My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, November 7, 2011

Does time heal all Wounds?

အခုတလောစဉ်းစားမိနေတာက ဘဝက အဓိပ္ပါယ် မရှိဖြစ်နေသလိုပဲ။ ဘာတွေ လိုအပ်နေတာလဲ ။ ပျော်ရွှင်ခြင်းပဲ ဖြစ်ဖြစ် ဝမ်းနည်းခြင်းပဲ ဖြစ်ဖြစ် တစ်ခုခုတော့ လိုနေသေးတာပဲ။ ဘာလိုနေတာလဲ။ ဘာကိုမှ နှစ်နှစ်ကာကာ ခံစားလို့ မရတော့ဘူး။ ပျော်လဲ ခဏ ။ မပျော်လဲ ခဏပဲ။ တကယ်တော့ ပေါ့ပေါ့ပါးပါး ဖြစ်အောင် ကြိုးစားရင်း အရှိန်လွန်သွားတာပဲ နေမှာ။ 
သူငယ်ချင်း တစ်ယောက် ပြောသလိုပဲ..
 ရင်ဘတ်ထဲကအသံကို နားထောင်ကြည့်တဲ့အခါ....... နှလုံးခုန်သံက မကြားနိုင်လောက်အောင် တိုး လွန်းနေတယ်...။ ( PS ) 

 ကျွန်မ Trauma ရနေတယ် လို့ပဲပြောရမလား။ စိတ်ဒဏ်ရာပဲလို့ ဆိုရမှာပဲ။ ပြင်းပြင်းထန်ထန် ထိခိုက်ခံစားရတာတွေ အဲဒီ ခံစားမှုတွေကို တိုက်ထုတ်ဖို့ ပင်ပန်းဆင်းရဲခဲ့ရတာတွေရဲ့ နောက်မှာ ကြောက်ရွံ့ခြင်းက မသိမသာ ကပ်ပါလာခဲ့တယ်။ ခံစားချက်တွေကို ကုစားရင်း၊ ကပ်ပါလာတဲ့ ကြောက်ရွံ့ခြင်းတွေကို သတိမထားခဲ့ မိဘူး။ 
အခုလက်ရှိအချိန် ဘဝမှာ လိုအပ်ချက် ကြီးကြီးမားမားလည်း စိတ်ဓါတ်ကျစရာကောင်းလောက်အောင် မရှိပါဘူး။ အသက်အရွယ်နဲ့ သင့်တော်ပြီး နှစ်သက်စရာကောင်းတဲ့  အလုပ်အကိုင် ရှိတယ်။ ထိုက်သင့်တဲ့ ပညာအရည်အချင်းရှိတယ်။ သင့်တင့်တဲ့ ရုပ်ရည်ရှိတယ်။ မိသားစုနဲ့ သူငယ်ချင်းတွေ အနားမှာရှိတယ်။ တိုးတိုးတိုင်ပင်ဖော် သူငယ်ချင်းတွေ ညီအစ်မလို၊  မောင်နှမလို လူတွေရှိတယ်။ ချစ်သူမရှိသေးပေမယ့် တကယ်လို့ ကိုယ်သာနှစ်သက်ခဲ့ရင် လက်ခံလို့ရလောက်တဲ့ ကိုယ့်ကို နှစ်သက်တဲ့သူရှိတယ်။ အဘက်ဘက်က အဖြေရှာကြည့်တယ်။ အထီးကျန်စရာ၊ အားငယ်စရာ လက်ရှိမှာ တစ်ခုမှ ကိုယ့်ဘာသာ ရှာမတွေ့ဘူး။ 
ဒါပေမယ့် ကိုယ် နှစ်နှစ်ကာကာ ဘာတစ်ခုကိုမှ ခံစားမှု မရှိဘူး။ ဘဝဟာ ဆားမပါတဲ့ ဟင်းတစ်ခွက်လိုပဲ။ ကျန်းမာရေးအတွက် ကောင်းချင်ကောင်းမယ် အရသာတော့ မရှိဘူးလေ။ ဒီလိုပဲ ထိခိုက်မှု ကင်းချင်ကင်းမယ် ဘဝရဲ့ အရသာကတော့ ပျက်နေတာ အမှန်ပါပဲ။

အကောင်းဆုံး ကြိုးစားနေပေမယ့် အောင်မြင်မှု တစ်ခု အတွက်ပဲဖြစ်ဖြစ် အပြောင်းအလဲ တစ်ခု အတွက်ပဲ ဖြစ်ဖြစ် စွန့်စားရမှာ ပြင်းပြင်းထန်ထန် အားထုတ်ရမှာမျိုးနဲ့ ရင်ဆိုင်လာရပြီ ဆိုရင် ခြေလှမ်းတွေ ရပ်နေပြန်တယ်။ တကယ်တော့ ရပ်နေတယ် ဆိုတာ ရှေ့မရောက် ရုံတင်မကဘူး နောက်ပြန်လျှောကျ တတ်တယ်ဆိုတာ  မသိတာမှ မဟုတ်ဘဲ။ 

ပျောက်ဆုံးနေတဲ့ အိပ်မက်တွေအတွက် တာဝန် အရှိဆုံးလူက ကိုယ်တိုင်ပါပဲ။ စိတ်ဒဏ်ရာဆိုတာ အချိန်က ကုစားမှာထက် ကိုယ်တိုင်ကြိုးစားပြင်ဆင်မှု မရှိရင် သက်သာရုံကလွဲလို့ ကောင်းမွန်လာဖို့ဆိုတာ မလွယ်ဘူးဆိုတာ ကျွန်မ သဘောပေါက်လာပါတယ်။

          အားလုံး အကောင်းအတိုင်း ဖြစ်ပြီ ထင်နေပေမယ့် နောက်ဆုံး ကြောက်ရွံ့ခြင်းဆိုတဲ့ ဘေးထွက် ဆိုးကျိုးကို ဆက်တိုက်ဖို့ ကျန်နေ သေးတယ်။ ဒီနေ့ အဲဒီ ကြောက်ရွံ့ခြင်းကို ရင်ဆိုင် တိုက်ထုတ်ဖို့ ဆုံးဖြတ် လိုက်တယ်။ 
          တကယ်ဖြစ်ချင်၊ လုပ်ချင်ရင် ဘာမဆို ဖြစ်အောင် လုပ်နိုင်တယ်။ စောတာနဲ့ နောက်ကျတာလောက်က လွဲလို့ မဖြစ်လာဘူး ဆိုတာ မရှိဘူးဆိုတာ သိတယ်။ ဒီကြောက်ရွံခြင်းကို ကိုယ်တိုက်ထုတ်နိုင်ပြီးရင် ကိုယ့်ဘဝကို အဓိပ္ပါယ်ပြည့်ပြည့်နဲ့ ဆက်ပြီး ဖြတ်သန်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။
လောကမှာ ၁၀၀ ရာခိုင်နှုန်းဆိုတာ မရှိဘူး။ အလုံးစုံ ပြည့်စုံခြင်းဆိုတာမျိုး လောဘလည်း မရှိပါဘူး။ ဘဝရဲ့ အဓိပ္ပါယ်ဆိုတာ လူသားဆန်ဆန် သဘာဝ အတိုင်း နှစ်နှစ်ကာကာရှိတဲ့ ခံစားချက်မျိုးကိုပြန်ရရင် ပြည့်စုံပါပြီ။

ပျော်စရာရှိ ပျော်မယ်။ ဝမ်းနည်းစရာရှိ ဝမ်းနည်းမယ်။ ကြောက်စရာရှိ ကြောက်မယ်။ သတ္တိရှိစရာရှိ ရှိတယ်။ စွန့်စားစရာရှိ စွန့်စားမယ်။ စိတ်ဆိုးစရာရှိ စိတ်ဆိုးမယ်။ စိတ်ပြေစရာရှိ ပြေလိုက်မယ်။ အားလုံး သဘာဝ ကျကျပေါ့။

အခုလိုမျိုး ဘာခံစားချက်မျိုးပဲ ရှိလာလာ ပုတ်ထုတ်ပစ်လိုက်တဲ့ မသိစိတ်။ တစ်ခုခုနဲ့  အာရုံလွှဲဖြစ် သွားတတ်တဲ့  မသိစိတ်။ စတဲ့ မသိကျိုးကျွန်ပြု ရှောင်လွှဲလိုက်တဲ့ အကျင့်ဟာ တစ်ခါ တစ်ခါ လိုအပ်လို့ သဘောထားကြီး လိုက်တာတက် အကြိမ်ပေါင်းများစွာ သာလွန်နေပြီ။ လုပ်ရမှာထက် လုပ်သင့်တဲ့ နေရာမှာရော မလုပ်သင့်တဲ့ နေရာမှာရော အားလုံးကို လုပ်မိနေပြီ။ ဒါတွေဟာ  ရင်မဆိုင်ချင်တဲ့  အကြောက်တရားကြောင့် ပဲ။ မျှော်လင့်ချက် မထားရဲတဲ့၊ အိပ်မက်မမက်ရဲတဲ့၊ မသေချာမှုတွေ၊ မရေရာတာတွေ၊ ပြောင်းလဲတတ်တဲ့ ကံတရားတွေ၊  ကြိုးစားပြီးမှ ပြန်ပြိုလဲကျသွားမှာတွေ၊ ဖြစ်မလာမှာတွေကို ရင်မဆိုင်ရဲတဲ့ အကြောက်တရားတွေကြောင့် ဘဝကြီးက သေနေတယ်။ ဒီ ကြောက်စိတ် တွေကို မောင်းထုတ် ပြင်ဆင်ဖို့ မသေချာတဲ့ အချိန်ဆိုတာကို စောင့်နေစရာမလိုပါဘူး... ကိုယ်တိုင်ကြိုးစားမယ် ။  
ဒီနေ့ကစပြီး ပြုပြင်နိုင်ဖို့ ကြိုးစားရင်း ဘဝ အဓိပ္ပါယ်ကို ပြန်ရှာရဦးမယ်။ပြန်လဲ မကျဖို့ကို ဆုတောင်းမိပါတယ်။

ကျွန်မ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ 
အလွမ်းပြေ 

0 comments: