Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Tuesday, November 22, 2011
အချစ်ကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်တာ တကယ်ပဲ ဟုတ်ရဲ့လား။
2:01 AM | Posted by
အလွမ်းပြေ |
Edit Post
စင်္ကာပူမှာ
သတ်သေသွားတဲ့ ရင်ငြိမ်းပွင့်ကို အားကျပြီး နောက်ထပ် ကညာစင် ဆိုတဲ့
ညီမလေးကလည်း အိပ်ဆေးတွေ သောက်ပြီး
ကိုယ့်ကိုကိုယ် သတ်သေသွားပါသတဲ့။ သူတို့ နှစ်ယောက်လုံးက ချစ်သူရဲ့ ထားခဲ့တာကို
ခံရလို့ အသည်းကွဲပြီး နောက်ဆုံး ဒီအဆင့်ရောက်သွားရတာတဲ့လား။ ကျွန်မ ဝမ်းနည်းတာရယ်၊
ကိုယ်ချင်းစာတာရယ်၊ နှမြောတာရယ်၊ ကျန်ခဲ့တဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ဒါတွေကို
စဉ်းစားပြီး ရင်ထဲမှာ ဆို့တစ်တစ်ကြီး ဖြစ်လာတယ်။ ကျွန်မ ညကြီးသန်းခေါင် ငူငူကြီး
ထိုင်ပြီး စဉ်းစားမိတယ်။ ဖြစ်ရလေ ညီမလေးတို့ရယ်လို့။ အချစ်ကို အသက်နဲ့လဲတာ
သူရဲကောင်းလား၊ သူရဲဘောကြောင် တာလားလေးတောင် ခွဲခြားနိုင်တဲ့ ဥာဏ်ပညာ တကယ်ပဲ
မရှိခဲ့ကြဘူးလား။ ဒီလို ခွဲခြားနိုင်စွမ်း မရှိတဲ့ သူတွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဘယ်လောက်များရှိနေပြီလဲ။
နောက်ထပ် သူတို့ နှစ်ယောက်ကို အားကျမယ့်သူတွေများ ပေါ်လာကြဦးမှာလား။ ဘုရားတောင်
တမိပါတယ်။
သူတို့ကို ဥာဏ်ပညာမပြည့်စုံဘူးရယ်လို့
ပြောမိလို့ ကျွန်မကို စိတ်ဆိုးကောင်း စိတ်ဆိုးတဲ့သူတွေ ပေါ်လာမှာပါ။
ကိုယ်ချင်းမစာဘူးလို့ ပြောကောင်း ပြောကြမှာပါ။ သူတို့ ရင်ထဲက ခံစားချက်မျိုးကို
မပိုရင်သာနေမယ် ကျွန်မ ထပ်တူ ခံစားပေးလို့ ရပါတယ်။ ဒါကြောင့် ကျွန်မ
ယူကျုံးမရစိတ်နဲ့ ပြောရတာပါ။
လူတစ်ယောက်
ကိုယ့်ကိုကိုယ် သတ်သေဖို့ဆိုတာ တော်တော်
ခက်ခဲမယ့် အလုပ်ပါ။ သူတို့ သတ်မသေခင် အများကြီး စဉ်းစားကြမှာပါ။ အဲဒီလို
စဉ်းစားတဲ့ အခါ သူတို့မှာ တခြား ထွက်ပေါက်စဉ်းစားမရအောင်၊ မျှော်လင့်ချက်
မရှိရလောက်အောင်၊ ချစ်သူမရှိတော့လို့ ဘဝက အဓိပ္ပါယ်မရှိ အနာဂတ်မဲ့ပြီး အချစ်ကလွဲပြီး
ကျန်တာတွေ မျက်စိထဲ မမြင်ရလောက်အောင် ဖြစ်နေရတာ သူတို့မှာ လူလောကကြီးမှာ
အသက်ရှင်ဖို့ လုံလောက်တဲ့ ကျိုးကြောင်း ဆင်ချင်နိုင်တဲ့ ဥာဏ်ပညာ
မပြည့်စုံတော့လို့ပါ။ စိတ်ဓာတ် အင်အားလည်း မပြည့်စုံတော့လို့ပါ။
သူတို့မှာ
အချစ်ကလွဲပြီး တခြား စိတ်ဝင်စားစရာ ဘဝမှာ ဘာမှမရှိဘဲ ဖြတ်သန်းခဲ့သလား။ မဟုတ်ရင်
တွေးတော ဆင်ခြင်ဥာဏ်တွေ ထုံထိုင်းသွားစေတဲ့ မူးယစ်ဆေး တစ်ခုခုကိုများ စွဲလန်း
သုံးစွဲမိပြီး ကြောင်များ သွားရှာလေသလား။ ဒါဟာ အဖြေမရှိပေမယ့် အဓိက တွေးတောစရာပါ။ အနည်းဆုံးတော့ ငါ့ကို အရွယ်အထိ ပြုစုပျိုးထောင်လာခဲ့တဲ့ မိဘတွေ တစ်သက်လုံး စိတ်မကောင်းဖြစ်နေရမယ်၊ အနီးဆုံး
မိဘကို ပြန်ကျေးဇူးတုန့်ပြန် တာဝန်ယူဖို့၊ရှိသေးတယ်။ ဘာသာရေး ခံယူချက်အရ မလုပ်သင့်ဘူးလို့
တွေးမိတာမျိုး။ နိုင်ငံသားကောင်း
တစ်ယောက်ရဲ့ တာဝန်မျိုးတွေ ဖြစ်တဲ့ ကိုယ့် တိုင်းပြည်ရဲ့ လူမှုရေးလိုအပ်ချက်တွေမှာ
တတပ်တအား ပါဝင်ဖို့၊ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှု စတာတွေ လိုအပ်တဲ့ နေရာတွေမှာ
ပါဝင်ဖို့။ ကိုယ့် အနာဂတ်မှာ ကိုယ် တွေးတောထားပြီး လုပ်ဆောင်ချင်တဲ့ လိုချင်တဲ့ ကိုယ်ပိုင်
အောင်မြင်မှုတွေ၊ ရည်မှန်းချက်တွေ ဒါတွေ အကြောင်း တွေးမိဖို့ မရှိဘူးလား။ ဒါတွေ တွေးမိမယ် ဆိုရင် သူတို့ သတ်သေမယ့် အတွေးကို ကျော်လွှားဖို့ သူတို့
လမ်းကြောင်းရှာ ကြိုးစားလာနိုင်တယ်လို့ ကျွန်မထင်မြင်မိပါတယ်။
ကိုယ့်ကိုကိုယ် သတ်သေချင်တဲ့ စိတ်ကို
ပြောင်းလဲ ပြစ်စေတဲ့၊ကျော်လွှားနိုင်စေမယ့် အဓိက အကြောင်းအရာတွေက
၁။
တာဝန်သိစိတ်
၂။
ပတ်ဝန်းကျင်ကောင်းနဲ့
၃။
ပေါင်းသင်းဆက်ဆံရေး
၎။
စာဖတ်ခြင်းအလေ့အထ
၅။
ပြင်ပ ဗဟုသုတ
၆။
အများအကျိုးဆောင်ရွက်လိုစိတ်
၇။
ကိုယ့်ကိုကိုယ် တန်ဖိုးထားစိတ် တွေ ပါပဲ။
ငယ်ရွယ်တဲ့သူတွေ
အနာဂတ်အတွက် ၊ လောကဓံကို ရင်ဆိုင်နိုင်ဖို့
ပြုစုပျိုးထောင်ခဲ့တဲ့ မိဘအသိုင်းအဝိုင်း ၊ နောက် ပညာရေးပိုင်းမှာ အများကြီး
ပြင်ဆင်ပေးလိုက်ဖို့ လိုအပ်နေတာကို ထောက်ပြချင်ပါတယ်။ ဒါတွေကို မပြင်ဆင်ဘူး ဒီအတိုင်း
သွားနေမယ်ဆိုရင် ဒီထက် ပိုဆိုးတဲ့ ဝမ်းနည်းစရာတွေ အများကြီးကို ကြုံလာရမှာပါပဲ ။
လူငယ်တွေ
အချစ်ကို ဘာလို့ ဒီလောက်တောင် ကိုးကွယ်နေကြတာလဲ။ မရင့်ကျက်ရတာလဲလို့ အပြစ်ဆိုစရာ ရှိပါတယ်။
နိုင်ငံခြားကနေ ရန်ကုန်ပြန်ရောက်ကာစ သူငယ်ချင်းတစ်ယောက်က ပြောလာတယ်။ ငါ့ဟယ် ရုံးပိတ်ရက်
အေးအေးဆေးဆေး အလုပ်လုပ်ချင်လို့ ပန်းခြံထဲက ကော်ဖီဆိုင် သွားထိုင်မိတယ်။ ငါ့ အမှားပါဟယ်တဲ့..
အတွဲတွေကြားမှာ ရောက်နေလို့ ဟိုငေး ဒီငေးနဲ့ အလုပ်မပြီးလိုက်ပါဘူး။ ဒါပေမယ့် စိတ်မကောင်းစရာက
ဆယ်ကျော်သက်လေးတွေပဲ လို့ပြောပါတယ်။ ကျွန်မ ဆက်တွေး မိတာက တိုင်းပြည်ရဲ့အနာဂတ်လူငယ်လေးတွေ
ပန်းခြံထဲပဲ အတွဲကိုယ်စီနဲ့ ရောက်နေကြတဲ့ အကြောင်းပါ။ ကျွန်မတော့ အပြစ် မမြင်ရက်ပါဘူး။
တကယ်ပါ။ လူငယ်ဆိုတာ စိတ်လှုပ်ရှားမှုကို ကြိုက်တယ်။
အသစ်အဆန်း ရှာဖွေတယ်။ စိတ်ဝင်စားတယ်။ ဒါလူငယ်စရိုက်ပါ။ ကျွန်မတို့ရဲ့ ဆယ်ကျော်သက်လေးတွေမှာ
တခြား စိတ်ဝင်စားစရာ။ စိတ်လှုပ်ရှားစရာ မရှိပါဘူး။
အဓိကက
လူငယ်တွေရဲ့ မျှော်လင့်ချက်မဲ့ နေရတဲ့ အကြောင်းပါ။ ကျောင်းတွေ မှိုလိုပေါက်၊ သင်တန်းတွေ မှိုလိုပေါက်နေပေမယ့် ဒါတက်ပြီးရင် ဘာလုပ်မှာလဲလို့
မေးရင် အလွယ်တကူ လေးလေးနက်နက် မဖြေနိုင်ပါဘူး။ ဘာလို့ တက်လဲလို့မေးရင် အလုပ်ရလွယ်တယ်လေလို့
ဖြေတတ်ပြီး။ အလုပ်ရဖို့သေချာလား၊ ဒါနဲ့အသက်မွေးမှာလားလို့ မေးရင်သူတို့ခမျာ သေချာ မဖြေတတ်ရှာပါဘူး။
မဖြေတတ်တာလဲ
သူ့တို့အပြစ်မှ မဟုတ်သေးပါဘူး။ အနာဂတ်ကို ဘယ်လို ပုံဖော်ခွင့်ရမှာတဲ့လဲဆိုတာ သူတို့စဉ်းစားနိုင်ကြဖို့
အတွေးအခေါ် စဉ်းစားတွေးခေါ်တတ်တဲ့ ဥာဏ်ပညာက အရေးကြီးပါတယ်။ စာဖတ်ခြင်းဟာ သူတို့ရဲ့ စဉ်းစားဥာဏ်ကို
ရင့်သန်စေပါတယ်။ ဘယ်မှာလဲ ဒါဆို စာကြည့်တိုက်တွေ။
နယ်တွေကို မကြည့်ပါနဲ့ ရန်ကုန်ကိုပဲ ကြည့်ပါ ရန်ကုန်မြို့ရဲ့ အကောင်းဆုံး စာကြည့်တိုက်တွေကို
ဝင်ခွင့်ရတဲ့ သူတွေဟာ လက်တစ်ဆုပ်စာသော လူငယ်တွေသာ ရှိပါတယ်။
အများစုသော
သာမန်လူငယ်တွေအတွက် စာဖတ်နိုင်ဖို့ ကျောင်းစာကြည့်တိုက်လို နေရာတွေ သူတို့ ဦးနှောက်အတွက်
အာဟာရတွေ ဘယ်မှာတဲ့လဲ။ ကျောင်းတွေမှာ ရှိသင့်တဲ့ စိတ်ဝင်စားရာတူသူတွေ အတူတကွ ဖန်တီးမှုတွေ
လုပ်ဖို့ အနုပညာအသင်းတွေရော၊ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစား အသင်းတွေရော လက်လှမ်းမီရာမှာ
ဘယ်မှာတဲ့လဲ။ အဲဒီတော့ နောက်ဆုံး သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေ နေရာပြောင်းသွားတာ
ကျမတော့ အပြစ်လို့ မပြောရက်ပါဘူး။ ဒါကျွန်မတို့ တိုင်းပြည်က လူငယ်အများစု ကြုံတွေနေ့ရတဲ့
အခြေအနေပါ။
လူငယ်တွေအတွက်
ဦးနှောက်ကို ရင်သန့်စေမယ့် ပညာ ဗဟုသုတ၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေမယ့် အားကစား၊ နှလုံးသားကို အာဟာရဖြစ်စေမယ့်
ဖန်တီးမှု အနုပညာ တွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှ ဘက်စုံဖွံ့ဖြိုးတဲ့ တိုင်းပြည်အားထားရတဲ့
လူငယ်တွေ ဖြစ်လာမှာပါ။
နောက်လူငယ်တစ်မျိုးက
မိသားစုရဲ့ အဝေးမှာ ပညာရှာ၊ အလုပ်လုပ်ရင်း ဖိစီးမှုတွေကို တစ်ယောက်တည်း ရင်ဆိုင်ရတဲ့
သူတွေပါ။ ကျွန်မအမြင်ပြောရရင် အနောက်နိုင်ငံက ၁၈ နှစ်ပြည့်ရင် မိဘနဲ့ မနေတော့ဘူး ဆိုတဲ့
ယဉ်ကျေးမှု ရှိသူတွေရဲ့ အဲဒီအရွယ်မှာ ရှိနေတဲ့ ရင့်ကျက်မှု အဆင့်က ကျွန်မတို့ နဲ့ မတူပါဘူး။
ကြီးပြင်းခဲ့ရတဲ့ ပုံစံ၊ ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့ ပညာရေးစနစ်တွေကလည်း မတူပါဘူး။
သူတို့ကို အဲလို နေနိုင်လောက်တဲ့ ရင့်ကျက်မှုရှိအောင် စိတ်ရော လူရော ကို ပြင်ဆင်ပေးထားလိုက်ပြီးသားပါ။
ကျွန်မတို့ကတော့ အဲလိုမဟုတ်ဘဲ မိဘနဲ့ နို့သက်ခံစို့ရကာနေ ဝုန်းကနဲ့ဆို ဝေးရာမှာ တစ်ယောက်တည်း
နေရတဲ့အခါ ကိုယ့်ကိုကိုယ် ထိန်းကျောင်းရတဲ့ အပိုင်းမှာ လမ်းစလျှောက်တဲ့ ကလေးလိုပဲ တော်တော်ပင်ပန်းစွာ
ရုန်းကန်ရပါတယ်။
ကျောင်းစာ၊
အလုပ်၊ ကိုယ့်နေရေးစာရေးအပြင် ပတ်ဝန်းကျင်သစ် ယဉ်ကျေးမှု အသစ်ကြားမှာ အတော် ရုန်းကန်ရတဲ့အပြင်
မိသားစုနဲ့ အဝေးမှာမို့ အထီးကျန်ဆန်တဲ့ အတွက် စိတ်ဖိစီးမှုပြဿနာတွေကိုပါ ထိန်းကျောင်း
ဖြေရှင်းရတာ တွေပါရှိလာပါတယ်။ ဒါအပြင် အထီးကျန်ဆန်တာကို ဖြေရှင်းဖို့ အင်တာနက်သုံးရင်
ကောင်းကျိုးနဲ့အတူ တွဲပါလာတဲ့ ဆိုးကျိုးတွေကိုပါ ခံစားရတာ ကျွန်မ သတိထားမိပါတယ်။
အင်တာနက်ရဲ့ အသုံးဝင်မှုကတော့ အများကြီး ပြောမကုန်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဘေးထွက် ဆိုးကျိုးတွေကိုလည်း သတိပြုမိဖို့ ဆင်ခြင်နိုင်ဖို့ လိမ့်မယ်။ တန်ဆေးလွန်ဘေး ဆိုသလိုပေါ့လေ။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ အင်တာနက်ကနေတဆင့် ချိန်းခြောက်မှုတွေ၊ အနိုင်ကျင့်မှုတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်ရတဲ့ လူငယ်တွေ အကြောင်းတွေ အများကြီး တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီမှာတော့ အင်တာနက် အလွန်အကျံသုံးစွဲမှုဟာ ပြင်ပ လူမှုဆက်ဆံရေးမှာ ဘယ်လို ဘေးထွက် ဆိုးကျိုးသက်ရောက် လဲ ဆိုတာလေး အနည်းငယ် ပြောချင်ပါတယ်။
ဥပမာတစ်ခု ပြောပြရမယ်ဆိုရင်။ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးအပိုင်းပါ။ ကျွန်မ အသိ ကောင်မလေးယောက်ပါ ဖေ့ဘွတ်ကို အရမ်းကို သုံးပါတယ်။ ဖေ့ဘွတ်ပေါ်မှာ သူငယ်ချင်း အများကြီးနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းသူလို့ ထင်ရပါတယ်။ တကယ့် အပြင်မှာပေါင်းတဲ့ သူမရဲ့ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးမှာတော့ အဆင်မပြေလှပါဘူး။ ဒါကို ညှိယူဖို့ထက် ဒီသူငယ်ချင်းတွေ မရှိလဲ ဖေ့ဘွတ်မှာ သူမှာ သူငယ်ချင်း အများကြီး ရှိတာပဲ ဆိုပြီး နေရာက နောက်ပိုင်း သူမမှာ တိုးတိုးဖော်သူငယ်ချင်း မရှိသလောက်ဖြစ်လာပါတယ်။ သူမ ခင်လှပါတယ်ဆိုတဲ့ ဖေ့ဘွတ်ပေါ်က သူငယ်ချင်းတွေကြတော့ တကယ်လည်း ခင်ပေမယ့် လူချင်းတွေ့ဖူးတဲ့သူ နဲတော့ ယုံကြည်တိုင်ပင်ဖို့က ခက်ပါတယ်။ အပြင်မှာ လူချင်းခင်တဲ့ သူတွေကြတော့လည်း အဆင်မပြေတာ များနေပြီဆိုတော့ သူမ ပိုပိုပြီး မသိမသာ အထီးကျန်ဆန်လာတာကို တွေ့ရပါတယ်။
ဥပမာတစ်ခု ပြောပြရမယ်ဆိုရင်။ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးအပိုင်းပါ။ ကျွန်မ အသိ ကောင်မလေးယောက်ပါ ဖေ့ဘွတ်ကို အရမ်းကို သုံးပါတယ်။ ဖေ့ဘွတ်ပေါ်မှာ သူငယ်ချင်း အများကြီးနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းသူလို့ ထင်ရပါတယ်။ တကယ့် အပြင်မှာပေါင်းတဲ့ သူမရဲ့ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးမှာတော့ အဆင်မပြေလှပါဘူး။ ဒါကို ညှိယူဖို့ထက် ဒီသူငယ်ချင်းတွေ မရှိလဲ ဖေ့ဘွတ်မှာ သူမှာ သူငယ်ချင်း အများကြီး ရှိတာပဲ ဆိုပြီး နေရာက နောက်ပိုင်း သူမမှာ တိုးတိုးဖော်သူငယ်ချင်း မရှိသလောက်ဖြစ်လာပါတယ်။ သူမ ခင်လှပါတယ်ဆိုတဲ့ ဖေ့ဘွတ်ပေါ်က သူငယ်ချင်းတွေကြတော့ တကယ်လည်း ခင်ပေမယ့် လူချင်းတွေ့ဖူးတဲ့သူ နဲတော့ ယုံကြည်တိုင်ပင်ဖို့က ခက်ပါတယ်။ အပြင်မှာ လူချင်းခင်တဲ့ သူတွေကြတော့လည်း အဆင်မပြေတာ များနေပြီဆိုတော့ သူမ ပိုပိုပြီး မသိမသာ အထီးကျန်ဆန်လာတာကို တွေ့ရပါတယ်။
ဒီကိစ္စကို ကြည့်ရင် ရှင်းပါတယ်။ လူချင်းတွေ့ပေါင်းနေတဲ့
လူတွေကြားမှာ ပြဿနာတွေ သဘောထားမတိုက်ဆိုင် တာတွေ ပိုများမှာပါ အွန်လိုင်းက ခင်သူတွေကြတော့
လက်ဖျား ပါးစပ်ဖျားလေးနဲ့ သဘောကောင်းရတာမို့ ပြဿနာနည်းမှာပဲ ။ ဒါပေမယ့် လက်တွေ့ကျကျ
ယုံကြည်ဖို့ကတော့ ခက်ပါလိမ့်မယ် ဆိုတာကို မေ့လျှော့နေကြပြီး ဆက်ဆံရေးကို တန်ဖိုးထား
တည်ဆောက်ဖို့မေ့လျှော့နေတတ်ကြပါတယ် ။ ဒီလိုနဲ့ ကိုယ်ဖြစ်သမျှကို ခရေစိတွင်းကျ ပြောပြီး
ဖက်ငိုရင်း တိုင်ပင်လို့ရလောက်တဲ့ သူငယ်ချင်းမရှိရာက ပိုအထီးကျန်ဆန်တဲ့ ဘဝကို ရောက်ရရှာပါတယ်။
လူမှုဆက်ဆံရေးတွေမှာလည်း အားနည်းလာကြတာ တွေ့ရပါတယ်။
ဒါကလည်း အကောင်းအဆိုးနဲ့ လက်တွေ့ကျကျ စဉ်းစားဆင်ခြင်နိုင်မှု
အားနည်းတာကြောင့်ပဲလို့ ကျွန်မတော့ သုံးသတ်မိပါတယ်။ ဒီလို ရင့်ကျက်စွာ ဆင်ခြင် သုံးသတ်နိုင်ဖို့က
ကျောင်းပညာ၊ ပြင်ပဗဟုသုတနဲ့ လေ့လာမှုစွမ်းရည်တွေ လိုပါတယ်။
နောက်တစ်ခုက
မိဘတွေရဲ့ ထိန်းကျောင်းမှုပါ။ သားသမီးတွေကို တကယ် ဘဝမှာ လိုအပ်တဲ့ အသိဥာဏ်ပညာတွေ ပေးလိုက်ဖို့ထက်
ကျောင်းမှာ အမှတ်ကောင်းဖို့ မိုးလင်း မိုးချုပ် ကျောင်းရယ် ကျူရှင်ရယ် ဂိုက်ရယ်နဲ့
မနားမနေတွန်းရင်း ၊ မိဘချင်း ပြိုင်ဆိုင်ရဖို့ အတွက် အလှအပဆင်ပေး နဲ့ ဂုဏ်ပကာသနမက်အောင်
လုပ်မှန်းမသိလုပ်ရင်း၊ စီးပွားရှာရင်း ကလေးကို အချိန်မပေးနိုင်တော့ ငွေနဲ့ရုပ်ဝတ္တု
ပစ္စည်းပြည့်စုံအောင် ထားတာနဲ့ လုံလောက်ပြီးလို့ ထင်ရင်း ကလေးတွေရဲ့ ပြင်ပ ဗဟုသုတပိုင်းဆိုင်ရာ လိုအပ်မှု၊
အကြံဥာဏ်ပေး၊ ဆွေးနွေးပေးပြီး စိတ်အားဖြည့်ပေးဖို့ လိုအပ်မှုနဲ့ မိဘနဲ့ သားသမီးအကြား
ဆက်ဆံရေး တည်ဆောက်ဖို့တွေကို မေ့လျှော့နေတတ်ကြတော့ မိသားစု အဓိပ္ပါယ်မပြည့်ဝရာက သားသမီးတွေကို
လိုအပ်ချက်တွေနဲ့ ကြီးပြင်းစေခဲ့ပြန်တာလည်း တစ်ချက်ရှိပြန်ပါတယ်။ မိဘဆီက သူတို့ လိုချင်တဲ့
ချစ်ခြင်းမေတ္တာကို အပြည့်အဝမရဘူးလို့ ထင်လာရင်လည်း သား၊သမီးဟာ တခြားသူဆီက ရှာပါလိမ့်မယ်။
အဲဒီမှာ ချစ်သူရည်းစားကို အလွယ်တကူ ထားဖြစ်စေနိုင်ပါတယ်။ ချစ်သူရဲ့ စွန့်ပစ်မှုကို ခံရရင်လည်း ငါ့မိသားစု
ရှိတာပဲ ဆိုတဲ့ စိတ်မဖြစ်တော့ပဲ သူ့ကိုချစ်ခင်တဲ့သူမရှိဘူးဆိုတဲ့
အချစ်ငတ်တဲ့ စိတ္တဇစွဲသွားနိုင်သေးတာကြောင့် မိသားစုဟာ အရေးပါတဲ့ စိတ်ရော လူရောကို လုံခြုံမှုပေးတဲ့
အရိပ်ဖြစ်နေသင့်ပါတယ်။
နောက်ဆုံးတစ်ခုက
ကိုယ့်ကိုကိုယ် ယုံကြည်အားကိုးမှုနဲ့ အချစ်ကိစ္စပါ။ ငယ်ရွယ်တဲ့ အရွယ်မှာ အချစ်ကို ရူးသွပ်တတ်ကြတာ
လူတိုင်းပါပဲ။ အခုလိုဈေးကွက် စီးပွားရေးခေတ်ကြီးမှာ
ချစ်သူများနေ့နီးလာလေ အချစ်အကြောင်းတွေ ကြားရလေ။ ဘယ်ကြည့်ကြည့် ချစ်သူများနေ့အတွက်
ပြင်ဆင်ထားတာတွေက မျက်စိနဲ့ ပြေးမလွတ်အောင်ပါပဲ။ အကွက်မြင်တဲ့
စီးပွားရေးသမားတွေတောင် အချစ်ကို လူတွေ ဘယ်လောက် ကိုးကွယ်ကြတဲ့အပေါ် အသုံးချပြီး
စီးပွားရှာကြတာသာကြည့်ပါတော့။ လူတစ်ယောက်ကြောင့် တစ်ယောက် အသဲကွဲတာ၊ ပျော်ရွှင်တာတွေ၊
အလွမ်းတွေ၊ မျက်ရည်တွေ၊ လက်ထပ်ခြင်းတွေ၊
ကွဲကွာခြင်းတွေ၊ မျှော်လင့်ခြင်း တွေ စတဲ့ များပြားလှတဲ့ အရာတွေကို
အချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး လူတွေ ပြောဆိုနေရတာ နေ့စဉ် ကြားကြားနေရတာတွေပါပဲ။ သေလုမျောပါး
နာကျင်ခံစားဖူးတာတွေ အားလုံးကို အချစ်လို့ ခေါင်းစဉ်တတ်ကြပါတယ်။
ကျွန်မ အပါအဝင် လူတွေတော်တော်
များများဟာအချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ .ကိုယ့် အတ္တကို
ကိုယ် ထုဆစ်နေခဲ့ ကြတာပါ။ တကယ်တော့ လူတွေ အချစ်ကြောင့် မသေဘဲ ကိုယ့် အတ္တကြောင့်
သေခဲ့ရသူတွေပါ။ အချစ်မခံရလို့ ဆိုတဲ့ ပူဆွေးမှု သူ့ အချစ်ကို မရလို့ မစားနိုင်
မအိပ်အောင် မှိုင်တွေ သေလုမျောပါးခံစားမှုဟာ သူ့ကို ချစ်ခြင်းဆိုတာထက်
ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာ မရတဲ့ ပူဆွေးမှုလို့ ဆိုလိုချင်တာပါ။ သူ့ကို
ချစ်တာမဟုတ်ဘဲ ကိုယ့်ကိုကိုယ့် ချစ်ရင်းက ကိုယ့်အတ္တ အတွက်
ကိုယ့်ဘာသာ စတေးတာတွေ လုပ်ရင်း ကိုယ့်အိပ်မက်တွေထဲမှာ သူ့ကို ဆွဲသွင်းပုံဖော်ရင်း ကိုယ်မျှော်လင့်
တာတွေကို တစ်ဖက်လူက ရိုက်ချိုးတဲ့အခါ အပြစ်တွေ အမုန်းတွေနဲ့ အဆုံးသတ်ကုန်ကြတာပါပဲ။
ကိုယ့် အတ္တ အတွက်
ယူကျုံးမရ ပူဆွေးကြရတော့တာပါပဲ။ ငါမှာတော့ ကောင်းလိုက်ရတာ။ ငါ့ကို
လုပ်ရက်လေခြင်းပေါ့။
နောက်တစ်ခုက ဘဝမှာ သူမရှိလို့
မဖြစ်ဘူး ဆိုတာမျိုးကလည်း သူ့ဟာ ကိုယ့်အတွက် မရှိမဖြစ် လိုအပ်သူပါလို့ ဆိုရင်း ကိုယ့်
ရှိသမျှ ဝန်ကို သူ့ကို ပုံချရင်း တစ်ကိုယ်ကောင်း ဆန်မိတဲ့ အခြေအနေမျိုးတွေလည်း
ဖြစ်ကောင်းဖြစ်နိုင်သေးတယ်။ ကိုယ့်ရဲ့ physical သို့မဟုတ် Mental
တစ်မျိုးမျိုးအတွက် သူတစ်ပါးကို လိုအပ်နေတာမျိုးပါ။ ဒီလို ကိုယ့်ရဲ့ အတ္တတွေကြောင့်လည်း
သူနောင်တနဲ့ တစ်သက်လုံး အသက်ရှင်ရအောင် ကိုယ့်ကိုကိုယ် သတ်သေမယ် ဆိုတဲ့
အစွန်းရောက်တဲ့ စိတ်တွေ ဖြစ်လာတာပါ။ ကိုယ့်အတ္တက ကိုယ့်ကို သတ်တာပါ အချစ်ကြောင့် မဟုတ်ပါဘူး။
အဓိက သော့ချက်က မိမိကိုယ်ကို
ယုံကြည်မှုရှိနေမယ်။ ကိုယ့်ကိုကိုယ်
အားကိုးစိတ်တို့ ရှိနေမယ်ဆိုရင် အတ္တစိတ်တွေရဲ့ အစွန်းကို တွန်းပို့မှုတွေကို
တွန်းလှန်နိုင်ခဲ့ရင် သူများကိုလည်း ယုံကြည်မှုပေးတတ်မယ်၊ နားလည်ပေးတတ်မယ်၊
သဘောထားကြီးပြီး တာဝန်သိခြင်းတွေကလည်း
အလိုအလျှောက် ပြုမူပြီးသား ဖြစ်လာနိုင်ပါတယ်။ လမ်းခွဲခြင်းဟာ လူနှစ်ယောက်ရဲ့
စရိုက်ခြင်း မကိုက်ညီလို့ ဆိုတာကို နားလည်ခံယူတတ်လာမယ် ထင်ပါတယ်။ တစ်ယောက်တည်းကလည်း
တစ်ဘက်သတ် ချစ်နေရုံနဲ့ မခိုင်မြဲ နိုင်သလို နှစ်ဦးစလုံးရဲ့ ညီမျှ တဲ့ စိတ်
အစွန်းမရောက်တဲ့ စိတ်တွေကလည်း လက်တွဲတွေမြဲဖို့အတွက် အရေးကြီးတဲ့ အကြောင်းရင်း တစ်ခုဆိုတာ
သဘောပေါက်ဖို့လည်း လိုပါလိမ့်မယ်။ ဘုရားရှင်ဟောခဲ့သလို အလယ်လတ်လမ်းဟာ အကောင်းဆုံး
အဖြေပါပဲ။ ဒါပေမယ့်ပုထုဇဉ်ပီပီ ကိုယ့်ကိုကိုယ် အချစ်ဆုံးလို့ ဝန်မခံပေမယ့်
အမှန်တရားကတော့ ကိုယ့်ကိုကိုယ် အချစ်ဆုံး ဖြစ်နေလေတော့ လူတွေရဲ့
အတ္တ္တတွေ
နဲ့ ကိုယ့်ပုံစံခွက်ကြားမှာ
ကိုယ်ဘာသာ ပိတ်လှောင်မိနေကြရင်း အစွန်းကိုရောက်ပြီး ဘယ်သူ့အတွက်ကို မှ မကောင်းတဲ့
အဆုံးသတ်ဆီ ရောက်သွားတာပါ။
နောက်ဆုံး တစ်ချက်ကတော့ ဘာသာရေးပါ။ အပိုင်းကတော့
ဘယ်သာသာမဆို အခြေခံကတော့ ကိုယ့်ကျင့်တရားနဲ့ ဘဝနေထိုင်မှုအတွက် ကောင်းအယူအဆ
အဆုံးအမတွေကို တွေ့ရတာပဲ။ အစွန်းမရောက်တဲ့ ထိုက်သင့်တဲ့ ဘာသာရေးထိန်းကွပ်မှု တစ်ခု
ရှိတာဟာ မကောင်းမှုမှာ မွေ့ပျော်တတ်တဲ့ လူတွေရဲ့ ပင်ကိုယ်စိတ်ကို
ဘောင်ခတ်ထိန်းထားပေးသလိုပါပဲ။ ဘာသာတစ်ခုရဲ့ အဆုံးအမအောက်မှာ ရှိနေတာဟာ
ကောင်းတယ်လို့ ကျွန်မတော့ ယူဆပါတယ်။ အနည်းဆုံးတော့ အသက်ဘေးနဲ့ ကြုံလာရငဖြစ်ဖြစ်၊
အင်အားမမျှတဲ့ ကိုယ်မထိန်းချုပ်နိုင်တဲ့ အခြေအနေတစ်ခုခုနဲ့ ကြုံလာတာပဲဖြစ်ဖြစ် အားကိုးစရာ တစ်ခုတော့ ဖြစ်လာနိုင်ပြီး ၊ စိတ်ရဲ့
တည်ငြိမ်အေးချမ်းမှုဆီကို ဘာသာတရားက ပြန်လည်ခေါ်ဆောင်သွားနိုင်ပါတယ်။ ဘာသာရေးနဲ့
အရမ်းဝေးနေတဲ့ လူငယ်တွေ မဖြစ်အောင် ဂရုစိုက်ပေးသင့်ပါတယ်။
မိမိကိုကိုယ် သတ်သေကြတဲ့
အကြောင်းအရင်းတွေ အခုပြောခဲ့တာတွေအပြင် တခြား အများကြီးရှိမှာ ရောဂါဝေဒနာဒဏ်ကို
မခံစားနိုင်တော့တာမျိုး၊ ချိန်းခြောက်ခံရတာကို မလွန်ဆန်နိုင်လို့
ရင်မဆိုင်နိုင်လို့ ဆိုတာမျိုး တခြား အကြောင်းအရာတွေလည်း ရှိပါသေးတယ်။ အားလုံးရဲ့
အချုပ်ကတော့ ဥာဏ်ပညာ၊ စိတ်ဓာတ်ခွန်အား၊ အတွေးအခေါ်၊ အသိနဲ့
သတိ ပဲဖြစ်ပါတယ်။
ဒါကြောင့် လူငယ်တွေ ဘာသာရေး
ထိန်းကွပ်မှု၊ စဉ်းစားဆင်ခြင်တွေးခေါ်တတ်မှု၊ ဥာဏ်ပညာနဲ့ ကိုယ့်ကိုကိုယ်
ယုံကြည်တန်ဖိုးထားတဲ့ စိတ်တွေကို ကြီးပျင်းဖို့ ၊ အရွယ်နဲ့ ညီမျှတဲ့ ရင့်ကျက်မှု ရှိအောင် ကလေးဘဝကတည်းက ပြုစုပျိုးထောင်မှုစနစ်နဲ့
ပညာရေးစနစ် တို့က အဓိကထား ပြုပြင်ရမယ့်အပြင် လက်ရှိ အခြေအနေကိုလည်း
အကောင်းဆုံးဖြစ်အောင် ဘယ်လို ပြုပြင်ကြမလဲ ဆိုတာတွေကို အလေးအနက်ထား စဉ်းစားသင့်တဲ့
အခြေအနေရောက်နေပြီလို့ ရင်ငြိမ်းပွင့်နဲ့ ကညာစင်
ဆိုတဲ့ ကောင်မလေး နှစ်ယောက်က အသက်နဲ့ ရင်းပြီး ပြသွားတာပါပဲ။ စနစ်တွေ ခေတ်တွေကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ
နိုင်ငံတစ်နိုင်အတွက် အစိုးရအပြင် နိုင်ငံသားတိုင်းမှာ တာဝန်ကိုယ်စီရှိကြတာမို့
ဒီလို အဖြစ်ဆိုးတွေဆက်ပြီး မကြုံရအောင် နိုင်ငံသားတစ်ယောက် တာဝန်၊ လူသား
တစ်ယောက်တာဝန်ကို ကျေပွန်အောင် ကျွန်မတို့ ဘယ်လို ကိုယ်တတ်နိုင်တဲ့ နေရာက
ပါဝင်ဆောင်ရွက်ကြမလဲ ဆိုတာ အရေးကြီးလို့ နေပါပြီ။
ခုချက်ချင်း လက်တွေ့ကျကျ ကျွန်မတို့
လုပ်နိုင်တာကတော့ ကိုယ့် မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ချစ်ခင်ဂရုစိုက်ဖို့နဲ့
ကိုယ်လက်လှမ်းမှီသလောက် လူငယ်တွေကို Life Skills နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို
ကိုယ်နိုင်သလောက် ၊ ကိုယ်တတ်မြောက်လေ့လာထားပြီး သမျှလောက်ကို ပြန်လည် မျှဝေရင်း ၊
ကိုယ့်ကိုကိုယ်လည်း ဖြည့်ဆည်းကြိုးစားဖို့ပါပဲ။
ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားနဲ့
ညီမလေးများအတွက် စိတ်မကောင်း ဖြစ်စိတ်နဲ့ တွေးမိသမျှ၊ လေ့လာမိသမျှနှင့်
ကိုယ်ပိုင်အတွေ့အကြုံများကို အခြေခံပြီး ဒီဆောင်းပါးလေးကို ရေးသားထားခြင်းသာဖြစ်ပါတယ်။
ကျွန်မဟာ ဆရာဝန်တစ်ယောက် မဟုတ်သလို စိတ်ပညာရှင် တစ်ယောက် မဟုတ်တဲ့ အတွက် အမှားပါနေရင်လည်း
သည်းခံပြီး ထောက်ပြဝေဖန်ဖို့လည်း စာဖတ်သူတို့ကို ဖိတ်ခေါ်ပါတယ်ရှင်။
ခင်မင်စွာဖြင့်
အလွမ်းပြေ
References:
- Suicide and Suicide Prevention in Developing Countries
(World Bank Disease
Control Priorities Project Working Paper No. 27 , June 2004)
- Adolescent Development in East Asia and the Pacific: Realizing Their Potential
(UNICEF), Adolescent
Development And Participation Unit. Working Paper 2 ,New York,
2006
- Which is Life Skills (http://www.unicef.org/lifeskills/index_whichskills.html)
- ဒေါက်တာ မြင့်မြင့်ခင် - မျက်မှောက် မြန်မာနှင့် ပညာရေး
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments: