My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Sunday, December 4, 2011

A Friend in Need is a Friend Indeed

 တစ်ယောက်နဲ့ တစ်ယောက်ခင်မင်ကြသူတွေကို သူငယ်ချင်း၊ မိတ်ဆွေ (Friend) လို့ခေါ်ပြီး သူတို့ကြားက ရှိနေတဲ့ ဆက်ဆံရေး(relationship) ကိုတော့ ခင်မင်မှု (င်္Friendship) လို့ အဓိပ္ပါယ်ဖွင့်ကြပါတယ်။  လူတွေမှာ သူငယ်ချင်း(Friend) တွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့်  သူငယ်ချင်း စစ်စစ်( True Friend) ကို ပြပါဆိုရင်တော့ တွေဝေသွားနိုင်ပါတယ်။ ပြီးရင်တော့ သူနဲ့ကတော့ ခင်တာ ၅ နှစ်ရှိပြီတို့ သူနဲ့ကတော့ ကလေးကတည်းကတို့ စသည်ဖြင့် တိုင်းတာပြပြီး ယောင်ရမ်း လက်ညှိုးထိုးပြနိုင်ပါတယ်။ 
ဒါပေမယ့် သူငယ်ချင်း အစစ်ဆိုတာကို အချိန်နဲ့လည်း တိုင်းတာလို့ ရမယ်လို့ သင်ထင်ပါသလား။ သူငယ်ချင်းနဲ့သူငယ်ချင်းစစ်စစ် ဆိုတာကိုရော သင်ဘာနဲ့ ခွဲခြားပြမှာလဲ။
တကယ်တော့ မိတ်ဆွေ သူငယ်ချင်းဆိုတာ ကျွန်မတို့ ဘဝမှာ တကယ်ကို မရှိမဖြစ်လိုအပ်ကြတဲ့ သူတွေပါ။ လူဆိုတာ ပတ်ဝန်းကျင်နဲ့ နေရတဲ့  ဆက်ဆံရေးသတ္တဝါ တွေပဲ မဟုတ်ပါလား။ ကျွန်မတို့ ဘဝမှာ သူငယ်ချင်းတွေ အများကြီးရှိပါတယ်။ ငယ်သူငယ်ချင်း၊ ကျောင်းတုန်းက သူငယ်ချင်း၊ အလုပ်ထဲက သူငယ်ချင်း၊ ရပ်ကွက်ထဲက သူငယ်ချင်း၊ သင်တန်းတက်တုန်းက သူငယ်ချင်း၊ အွန်လိုင်းပေါ်က သူငယ်ချင်း  စသည်ဖြင့် အများကြီးပါပဲ။ 
သူငယ်ချင်းတွေဟာ ကိုယ့်နဲ့ စရိုက်ချင်းနီးတယ်။ အတူစား အတူသွား ပျော်ရွှင်နိုင်တယ်။ သာမန် အရာအားလုံး အဆင်ပြေနေတဲ့ အချိန်မှာ ခွဲမရအောင်ရှိနေပါလိမ့်မယ်။ ဒါပေမယ့် သူငယ်ချင်းစစ်စစ် ဆိုတဲ့ သူတွေကတော့ အဲဒီ ဘုံတူနေတာတွေကနေ ခွဲထွက်နေတာလေးတွေရှိပါတယ်။



ကျွန်မအတွက်တော့ သူငယ်ချင်း စစ်စစ်ဆိုတာ တစ်ယောက်ရဲ့ ကောင်းကျိုး၊ ဆိုးပြစ်၊ အကျင့်ဆိုး၊ အကျင့်ကောင်း အားလုံးကို တစ်ယောက်က လက်ခံနိုင်တဲ့သူဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ ကောင်းကျိုးကို လိုလားပြီး ကိုယ်ကြားချင်တဲ့ စကားမျိုးတွေကိုချည်းထက် ကိုယ့်ကို ပြောသင့်ပြောထိုက်တာကို ပြောပြပြီး ကိုယ့်ကို အမြဲသတိပေး ချစ်ခင်တဲ့သူမျိုးပါ။

ကိုယ်ဘာတွေ ဖြစ်နေပြီလဲ ဆိုတာကို အမြဲဂရုတစိုက်ရှိပြီး ကိုယ်အရေးကြုံရင် ကိုယ့်အနားက ရပ်ဖို့ ကူညီပေးဖို့ အမြဲအသင့်ရှိနေတဲ့သူတွေပါ။ ကိုယ်သူတို့ကို အပြစ်လုပ်မိရင်ရင် ကိုယ့်ကို ခွင့်လွှတ်ဖို့၊ နားလည်ပေးနိုင်စွမ်းလည်း ရှိသူတွေဖြစ်ပြီး ကိုယ်ဘာတွေ ခံစားနေရလည်း၊ ကိုယ်ဘာတွေ ဖြစ်နေပြီလဲ ဆိုတဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို သတိထားမိ၊ နားလည်ပြီး ဖြေရှင်းပေးဖို့ အသင့်ရှိနေတတ်ကြပါတယ်။  သူတို့ရဲ့ အပြုအမူတွေကြောင့် ကိုယ့်ကို ဘယ်လို ထိခိုက်သွားစေမလဲ ဆိုတာကို ကိုယ့်အတွက် ဂရုတစိုက်လည်း စဉ်းစားပေးတတ်ပါသေးတယ်။

ကိုယ် ကံကောင်းပျော်ရွှင်နေတဲ့ အချိန်မှာ ကိုယ်ဘေးနားမှာ  အတူပြုံးပျော်နိုင်ပြီး ၊ ကိုယ်ပျော်ရွှင်မှုကို အမြဲထိမ်းထားနိုင်ဖို့ ဆုတောင်းပေးတဲ့သူ။ ကံဆိုးနေတဲ့ အချိန်မှာ မျက်ရည်သုတ်ပေးရင်း ကိုယ့်အပူတွေကို ကူငြိမ်းသတ်ပြီး အမှောင်ထဲက အလင်းဆီကို ခေါ်ဆောင်ပေးသူ။ လဲကျနေရင် လက်ကမ်း ဆွဲကူပေးတဲ့သူဟာ သူငယ်ချင်းကောင်းပါ။


ကျွန်မတို့ ပတ်ဝန်းကျင်မှာ သူငယ်ချင်းတွေ အများကြီးရှိနေတာမို့ ဘယ်သူဟာ ကိုယ့်အတွက် ဒီလိုလူလည်း ဆိုတာကို တစ်ခါတစ်ခါ ကျွန်မတို့ သတိတောင် မပြုမိကြတာရှိပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကို အကြံဥာဏ်ပေးတတ်သူမို့ အထင်တောင်လွဲပြီး ရှောင်ဖယ်မိတာမျိုးရှိပါသေးတယ်။ လူဆိုတော့လည်း ကိုယ့်ကို အကောင်းမြင်တဲ့သူ အကောင်းပြောတဲ့သူနဲ့ ပုလဲနံမသင့်ချင်တာ သဘာဝကိုး။

ဒါပေမယ့် တကယ့် ကိုယ် အရေးကြုံလြာ့ပီ ဒုက္ခတစ်ခုခု ရောက်လာပြီ ဆိုရင်တော့ ကိုယ့်ကို နှုတ်ဖျားနဲ့ ကူညီသူနဲ့၊ စိတ်ရောကိုယ်ပါ ဘယ်သူက ခံစားနားလည် စာနာပြီး ကူညီလည်း ဆိုတာ မြင်လာရတော့တာပါပဲ။ ဒါကြောင့် အဲလို မြင်လာရပြီရင် အဲဒီ သူငယ်ချင်းစစ်စစ်တွေကို တန်ဖိုးထားတတ်ဖို့တော့ လိုပါတယ်။ သူတို့ကိုယ့်ကို တန်ဖိုးထား ဆက်ဆံသလို ကိုယ်ကလည်း တန်ဖိုးထားမှ ရည်ရှည်တည်တံ့ တဲ့ ခင်မင်မှု ၊ ချစ်ခင်မှုအဖြစ် ဆက်လက် ထိန်းထားနိုင်မှာပါ။ ဆက်ဆံရေး တစ်ခုမှ အရေးအကြီးဆုံးက ရိုးသားစစ်မှန်မှုပါ။ ကိုယ်ကလည်း သူတို့ကို အပေါ်ယံမဟုတ်တဲ့ စစ်မှန်တဲ့ ခင်မင်မှုရှိဖို့ လိုအပ်ပါလိမ့်မယ်။စိတ်ရင်းနဲ့ ခင်မင်တတ်ဖို့ လိုပါလိမ့်မယ်။


သူငယ်ချင်းတွေက ကိုယ့်ကို ကောင်းကျိုးရော၊ ဆိုးကျိုးပါ ပေးတတ်ကြပါတယ်။ ဒါပေမယ့် သူငယ်ချင်း ဖြစ်လာပြီ ဆိုကတည်းက ပြောရရင် ရေစက်ပါလို့၊ စိတ်ချင်းနီးလို့၊ စရိုက်ချင်းနီးလို့ လို့ ပြောလို့ရပါတယ်။ ဒါကြောင့် သူငယ်ချင်းတိုင်းဟာ ကိုယ့်အတွက် အရေးပါသူတွေပါပဲ။ ဒါပေမယ့်  တံငါနားနီး တံငါ၊ မုဆိုး နားနီး မုဆိုး ဆိုသလို ကောင်းတဲ့အကျင့် ၊ မကောင်းတဲ့ အကျင့် စတာတွေလည်း ကူးစက်တတ်တာ၊ ကောင်းမွေဆိုးမွေတွေကိုပါ ခံရမှာကိုတော့ ချင့်တွက်ပြီး ကိုယ့်ဘဝလမ်းမှာ ကိုယ်ဘယ်သူကို ဘယ်လိုရွေးချယ် ပေါင်းသင်းရမယ်ဆိုတာမျိုးကတော့ ကိုယ့်ရဲ့ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

သူငယ်ချင်း မိတ်ဆွေတွေကလည်း ကိုယ့်ဘဝကို ကံဆိုး မိုးမှောင် ကျလာစေတဲ့ သူတွေ ရှိသလို။ ကိုယ့်ဘဝကို အလင်းရောင်ပေးတဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမယ့်  ကံမကောင်းတဲ့ အချိန်မှာတော့ သင် သူငယ်ချင်းကောင်းကို သင့်သူငယ်ချင်းတွေထဲ့ ခွဲခြားတွေ့မြင် ခံစားရပါလိမ့်မယ်။


အဲလို တွေ့ရပြီဆိုရင် သူ့လက်ကို  မြဲမြဲတွဲထားနိုင်ဖို့ ကြိုးစားနိုင်ပါစေ။ သင်ဘဝရဲ့ ကံကောင်းခြင်းလက်ဆောင်ဖြစ်တဲ့ သူငယ်ချင်းကောင်းကို တွေ့ပြီးဆိုရင် သင်တို့ ခင်မင်မှုကို ကို ဆုတ်ကိုင်ထားနိုင်ဖို့ သင် စစ်မှန်တဲ့ နှလုံးသားထဲက စိတ်ရင်းပဲ လိုအပ်ပါတယ်။ သင့်ဘဝမှာ ဒီနေ့ပဲ သူငယ်ချင်းကောင်းတွေကို ရေတွက်ပြီး သူတို့ရဲ့လက်ကို မြဲမြဲတွဲနိုင်ဖို့ ကြိုးစားနိုင်ပါစေ။ ဘဝမှာ သူငယ်ချင်းကောင်းတွေရှိတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလဒ်တစ်ခုပါ။
ကျွန်မအတွက်တော့ ကျွန်မရဲ့ သူငယ်ချင်းကောင်းတွေဟာ ဘဝရဲ့ အဖိုးမဖြတ်နိုင်တဲ့သူတွေပါ။ သူတို့ဟာ ဘယ်နေရာမှာပဲ ရောက်နေနေ၊ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကျွန်မအတွက် သူတို့ နှလုံးသား တစ်နေရာကို အမြဲပေးထားတဲ့ သူတွေ ရှိနေတာကြောင့်  နွေးထွေးပျော်ရွှင်မှုနဲ့ လုံခြုံမှုကို ခံစားရပါတယ်။ ဘာအခက်အခဲကိုမှ မကြောက်ရွံ့ဘဲ တစ်ယောက်အတွက် တစ်ယောက်ရှိနေရင်း ကျော်ဖြတ်နိုင်တာကြောင့် ဘဝက နေပျော်စရာ ကောင်းတယ်လို့ အမြဲခံစားမိပါတယ်။

စိတ်ရော လူကိုပါ ပြည့်ဝတဲ့ အနှစ်သာရနဲ့ သင့်ကို ပျော်ရွှင်မှုနဲ့ ကံကောင်းခြင်းတွေကို အမြဲရရှိစေမယ့် သူငယ်ချင်းကောင်းတွေကို တန်ဖိုးထားရင်း သင်လည်း သူတို့အတွက် သူငယ်ချင်းကောင်းဖြစ်ဖို့ ကြိုးစားရင်း ဘဝကို ဖြတ်သန်းနိုင်ပါစေလို့...



ခင်မင်စွာဖြင့်

အလွမ်းပြေ

0 comments: