My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, January 25, 2012

အချစ်စစ်ရဲ့ သက်သေ




ထိုင်းမှာ သိပ်ခေတ်စား လူပြောများနေတဲ့ အကြောင်းလေးပါ။ မတော်တဆမှု တစ်ခုနဲ့ သေဆုံးသွားတဲ့ ချစ်သူ မိန်းကလေးရဲ့ အသုဘ အခမ်းအနားကို လက်ထပ်ပွဲ အဖြစ် ပြောင်းလို့ ချစ်သူကောင်လေးက သူ့ချစ်သူကို နှုတ်ဆက်လိုက်ပါတယ်။ ချစ်သူ သေဆုံးသွားပေမယ့် ချစ်သူအပေါ်ထားတဲ့ သူ့ အချစ်စစ်ရဲ့ သက်သေပါတဲ့။

အသက်မဲ့စွာ လှဲလျောင်းနေတဲ့ ချစ်သူ မိန်းကလေးကို လက်ထပ်လက်စွပ်ကို စွပ်ပေးပြီး မင်္ဂလာဦး အနမ်း ပေးနေတဲ့ မြင်ကွင်းက မြင်ရသူတိုင်း မျက်ရည်ကျလောက် ပါတယ်။ သူတို့ဟာ တက္ကသိုလ် တက်စဉ်ကတည်းက ချစ်သူတွေ စဖြစ်ပြီး ၁၀ နှစ်ကျော် ချစ်သူ သက်တမ်းကို အတူ ကျော်ဖြတ်ခဲ့ကြတဲ့ ချစ်သူတွေပါတဲ့။ အချစ်စစ်ရဲ့ သက်သေ အနေနဲ့ ချစ်သူ သေဆုံးသွားပေမယ့် သူ့အချစ်တွေ မသေဆုံးကြောင်း သက်သေ သိပ်လှပတဲ့ အချစ်ကို သက်သေပြတဲ့ မြင်ကွင်းလေးလေလား.. 
အခု ကျန်ရစ်သူ ကောင်လေးက သေဆုံးသွားတဲ့ သူ့ချစ်သူကို အချစ်စစ်နဲ့ ချစ်တဲ့သူ၊ ဂတိတည်တဲ့ ချစ်သူကို လေးစားတဲ့ မြတ်နိုးတဲ့သူလား။ လူတစ်ယောက် သေဆုံး သွားပြီးမှ ကျန်တာတွေက ဘာတွေ အရေးကြီးမှာတဲ့လဲ။ တကယ်တော့ ဒီလက်ထပ်မှုဟာ သေဆုံးသွားတဲ့ ကောင်မလေး အတွက် မဟုတ်ပါဘူး။ ကျန်ခဲ့တဲ့ ကောင်လေးရဲ့ သူ့နောင်တအတွက် သူ စိတ်သက်သာရာ ရစေတဲ့ နည်းလမ်းတစ်ခုလို့ ကျွန်မ ယူဆမိပါတယ်။ကျွန်မသူတို့ နှစ်ယောက်လုံးကို ပြင်ဆင်ခွင့် မရတဲ့ အမှားတွေနဲ့ အဆုံးသတ်သွားတဲ့ အချစ်ဇာတ်လမ်းက ဇာတ်ကောင်တွေ အဖြစ် သနားမိပါတယ်။ သူတို့ အဖြစ်ကိုလည်း ကြေကွဲမိပါတယ်။ ဒါပေမယ့် သူ့အချစ်ရဲ့ သက်သေ ဆိုတဲ့ မင်္ဂလာပွဲကိုတော့ ရယ်သွေးသွမ်းလိုပါတယ်။ ပညာလည်းစုံပြီး အသက် ၂၈ နှစ်နဲ့ ၂၉ နှစ် ရှိပြီဖြစ်တဲ့ ချစ်သူနှစ်ယောက်၊  တကယ် လက်ထပ်ဖို့လည်း ဆုံးဖြတ်ပြီးသား ချစ်သူနှစ်ယောက်က ဘာကို စောင့်နေခဲ့ကြတာတဲ့လဲ။ 
လူ့ဘဝဆိုတာ တိုတိုလေး ဆိုတာ သူတို့ မေ့လျှော့နေခဲ့ကြတာလား။ ခမ်းနားတဲ့ လက်ထပ်ပွဲအတွက် ပိုက်ဆံ စုနေကြတာလား။ မပြီးဆုံး သေးတဲ့ နှစ်ယောက်လုံးရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကြောင့် တစ်ယောက်ကို တစ်ယောက် လက်ထပ်ပြီး အတူနေဖို့ အချိန်မပေးနိုင်ခဲ့ကြတာလား။ ဒါမှမဟုတ် နှစ်ဘက်မိဘ သဘောမတူလို့ လား။ ဘာအကြောင်းနဲ့ ဖြစ်ဖြစ် တကယ် လက်ထပ်ချင်တဲ့ ဆန္ဒကသာ အဓိကပါ။
အချစ်ဆိုတာကတော့ လူတစ်ယောက် အနားမှာ ရှိသေသည် ဖြစ်စေ မရှိတော့ဘူး ဖြစ်စေ၊ နီးသည် ဝေးသည် ဖြစ်စေ ချစ်နေလို့ ရပါတယ် ဒါက ချစ်သူဆိုတဲ့ အဓိပ္ပါယ်ပါ။ 
လက်ထပ်ခြင်းက ချစ်သူဟာ ကိုယ့်ဘဝရဲ့ ရှေ့ဆက်ရမယ့် ဘဝအဖော်အဖြစ် ထပ်ပေါင်း သတ်မှတ်လိုက်ခြင်းပါ။
ချစ်ခြင်းမေတ္တာနဲ့ ဘဝကို နှစ်ယောက်အတူ ဆက်လျှောက်ဖို့ တစ်ယောက်ဘဝအတွက်ကို တစ်ယောက် အပြန်အလှန် တကယ်လိုအပ်ပြီး အတူရှိရင် တစ်ယောက်တည်း ရှင်သန်ရတဲ့ ဘဝထက် ပိုအဓိပ္ပါယ်ရှိတဲ့ ဘဝဖြစ်ခြင်းကသာ လက်ထပ်ခြင်းအတွက် အဓိက အဓိပ္ပါယ်ပါ။ ရှေ့ဆက်ရမယ့် ဘဝကို အတူတကွ ရှိနေဖို့အတွက်ပါ။လောကမှာ အနှစ်နဲ့ အကာဆိုတာ ခွဲခြားမြင်ဖို့ အခက်သားလားနော်။ 
မသေချာတဲ့ မနက်ဖြန်တွေအတွက် မေ့နေပြီး အနှစ်သာရထက် အပေါ်ယံကို အလေးထားပြီး အများအားကျလောက်တဲ့ လက်ထပ်ပွဲတွေ၊ ငွေကြေးတွေ၊ ရာထူးနဲ့ တခြား အရာတွေက သူတို့ လက်ထပ်ဖို့ နှောင့်နှေးနေစေခဲ့တာဆိုရင် နောင်တ ဆိုတာ သူတို့အတွက် ရသင့်တဲ့ ဆုလဒ်အဖြစ် လောကကြီးက ပေးလိုက်တာပါပဲ။ ကျန်ခဲ့တဲ့ လောကသားတွေ အတွက် သင်ခန်းစာပေါ့။
ဒါကြောင့် သူတို့ ဘာအကြောင်းကြောင့် လက်ထပ်ဖို့ နှောင့်နှေးနေခဲ့ကြလည်း ဆိုတာကို မသိနိုင်တော့ လောကကြီးမှာ ကိုယ်မသိနိုင်တဲ့ ဥာဏ်မမီတဲ့ အခြေအနေတွေ အများကြီး ရှိနေနိုင်တာပဲမို့ အပြစ် မပြောလိုပေမယ့် သေဆုံးသွားတဲ့ ချစ်သူကို လက်ထပ် လိုက်ခြင်းဟာ နှစ်ဦးစလုံးအတွက် အချစ်သက်သေလို့ မယူဆချင်ဘူး။
သေဆုံးသွားတဲ့  သူ့ချစ်သူ မိန်းကလေးအတွက်တော့ ဘာမှ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ် တစ်ခုပါပဲ။ သူမ မင်္ဂလာပွဲရဲ့ ပျော်ရွှင်မှု၊ ချစ်သူက လက်ထပ်ခွင့် တောင်းခံရလို့ ကြည်နူးမှုနဲ့ အနာဂတ် မိသားစုဘဝ မျှော်လင့်ချက်တွေနဲ့ ပြည့်စုံနေတဲ့ သူတို့သမီးတစ်ယောက်ရဲ့ အပြုံး ဒါတွေ တစ်ခုမှ သူမမှာ မရှိနိုင်တော့တာလေ။ အရာရာ သူမအတွက် နောက်ကျခဲ့ပါပြီ။ 
အားလုံး ပြီးဆုံး သွားပါပြီ။ လက်ထပ်ဖြစ်ခြင်း လက်မထပ်ဖြစ်ခြင်း စတာတွေထက် အချိန်မရွေးထွက်ခွာ သွားရနိုင်တဲ့ လောကကြီးမှာ အတူရှိနေချိန်တွေကို အကောင်းဆုံး အတူ ဖြတ်သန်းသွား နိုင်ဖို့က အရေးအကြီးဆုံးပါ။ အဲဒီလို ဖြတ်သန်းနိုင်ခဲ့ကြတယ် ဆိုရင်တော့ ဖြေသာနိုင်မှာပါ။
ဒီလက်ထပ်ခြင်းကတော့ ကျန်ရစ်သူက သူ့ကိုယ်သူ နောင်တကြောင့် ပူဆွေးမှုကနေ သက်သာရာ သက်သာကြောင်း လုပ်တဲ့ အပြုအမူတစ်ခုပါ။ တနည်းအားဖြင့် ကျန်ရစ်သူရဲ့ အတ္တကို ပုံဖော်တဲ့ အခမ်းအနားတစ်ခုပါပဲလို့ ကျွန်မတော့ တွေးနေမိပါတယ်။ 
ကိုယ့်ချစ်သူနဲ့ အတူ နားလည်မှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ ဘဝကို အတူ ဖြတ်သန်းသွားရင်း အသက်ရှင်ချိန် လူ့ဘဝ ခဏတာမှာ တစ်ယောက်ကို တစ်ယောက် စိတ်ချမ်းသာ ပျော်ရွှင်စေရင်း အချစ်ကို သက်သေ ပြနိုင်ဖို့  … လောကကပေးတဲ့ သင်ခန်းစာသာ… 

အလွမ်းပြေ

0 comments: