My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Tuesday, November 29, 2011

What is your most important gift?

 ခရီးသွားရင်း ဓါတ်ပုံရိုက်ရင်းနဲ့ပဲ သူ့ဘဝက နေသားကျနေခဲ့တာ ...
မြောက်ပိုင်းဘက်ကို ခရီးသွားဖို့ ခရီးသွားလမ်းညွှန်စာအုပ်လေး သွားမဝယ်ခင် နေ့က အထိပါပဲ..
( ရှုခင်းဓါတ်ပုံ ပညာရှင် ကောင်လေး Ten )

ကျွန်တော့ရဲ့  ဘုရားပေးတဲ့ ဆု လေးကို
စတင်ရှာဖွေ တွေ့ရှိခဲ့တာ ဒီစာအုပ်လေးထဲမှာပါ..
စာအုပ်ကလေးထဲမှာ ပုံနှိပ်ထားတာ မဟုတ်တဲ့ လက်ရေးတွေနဲ့ ပိုကောင်းတဲ့ ရှုခင်းနေရာတွေကို ပြောပြထားတယ်..
သူ .. ဘယ်သူပါလိမ့် ..  သူ့ကြောင့် ကျွန်တော် ထင်မှတ်ထားတာထက် ပိုပြီး ပုံကောင်းတွေ ရခဲ့တာ ကြောင့်..
ကျွန်တော်ရဲ့ ဓါတ်ပုံ စာအုပ် ထုတ်ဖို့ အောင်မြင်သွားခဲ့တယ်..
စာအုပ်ကလေးကို ဝယ်ခဲ့တဲ့ နေရာမှာပဲ ထားရင်း..
သူများ တစ်ခေါက်ပြန်ကြည့်မလား ..
စိတ်ကူးနဲ့ ရှာခဲ့မိတယ်...
ဒီလိုနဲ့ ..


ကျွန်တော့ရဲ့ ဘုရားပေးတဲ့ ဆုလဒ်လေးနဲ့ ဆုံတွေ့ခွင့်ရခဲ့တာ..



တက်ကြွပျော်ရွှင်တဲ့  အပြုံးပိုင်ရှင်
ခရီးသွားလမ်းညွှန်လေး..Pao
သူမက ပွင့်လင်းတယ်..
ဟန်ဆောင်မှုကင်းကင်းနဲ့ ..

သူရဲ့ ကြည်လင်မှုက
ကျွန်တော့ကို ကူးစက်စေတယ်..
သူမနဲ့အတူ
လွတ်လပ်စွာ ရယ်မောမိတယ်



နှစ်ယောက်သား ငြင်းခုန်ကြတယ် 


စနောက်ရင်း ပျော်ရွှင်ကြတယ်
ဒီလို အရာရာကို ဝေမျှ ခံစားရင်း
နေ့ရက်တွေကို အတူဖြတ်ကျော်ရင်း 


 နှလုံးသားချင်းနားလည် ခဲ့ကြတဲ့
ချစ်တဲ့သူနှစ်ဦးရဲ့ ဘဝက  ပြည့်စုံလှပလို့ ..
အဲဒီညက ကြယ်တွေကို စောင့်ကြည့်ရင်း
ကျွန်တော့ ချစ်ခြင်းကို ဖွင့်ဟဖို့ မေ့ထားခဲ့မိတယ်...  

Happy Birthday To U ... ဖုန်းထဲက
သူမရဲ့ အသံ ချိုချို လေးနဲ့ နှုတ်ဆက်သံ ..

ဒါဟာ နောက်ဆုံး ဖြစ်မယ်လို့
ကျွန်တော် ဘယ်လို ထင်ထားခဲ့မိမှာတဲ့လဲ...
အဖြစ်အပျက်က မြန်ဆန်လွန်းပါတယ်...


ငါ့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့ Pao




သူမ ဘယ်တော့ နိုးထလာမလဲ ဆိုတာ
ဘယ်သူမှ သေချာ မပြောနိုင်တော့ဘူးတဲ့လား..

နင်ဘယ်တော့ နိုးလာမှာလဲ ..
ငါ အဲဒီနေ့ကို အနားမှာ နေရင်း စောင့်မယ်..

Birthday Card လေးမှာ နင်ရေးထားခဲ့တယ်..
ငါတို့ သက်ဆုံးထိ မခွဲကြေးနော်၊
နင့်အသက်လိုပဲ ငါ့ကို စောင့်ရှောက်ပါနော်   တဲ့...
ငါနင့်ကို ဂတိပေးပါတယ်.. အချစ်ရယ်..

နင် နိုးထလာတဲ့ နေ့ကြရင် ငါတို့ နောက်ပြီး ရိုက်ခဲ့ကြဖူးတဲ့ ဓါတ်ပုံထဲကလို လက်ထပ်ဖို့ ..
ငါ့ နင့်ကို မပြောလိုက်ရသေးတဲ့ ချစ်တယ် ဆိုတဲ့ စကားကို ပြောဖို့ ..
ငါ နင့်ကို စောင့်နေတယ်..


တို့နှစ်ယောက်အတူ တည်ဆောက်မယ့်
အနာဂတ်တွေလည်း ရှိသေးတယ်..


နင် ချစ်တဲ့ သဘာဝရှုခင်းတွေ..
ငှက်ကလေးတွေရဲ့ အသံလေးတွေ ကြားရင်
နင်များ နိုးထလာမလားလို့ ငါ မျှော်လင့်မိတာ..
ငါရဲ့ အိပ်မက်တွေထဲမှာတော့ နင်က နိုးထပြီး
အရင်လိုပဲ စကားတွေ လာပြောပါရဲ့ ..
လက်တွေ့မှာတော့..
အားလုံးက စောင့်ရမယ့် ရက်တွေ အရမ်းကျော်လွန်လာပြီး လက်လျှော့ဖို့ ဝိုင်းပြောနေပြီ...
နင် ထလာပါတော့..  တောင်းပန်ပါတယ်ကွာ .. Pao ..
အဲဒီလိုပဲ မနေလိုက်ပါနဲ့..  ငါ့ကို အားလုံး ဝိုင်းပြောနေကြပြီ..
မင်းကို စွန့်လွှတ်လိုက်ပါတော့တဲ့... 

တို့နှစ်ယောက်ရဲ့ မနက်ဖြန်ဆိုတာ မရှိတော့ဘူးလို့ ငါမယုံဘူး...
ငါ.. အားလုံးနဲ့ ရင်ဆိုင် တိုက်ခိုက်ဖို့ အဆင့်သင့်ပဲ..
ဒီနေ့ နင့်ကို စွန့်လွှတ်ဖို့ တောင်းပန်နေတဲ့ နင့်မိဘတွေနဲ့
နင့်ကို စွန့်လွှတ်ဖို့ သဘောမတူတဲ့ ငါ ..
တရားရုံးမှာ .. စကားပြောခဲ့ရတယ်...။

တို့နှစ်ယောက်အတွက် ဒါဟာ နောက်ဆုံး ရပိုင်ခွင့်တဲ့...
နင်ငါ့ကို ပေးခဲ့တဲ့ နင်ရဲ့ မွေးနေ့ လက်ဆောင်ကို လက်ခံတဲ့ အနေနဲ့ ..
နင့် ကို ငါ့ရဲ့ သတို့သမီးအဖြစ်နဲ့ ကမ္ဘာပေါ်က ထွက်ခွာခွင့် ပြုလိုက်ရတော့မယ်...
နင်ဟာ ငါ့ကောင်းကင်က ကြယ်ကလေး တစ်ပွင့်အဖြစ် ရှိနေမယ်လို့ ငါယုံတယ်..
ငါညတိုင်း နင့်ကို ငါမပြောလိုက်ရတဲ့ စကားတခွန်းကို အမြဲ မော့ကြည့်ပြီး ပြောနေပါ့မယ်...

ထာဝရ ငြိမ်းချမ်းစွာ အိပ်စက်ပါတော့.. အချစ်ရယ်..

သူမဟာ ကျွန်တော့် ဘဝရဲ့ အရေးအကြီးဆုံး ဘုရားကပေးတဲ့ လက်ဆောင်ပါပဲ။
Pao မရှိတော့ ပေမယ့်  သူမ ကျွန်တော်ကို ပေးခဲ့တဲ့ မွေးနေ့လက်ဆောင်လေးကို သက်ဆုံးထိ သိမ်းဆည်းရင်း..
ဘဝရဲ့ နေဝင်ချိန်တွေ အထိ သယ်ဆောင်သွားမှာပါ။
သူမ မရှိတော့ပေမယ့်  သူမ ကျွန်တော့ ဘဝထဲကို ရောက်ရှိလာတဲ့ အချိန်ကနေ
ထွက်ခွာသွားချိန်အထိ နှစ်ယောက်အတူ ရှာဖွေတွေ့ခဲ့တဲ့  ဘဝရဲ့ အဓိပ္ပါယ်တွေ..။
သူမနဲ့ အတူ ရှိနေစဉ်က ရရှိခဲဖူးတဲ့ ပျော်ရွှင်မှု၊ ပြည့်စုံမှု၊ အောင်မြင်မှုတွေ ၊
သူမကို ဆုံးရှုံးရတော့မယ် ဆိုတုန်းက ခံစားရတဲ့ နာကျင်မှု ဒုက္ခနဲ့ ရုန်းကန်ကြိုးစားခဲ့ရတာတွေ..
တွေ့ဆုံခြင်းနဲ့ ခွဲခွာခြင်းကြားက ဘဝရဲ့ လေးနက်မှုတွေက
ကျွန်တော် ဘဝရဲ့ အမှတ်တရတွေအဖြစ်နဲ့ ရှိနေပါတယ်...။
အားလုံးဟာ ကျွန်တော့အတွက် အရေးအကြီးဆုံး လက်ဆောင်တွေပါပဲ..
ကျွန်တော့်အတွက်တော့ .... သူမ ပါပဲ။   ။



 (Google
translate) >>
She is a dream in my heart. Only a distant dream.
Just grab a star on the blue distance. We will not win.
Advantages like the flower of hope. There's a vast
If only she understood. I'm sure some day.
* Will I sought out the answer. It's real time.
Would love to find someone like her.
Repeat.
Even if she is. There are only two of us love it. Side always.
But I remember waking nightmare.
I still haunt me. (I still haunt me.)
But her breathing.
.. Even though she does not exist.


Title: Happy Birthday
Director: Pongpat Wachirabunjong
Starring: Ananda Everingham, Chayanan Manomaisantiphap
Official Website: www.hbdmovie.com
Release Date in Thailand: 18th December 2008

1 comments:

NangNyi said...

အဲ့ကားကြည့်ချင်တယ်.. အင်းဂလိပ်စာတန်းထိုးပါတဲ့ အခွေလေး ဝယ်ပြီး မီးမီးနဲ့ ရအသ အတွက် လက်ဆောင်ပေးပါလားဟင်.. :D