My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, November 10, 2011

Yee Peng lights up Chiang Mai city

ချင်းမိုင်မြို့ရဲ့ သင်္ကေတ ဆင်ရုပ်အလှဆင် မီးပုံး
Loy Krathong  လို့ခေါ်တဲ့ Yee Peng ပွဲတော် အကြောင်းကို ကျွန်မ ပို့စ်လေးရေးခဲ့ပြီးပါပြီ။ 
ရောင်စုံ မီးတွေနဲ့ လှပ အသက်ဝင်နေပြီး မီးပုံးမိုးရွာနေနေတဲ့ မြို့တော် ချင်းမိုင်ရဲ့  မီးမျှောပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့က ချင်းမိုင်မြို့ဟောင်းက တာဖေးဂိတ်(Thapae Gate) မှာ ည ခုနစ်နာရီ တိတိမှာ Loy Karthong သီချင်းနဲ့အတူ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး ဖွင့်လှစ်ခဲ့ကြပါတယ်။

ဖွင့်ပွဲအခန်းအနားမှ မြို့တော်ဝန်နဲ့ ဧည့်သည်တော်များ
ဖွင့်ပွဲကို လာ အားပေးကြည့်ရှုကြတဲ့ ပရိတ်သတ်များ
 “Most beautiful city of culture” ဆိုတဲ့ ခေါင်းစဉ်နဲ့ အကအလှပြိုင်ပွဲများကိုလည်း တစ်ဆက်တည်း ကျင်းပ ကြပြီး ပွဲနောက်ဆုံးနေ့မှာ ဆုပေးပွဲကို ကျင်းပလေ့ရှိတာမို့ ပြိုင်ပွဲဝင်အဖွဲ့တွေဟာ ဖွင့်ပွဲနေ့မှ စတင် ချီတက် အလှပြ ပြိုင်ဆိုင်ကြရပါတယ်။

အကအဖွဲ့မှ ချစ်စရာ အလှလေးများ

Save Water for  our World




ဖွင့်လှစ်ပြီးကြောင်း ကြေငြာပြီးတာနဲ့ အသင့်စောင့်ဆိုင်းနေတဲ့  တက္ကသိုလ် အသီးသီး၊ မြို့နယ် အသီးသီးက အလှပြ အဖွဲ့များဟာ အက အလှများနဲ့ စတင် ဖျော်ဖြေကြပြီး အကအလှ ပြိုင်ပွဲ အကဲဖြတ်ဒိုင်များ ရှိရာ Pantip Plaza ရှေ့ အထိ အလှပြ ချီတက်ကြပါတယ်။


လှေသဏ္ဍာန်ပြုလုပ်ထားတဲ့ အလှပြ ကား
ကျွန်မတို့ ချင်းမိုင် တက္ကသိုလ်အလှပြအဖွဲ့ကတော့  ကမ္ဘာ့ရေအရင်းအမြစ်များ ဖြစ်သော မြစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ကမ္ဘာ့လူသားအသီးသီးနှင့် မြစ်များရဲ့ ဆက်နွယ်မှုကို သရုပ်ဖော်ပြတဲ့ အနေနဲ့ Save Water for  our World ဆိုတဲ့ စာတမ်းကိုကိုင်ဆောင်ပြီး အဲဒီ အနောက်မှာ အကအဖွဲ့ ၊ အက အဖွဲ့ ရဲ့ နောက်မှာ အဖြူရောင် ပိတ်စကို မြစ်အဖြစ် သရုပ်ဖော်ထားကာ ထိုမြစ်အတွင်းမှာ နိုင်ငံတကာ အလံများနှင့် အလှဆင်ထားပြီး  ကြာပွင့် မီးပုံးများကို ကိုင်ဆောင်ထားတဲ့ နိုင်ငံတကာ ကျောင်းသားများက ခြံရံကိုင်ဆိုင်ကာ နိုင်ငံတကာမှ မြစ်ချောင်းများနဲ့ လူသားအားလုံးတို့ ဆက်စပ်ပုံကို သရုပ်ဖော်ထားပါတယ်။ ထို့နောက်မှ ကျောင်းသား၊ ကျောင်းသူများရဲ့ အလှပြ ကားများ ၊ အက အဖွဲ့များက ဆက်လက် ပါရှိကာ လမ်းတစ်လျှောက် ကပြဖျော်ဖြေ ခဲ့ကြပါတယ်။


လမ်းတစ်လျှောက် အားပေးကြည့်ရှုကြတဲ့ ပရိတ်သတ်တွေ


လမ်းတစ်လျှောက် အလှပြချီတက်လာပြီး နောက်ဆုံး အကဲဖြတ်အဖွဲရဲ့ စင်မြင့်ရှေ့မှာ ကပြတင်ဆက်ပြီး ဂါရဝပြုနှုတ်ဆက်ကာ ပြန်လည်ထွက်ခွာပြီး အလှပြခြင်း အစီအစဉ် ပြီးဆုံးပါတယ်။  ယဉ်ကျေးမှု အလှအပတွေတဲ့ ချင်းမိုင်ရဲ့ Yee Peng ပွဲတော်ညရဲ့ လင်းလက်တဲ့ အလှအပတွေဟာ ကျွန်မအတွက် အမှတ်တရညလေး တစ်ညပါပဲ။
အော်.. ကျွန်မက အလှပြအဖွဲ့ထဲပါနေတော့ ဓါတ်ပုံတွေကို ကိုယ်တိုင်ရိုက်ခွင့်မရခဲ့ပါဘူး ..
ဒီလှပတဲ့ ပုံတွေကို ရိုက်ကူးခဲ့တာက.. ကျွန်မ သူငယ်ချင်းပါ။

လာနာ မင်းသမီးလေးများနှင် ကိုတေဇာ
ကလေးပုံနှင့် ဖွင့်ပွဲပုံနှစ်ပုံကတော့ Chiang mai Facebook Page မှဖြစ်ပါတယ်။
ခင်မင်စွာဖြင့်

အလွမ်းပြေ

0 comments: