Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Wednesday, November 16, 2011
New Year Resolutions
10:38 PM | Posted by
အလွမ်းပြေ |
Edit Post
ဒီနေ့ အိပ်ရာနိုးတော့ ဒီနေ့ကျောင်းစာ မလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အခန်းရှင်း ၊ ရေမိုးချိုး ၊ သနပ်ခါးလိမ်းပြီးတာနဲ့ ကော်ဖီလေးသောက်ရင်း ကျွန်မ စိတ်တွေရှင်းထုတ်တိုင်း နားထောင်နေကျ ဂီတာသံ သက်သက် လေးတွေကို နားထောင်ရင်း New Year Resolutions လုပ်ဖို့ ပြင်မယ်လို့ စိတ်ကူးလိုက်တယ်။ နိုဝင်ဘာကုန် ဒီဇင်ဘာထဲ လောက်မှ လုပ်နေကျ ဖြစ်ပေမယ့် ဒီနှစ်တော့ စောစောလေး လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ အမှန်တော့ ဘာစာမှ ဒီနေ့ မလုပ်ချင်တဲ့ တူတူလေ ဆိုပြီး အကြောင်းရှာတာပါ။
New Year Resolutions လုပ်တဲ့ အလေ့အထကို ဆယ်တန်းအောင်ပြီးကာစ ကတည်းက ကျွန်မအစ်မတစ်ယောက်ဆီက ရခဲ့တာပါ။ ပုံမှန်တော့ လုပ်ဖြစ်ခဲ့တယ်။ ၅ နှစ်တစ်ခါ ကိုယ်လုပ်ချင်ရာ ချရေးတာကတော့ သူနဲ့ တူတူ တစ်ခါလုပ်ပြီး ခဏ ခဏတော့ ပြန်ကြည့်မိတယ်။ ကြားထဲမှာ ကျွန်မအခက်အခဲ မျိုးစုံ ဘယ်လိုပဲ ကြုံရ ကြုံရ ခေါင်းထဲ စွဲနေတာကြောင့်လားတော့ မသိဘူး။ ပြန်စစ်ကြည့်လိုက်တိုင်း အချက်တော်တော်များများ ဖြစ်လာတာတွေ တွေ့ရတော့ ကျွန်မ ပုံမှန်တော့ လုပ်ဖြစ်တယ်။
New Year Resolutions လုပ်တဲ့ အခါ အဲဒီ 5yrs Planကိုလည်း ပြန်ပြန် ကြည့်ဖြစ်တာကိုး။ ကျွန်မရဲ့ အစ်မက ကျွန်မကို ဆယ်ကျော်သက်အရွယ်မှာ လမ်းလွဲမသွားအောင် အကျင့်လုပ်ပေးခဲ့တာမို့ ကျွန်မလည်း ကိုယ့် မောင်ငယ် ညီမငယ်လေးတွေကို မျှဝေချင်စိတ် ဖြစ်လာပါတယ်။ နောက်လိုအပ်တယ်လို့ ကိုယ့်ကိုကိုယ် ထင်ပြီး ဘယ်လို စလုပ်ရရင်ကောင်းမလဲ တွေးနေတဲ့ သူတွေ အတွက် အစလေး ဖော်ပေးတဲ့ သဘောပေါ့။ ကျွန်မ New Year Resolutions ဘယ်လို လုပ်လည်း ဆိုတာလေးကို မျှဝေချင်ပါတယ်။
ဒီလို New Year Resolutions ဘာလို့လုပ်ရလည်းဆိုရင် ကိုယ်ဖြစ်ချင်တာတွေ ရှိပေမယ့် မေ့မေ့လျှော့လျှော့ ဖြစ်နေတတ်တဲ့ လူ့သဘာဝအတိုင်း ဆက်မေ့နေခဲ့ရင် အချိန်တန်လို့ ကိုယ့်ဖြစ်ချင်တာတွေ မဖြစ်လာတဲ့အခါ ဆုံးရှုံးမှုတွေ မဖြစ်ရအောင်၊ ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ရအောင် ပြန်ကြည့်နိုင်တဲ့ မြေပုံတစ်ပုံကို ဖန်တီးတာပါပဲ။ စိတ်ကူးတွေကို လက်နဲ့ ပုံဖော်ပြီး ပြန်ကြည့်လို့ ရတဲ့အခါ မမေ့တော့ဘူးပေါ့။
New Year Resolutions အတွက် ကျွန်မ Mind Mapping လုပ်လေ့ရှိပါတယ်။ Mind Map ဆိုတဲ့ အတိုင်း ကိုယ့်စိတ်ကူးတွေကို ဆက်စပ်ပြီး ပုံဖော်တဲ့ နည်းစနစ်လေးတစ်ခုပါပဲ။ စီးပွားရေး၊ ပညာရေး၊ လုပ်ငန်းခွင်မှာ နဲ့ အခဲအခဲ တစ်ခုခု ကြုံလာတိုင်းမှာ ၊ စိတ်ကူးထုတ်ဖို့ လိုတဲ့ အချိန်တိုင်းမှာဒီနည်းက တကယ်ကို အသုံးဝင်ပါတယ်။ ကျွန်မအခု သုံးပြမှာကတော့ အရိုးရှင်းဆုံး အခြေခံ နည်းစနစ်ပါ။
ဘယ်လို လုပ်မလဲ ဆိုတော့ ...
ဒီလို New Year Resolutions ဘာလို့လုပ်ရလည်းဆိုရင် ကိုယ်ဖြစ်ချင်တာတွေ ရှိပေမယ့် မေ့မေ့လျှော့လျှော့ ဖြစ်နေတတ်တဲ့ လူ့သဘာဝအတိုင်း ဆက်မေ့နေခဲ့ရင် အချိန်တန်လို့ ကိုယ့်ဖြစ်ချင်တာတွေ မဖြစ်လာတဲ့အခါ ဆုံးရှုံးမှုတွေ မဖြစ်ရအောင်၊ ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ရအောင် ပြန်ကြည့်နိုင်တဲ့ မြေပုံတစ်ပုံကို ဖန်တီးတာပါပဲ။ စိတ်ကူးတွေကို လက်နဲ့ ပုံဖော်ပြီး ပြန်ကြည့်လို့ ရတဲ့အခါ မမေ့တော့ဘူးပေါ့။
New Year Resolutions အတွက် ကျွန်မ Mind Mapping လုပ်လေ့ရှိပါတယ်။ Mind Map ဆိုတဲ့ အတိုင်း ကိုယ့်စိတ်ကူးတွေကို ဆက်စပ်ပြီး ပုံဖော်တဲ့ နည်းစနစ်လေးတစ်ခုပါပဲ။ စီးပွားရေး၊ ပညာရေး၊ လုပ်ငန်းခွင်မှာ နဲ့ အခဲအခဲ တစ်ခုခု ကြုံလာတိုင်းမှာ ၊ စိတ်ကူးထုတ်ဖို့ လိုတဲ့ အချိန်တိုင်းမှာဒီနည်းက တကယ်ကို အသုံးဝင်ပါတယ်။ ကျွန်မအခု သုံးပြမှာကတော့ အရိုးရှင်းဆုံး အခြေခံ နည်းစနစ်ပါ။
ဘယ်လို လုပ်မလဲ ဆိုတော့ ...
- Preparing
- သက်တောင့်သက်သာနဲ့ အေးအေးဆေးဆေး ဖြစ်အောင် ပြင်ဆင်ပါ။ စိတ်ကို လွတ်လွတ်လပ်လပ် ထားပါ။ ဥပမာ- တစ်ယောက်တည်း အေးအေးလူလူ စဉ်းစားလို့ ရမယ့် နေရာမျိုး။ နောက်ခေါင်းစားစရာရှိရင် ကိုယ်လုပ်လေ့ရှိတဲ့ ကော်ဖီသောက်တာ၊ ဆေးလိပ်သောက်တာ။ နောက်ပြီး သုံးမယ့် ပစ္စည်း ၊ စဉ်းစားပြီး ကိုယ်ချရေးဖို့ စာအုပ်၊ ခဲတံ၊ ပေတံ၊ laptop စတာတွေအတွက် သေချာ ပြင်ဆင်ပါ။
- သိပ်ဆန်းဆန်းပြားပြား ရှည်ရှည်ဝေးဝေးတွေ ပြင်ဆင်ရှာဖွေတာ မလုပ်ပါနဲ့ ရှိတာနဲ့ အဆင်ပြေအောင်သာ ရိုးရိုး ရှင်းရှင်း လုပ်ပါ။
- ကိုယ့်မှာ အရင် Plan ချဖူးပါသလား စဉ်းစားပါ။
- Plan ရှိရင် အဲဒီ Plan ကနေစပြီး စဉ်းစားပါ။
- ဘာတွေ plan ချခဲ့လဲ။ အခု ဘာတွေလုပ်ပြီးပြီလဲ။ ရပြီးပြီလဲ ။ ဘာတွေ ကျန်နေသေးလဲ။ ဘာတွေထပ်လုပ်မလဲ။
- မရှိသေးဘူး ဆိုရင် အခုကစပြီး စဉ်းစားလိုက်ပါ။
- စာရွက်အလွတ်တစ်ရွက် ၊ ဒါမှမဟုတ် ကွန်ပျူတာနဲ့ ပဲဖြစ်ဖြစ် သင် ဖြစ်ချင်တာ လုပ်ချင်တာ မှန်သမျှကို စိတ်ထဲ ရှိသမျှ ချသာရေးပါ။
- စိတ်ထဲမှာ ကိုယ်ဖြစ်ချင်တာတွေ ရှင်းရှင်းလင်းလင်း ရှိတဲ့ သူက နံပါတ်သုံးကို တန်းဆွဲလို့ ရပါတယ်။
3. Creating New Year Resolutions ( Mapping )
စာသင်ဖူးတဲ့ ကျွန်မ အတွေ့အကြုံအရ ပြောရမယ်ဆိုရင်.. ယေဘုယျအားဖြင့်... ယောင်္ကျားလေးတွေက လေးထောင့်ကွက်တွေ ၊ မြှားတွေနဲ့ ဆွဲတာ ကြိုက်တတ်ပြီး အရောင်နဲနဲပဲ သုံးကြတာများပါတယ်။ သူတို့ အဓိက ထားတဲ့ ခေါင်းစဉ်တွေကိုချရေးပြီး ဆက်စပ်တာမျိုးတွေ့ရပါတယ်။ တချို့တော့ မျဉ်းတစ်ကြောင်း ပုံတွေကိုပါ ဆွဲလေ့ရှိတာ တွေ့ရပါတယ်။
- ကိုယ်ရဲ့ စိတ်ကူးတွေကို ဆက်စပ် ပုံဖော် ကြည့်ပါတယ်။
- ဒီလို ပုံဖော်တဲ့ ခေါင်းစဉ်ပိုင်းတွေက တစ်ယောက်နဲ့ တစ်ယောက် တူမှာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာ ရှိတဲ့ အတိုင်း လွတ်လွတ် လပ်လပ် ဆွဲပါ။
စာသင်ဖူးတဲ့ ကျွန်မ အတွေ့အကြုံအရ ပြောရမယ်ဆိုရင်.. ယေဘုယျအားဖြင့်... ယောင်္ကျားလေးတွေက လေးထောင့်ကွက်တွေ ၊ မြှားတွေနဲ့ ဆွဲတာ ကြိုက်တတ်ပြီး အရောင်နဲနဲပဲ သုံးကြတာများပါတယ်။ သူတို့ အဓိက ထားတဲ့ ခေါင်းစဉ်တွေကိုချရေးပြီး ဆက်စပ်တာမျိုးတွေ့ရပါတယ်။ တချို့တော့ မျဉ်းတစ်ကြောင်း ပုံတွေကိုပါ ဆွဲလေ့ရှိတာ တွေ့ရပါတယ်။
မိန်းကလေးများကတော့ အရောင်နဲ့ အရုပ်တွေကို ကြိုက်တာတွေ့ရပါတယ်။ ကျွန်မ အောက်ကပုံမှာ ဆွဲပြထားသလိုမျိုးပေါ့။
ဒါပေမယ့် လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့။ ကိုယ်ကြည့်မယ့် မြေပုံက ကိုယ့်စိတ်ကြိုက် ဖြစ်နေဖို့ လိုပါတယ်။ ကိုယ်မှတ်မိလွယ်တဲ့ အမှတ်သားမျိုးတွေနဲ့ ပုံဖော်ထားဖို့ပဲလိုပါတယ်။
အဓိက အချက်က ကိုယ့်စိတ်ကူးတွေကို ဆက်စပ်ပုံဖော် ဖို့ပါပဲ။
ဒါပေမယ့် လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့။ ကိုယ်ကြည့်မယ့် မြေပုံက ကိုယ့်စိတ်ကြိုက် ဖြစ်နေဖို့ လိုပါတယ်။ ကိုယ်မှတ်မိလွယ်တဲ့ အမှတ်သားမျိုးတွေနဲ့ ပုံဖော်ထားဖို့ပဲလိုပါတယ်။
အဓိက အချက်က ကိုယ့်စိတ်ကူးတွေကို ဆက်စပ်ပုံဖော် ဖို့ပါပဲ။
ပုံပေါ်လာတာနဲ့ ဘယ်ဟာက အရေးကြီး နံပါတ်တစ်၊ ဘာပြီး ဘာလုပ်ရမယ်ဆိုတာ ပုံပေါ်လာမယ်။ ကိုယ်ဘာဖြစ်ချင်တယ် ဆိုတာတွေ ရုပ်လုံးပေါ် ရှင်းလင်းလာမှာကိုတွေ့ရပါလိမ့်မယ်။ ဒါဆိုရင် ကိုယ်ဘာတွေ လုပ်ရမယ်ဆိုတာ ရှင်းလင်းပြီး လမ်းကြောင်းတစ်ခုပေါ်ရောက်လာသလို ခံစားရပါလိမ့်မယ်။
ကိုယ့်အစီအစဉ်တွေကို နံပါတ်တွေ တတ်ပြီး ပုံဖော်လိုက်ပါ။
ဒီလောက်ဆိုရင် New Year Resolutions အတွက် အဆင်ပြေပြီလို့ ပြောလို့ရပါတယ်။
4. Year Plan
ထပ်ပြီး တိတိကျကျလိုချင်တယ်ဆိုရင် ဒီလို Year Plan လေးပါ ထပ်ဆွဲရင် ပိုကောင်းပါတယ်။
ဆက်ပြီး Goal ဘယ်လို ချရမယ် ဆိုတာလေးကို လိုအပ်တဲ့သူတွေအတွက် နဲနဲလောက် အခြေခံလေးတွေ ပြောပြပါဦးမယ်။ ဒါက Monthly and Daily Plan အသေးစိတ် ထပ်ချချင်တဲ့ သူတွေလည်း အဆင်ပြေအောင်ပါ။
5. Focus on realistic goals
ချရေးပြီးပြီးသမျှ တွေကို အစအဆုံး ပြန်ဖတ်ပြီး။ ဖြစ်နိုင်ချေ ရှိတာနဲ့ ကိုယ်တကယ်လည်း ဖြစ်ချင်တာတွေကို ရွေးထုတ်ပါ။ ဒီနေရာမှာ လက်တွေ့ဆန်ပါ။ မတွေဝေပါနဲ့။ အကောင်းဆုံးနည်းက ကိုယ့်ကိုကိုယ် ကိုယ်ဘာဖြစ်ချင်တယ် ဆိုတာကို အသံထွက်ရှင်းပြပါ။ ကိုယ့်ကိုယ်တိုင် တကယ်နားလည် သဘောပေါက်ရဲ့လား ဆန်းစစ်ပါ။ ကိုယ့်ကိုကိုယ် မလိမ်ပါနဲ့။ကိုယ်တိုင်မှ ကိုယ်ဘာဖြစ်ချင်တယ် ဆိုတာ သဘောမပေါက်ရင် ဖြစ်လာအောင် လုပ်ဖို့ မဖြစ်နိုင်ပါဘူး။
a. S–specific.
ဥပမာ- ကိုယ်အလေးအချိန်ကို ရက် ၃၀ အတွင်း ၅ပေါင်တိတိလျှော့နိုင်ရမည်။
b. M– measurable.
ဥပမာ-ရက် ၃၀၊ ၅ ပေါင် ဆိုတာတွေက တိုင်းတာလို့ ရတာတွေပါ။
c. A– achievable.
ဥပမာ-သင့်လုပ်နိုင်စွမ်းအား နဲ့ ဖြစ်အောင်လုပ်နိုင်မယ့် အရာ ဖြစ်ဖို့လိုပါတယ်။
ဥပမာ- အစာအိမ်ရောဂါဖြစ်နေတယ်ဆိုပါစို့။ အဲဒီကြားက ကိုယ်အလေးချိန်လျှော့ဖို့ အစားလျှော့စားလို့ မဖြစ်နိုင်ပါဘူး။ လေ့ကျင့်ခန်း တစ်ခုတည်း လုပ်ရုံနဲ့ ဖြစ်နိုင်ချေရှိတဲ့ အတိုင်းအတာလား ဆိုတာ စဉ်းစားရပါမယ်။ ၅ ပေါင် မဖြစ်နိုင်ရင် ၂ ပေါင်လား ပေါ့။ အခုတကည်းက သေချာ စဉ်းစားပါ။
d. R–realistic.
ဥပမာ-လက်တွေ့ကျပါ။ တစ်လ ၂၀-၃၀ ပေါင် လျှော့မယ်။ အစားလည်း လျှော့မစားနိုင်ဘူး။ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်မရှိဘူး။ ပိန်ဆေးစားဖို့၊ ဓါတ်စာ စားဖို့ ရောဂါခံရှိလို့ မတည့်ဘူး။ ဒါဆို လက်တွေ့ကျနိုင်ပါတော့မလား။
e. T–time-bound.
ဥပမာ- ရက် ၃၀ ဆိုတာ Jan 1 to 30 ဆိုတာမျိုး။ ရက်ကို သေချာ တိကျစွာသတ်မှတ်ပါ။
6. Goal Split ( Goal to tasks )
ခုနက အသံနဲ့ ပြောခဲ့တဲ့ Goals တွေကို အလုပ်ဖြစ် ပြောင်းရပါမယ်။ Goal တစ်ခုအတွက် Sub-goals တွေလည်း ပေါ်လာနိုင်ပါသေးတယ်။ တစ်ခုချင်းစီ ဖြစ်အောင် ဘာတွေ လုပ်ရမယ် ဆိုတဲ့ အလုပ်တာဝန်တွေနဲ့ ဘယ်အချိန် လုပ်မယ် ဆိုတာကိုပါချရေးပါ။ပြီးရင် Mapping လုပ်ပါ။
ဥပမာ- ကိုယ်အလေးချိန်လျှော့ချရန်
- လေ့ကျင့်ခန်းလုပ်ဖို့ နေရာရှာရန်
- တစ်နေ့ ၁ နာရီ လေ့ကျင့်ခန်းလုပ်ရန်
- ကယ်လိုရီတွက်စားရန် အစားအသောက်ဇယားဆွဲရန်
ကျွန်မ အခုရေးပြခဲ့တာတွေကို အကုန်လုံး လုပ်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ်လိုအပ်သလောက် အခြေအနေကို လိုသလောက်ပုံဖော်နိုင်အောင် ရေးပြခဲ့တာမို့ စာဖတ်သူအနေနဲ့ ကိုယ်လိုအပ်သလောက် လိုသလို သုံးနိုင်ပါတယ်။
New Year Resolutions အချိန်ပေးလုပ်ပြီးမှ အသုံးမဝင်တာ မဖြစ်ဖို့ .. အဓိကလေးချက် ရှိပါတယ်။
ကျွန်မက 3R and F လို့ အတိုခေါက် မှတ်ထားစေချင်ပါတယ်။
- R - Respect ကိုယ့် ဆုံးဖြတ်ချက်တွေကို ကိုယ်လေးစားပါ။
- R - Review လစဉ်တိုင်း ပြန်ကြည့်သုံးသတ်ဖို့ သတိရပါ။
- R - Realistic ပြန်သုံးသတ်ရာမှာ လက်တွေ့ကျပါ။
- F- flexibility လမ်းကြောင်းလွဲနေတယ် ထင်ရင် ပြင်ဖို့ ဝန်မလေးပါနဲ့။ ရည်မှန်းချက်ကို ရောက်ဖို့က အဓိက ပြောင်းလဲပြင်လွယ်ဖြစ်ဖို့ ကိုယ်စိတ်ကိုကိုယ် ဖွင့်ထားပါ။
ကဲ ဒါကတော့ ကျွန်မရဲ့ Mind Mapping လေးပါ.. ဒီနေ့ ကျွန်မ ဒီပို့စ်လေးကိုရေးရင်း mind mapping လုပ်ရင်း နားထောင်နေတဲ့ ငယ်သူငယ်ချင်း တစ်ယောက်ရဲ့ လက်ရာဂစ်တာသံလေးကိုပါ ထည့်ပေးလိုက်ပါတယ်။
နားထောင်ရင်း အခုပဲ စာဖတ်သူကိုယ်တိုင် ကိုယ်ပိုင် New Year Resolutions - Mind mapping လေး စမ်းလုပ်ကြည့်လိုက်ပါလားရှင်..
သူငယ်ချင်းရဲ့ဂစ်တာလက်သံ
ပန်းချစ်သူ (Arranged and played by Wpm Aung)
ခင်မင်စွာဖြင့်
အလွမ်းပြေ
Labels:
Life Skills,
ဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments: