Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Wednesday, November 30, 2011
ဆောင်းအိပ်မက်မြူ
9:21 PM | Posted by
အလွမ်းပြေ |
Edit Post
ဝရံတာလက်ရမ်းကို
မှီရင်း အဝေးက တောင်တန်းတွေဆီ ငေးမောမိတော့ အေးစိမ့်နေတဲ့ လေက
တောင်တန်းတွေ ဆီကပဲ သူမ အနားကို ပြေးလာသလိုလို ပါးမို့နှစ်ဘက်ဆီက
အေးစိမ့်နေတဲ့ ခံစားမှုက ပိုလာတယ်။ သည်ဆောင်း ဟေမာန် မြောက်ပြန်လေညင်း
ဆော်တယ်ကို...။ စခန်းကွာ.. မနမ်းသာတဲ့.. လရာသီညောင်း.. မြောက်ပြန်လေလောင်း
သည်ဆောင်းဟေမာန်ခါ ကို ရောက်ခဲ့ပြန်ပြီပေါ့။
ကိုစောညိမ်း
ရေးခဲ့တဲ့  သည်ဆောင်းဟေမာန်ကို အမှတ်ရမိပါတယ်။ နောက်ပြီး
ကိုသိန်းဟန်..ဦးသုခရဲ့ သည်ဆောင်းဟေမာန်..ကျောင်းစာကို အပြီးသတ်ဖို့သာ
ခေါင်းထဲက ထွက်မလာရင်နေမယ်.. ကြားဖူးတဲ့သီချင်း.. ဖတ်ဖူးတဲ့ ဝတ္ထုဆို
အကြောင်းတိုက်ဆိုင်ရင် ပေါ်လာတတ်လိုက်တာနော် လို့ စိတ်ထဲက ပဲ
ညည်းလိုက်မိတော့တယ်။ အေးလေ ကျောင်းစာကမှ အကြောင်းမတိုက်ဆိုင်ဘဲနော်။
သည်ဆောင်းဟေမာန်ရဲ့ ကိုသိန်းဟန်... စာပေသာမက ဂီတပါထူးချွန်တဲ့
ဘီအေကျောင်းသား၊ မျက်နှာပွင့်လှတဲ့ အချစ်တွေကြားမှာ
အတွေ့သာရာနောက်လိုက်ပြီး သစ္စာတရားကို မျက်ကွယ်ပြုရာက ကိုယ်ပျက်ပြီး
လမ်းပေါ်မှာ သေတဲ့ ဘဝကို ၅ နှစ်အတွင်း ရောက်သွားတဲ့ ပုံကို ပီပီပြင်ပြင်
ရေးပြနိုင်တဲ့ ဦးသုခကို ချီးကျူးမိပါတယ်။ ခက်တာက ဒီလောက်လွမ်းစရာကောင်းတဲ့
ဆောင်းညချမ်းမှာ ဒီအကြောင်း တွေးမိတာပဲ.. သူငယ်ချင်း တစ်ယောက်ပြောသလို
ငါ့ရိုမန့်တစ်လေး ပျက်ပါပြီအေ လို့သာ အော်လိုက်ချင်တော့တယ်။
ဆောင်းကို
ချစ်တဲ့စိတ်တော့ ပျောက်သွားတာမှ မဟုတ်ဘဲလေ။ ဆောင်းညရဲ့ ကြယ်တွေကို
ကြည့်ဖို့တောင် ဝရန်တာကို ထွက်လာခဲ့သေးတာပဲ။ ကျွန်မရဲ့ ဆောင်းညမှာ
ကြယ်တွေကို ကြည့်ရတာ စိတ်ထဲ နူးညံ့ဆွတ်ပျံ့တဲ့ စိတ်နဲ့ ချစ်တဲ့ စိတ်က ဘာမှ
မပြောင်းလဲသေးပါဘူး။ ဒါပေမယ့် အရင်ကလိုတော့ စိတ်ကူးယဉ်စိတ် တစ်ခုတည်း
မဟုတ်တော့ဘူး ။ ဘဝဆိုတာ အလှတရားတွေ ချည်းသက်သက် ရှိနေတာမှ မဟုတ်ဘဲ။
ဆောင်းညတစ်ညဟာ
အလှတရားတွေချည်းစုနေတာ မဟုတ်ဘူး ဟိုး အဝေးရဲ့ အမှောင်ထုအောက်မှာ
ကြည်နူးဆွတ်ပျံ့မှုတွေ ရှိသလို၊ လောဘတရားတွေ၊ မောဟတရားတွေ၊
မကောင်းမှုဆိုတာတွေလည်း ရှိနေဦးမှာပဲ ဆိုတာကို လက်ခံထားလိုစိတ်နဲ့
ပေါ်လာတဲ့ အတွေးကို မောင်းထုတ်မနေချင်တော့ဘူး။
လူတွေဟာ
အိပ်မက်ဆန်တဲ့ လှပမှုတွေကိုပဲ နှစ်သက်ကြသလို နတ်သမီးပုံပြင်တွေကို
စိတ်ကူးယဉ်ကြပေမယ့် လက်တွေ့ဘဝ ဆိုတာကတော့ ဒီလို ပုံပြင်ဆန်ဆန်လှပနေတာ
မဟုတ်ဘူးလေ။
ငယ်ငယ်က အပြစ်ကင်းစင်ပြီး
ချောမွေ့တဲ့ ဘဝလမ်းကို ကျွန်မ စိတ်ကူးယဉ်ဖူးတယ်။ နူးညံ့တဲ့ ပန်းတပွင့်လို
ပျိုးထောင်ခံခဲ့ဖူးတယ်။ ဒါပေမယ့် နတ်သမီး ပုံပြင်တွေထဲမှာတောင်
စုန်းမကြီးပါနေသေးတာ မေ့လျှော့ထားခဲ့ မိကြသလား။ စုန်းတွေရဲ့ လက်ထဲကို
အယုံလွယ်လွယ်နဲ့ ကျရောက် သွားတတ်ကြတယ်။
လူတွေရဲ့
ပတ်ဝန်းကျင်မှာ စုန်းဟာ မကောင်းဆိုးဝါးပေမယ့် စုန်းတွေရဲ့
ပတ်ဝန်းကျင်မှာတော့ လူတွေကို များများဖမ်းစားနိုင်တဲ့ စုန်းဟာ
သူရဲကောင်းပါပဲ။ လူမှာလည်း လူ့လောကအမှန်တရားရှိသလို စုန်းမှာလည်း
စုန်းလောကအမှန်တရားနဲ့ တော့ မှန်နေကြဦးမှာပဲ။ဘယ်သူ ဥာဏ်သာသလဲ သာသူသာက
နိုင်သွားတာပဲ။ စုန်းကို နိုင်ဖို့ စုန်းလိုကျင့်ရမှာလား။ ဒါတော့
မဟုတ်သေးဘူးထင်တယ်။ စုန်းဖမ်းစားတာ မခံချင်တာကလွဲပြီး စုန်းကို
အထင်ကြီးတဲ့သူ မဟုတ်တော့ စုန်းဖြစ်ရရင်တောင် ကိုယ့်ကိုကိုယ် သဘောကျ
နိုင်မယ်မထင်ဘူး။ စုန်းဖမ်းစား မခံရအောင် သူတို့ လုပ်နည်ုးလုပ်ဟန်တွေကို
သိပြီး လွတ်အောင်ရှောင်ဖို့ပဲ။ လူဆိုတာ လူလိုပဲနေတာ အကောင်းဆုံးပဲ။
အကောင်းတွေချည်းပဲ လောကမှာ ရှိသရောင်ရောင် တွေးထင်တတ်တဲ့၊ မကောင်းမှုတွေ
ရှိနေတာကို လက်မခံနိုင်တဲ့ ငြင်းပယ်လိုတဲ့ စိတ်ကိုတော့ ဖျောက်ပြီး
လက်တွေ့ကျကျ တွေးတတ်ဖို့ပဲ လိုမယ် ထင်ပါရဲ့။
ဂျူးရဲ့ ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါရစေ ထဲက စာသားကို သတိရမိတယ် ~လောကကြီးမှာ
အကောင်းတွေ ရှိပါသေးတယ်ဆိုပြီး ချွေးသိပ်ထားတာထက် မကောင်းမှုတွေ
အကြောင်းပြောပြပြီး သတိပေးနေရင် ကောင်းမယ်လို့ ထင်တယ်~ လို့
ဇာတ်ကောင်အမျိုးသမီးက ပြောခဲ့တယ်။ ဒါပေမယ့် လောကကြီးမှာ အကောင်းတွေကိုပဲ
ပြောချင်တဲ့ ဇာတ်ကောင်အမျိုးသားနဲ့ မကောင်းမှုတွေကိုပဲ လိုက်ရှာနေတဲ့
ဇာတ်ကောင်အမျိုးသမီးတို့ နှစ်ယောက်ရဲ့ အလောင်းအစားကို ကျွန်မစဖတ်မိကတည်းက
ဂျူးရဲ့ ပြောင်းပြန်လှန်လိုက်တဲ့ ဇာတ်ကောင်စရိုက်နဲ့ သရေကျမယ့် ပွဲကို
ကျွန်မခံစားမိလိုက်တယ်။ တကယ်တော့ လောကကြီးမှာ မကောင်းမှုရော ကောင်းမှုပါရှိတယ်လေ။ ဒါပေမယ့်
အဲဒီ သရေကျမယ့် ပြိုင်ပွဲကြီးထက် သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက်
လိုအပ်တယ်လို့ ခံစားမိတယ်။ ဒါပေမယ့် ဆရာမက သူတို့နှစ်ယောက်ရဲ့
ခံစားချက်တွေ၊ တစ်ဦးကိုတစ်ဦး လိုအပ်မှုတွေထက် မတရားမှုတွေနဲ့
ငြိမ်းချမ်းရေးကိုပဲ ပညာရှင်စကားတွေနဲ့ ပုံဖော်သွားတော့ ကြိုက်ပေမယ့်
ရသအားနည်းပြီး ရင်ထဲရောက်အောင်တော့ မစွဲလောက်ခဲ့ပြန်ဘူး။ အော် ကျွန်မတောင်
အရင်လောက် စိတ်ကူးမယဉ်တော့ရင် ဆရာမလည်း ဒီအရွယ်မှာ ရသဘက်ကို အားရော့လာတာ
အပြစ်တော့ မဟုတ်ဘူးပေါ့နော်။
အကောင်းအဆိုး
ရောနေတဲ့ လောကကြီးမှာ နေတတ်အောင်တော့ ကျွန်မ ရုန်းကန်ရဦးမယ်။ လက်တွေ့
ကျသင့်တဲ့အချိန်ကျပြီး စိတ်ကူးယဉ်သင့်တဲ့အချိန် ယဉ်နိုင်အောင်
ဘယ်လိုလုပ်ရပါ့။
ကျွန်မ
သင်ယူဖို့တော့ လိုနေသေးတယ်... ခုထိတော့... ကျွန်မ မတတ်မြောက်သေးသမျှတော့..
အမှားသံသရာလည်နေတဲ့ ဆီက ထွက်နိုင်ပါဦးလား... ကြိုးတော့
ကြိုးစားကြည့်ရမှာပါပဲ...
ဟိုးဝေးဝေးက
ကြယ်တွေကို လှမ်းကြည့်ရင်း အရင်လောက် အရောင်တောက်သေးရဲ့လားလို့
စဉ်းစားရင်း အိပ်ယာဝင်ဖို့ ကောင်းပြီလို့ ကိုယ့်ကိုကိုယ် သတိပေးမိတယ်။
ည ၂ နာရီ ကျော်လာပြီ။ တဖြည်းဖြည်း နက်ကလာညက တိတ်ဆိတ်သထက် တိတ်ဆိတ်လို့...
အငဲရဲ့ လမ်းပြပါဦး ကို တိုးတိုးလေး ညည်းမိတယ်...
နောက်ထပ် နှစ်နာရီ သုံးနာရီ လောက်ဆို ... မနက် ရောင်နီ လာတော့မှာပေါ့..
အင်းဆောင်းတွင်းအိပ်မက် ဂယောက်ဂရက် ဆိုရင် ကျွန်မရဲ့ ဆောင်းတွင်း အတွေးကလည်း ဟိုပြေးဒီပြေးပါပဲ..
ရောင်နီလာချိန်ကို စောင့်ချင်နေသေးတယ်...
ဆောင်းမနက်ခင်းတွေကိုလည်း ကျွန်မ ချစ်တာပဲလေ... ကြယ်ပွင့်ဟာ
သူ့ရဲ့ စိတ်ရဲ့ပြူတင်း
တံခါးကိုဖွင့်ရင်း
စိတ်ကို ရွက်ကုန်လွှင့်လို့
ပျောက်ဆုံးသွားတဲ့
သူရဲ့ နှလုံးသားတည်ရာကို
လိုက်ပြီး ရှာနေတယ်။
အခြားကြယ်တွေက
ဆိုတယ်..
ညအမှောင်ထဲက
တိုးလွန်းတဲ့
ငိုညည်းသံကို
ဘယ်သူကများ
ကြားနိုင်မှာတဲ့လဲ။
လမင်းက
ပြုံးတယ်..
တန်ဖိုးကပ်မထားတဲ့
စကားတွေဆိုတာ
နှလုံးသားက
ပေါက်ဖွားလာတဲ့
ကဗျာ...
နှစ်ဦးသားကြားက
နရီစီးချက်ဟာ
ရင်ခုန်သံပါတဲ့
သီချင်း...
နှလုံးသားနဲ့သာ
ခံစားနိုင်လိမ့်မယ်
သူ့နှလုံးသားရဲ့
အနုပညာကို
ငါနားလည်ပါရဲ့..
ဒါပေမယ့်
သူဟာ လတစ်စင်း
မဟုတ်ဘူးတဲ့..။
အတိုးဆုံး စကားပေမယ့်
ကြယ်ပွင့်
သူ့နှလုံးသားကို
ရှာတွေ့သွားတယ်..
ဟော..
လေတွေ..လေတွေ
အရမ်းတိုက်တယ်
သိပ်သည်းလွန်းတဲ့
အအေးဒဏ်ကြား
နောက်ဘဝ
လတစ်စင်းဖြစ်ဖို့
ဆုတောင်းရင်း ..
ဆောင်းလေနဲ့အတူ..
ကြယ်တစ်ပွင့်
ကြွေလွင့်သွားရှာတယ်
ဒါပေမယ့်..
လမင်းကတော့
မသိလိုက်ပါဘူး
ကြယ်ကြွေတာ
သူ့အတွက်
အထူးအဆန်းတစ်ခုမှ
မဟုတ်ခဲ့တာပဲလေ
ကြယ်ပွင့်ရဲ့
အိပ်မက်တွေကတော့
ဆောင်းနှင်းတွေထဲ
ပြန့်ကျဲ ပြိုကျလို့
တဖြည်းဖြည်း..
မှုန်ဝါး.. ပျောက်ရှ..
နေရောင်ထိတဲ့
မြူမှုန်လို..
ပါးလွှပျောက်ကွယ် ။
ကြယ်ကြွေတာတွေ့ရင်
ဆုမတောင်းလိုက်ပါနဲ့
အမှောင်ထဲက သူ့ငိုသံကို
ဘယ်သူမှ မကြားဘူးတဲ့လား
တကယ်တော့ ..
သူဟာ ရင်ကွဲနာကျ
ပြေးထွက်ခဲ့ရသူပါ။
အလွမ်းပြေ
Labels:
အက်ဆေး,
ရောက်တတ်ရာရာ
Subscribe to:
Post Comments (Atom)
0 comments: