင်ကြား လူမှုဆက်ဆံရေး ချောမွေ့ဖို့ လိမ္မာတဲ့
ပါးနပ်တဲ့ မိန်းကလေး ဖြစ်ရမယ် ဆိုတာတွေနဲ့ တိုင်းတာတယ်လို့ ဆိုကြပါတယ်။ အခုခေတ်မှာတော့
ခေတ်ရဲ့ တောင်းဆိုမှုအရ အဲဒီစံတွေအပြင် ပညာတတ်ဖို့နဲ့ အလုပ်လုပ်နိုင်တဲ့ စွမ်းရည်ကိုပါ
ထည့်တွက်ရမယ်လို့ ထင်မိပါတယ်။
ဒါကြောင့် မိန်းကလေးတွေဟာ မိန်းကလေးဘဝရဲ့
အရေးပါတဲ့ အလှအပတရားကို ဂရုစိုက်တာအပြင် အခြား ဘဝမှာ ကိုယ်လေ့လာ သင်ယူသင့်တာတွေ အများကြီး
ရှိနေတာမို့ မြင်တတ် လေ့လာသင်ယူတတ်ဖို့ သတိရစေချင်ပါတယ်။
အရေပြား တစ်ထောက်စာ အတွက်တစ်ခုတည်း
မဟုတ်ဘဲ အဆင်းရော၊ အချင်းပါ မျှတစွာ ပြည့်စုံဖို့ ကိုယ့်ရဲ့ အချိန်တွေ၊ ကြိုးစားအားထုတ်မှု
အားအင်တွေကို သုံးတတ်ဖို့ လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။
လောကမှာ လူရယ်လို့ ဖြစ်လာရင် အသက်ရှင်ပြီး
သေသွားရုံ သက်သက်မဟုတ်ဘဲ ကိုယ့်အတွက် သာမက
ကိုယ်နေထိုင်အသက်ရှင်ရာပတ်ဝန်းကျင်၊ ကိုယ့်တိုင်းပြည် ကိုယ်လူမျိုး အကျိုးအတွက်
စွမ်းနိုင်သလောက် ကြိုးစားပြီး တန်ဖိုးရှိရှိ
အကျိုးရှိရှိ အသက်ရှင် နေထိုင်သွားဖို့ လိုအပ်ပါတယ်။
မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို မိန်းကလေးတွေ
ကိုယ်တိုင် သိမြင်နားလည်ပြီး မြှင့်တင် တန်ဖိုးထားနိုင်မှ တခြားသူတွေ အထူးသဖြင့် ယောင်္ကျားလေးတွေရဲ့
တန်ဖိုးထား မှုကို ရရှိမှာပါ။ အခုဆိုရင် ကျွန်မတို့ ပတ်ဝန်းကျင်မှာ ငွေပေါတဲ့ ယောင်္ကျားတွေရဲ့
မိန်းမချောတွေကို ငွေနဲ့ ဝယ်လို့ ရတယ် ဆိုတဲ့ စကားသံမျိုးတွေ ကြားနေရတာတွေ ပျောက်ပျက်သွားဖို့
ကျွန်မတို့မှာ တာဝန်ရှိပါတယ်။
ယောင်္ကျားလေးတွေ အနေနဲ့ကလည်း ကိုယ်ရဲ့
မျိုးဆက်၊ တိုင်းပြည်ရဲ့ မျိုးဆက်သစ်ကို ကောင်းကောင်းပဲ့ပြင် မွေးထုတ်ပေးမယ့် သူတွေအဖြစ်၊
အနာဂတ်ခေါင်းဆောင်တွေကို မွေးထုတ်ပေးမယ့်သူတွေအဖြစ် မိန်းကလေး တစ်ယောက်ရဲ့ တန်ဖိုးကို အရေပြားတစ်ထောက်စာထက်
ပိုပြီး မြင်တတ်ဖို့နဲ့ တန်ဖိုးထားတတ်တဲ့ သူတွေ ဖြစ်ဖို့လည်း တစ်ဘက်က လိုပါသေးတယ်။
ဒါကလည်း ဆယ်ကျော်သက် အရွယ်ရောက်စ မိန်းကလေးတွေ အလှအပစံမလွဲရအောင် အထောက်အကူ ပြုနိုင်မယ့်
အဓိက အချက် တစ်ခုပါပဲ။
ပညာဥာဏ်နည်းပါးတဲ့၊ အကျင့်သိက္ခာကို
တန်ဖိုးမထားတဲ့၊ စာရိတ္တပျက်ပြားတဲ့၊ ငွေကလွဲပြီး၊ အပေါ်ယံအလှက လွဲပြီး တန်ဖိုးမထားတဲ့
မိန်းကလေးတွေ များလာရင်၊ ဒီလို မိန်းကလေးတွေရဲ့ သားသာမီးတွေရဲ့ လက်ထဲက တိုင်းပြည်ရဲ့
အနာဂတ်ဟာ မတွေးဝန့်စရာပါ။
အနာဂတ်ကျွန်မတို့ တိုင်းပြည်မှာ အလွန်အမင်း
အလှပြင်သလောက် မိမိကိုယ်ကို ယုံကြည်မှု နည်းတဲ့ မိန်းကလေးတွေအစား တောင်ဇလပ်ပန်းလေးလို
သူများမပေါက်နိုင်တဲ့ လေထန်တဲက တောင်ကုန်းမှာတောင် ရဲရဲဝန့်ဝန့်ပေါက်နိုင်ပြီး လောကကြီးကို
တစ်ထောင့်တစ်နေ့ရာက့ ဖြည့်ဆည်းအလှဆင်ရင်း နီနီစွေးစွေးနဲ့ နှစ်နှစ်ကာကာ လှနိုင်သလို
မိန်းကလေးတွေကလည်း အဆင်းရော အချင်းပါ ညီမျှတဲ့ လှပမှုနဲ့ ကျန်းမာသန်စွမ်း ပျော်ရွှင်အောင်မြင်တဲ့
သူတွေ ဖြစ်ဖို့ မျှော်လင့်မိပါတယ်။
ဒါကြောင့် နောက်ဆုံးအနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အတွက်
၊ မိန်းကလေး ကိုယ်တိုင်ရဲ့ အနာဂတ်အတွက် မိန်းကလေးတွေရဲ့ အလှအပေါ် တန်ဖိုးထားမှု စံမလွဲရေးဟာလည်း
အရေးကြီးတယ်လို့ ကျွန်မ ဆိုချင်ပါတယ်။
ကျွန်မတို့ မြန်မာမိန်းကလေးတွေကို တောင်ဇလပ်ပန်း
နီနီကလေး လှသလို နှစ်နှစ်ကာကာ အားအင်အပြည့်နဲ့ လှစေချင်မိပါတယ်။
ခင်မင်စွာဖြင့်
အလွမ်းပြေ
(မေ ၂၉၊ ၂၀၁၂)
Labels:
Life in a travel bag,
Perspective
Subscribe to:
Post Comments (Atom)
0 comments: