Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Monday, December 26, 2011
ဆောင်းခိုငှက်
1:42 PM | Posted by
အလွမ်းပြေ |
Edit Post
အဆောက်အဦးရဲ့
အပြင်ကို ထွက်လိုက်တာနဲ့ အေးစိမ့်နေတဲ့ လေက မျက်နှာကို ဖြတ်ပြေးသွားသည်။ တဖြေးဖြေး
စက်ဘီးကို ဆက်နင်းလာတော့ ပါးမို့ဆီမှ အေးစိမ့်မှုကို စပြီး ခံစားရပြီးနောက် နှုတ်ခမ်းတွေ
ခြောက်သွေ့လာသည်။ လက်အိပ်စွတ်ထားသောကြောင့်
လက်ဖျားများ အေးမနေတော့ပါ။ လူသူကင်းရှင်းလှသော လမ်းကလေးတွင် မည်သူ့ကိုမှ မတွေ့မြင်ရသေးပါ။ ဒီလိုနဲ့ တောင်ကုန်းမြင့်လေးရဲ့ ထိပ်ဆီကို သူမရောက်လာခဲ့သည်။
မြက်ခင်းစပ်မှာထိုင်ချရင်း တောင်ကုန်းပေါ်ကနေ အောက်ဆီကို မျှော်ငေးကြည့်တော့ ဝေဝေဝါးဝါးသာ
တွေးရသည်။ လက်အိတ်နဲ့ ခေါင်းစွပ်ကြောင့် ချမ်းလျှင် အေးစက်နေသော လက်ဖျားနဲ့ နားအဖျားလေးတွေ
ကနွေးနေသော်လည်း ပါးမို့နေရာကတော့ အေးစက်နေသည်။ လက်အိတ်ကိုဆွဲချွတ်ပြီး အေးနေတဲ့ ပါးကို
နွေးသွားအောင် ကပ်မယ် လုပ်ရင်း စိတ်ထဲ တစ်စုံတစ်ယောက်ကု
ပြင်းပြင်းထန်ထန် သတိရလာသည်။ ဘယ်ဘက် ရင်ဘတ်မှ စူုးကနဲ နင့်သွားသော ခံစားချက်ကို အလွမ်းလို့
ခေါ်ပါသလား။ ဒါဆို သူမ သူ့ကို လွမ်းသည်။
တစ်ချိန်က
သူမ လက်အိတ်ကို ဆွဲချွတ်ဟန် ပြုတိုင်း အဲဒါဘာလုပ်တာလဲလို့ မေးရင် ပါးတွေအေးလို ကပ်မလို့လေလို့
သူမ ပြန်ဖြေတိုင်း အဲလို လုပ်ရတယ်လို့ ဘယ်သူပြောလဲ လာငါလုပ်ပေးမယ်လို့ သူက ရယ်ကျဲကျဲနဲ
ပြောပြီး သူမဘက်ကို တိုးလာရင် သူမက ထွက်ပြေးတတ်သည်။ ထိုအခါ နှင်းများကြားမှာ တောင်ကုန်းပေါ်က
ရေကန်ဘေးတစ်လျှောက် ပြေးတမ်းလိုက်တမ်း ကစားရင်း ရယ်သံတွေနဲ့ ဆူညံနေတတ်သည်။ တစ်နေ့တော့
နှင်းတွေ ကျလာတာကို သူမ ရပ်ပြီး ငေးမောမိတဲ့ တစ်နေ့ သူပေးချင်သော နွေးထွေးမှုကို သူမ
အသာတကြည် လက်ခံရရှိလိုက်သည်။ ဆောင်းမှာ ချစ်သူ့ ရင်ငွေ့ကို လူတိုင်း တမ်းတမိမှာပါ။
ချစ်သူနှစ်ဦးကြားမှ နွေးထွေးမှုသည် မည်သည့်
အရာနှင့်မှ မတူသော ကြည်နူးမှုကို ပေးစွမ်းစေသည်မဟုတ်လား။ ဒီဇင်ဘာသည် အလွန် အသက်ဝင်
လှပခဲ့ဖူးပါသည်။
ချစ်သူသည် သူငယ်ချင်း ဘဝကတည်းက အမြဲထူးဆန်း အံ့သြအောင် လုပ်တတ်သူပင် ။ တစ်ခါက သူ့မွေးနေ့တွင်
မွေးနေ့လက်ဆောင် ဘာယူမလဲ ဆိုတော့ သူမအိပ်ခန်းမှာ
တစ်ည ပေးအိပ်ပါတဲ့။ အခန်းပြောင်းအိပ်ဖူးချင်လို့ ဟု ဆိုသည်။ တစ်နယ်တကျေးမှ ဒီမြို့လေးကို လာနေသော သူမက မိန်းကလေးဆောင်မှာ
နေသူဖြစ်သည်။ ဟင် ငါ့အဆောင်က မိန်းကလေးဆောင်လေ ဆိုတော့ ခိုးနေမယ်ဟု ဇွတ်ပြောသောကြောင့်
အဲဒီည သူမ တစ်ဆောင်တည်း အဆောင် အတူတူ အပေါ်ထပ်မှ သူငယ်ချင်းတစ်ယောက်နှင့် သွားအိပ်သည်။
သူငယ်ချင်းက ထူးထူဆန်းဆန်းလာအိပ်သော သူမကို အံ့သြနေသည်။ မနက်ကျမှ ပြောပြသောအခါ မဆူရက်
ဆူရက်နှင့် သူမနှင့်အတူ အခန်းကို ပြန်လိုက်လာတော့ မနက်စာ ပြင်ပြီး စောင့်နေသော သူ့ကို တွေ့သောအခါ အစ်မက
သူ့ကိုပါ တော်တော် အတတ်ဆန်းထွင်တယ်ပေါ့ ဆိုတော့ ရယ်ကျဲကျဲ လုပ်နေသေးသည်။ ဒီလိုနဲ့ အဲဒီနေ့က
သူပြင်ဆင် ချက်ပြုတ်ထားသော မနက်စာကို အတူစားရင်း သူ့လက်ရာကို ပထမဆုံး မြည်းစမ်းခဲ့ဖူးသည်။
ထိုအစ်မကတော့ သူ့ကို ချီးကျူးရှာတာက နောက်ဘယ်တော့မှ မချက်နဲ့ သိလားဟု ဆိုတော့ သူက ရယ်ကျဲကျဲ ။ ကွယ်ရာကျ သူ့ချက်ကျွေးမှာကြလို့
အပျိုကြီးတွေများ ဂျီးထူတယ်။ နင်ကတော့ အပျိုကြီးမဖြစ်ဘူး ငါ အာမခံတယ် ငါ ချက်ကျွေးတာကို
ပြုံးပြီးစားနိုင်တယ်ဟု ဆိုသေးသည်။ ထိုစဉ်က သူ့စကားကို သူမ ခွဲခြမ်းစိတ်ဖျာဖို့ မကြိုးစားခဲ့မိခဲ့ပါ။
သူ့ကိုဆို
အရာရာ ခေါင်းငြိမ့်ချင်သော သူမသည် ကိုယ့်ကို ချစ်နေတယ် မဟုတ်လား ဆိုသည့် စကားတစ်ခွန်းကို
ငြင်းဆန်ဖို့ အင်အား ထိုနေ့ကလည်း ပျောက်ဆုံးနေခဲ့ပြန်သည်။ သူငယ်ချင်းသည် ထို့နေ့မှ
စပြီး သူမရဲ့ ချစ်သူဖြစ်ခဲ့ ပြန်ပါသည်။ ချစ်သူသည် သူငယ်ချင်းအဖြစ်ကို အချိန်မရွေး ပြန်ဖြစ်သွားနိုင်သော
လောကဓမ္မတာကိုတော့ … သိရဲ့နဲ့ မတွေးဘဲ သူမ မေ့ထားဖို့ ကြိုးစားထားခဲ့ဖူးသည်။
လွတ်လပ်ခြင်းကို
နှစ်သက်သော သူ့အတောင်ပံ့တွေကို သူမက ချစ်သည်။ သူမကြောင့် အစွမ်းကုန် ဖြန့်ထားမှ လှသော
ထိုအတောင်ပံတွေ အလှမပျက်စေလိုပါ။ ပေါ့ပါးသော သူ့ကို မြင့်သထက် မြင့်အောင် ပျံသန်းစေလိုခြင်းသာ
သူမရဲ့ ချစ်ခြင်းဖြစ်သည်။
ချမ်းစိမ့်မှုက
ကော်ဖီကြိုက်သော သူမကို ကော်ဖီ တစ်ခွက်ကို တောင့်တစေသည်။
တစ်ချိန်ကလည်း ချစ်သူ ဖျော်ပေးသော ကော်ဖီတစ်ခွက်ကိုတော့ သောက်ဖူးချင်ခဲ့ဖူးသည်။ ဒါကြောင့်လက်တွေ့ကျလွန်းသောသူကကိုယ်ဖျော်ရင် ကောင်းမှာမှမဟုတ်တာ ကောင်းကောင်း သောက်ချင်တယ်ဆို ဝယ်ပေးမယ်လို့ ပြောလာမှာကို သိသောကြောင့် ဘယ်တော့မှ မနိုင်သော သူ့ကို ဘာပြိုင်ရင် နိုင်မလဲဟု အကြံထုတ်ကာ အကြံရတော့လည်း သူမပြိုင်ချင် ပြိုင်ချင်လာအောင် ဘယ်လို ပြောမလဲဟု အကြံထုတ်ရပြီး လက်ရေးအလှ ပြိုင်ဖို့ စိန်ခေါ်ခဲ့ဖူးသေးသည်။ နှစ်ယောက်လုံး လက်နဲ့ စာမရေးတာ ကြာပြီ ကွန်ပျူတာနဲ့ပဲ ရေးနေတာ လက်နဲ့ တူတူရေးကြည့်ကြမယ်ဆိုပြီး အတင်းတောင်းဆိုဖူးသည်။ မပြိုင် ပြိုင်လာအောင် မခံချင်အောင် ပြောရသည်။ တကယ်တော့ သူမ မခံချင်အောင်ပြောသော အပြောကောင်းတာကြောင့် မဟုတ်ဘဲ သူက သနားလို့ လိုက်လျောပြီး ပြိုင်သောကြောင့် သူမ အနိုင်ရခြင်းဖြစ်သည်။ သူဖျော်ပေးသော ကော်ဖီ တစ်ခွက်ကို ကုန်သွားမှ ကြောက်သလို နှစ်နှစ်ချိုက်ချိုက်လည်း သောက်ခဲ့ဖူးသည်။ ထိုခါးသက်သက် ကော်ဖီ အရသာသည် အခုတော့ သူမအတွက် အတိတ်ခါးခါး တစ်ခု ဖြစ်မှန်းမသိ ဖြစ်လို့ နေပြန်ပြီပေါ့… ဒါပေမယ့် နှစ်သက်ဖွယ်… ။
တစ်ချိန်ကလည်း ချစ်သူ ဖျော်ပေးသော ကော်ဖီတစ်ခွက်ကိုတော့ သောက်ဖူးချင်ခဲ့ဖူးသည်။ ဒါကြောင့်လက်တွေ့ကျလွန်းသောသူကကိုယ်ဖျော်ရင် ကောင်းမှာမှမဟုတ်တာ ကောင်းကောင်း သောက်ချင်တယ်ဆို ဝယ်ပေးမယ်လို့ ပြောလာမှာကို သိသောကြောင့် ဘယ်တော့မှ မနိုင်သော သူ့ကို ဘာပြိုင်ရင် နိုင်မလဲဟု အကြံထုတ်ကာ အကြံရတော့လည်း သူမပြိုင်ချင် ပြိုင်ချင်လာအောင် ဘယ်လို ပြောမလဲဟု အကြံထုတ်ရပြီး လက်ရေးအလှ ပြိုင်ဖို့ စိန်ခေါ်ခဲ့ဖူးသေးသည်။ နှစ်ယောက်လုံး လက်နဲ့ စာမရေးတာ ကြာပြီ ကွန်ပျူတာနဲ့ပဲ ရေးနေတာ လက်နဲ့ တူတူရေးကြည့်ကြမယ်ဆိုပြီး အတင်းတောင်းဆိုဖူးသည်။ မပြိုင် ပြိုင်လာအောင် မခံချင်အောင် ပြောရသည်။ တကယ်တော့ သူမ မခံချင်အောင်ပြောသော အပြောကောင်းတာကြောင့် မဟုတ်ဘဲ သူက သနားလို့ လိုက်လျောပြီး ပြိုင်သောကြောင့် သူမ အနိုင်ရခြင်းဖြစ်သည်။ သူဖျော်ပေးသော ကော်ဖီ တစ်ခွက်ကို ကုန်သွားမှ ကြောက်သလို နှစ်နှစ်ချိုက်ချိုက်လည်း သောက်ခဲ့ဖူးသည်။ ထိုခါးသက်သက် ကော်ဖီ အရသာသည် အခုတော့ သူမအတွက် အတိတ်ခါးခါး တစ်ခု ဖြစ်မှန်းမသိ ဖြစ်လို့ နေပြန်ပြီပေါ့… ဒါပေမယ့် နှစ်သက်ဖွယ်… ။
အလွမ်းသီချင်းတွေ
သက်သက်ကိုသာ နားထောင်ဖြစ်ခဲ့တာ ဘယ်လောက်ကြာပြီလည်း… ကိုယ့်ဘာသာသာ ကိုယ် ပြန်မတွေးဖြစ်တာ
ကြာပါပြီ။ ချစ်သူ အတောင်ပံ့တွေ အသန်စွမ်းဆုံးနဲ့ အမြင့်ဆုံး ပျံသွားတဲ့ နေ့ကစသည်ပဲ
ဆိုကြပါတော့။ ဘယ်တုန်းကမှ သူ့အတွက် လှောင်အိမ်တစ်လုံး
မဖြစ်လိုသော သူမသည် သူပျံသန်းသွားခြင်းကို မျက်စိတစ်ဆုံး ငေးကြည့်ဖို့လည်း အင်အားမရှိပေမယ့်
အားတော့ တင်းခဲ့ရပါသည်။
တစ်ချိန်လုံး သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ် ညည်းနေတတ်သော သူမသည်
တစ်ခါတစ်ရံလောက်သာ စိတ်လို လက်ရ သူဆိုပြသော
သီချင်းတွေကို အရူးမူးစွဲလမ်းတာ သူလည်း သိချင်သိပါလိမ့်မည်။ သူ့ပုခုံးပေါ် ခေါင်းမှီကာ
သူဆိုပြသော သီချင်းကို နားထောင်ရင်း ကြယ်တွေ ထွက်လာတာကို စောင့်ကြည့်ရေတွက်ရသော … ကြယ်စုံသော
ညအချိန်လေးကို သူမ နှစ်သက်မြတ်နိုး လွန်းလှပါသည်။ သို့ပေမယ့် အပိုင်တော့ စီးမထားသင့် သူ့ပုခုံးကို သူသာ ပိုင်သင့်သည်
မဟုတ်လား… သူမှီတွယ်စေချင်သူကို သူခွင့်ပြုပါလိမ့်မယ်လေ…။ ဒါပေမယ့် ကြယ်တွေဆီကိုတော့
သူမ တိုးတိတ်စွာ လှမ်းဆုတောင်းဖူးပါသည်။ သူမသာ ပိုင်ဆိုင်ခွင့် ရပါစေသား….. ။
သူ စိတ်လို
လက်ရရှိသော အချိန်များသည် သူမအတွက် ပျော်ရွှင်ဖွယ်အကောင်းဆုံး အချိန်တွေပင်… စာဖတ်ဝါသနာပါသော
သူ့ကို .. စာဖတ်ပြရတာ ကျွန်မ ချစ်ခြင်းနှင့် နှစ်သက်စွာ လုပ်ပေးတတ်သည်။ ကျွန်မ ဖတ်ပြသော
အသံကို မျက်စိမှိတ်နားထောင်ရင်း အိပ်ပျော်သွားတတ်သော သူ့ကို သူမ ခပ်ဖွဖွပြုံးပြီး နိုးလာချိန်အထိ
တိတ်တိတ်လေး စောင့်နေခဲ့ရသည်ကိုပင် သူမ ကျေနပ်ဖူးသည်။ သို့သော် တစ်ခါ တစ်ရံ သူက စိတ်လိုလက်ရ
သူမကို ပြန်ဖတ်ပြသော အခါတွင်မူ သူမ ကြည်နူးစိတ်ဖြင့် အိပ်မရခဲ့ပါ။ ထိုအခါ သူမ ဖတ်ပြရသော
အလှည့်သို ပြန်ရောက်ရသည်ပင်။ သို့သော်.. ကြည်နူးမှုကတော့ အဆုံးမဲ့…. ။
သူမ ရင်ခွင်သည်
သူ့အတွက် အေးစက်ခြင်းကို ကာကွယ်ပေးဖို့ အစဉ်သူ့အတွက် နွေးထွေးစေချင်ပါသည်။ သို့သော
သူမရဲ့ နာကျင်ခြင်းသည် လွတ်လပ်ခြင်းအတွက် မွေးဖွားလာသူ
သူ့အတွက် နှောင်ကြိုး မဖြစ်လိုပါ။ ဒါကြောင့် သူမ ချစ်သူ ဆောင်းခိုငှက်ကလေးကို နွေဦးရာသီမှာ
အပြုံးပန်းတစ်ပွင့်သာ သူမ ဆက်သခဲ့ပါသည်။ သူသည် သူမ ရင်ထဲမှာ အမြဲတမ်းဆောင်းရာသီ ဖြစ်နေသည်ကို
သိမှ သိပါလေစ..။
အမုန်းမရှိသော
အတိတ်သည် အနာဂတ်သို့ အလွမ်းတွေကို သယ်ဆောင်လာတတ်ပြီး ထောင့်တစ်ခုမှ အသာချထားခဲ့သည်
ထင်ပါရဲ့…သူမ နှလုံးသားတစ်ထောင့်မှာ သူအမြဲတမ်းရှိနေလေသည်။ ပုံမှန် နေစဉ် ဝတ္တရားကြားမှာ ထူသားပေသားကျနေသော သူမကို ဆောင်းလေက ထို အလွမ်းဆီကို ပြန်သယ်ဆောင်သွားခဲ့သည်။ ထို့အတွက်လည်း
ဆောင်းလေကို ကျေးဇူးတင်မိပါသည်။ ဘယ်အချိန် ပြန်လာမယ်မှန်း မသိသော သူမရဲ့ ဆောင်းခိုငှက်ကလေးဆီကိုရော သူမအတွေးတွေကို ဆောင်းလေညင်းက သယ်ဆောင်သွားပေးပါမည်လား
.. ။
သူ့ ဆံပင် ခပ်ပျော့ပျော့ တွေကို ခိုးကစားပြီး ခပ်ဖွဖွ ခိုးနမ်းတတ်သော၊ သူ့နဲ့အတူတူ အိပ်ယာဝင်ချိန်တူချင်လို့ နေ့နဲ့ည ပြောင်းပြန် လိုက်အိပ်တတ်သော၊ အိပ်ငိုက်ရင်း ပြန်အလာကို စောင့်ပြီး ပြန်ရောက်ပြီလို့ မက်ခ်ျစေ့ရမှ အိပ်ပြီနော်ဟု ဆိုကာ အိပ်တတ်သော၊ သူ အချိန်တန်လို့ ထမင်းမစားရင် ပွစိ ပွစိ လုပ်တတ်သော၊ ချစ်တယ် ပြောရမှာ တွန့်တိုတတ်တဲ့ သူဆီကမှ ချစ်တယ်လို့ ပြောတာကို ကြားချင်သော၊ စူပုတ်ပုတ် နေတတ်သော သူ့ကို ရယ်မောစေချင်သော ၊ သူ့ကို ပျော်ရွှင်စေချင်တဲ့ .. မိန်းကလေး တစ်ယောက်ကို.. သူ့ကို ချစ်သော... မိန်းကလေး တစ်ယောက်ကို သတိရနေမည်လား။ လုံးဝ မသေချာပါ... သို့သော်.. သေချာတာက သူမ သူ့ကို လွမ်းနေသည် ဆိုတာပါပဲ...။
သူသိမှ သိပါရဲ့လား...
သူမရင်ခွင်ဟာ အမြဲတမ်း သူ့အတွက် နွေးထွေးနေဆဲ ဆိုတာကိုပေါ့…ချစ်သော.ဆောင်းခို ငှက်ကလေး ချစ်သူရေ... ခုဆို... တစ်ဆောင်းသစ်ခဲ့ပြန်ပြီလေ….။
အလွမ်းပြေ
Labels:
ကိုယ်တိုင်ရေး ဝတ္ထု
Subscribe to:
Post Comments (Atom)
0 comments: