Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Showing posts with label စကားစမြည်. Show all posts
Showing posts with label စကားစမြည်. Show all posts
Monday, August 11, 2014
သုဇာတာရဲ့ မီးဖိုဆောင်
12:30 PM | Posted by
Phyu |
Edit Post
အနမ်းပါသော ထမင်းပွဲ
(ဒေါင်းနွယ်ဆွေ)
တနေ့ လုံးလျှင်
ပိုက်ငင်,ကွန်ချ
၊ ငါးမရ၍
ထိုည ပူပန် ၊ အိမ်သို
့ပြန်သော်
ဖန်ခါးသီး နှင့် ၊
သခွတ်ပွင့်ညို
ငါးပိကျိုလျှက် ၊
ဖားပျို ပေါင်သား
ဆီ,ဆားနှင့်ပြင်
၊ မီးကင်တမြှိုက်
မြင်လိုက်ရသော်
ပိုက်ကွန်ပစ်ချ ၊ ပေါ
့ပါးစွလျှင်
အမ အိမ်သူ ၊
ပါးဖြူဖြူကို
ဟင်းပူနွေးနွေး ၊ ဝဝ
လွေးသို့ 
မွေးမွေးကြူကြူ ၊
နမ်းနမ်း မြိန်မြန်တည်း ။
ဆရာကြီး ဒေါင်းနွယ်ဆွေရဲ့ “အနမ်းပါသော
ထမင်းပွဲ” ကဗျာလေးကို သတိရမိတာက မနေ့ကပါ။ ဆရာကြီးရဲ့ ကဗျာထဲက လိမ္မာတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့
အစီအမံတတ်တာကြောင့် သောကဝေးရပုံလေးကို သတိရသွားတာ မနေ့က ညနေက ကျွန်မပရော်ဖက်ဆာရဲ့
အမျိုးသမီး (သီရိလင်္ကလာလိုက စူဂျသာ လို့ အသံထွက်တဲ့ ဒေါ်တာသုဇာတာ ကြောင့်ပါ။ ဘုရားကို နို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာလိုပဲ
သူကလည်း သူများတွေကို ချက်ပြုတ်ကျွေးမွေး အလှူပေးဖို့ ဝါသနာပါသူပါ။ သူက ကျွန်မကို ညနေသူတို့အိမ်မှာ
ကွန်ဖရင့်လာတက်တဲ့ နိုင်ငံခြားသားတွေကို ထမင်းဖိတ်ကျွေးမယ် လာခဲ့ဦးနော်လို့ ဖိတ်လို့
ကျွန်မလည်း အစည်းအဝေးက အပြန် အိမ်မပြန်တော့ပဲ သူငယ်ချင်းနဲ့ ကမ်းခြေနားက ဆိုင်တစ်ဆိုင်မှာ
သွားထိုင် ပြီးတော့ သူတို့ အိမ်တန်းသွားလိုက်တယ်။
ကျွန်မ မေမေနဲ့ ထမင်းအတူ ချက်ရတဲ့ အတွေ့အကြုံရယ်၊
ဒေါက်တာသုဇာတာနဲ့ ထမင်းချက်ရတဲ့ အတွေ့အကြုံက မတူပေမယ့် သူတို့ နှစ်ယောက်မှာ ဘုံတူတာလေးက
သူ့တို့ ချစ်တဲ့ သူတွေအတွက် ဦးစားပေး စဉ်းစားပြီး ချက်တာပါပဲ။ ဒေါက်တာသုဇာတာက ပုစွန်ထမင်းချက်ပေမယ့်
ကျွန်မဆရာက ပင်လယ်စာ မတည့်တဲ့သူမို့ သူ့အတွက် အစိမ်းရောင်ပါစတာ (Green pasta) လုပ်ကြမယ်
လို့ ဆိုပါတယ်။ ကျွန်မ မေမေလည်း သူထမင်းချက်တိုင်း ကျွန်မ ဖေဖေနဲ့ ဘာဆိုမတည့်ဘူး ဘာဆိုတည့်တယ်
အမြဲစဉ်းစားတတ်တာကို ကျွန်မ သွားသတိရပါတယ်။ ကျွန်မ မေမေနဲ့ မီးဖိုချောင်ဝင်တဲ့အခါ ဟင်းတွေရဲ့
အနံ့အရသာ အကြောင်းကို တွင်တွင် ပြောတတ်တာ သတိထားမိသလို ဒေါက်တာသှုဇာတာ က ဗီတာမင်တွေအကြောင်း
ပြောပါတယ်။ ကျွန်မလည်း အခုနောက်ပိုင်း အစားအစာနဲ့ Chemistry (ဓါတ်သဘော) တွေရဲ့ အဆက်အစပ်ကို
စိတ်ဝင်စားနေတာမို့ တချို့လေ့လာမိတယ်။ တကယ် အနုပညာဆန်ပြီး ချစ်စရာကောင်းတဲ့ မီးဖိုချောင်က
အနုပညာပါ။
ချစ်ခြင်းမေတ္တာမီးဖိုချောင်
ဟင်းတစ်ခွက်က
လွယ်လွယ်နဲ့ ပြီးရုံချက်ဖို့က လွယ်ပါတယ်။ ဒါပေမယ့် ချစ်ခြင်းမေတ္တာ မထည့်လိုက် နိုင်ဘူး
ဆိုရင်တော့ ရလဒ်ကောင်းမှာမဟုတ်ပါဘူး။ အစားအစာ စားရခြင်းရဲ့ အခြေခံက အာဟာရအတွက်ပါ။ လူတွေဟာ
ကိုယ်ချစ်တဲ့သူတွေကိုကောင်းမွန်စွာ စောင့်ရှောက်လိုတဲ့ စိတ်ရှိတယ်မဟုတ်လား။ ဒီတော့
ချစ်ခြင်းမေတ္တာနဲ့ ချက်တဲ့ ဟင်းကသာ ကိုယ်ချစ်တဲ့ သူကို မထိခိုက်စေဖို့ သတိထားပြီး ချက်မှာပါ။
ကျွန်မ အမေနဲ့ ဒေါက်တာသုဇာတာကိုပဲ ကြည့်လေ။ သူတို့ ဟင်းတစ်ခွက် ချက်မယ် မကြံသေးဘူး
သူတို့ ခင်ပွန်းတွေ ဘာနဲ့ တည့်တယ် မတည့်ဘူးက စ စဉ်းစားကြတယ်။ ဘာဟင်းချက်မယ် ရွေးပြီးသွားလည်း
မပြီးသေးဘူးရှင့် အရသာ အတွဲအစပ်ကို ကျွန်မ
အမေက စဉ်းစားသလို ဒေါက်တာသုဇာတာက ဗီတာမင်တွက်တယ်။ တကယ် ချစ်စရာ ကောင်းကြတဲ့ အလေ့အထ
လေးပါပဲ။ ကျွန်မ ငယ်ငယ်က ဖျားရင် သောက်ခဲ့ဖူးတဲ့ စွပ်ပြုတ်တွေကို အသက်ကြီးလာတော့ လွမ်းတယ်။
ကျွန်မ ဒီလောက်တောင် စာဖတ်ပြီး မျက်မှန်တပ်စရာ မလိုတာ အံ့သြစရာပဲလို့ တခြားသူတွေက ပြောလာမှ
သူငယ်တန်းကနေ ဆယ်တန်းအထိ နေ့စဉ်သောက်ခဲ့ရတဲ့ မြင်းခွာရွက်ဖျော်ရည်ကို ပြန်သတိရလာမိတယ်။
“အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုတဲ့ စကားအတိုင်း ဘယ်ရာသီမှာ ဘယ်ရောဂါမျိုး ဖြစ်တတ်တယ်။
ကိုယ်ခံအားအတွက် ဘာစားသင့်တယ် ဆိုတာတွေသိဖို့
ဘယ်အစားအရာမှာ ဘာဓါတ်တွေ ပါဝင်နေတဲ့ ဆိုတဲ့ ပညာက အစားအစာ ချက်မယ့် လူတိုင်း
သိသင့်တဲ့ အရာပါ။ နောက်ပြီး မီးပြင်းပြင်းနဲ့ ချက်ရမလား၊ မီးနဲ့ မချက်ရဘူးလား။ နူးရုံလား။
နွမ်းရုံလား။ အစိမ်းသုတ်ရမလား။ ဘယ်အသီးအနှံကတော့ဖြင့် ဘယ်လို အရောင်၊ အခြေအနေဆိုရင်
လတ်ဆတ်တယ်။ ဘယ်လို အခြေအနေဆိုရင် မကောင်းတော့ဘူး။ ဆိုတာတွေကို ချိန်ဆနိုင်ဖို့ ဓါတ်ပြုမှု
ဖြစ်စဉ်တွေကိုလည်း နားလည်ထားဖို့ လိုပါတယ်။ ဥာဏ်ပညာနဲ့ ပြည့်စုံတဲ့ သူတစ်ယောက်ရဲ့ မီးဖိုချောင်က
အသက်နဲ့ခန္ဒာကို စောင့်ရှောက်နိုင်တယ်လေ။ ကျွန်မ အမေနဲ့ ဒေါက်တာသုဇာတာတို့ မီးဖိုချောင်တွေလိုပေါ့။
စီးတဲ့ရေ ဆည်တဲ့ ကန်သင်း
ကျွန်မ ငယ်ငယ်က မေမေနဲ့ အတူ ဈေးသွားရတာကို
သတိရတယ်။ ဈေးဆိုတာက သိပ်ညစ်ပတ်တဲ့ နေရာမဟုတ်လား။ ဒါပေမယ့် မေမေက ဈေးမသွားခင်လည်း
မီးဖိုချောင်မှာ စာရင်းရေးသေးတယ် ဈေးကျတော့လည်း စာရင်းအတိုင်း ဝယ်လိုက်ရင် ရသားနဲ့
မပြီးဘဲ ဈေးထဲ ပတ်နေတော့ နောက်က ခြင်းဆွဲလိုက်ရတဲ့
ကျွန်မက စိတ်ညစ်ပါတယ်။ အမေ့ကို စောဒကတက်တော့
အမေက သူ့ရဲ့ ဈေးဝယ်ပညာကို ပြောပါတယ်။ ဈေးကို ပတ်ရတာ အဓိပ္ပါယ် နှစ်မျိုးရှိတယ်။
ဘယ်ဟင်းသီးဟင်းရွက်၊ သားငါး ပေါလဲ သိရအောင်လေ။ လှိုင်လှိုင်ပေါ်တဲ့ ဟာက ဈေးသက်သာတယ်။
ဘယ် အသည်က ပိုပစ္စည်းကောင်းလည်း လတ်လည်း ကြည့်ရမယ်။ နောက်တစ်ခုက ဈေးသည်တွေ ကိုယ်က ဈေးကို
တစ်ပတ်လောက် ပတ်ကြည့်ပြီးပြီးဆိုတာ သူတို့ သိရင် ဈေးကို တင်ထားတာမျိုး မလုပ်ရဲဘူး။
နောက်တစ်ခုက တခြားလည်း သွားနိုင်သေးတယ် ဆိုတာ သူတို့ သိတော့ အလေးမှန်ဈေးမှန် ရတယ်။
မဟုတ်ရင် ခံရပြီးသာမှတ်တဲ့လေ။ နောက်တစ်ခုက ကိုယ့်သုံးမယ်ဆိုတဲ့ အကန့်အသတ်ထဲကနေ မီးဖိုချောင်မှာ
လိုအပ်တာ အားလုံး ဝယ်လာနိုင်ဖို့ အရေးကြီးတယ်။ မီးဖိုချောင်မှာ တစ်ခုခုလိုနေပြီ ဆိုရင်
ဟင်းတွေကို အရသာ ကောင်းအောင် ချက်နိုင်ဖို့ မလွယ်ဘူး အဲဒီ အချိန်အဆ လုပ်နိုင်ဖို့ စာရင်းလည်း
သေသေချာချာ ရေးသွားဖို့ လိုတယ်။ ဥာဏ်ကောင်းရင်တော့ ခေါင်းထဲအကုန်မှတ်ပေါ့တဲ့။
သန့်ရှင်းမှုက အဓိက
သန့်ရှင်းမှုဆိုတာ မီးဖိုချောင်ရဲ့
အသက်ဖြစ်သလို အာရုံငါးပါးထဲက အမြင်အာရုံ ဆွဲဆောင်မှုကို ဖန်တီးနိုင်မှုကလည်း ဟင်းချက်သူရဲ့
စေတနာပါပဲ။ ကျွန်မ မီးဖိုချောင် တစ်ယောက်တည်း စဝင်တုန်းက အဖြစ်ကို သတိရမိတယ်။ အဲဒီနေ့က
ကျွန်မ ခြေထောက်ရေနွေးပူလောင်တယ်လေ။ အဲဒီတုန်းက မီးသွေးမီးဖိုနဲ့ ချက်ရတာကို မီးသွေးကို
အချိန်အဆလုပ်ပြီး ဘာဟင်းချက်ပြီး ဘာချက်မယ် ဆိုတာ မချိန်တတ်တဲ့ ကျွန်မ တစ်ယောက်တည်း
အိုးတွေ ပတ်လည်ရမ်းပြီး ဘဲဥပြုတဲ့ အိုးက ရေနွေးကလည်းဆူ ထမင်းအိုးကလည်းပွက်နဲ့ ပတ်ခြာလည်
ရမ်းပြီး အပူလောင်ပါရော။ အဲဒီနောက်မှပဲ အမေပြောတဲ့ အချိန်အဆတွေကို သတိထားမိတော့တယ်။
နောက်ဆို ထမင်း၊ဟင်း ချက်အပြီး ကိုယ်သုံးတဲ့ အိုး၊ပုဂံခွက်ယောက်တွေလည်း ဆေးအပြီး ဟင်းလည်း
အကျက် မီးဖိုချောင်လည်း သန့်ရှင်းအပြီး ဖြစ်အောင် ချိန်ကိုက်တတ်လာတယ်။
အနုပညာထမင်းဝိုင်း
ဒေါက်တာ သုဇာတာနဲ့ ကျွန်မ ထမင်းဝိုင်းခင်းကြတော့
ပုစွန်ထမင်းနဲ့ စားဖို့ သခွားသီးကို ဒိန်ချဉ်နဲ့ အချည်လုပ်ထားတာလေးကို ထည့်ဖို့ ပုဂံယူတော့
သူက ပြောတယ်။ ပုဂံအမဲလေးတွေနဲ့ ထည့်နော်တဲ့။ ဒါမှ လှမှာတဲ့။ အစားအသောက် ခင်းကျင်းပြင်ဆင်ရတာလည်း
အနုပညာပါပဲ။ အာဟာရအပြင် အရောင်တွေရဲ့ အစပ်အဟပ်ကို နားလည်မှုကလည်း အစားအသောက်စားတဲ့သူ
အပေါ်ကို စိတ်ကျေနပ်မှုပေးစွမ်း စေတယ်လေ။ အစိမ်းရောင်ရှိတဲ့ အသီးအနှံတွေဟာ လူတွေရဲ့
ကျန်းမာရေးအတွက်ကောင်းသလို အနီရောင်က စားချင်စိတ်ကို ပိုဖြစ်စေတယ်။ မနေ့က ဒေါက်တာသုဇာတာက
ကန်စွမ်းရွက်နဲ့မှိုကို ဒိန်ခဲနဲ့ အသုပ်လုပ်ပါတယ်။ ဒါကို ကျွန်မက တစ်ခုခုလိုနေတယ်လို့
မထင်ဘူးလား အနီရောင်လေးစွက်လိုက်ရင် ပိုလှသွားမယ် ငရုတ်ချို အနီလေးများ ထည့်လို့ရလားလို့
လျှာရှည်မိတော့ ဟုတ်ပ အဲလိုထည့်ဖို့ ဝယ်ထားပြီ ထည့်ဖို့မေ့နေတာ သတိပေးလို့ တော်သေးတယ်
ဆိုပြီး အပြေးအလွှားထပ်ထည့်ကြတော့ ကျွန်မ ပရော်ဖက်ဆာက သုဇာတာအသက်ကြီးလာလေ စားမိန်တဲ့
အရောင်တွေကို စိတ်ဝင်စားလေထင်တာ အခုတော့ ငယ်တဲ့သူတွေလည်း အတူတူပဲကိုးလို့ ဘေးကကြည့်ရင်း
ရယ်ပါတယ်။
ဒီတစ်ပတ် စနေ၊တနင်္ဂနွေ နှစ်ရက်လုံး မနက်
၈ နာရီကနေ ညနေ ၃ နာရီအထိ အစည်းအဝေး တက်ရပေမယ့် ဟင်းချက်ရတာရယ် ကိုယ်ချက်တဲ့ ဟင်းတွေကို
မိန်ရည်ရှက်ရည် စားကြတဲ့ သူတွေကို ကြည့်ပြီး ပျော်မိတယ်။ ဟင်းချက်ခြင်းက ကျွန်မ အတွက်တော့
ပျော်စရာ အပန်းဖြေနည်း တစ်မျိုးလိုပါပဲ။ ဒေါက်တာသုဇာတာနဲ့ မီးဖိုဆောင် ဝင်ရတဲ့ နေ့တွေကို
ပြန်သွားရင် ကျွန်မ သတိရနေမိဦးမှာ။
Labels:
စကားစမြည်
|
0
comments
Saturday, August 2, 2014
Birthday ..new beginnings on the road ..in the nature!
7:54 AM | Posted by
Phyu |
Edit Post
မနက်ဖြန် များစွာ ရှိနေဦးမလား။ မနက်ဖြန်
ဆိုရင် အသက် ၃၂ နှစ်ပြည့်ပြီ။ ကျွန်မ လူ့လောကထဲကို ရောက်တာ နှစ်ပေါင်း ၃၂ နှစ် ရှိပြီပေါ့။
အသက် ၁ နှစ်ကနေ ၁၀ နှစ်ကြားမှာ ပျော်စရာကလေး
ဘဝ၊ လိုချင်တာ ရတဲ့ ကလေး ဘဝကို ကျွန်မ ဖြတ်ကျော်ခဲ့ရတယ်။ ကျွန်မရဲ့ ကလေး ဘဝဟာ မေတ္တာတရားတွေနဲ့
အပြည့်အဝ လွှမ်းခြုံခံခဲ့ရတာကြောင့် ကျွန်မ အတွက် ကံကောင်းခြင်းပါပဲ။ မြေးဦး ဆိုတဲ့ ကလေး တစ်ယောက်ကို သူပတ်ဝန်းကျင်က
မိသားစုတွေ ဘယ်လောက် ချစ်မြတ်နိုး ဂရုစိုက်ခဲ့ကြသလဲ ဆိုတာ မြေးဦး ဖြစ်ဖူးတဲ့ ကလေးတွေ
အသိဆုံးပဲနေမှာ အဖိုး၊ အဖွား၊ ဘကြီး၊ အဒေါ်၊ ဦးလေး အစရှိတဲ့ သူအားလုံးရဲ့ မေတ္တာကို
ရရှိခဲ့ရဖူးတာကြောင့် အဲဒီ မေတ္တာရဖူးတဲ့ အကျိုးတွေဟာ နောက်တစ်ချိန် အမျိုးအချင်းချင်း
ကြားထဲ မေတ္တာမထားနိုင်ကြတာမျိုး ကြုံလာခဲ့ရင်တောင် အားလုံးရဲ့ မေတ္တာရဖူးတဲ့ ကျွန်မက
ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဖြစ်လာနိုင်တဲ့ အထိပါပဲ။ ချစ်ခြင်းမေတ္တာကို ရဖူးသူက
ချစ်ခြင်းမေတ္တာနဲ့ အရာရာကို ပိုင်းဖြတ်နိုင်တယ်လေ။
၁၀ နှစ် နဲ့ ၂၀ ကြားကတော့ ချစ်ခြင်း
မေတ္တာအပြင် မိန်းမပျိုလေး တစ်ယောက်အတွက် လူမှုပုံသွင်း ခံရတဲ့ အချိန်တွေ ဖြစ်တာကြောင်း
အခက်အခဲတိုတာတွေ စတင်တဲ့ အချိန်လို့ ဆိုလို့ရပါတယ်။ ပတ်ဝန်းကျင်က လူပေါင်းများစွာဆီက
အရာပေါင်းများစွာကို လေ့လာဆည်းပူးရတဲ့ အချိန်ပေါ့။ ဒါပေမယ့် ကျွန်မက ကံကောင်းပါတယ်။
ကျွန်မအနားမှာ ပုံစံပေါင်းများစွာနဲ့ လူတွေ ရှိတယ်။ ရှေးရိုးစွဲသူ ရှိသလို၊ တန်ပြန်ဖို့
ကျိုးစားနေသူတွေ ရှိတယ်။ နိုင်ငံရေး အရ နိုးကြားတဲ့ သူတွေ ရှိသလို ဘဝကိုကျိုးစားပြီး
ထိပ်ဆုံးရောက်အောင် လုပ်မယ့် ရည်မှန်းချက် ကြီးသူတွေ ရှိတယ်။ အနုပညာ ဝါသနာနဲ့ ဘဝအကြား
ရုန်းကန်နေရတဲ့ သူတွေရှိတယ်။ တရားဘာဝနာနဲ့ မွေ့လျှော်နေသူတွေလည်း ရှိတယ်။ ဘာသာရေးအရလည်း
ဗုဒ္ဓဘာသာ
မွေ့လျှော်သူ၊ ခရစ္စယာန်ဘာသာ စောင့်ထိန်းသူ၊ ဟိန္ဒူ အယူအဆ ယုံကြည်သူ၊ အစ္စလမ် ကိုးကွယ်သူတွေ
အကြားမှာ လေ့လာခွင့်ရတယ်။
ဒီအရွယ်အကြောင်းပြောရင် ကျွန်မ ဘယ်တုန်းက
မှ မကြုံလို့ စကားထဲထည့်မပြောခဲ့ဖူးတဲ့ ကျွန်မရဲ့ ဘဝဆရာ တစ်ယောက်ကို ထည့်ပြောရလိမ့်မယ်
ထင်တယ်။ သူက ကျွန်မတို့ အိမ်နားက အကြော်တဲလေးနဲ့ အကြော်ရောင်းတဲ့ ဒါနားဆိုသူပဲ ဖြစ်ပါတယ်။
ဟိန္ဒူဘာသာကိုးကွယ်သူ ကုလားမလေး ဒါနားဟာ ကလေး
လေးယောက်အမေ တစ်ခုလပ် ခပ်ငယ်ငယ်၊ သူ့ယောင်္ကျား
နောက်မိန်းမ ယူမသွားခင် သူနဲ့ ပေါင်းနေစဉ် နှိပ်စက်ထားတဲ့ ဒဏ်ကြောင့် နားလည်း ကောင်းကောင်းမကြားရတဲ့
နားလေးနေရရှာသူ တစ်ယောက်ပါ။ ကျွန်မက အစောကြီး အိပ်ယာကထပြီး ဘုရားရှိခိုး ပြီးတာနဲ့
တစ်နေ့စာ ကျောင်းမှာ မေးမယ့် စာတွေ ပြန်နွေး အိမ်စာတွေကို တစ်ခေါက်စစ် လုပ်တတ်ပါတယ်။
မနက် ၅ နာရီ ထပြီး လုပ်ရင် ၆ နာရီ ကျော်ဆိုရင် အားလုံးပြီးသွားပါပြီ။ အဲဒီလို ဆိုရင်
ကျွန်မက အကြော်ဆင်းဝယ်တတ်ပါတယ်။ ဒါနား အတွက် အမြဲဈေးဦးဖောက်သူက ကျွန်မပါ။ သူကလည်း
ကျွန်မ ဈေးဦးဖောက်ရင် ရောင်းကောင်းတယ်လို့ ယူဆနေတာကြောင့် ကျွန်မ မရောက်လာရင်တောင်
သူက တမျှော်မျှော်လုပ်တတ်တာမို့ရယ်မနက်စောစော အမြဲလိုလို သူ့အကြော်တဲ့ ရောက် သူ ကျွန်မက
ရင်းနှီးသလို သူ့ဒုက္ခတွေကို ကောင်းကောင်းနားမလည်တော့ သူပြောသမျှပဲ နားထောင်ပြီး သူများကိုလည်း
ပြန်မပြောတတ်တဲ့ ကျွန်မက သူ့ရင်ဖွင့်ဖော်ပါ။ သူနဲ့ သူငယ်ချင်း ဖြစ်ရတဲ့ အတွက် ကျွန်မဟာ
အဲဒီ အချိန်တုန်းက နားမလည်ခဲ့တဲ့ ဘာမှန်းမသိသေးတဲ့ ဒုက္ခနဲ့ လောကဓံ ဆိုတာကို ကြားဖူးနားဝ
ဖြစ်နေခဲ့သလို လောကဓံကို အပြုံးပျက် ရင်ဆိုင်သူ ဒါနားက ကျွန်မရဲ့ နောင်တစ်ချိန်မှာ တွေ့ရမယ့် “ဒုက္ခနဲ့ လောကဓံ” ကို
ရင်ဆိုင်နိုင်အောင် သင်ကြားခဲ့သူ တစ်ယောက်ပါ။
အသက် ၂၀ နဲ့ ၃၀ အကြားက ကျွန်မ ဘဝရဲ့ အနိမ့်အမြင့် များစွာနဲ့ နေ့ရက်တွေပါ။ ပြန်ပြောဖို့တောင်
တော်တော်ခက်မယ် ဆိုတဲ့ စကားက အမှန်ဆုံးပါပဲ။ အခက်အခဲဆုံး အချိန်တွေ ဘယ်တုန်းကမှ ဖြစ်မယ်လို့
မျှော်လင့်မထားတဲ့ လောကဓံတွေ အားလုံးကို ကျွန်မ ဖြတ်ကျော်ခဲ့ရပါတယ်။ အဲဒီအရွယ်မှာ ပြန်မဆုံဖြစ်တော့တဲ့
ဒါးနားဟာလည်း ကျွန်မ တစ်ခါတစ်ရံ သတိရပြီး အားပြန်မွေးစေတဲ့ အလင်းရောင်တွေ အများကြီးထဲက
တစ်ခု ဖြစ်ခဲ့တယ်။
အဲဒီအရာအားလုံးကို ဖြတ်ကျော်ခဲ့ပြီးတဲ့
နောက်မှာတော့ … ကျွန်မအတွက် အခု နောက်ကျန်နေတဲ့ အသက် ၃၀ နောက်ပိုင်းဘဝကို ရင်ဆိုင်
ကျော်ဖြတ်နိုင်ဖို့.. စိတ်ရောလူပါ အဆင်သင့် ဖြစ်နေခဲ့ဖို့ အတန်အသင့် အဆင်သင့် ဖြစ်ခဲ့ပြီ ...
လောကဓံကို တည်ငြိမ်စွာ ရင်ဆိုင်တတ်ဖို့…
ရုပ်ကိုရော နမ်ကိုပါ မျှတစွာ ထိန်းသိမ်းတတ်ဖို့…
ကိုယ့်ကိုကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်ကိုရော မျှတစွာ ချစ်တတ်ဖို့နဲ့ ချစ်ခြင်းမေတ္တာတွေကို မျှဝေတတ်ဖို့..
သဘာဝ အတိုင်း ဘဝကို ပျော်ရွှင်အောင် စစ်မှန်စွာ နေတတ်ဖို့…
မွေးနေ့မရောက်ခင်
တစ်ညမှာ အမေ့ ဆီဖုန်းခေါ် ကန်တော့တယ်။ ကျွန်မ ပြန်ရင် စမယ့် ကျွန်မရဲ့ ဥယျာဉ်ခြံလေး
အကြောင်း ပြောဖြစ်တယ်။ Domimique Lapierre
ရဲ့ The City of Joy ကို ဘာသာပြန်ထားတဲ့ မြသန်းတင့်ရဲ့ သုခ မြို့တော်ကို ဖတ်ရင်း လောကဓံကို ဆင်ခြင်တယ်။ မနက်ဖြန်
မွေးနေ့မှာ အခန်းမှာပဲ ဥပုသ်စောင့်ပြီး တရားထိုင်မယ်လို့ စိတ်ကူးမိတယ်။မွေးနေ့လက်ဆောင် လို့ အမည်မတပ်ပေမယ့် ကိုလံဘို ပြန်မရောက်ခင် သူတောင် သတိထားမိရဲ့လား မသေချာပေမယ့်ကျွန်မစိတ်မကောင်းဖြစ်နေတဲ့စိတ်ကို ပြန်လည်ထူမစေခဲ့တဲ့လူတစ်ယောက်ပေးခဲ့တဲ့
နွေးထွေးမှုနဲ့ လုံခြုံမှု ကို ခံစားရစေတဲ့ မေတ္တာကို ပြန်စဉ်းစားရင်း ခံစား ပျော်ရွှင်မိတယ်။ အသက် ၃၀ ကျော်အရွယ်
မိန်းမတစ်ယောက်ရဲ့ ဘဝဟာ တည်ငြိမ်စ ပြုသင့်ပြီး မဟုတ်လား။ အဆုံးမရှိတဲ့ အလိုဆန္ဒတွေနဲ့ ပူလောင်မှုတွေကို စွန့်ပြီး ဘဝဟာ ခံစားရှင်သန်တတ်သူ တွေကို သဘာဝ အတိုင်း ဆက်ပြီး လှပနေစေဦးမှာပါ။ ကျွန်မ ယုံတယ်။ မနက်ဖြန် တိုင်းဟာ ဘဝရဲ့ နေ့သစ်တွေပါပဲ။
Wednesday, July 2, 2014
အိမ်လွမ်းသူ
8:43 AM | Posted by
Phyu |
Edit Post
ကြယ်တွေစုံတဲ့ည အမေ့အိမ်ကိုလွမ်းတယ်…
ကြယ်တွေစုံတဲ့ည ခရီးမိုင်တွေခြားတယ်…အဆိုတော် ကိုအောင်ရဲ့ အသံအေးအေးက ကျွန်မကို ပို ဝမ်းနည်းစေတယ်။ ကျွန်မ ဒီည အိမ် လွမ်းနေမိတယ်။ အိမ်ဆိုတာ ကျွန်မအတွက်တော့
ရန်ကုန်မှာ ဆိုရင် တစ်ယောက်တည်း နေတဲ့ အခန်းကျဉ်းလေးပါပဲ။ ကျွန်မ အတွက် အိမ်ဆိုတာ ဟိုးအရင်တုန်းကတော့
အမေရယ်၊ အဖေရယ်၊ မောင်လေးရယ် ရှိတဲ့ နေရာပေါ့။
အဖေ ဆုံးပြီး နောက်ပိုင်းမှာ မောင်လေးလည်း နိုင်ငံခြား သွားပြီးတဲ့ နောက် ကျွန်မအတွက်
အမေ ရှိတဲ့ နေရာဟာ အမေ့အိမ်ဖြစ်ပြီး ကျွန်မအတွက် အိမ်ဆိုတာလည်း ကျွန်မ တစ်ယောက်တည်း
နေတဲ့ အခန်းလေးသာ ဖြစ်လာပါတယ်။ ဒါပေမယ့် တစ်ယောက်တည်း နေတဲ့နေရာကို အိမ်ဆိုတာထက် ဝပ်ကျင်းလို့
ကျွန်မ နာမည်တပ်ခဲ့တယ်။ ဒါကြောင့် ဒီနောက်ပိုင်းမှာ ခရီးသွားများတဲ့ ကျွန်မအတွက် ကျွန်မ
ရောက်နေတဲ့ နေရာကို သာ အိမ်အဖြစ် သတ်မှတ်ဖို့ ကိုယ့်ကိုကိုယ် ကျင့်သားရစေခဲ့ပါတယ်။
အမှန်တော့ နာကျင်မှုတွေက ဒီလို ကျင့်သားကို ရစေတာလည်း ဖြစ်နိုင်ပါတယ်။ မိသားစုဘဝကနေ
တရွေ့ရွေ့ ပြန့်ထွက်သွားတဲ့ အသိုက်အမြုံလေးကနေ ကျွန်မ တဖြည်းဖြည်း ဝေးကွာခဲ့ပါတယ်။
ဒါကြောင့် ရောက်တဲ့ နေရာမှာ မိသားစုဆန်ဆန် နေတတ်လာအောင် ကျွန်မ ကျိုးစားခဲ့ပါတယ်။ ကျွန်မရဲ့
အိမ်ဆိုတာထက် မေတ္တာအိမ်လေးကို ကျွန်မ လွမ်းမိပါတယ်။
မနေ့ညက… ကျွန်မရဲ့ ပရော်ဖက်ဆာ အိမ်ကို
ညနေစာ အတူစားဖို့ သွားခဲ့တယ်။ ပရော်ဖက်ဆာရဲ့ အမျိုးသမီး ကလည်း ပညာရေးဘက်က ပရော်ဖက်ဆာ
တစ်ယောက်ပါပဲ။ ကျွန်မနဲ့ အတူတူ နောက်ထပ် စင်္ကာပူက ရောက်နေတဲ့ အမျိုးသမီးတစ်ယောက်ကိုလည်း
ညနေစာ ဖိတ်ထားပါတယ်။
ပရော်ဖက်ဆာ အိမ်ကို ရောက်ရောက်ချင်း
ကျွန်မ သတိထားမိတာက အိမ်မှာ သူတို့ လင်မယား နှစ်ယောက်တည်း ရှိတယ် ဆိုတာပါပဲ။ ကျွန်မ
ဆရာမကြီးက ကျွန်မကို ဖက်ပြီး ကြိုဆိုရင်းက သူ မြန်မာနိုင်ငံကို ရောက်ဖူးကြောင်း ပထမဆုံးသူကို
မြန်မာနိုင်ငံနဲ့ မိတ်ဆက်ပေးတာက ဂျော့အိုဝေးရဲ့ ဘားမိစ်ဒေး ဖြစ်တယ် ဆိုတဲ့ အကြောင်းနဲ့
သူ့ယောင်္ကျားနဲ့သူ မြန်မာနိုင်ငံကို အတူလာတုန်းက ပုဂံမှာ လည်ခဲ့ရတဲ့ အကြောင်းတွေကို
ပြောပါတယ်။ နောက်တော့ ကျွန်မကို ညနေစာ ဘာစားချင်လဲ ဒီမှာနေချိန် မနက်စာ၊ နေ့လည်စာ၊
ညနေစာတွေ ဘယ်လို စားလဲ ဆိုတာတွေ မေးပါတယ်။ ကျွန်မ ဘယ်လို စီစဉ်စားသောက်တယ် ဆိုတာ ပြောပြနေရင်း
စိတ်ထဲမှာ စပြီး နွေးထွေးမှုကို ခံစားရပါတယ်။ တကယ်တော့ ကျွန်မ ဘယ်လိုနေလဲ ဆိုတာကို
ဂရုထားပြီး အဆင်ပြေရဲ့လား စိတ်ပူတဲ့ ဒီလို နွေးထွေးတဲ့ အမေးတွေကို ကျွန်မ အမေးမခံရတာကြာပါပြီ။
ကျွန်မကို ဒီလို နွေးထွေးမှု ပေးနိုင်တာ မိဘနဲ့ မိဘလို ဖြစ်နေတဲ့ အဘွားတို့ အဒေါ်တို့သာ
အဲဒီလို ဆက်ဆံခဲ့ကြတာမဟုတ်လား။ အသက်ကြီးလာတဲ့ နောက်ပိုင်းမှာ အဘွားလည်းဆုံးခဲ့သလို
ကျွန်မရဲ့ တစ်ဦးတည်းသော အမေဟာ ကျွန်မရဲ့ သမီးလေးလိုဖြစ်လာပါတယ်။ အမေကို ကျွန်မက တစ်ပြန်ဂရုစိုက်တဲ့
အနေအထားကြာလာတဲ့အခါ ဒီလို မေးခွန်းတွေနဲ့ ဂရုစိုက်သူဟာ ကျွန်မ ဖြစ်လာပြီး နောက်ပိုင်း
ကျွန်မ ဘာဖြစ်နေလဲ ဆိုတာကို ဂရုစိုက်သူဟာ ကျွန်မကိုယ်တိုင်က လွဲပြီး ဘယ်သူမှ မရှိတော့တာ
နဲနဲကြာပါပြီ။ အဲဒီနောက်မှာတော့ ဆရာမကြီးနဲ့ ကျွန်မက ညနေစာ ပြင်ဆင်ကြမယ်ဆိုပြီး အတူထပါတယ်။
အတူထတဲ့အခါ ဆရာမကြီးက အို မင်းရဲ့ ခြေထောက်တွေ လို့ ပြောလိုက်တော့ ကျွန်မက လန့်တောင်
လန့်သွားပါတယ်။ ဒါ ဗုဒ္ဓရဲ့
ခြေထောက်မျိုးတွေလေ ကြံအင်လက္ခဏာကောင်းလိုက်တာလို့ ဆိုပြီး ဆရာကြီးကို ပြတော့ ကျွန်မမှာ
ဒီခြေထောက်တွေကြောင့် ကျွန်မ ဖိနပ်လှလှလေးတွေ ဘယ်တော့မှ စီးဖို့မလွယ်တာ ဆရာမကြီးပြောမှပဲ
အားရှိသွားတယ် ဆိုပြီး ပြောဖြစ်ပါတော့ သူတို့က ရယ်ပါတယ်။
ကျွန်မက ကျွန်မ ဝယ်လာတဲ့ ကိတ်မုန့်ကို
ပေးရင်း အချိုစားလို့ ရရဲ့လားတော့ မသိဘူး ကျွန်မက တစ်ခုခုဆို သူများကြိုက်တာကို မစဉ်းစားဘဲ
ကျွန်မ ကြိုက်တာပဲ ဝယ်ဝယ်ပြီးမှ အဲလို ပြန်တွေးတတ်တယ်။ အခုလဲ အဲဒီလို ဖြစ်လာတယ်လို့
ရယ်ပြီးပြောတော့။ ကျွန်မနဲ့ ရယ်ရယ်မောမောစကားပြောရင်း ဆရာကြီးက သူ့သားသမီးတွေကို သတိရသွားပုံရတယ်။
နံရံက ဓါတ်ပုံတွေကို ပြရင်း ငါတို့မှာ သားသမီး ၃ ယောက်ရှိပေမယ့် အခုတော့ တို့ နှစ်ယောက်တည်းပဲလို့
ဆိုပါတယ်။ ဆရာမကြီးကတော့ ငါတို့မှာ မိသားစုဝင်တွေ အဖြစ် ဒီတက္ကသိုလ်ဝင်ဂိတ်က ဂိတ်စောင့်ရယ်
အိမ်မှာ နေ့လည်ဆို လာကူပေးတဲ့ အမျိုးသမီးတစ်ယောက်ရယ် ရှိသေးတယ် ငါတို့ အိမ်က ဘာလက်ဆောင်ရရ
သူတို့ကိုပါပေးပါတယ်။ နင့်ယူလာတဲ့ ကိတ်မုန့်ကိုလည်း သူတို့ကိုပါ ကျွေးမှာမို့ မကုန်မှာ
မပူနဲ့လို့ ပြောရှာပါတယ်။ ကျွန်မစိတ်ထဲမှာ သားသမီး ငတ်နေတဲ့ သူတို့ လင်မယားကို ကြည့်ရင်း
ကျွန်မ မေမေကို သိပ်သတိရသွားပါတယ်။ ကျွန်မ မေမေလည်း အဲဒီလိုပဲ။ ကျွန်မ အမေ့အတွက် နယ်ကို
လစဉ် ဝယ်ပို့တဲ့ မုန့်တွေဟာလည်း အမေ့လက်ထဲ ရောက်ရင် ကျွန်မ တစ်လစာ မှန်းထားပေမယ့် တစ်ပတ်အတွင်း
ဝေမျှလိုက်တာ ကုန်တာပါပဲ။ ကျွန်မ မတွန့်တိုပေမယ့်၊ စိတ်ထဲမှာ မေမေကို မပြောရဲပေမယ့်
မေမေကို တစ်လစာတော့ ထားစားစေချင်တာမို့ ပိုပို ဝယ်ပေးပြီ ဒါကတော့ သူများတွေကို ပေးဖို့
ဒါက မေ့မေ့ဖို့လို့ ပြောရတဲ့ အထိပါပဲ။ အခုတော့
မေမေ့ရဲ့ မိသားစု ချဲ့ထွင်တဲ့ ပုံစံကို ကျွန်မ နားလည်သွားမိပါတယ်။ ကျွန်မဓါတ်ပုံတွေကို
အယ်လဘမ်လိုက် ထုတ်ခိုင်းပြီး ယူထားတဲ့ မေမေလည်း ဒီလိုပဲ ဧည့်သည်လာရင် ပြနေမှာလား။
ဆရာမကြီးနဲ့ ကျွန်မ အတူ ချက်ပြုတ်ကြတော့
ဆရာကြီးနဲ့ စင်္ကာပူကလာတဲ့ ဧည့်သည် အစ်မက စကားပြောနေကြပါတယ်။ ဆရာမကြီးနဲ့ ကျွန်မ အသုပ်သုပ်ကြတော့
နံနံပင်သွားရှာကြဦးစို့ ကလေးရေ ရေခဲသေတ္တာထဲမှာ နံနံပင် မရှိတော့ဘူးလို့ပြောတော့ ဘယ်နားမှာ
သွားရှာမှာလဲ ဆိုတော့ ဟိုးခေါင်မိုးပေါ်မှာလေတဲ့။ သူယောင်္ကျားကို သူက နံနံပင်သွားရှာကြဦးစို့လို့
လှမ်းပြောတော့ ဆရာကြီးက ဓါတ်မီးလေး ထယူပါတယ်။ ပြီးတော့ ကျွန်မတို့ လေးယောက်လုံး နောက်ထပ်
၃ ထပ်လောက် တက်ရတဲ့ ခေါင်းမိုးထပ်ကို တက်ကြပါတယ်။ ခေါင်းမိုးထပ်မှာမှာ မီးကို ဖွင့်လိုက်တော့
အိုးလေးတွေနဲ့ စိုက်ထားတဲ့ ညမွှေးပန်းပင်၊ ဂန္ဓမာပန်းပင်၊ ကျွန်မ နာမည်မခေါ်တတ်တဲ့
ပန်းပင်တွေအပင် စားပင်တွေ ဖြစ်တဲ့ နံနံပင်၊ ငရုတ်ပင်၊ စပါးလင်ပင်တွေကို အစီအရီတွေ့ရပါတယ်။
ဆရာကြီးက ဇောင်းလျားသီးနဲ့ ခပ်ဆင်ဆင်တူတဲ့ အပင်တစ်ပင်ကို ပြပြီး စားကြည့်ချင်ခူးလေ
တွေ့လား အသီးက ပင်စည်မှာ ကပ်သီးတာ ဒါအပင်ကြီးမျိုးပေါ့ ဒါပေမယ့် ဒီမှာ စိုက်လို့ရအောင်
ခုတ်ခုတ်ထားတာလို့ ပြောပြပါတယ်။ မြို့ပေါ်မှာ နေရပေမယ့် သီးပင်စားပင်လေးတွေ စိုက်ပြီး
သဘာဝအတိုင်း နေချင်လို့ ကြံဖန်လုပ်ထားတဲ့ သူတို့ လင်မယားရဲ့ ဥယျာဉ်လေးကို ကြည့်ပြီး
ကျွန်မလည်း အပင်စိုက်ဝါသနာပါလို့ အိမ်မှာ စိုက်ကြောင်း ကျွန်မ နယ်မှာလည်း ခြံစိုက်ကြောင်းပြောပြတော့
သူတို့က သဘောကျနေသေးတယ်။ ညနေစာ အတူစားပြီးတဲ့အခါ
ကျွဲနို့နဲ့ လုပ်ပြီး ထန်းလျက်ရည်နဲ့ သောက်ရတဲ့ ဒိန်ချည်ကို ချကျွေးတော့ မြေအိုးနဲ့
ထည့်ထားတဲ့ ဒိန်ချဉ်မို့ ကျန်းမာရေးအတွက် ပိုကောင်းတယ်လို့လည်း ပြောသေးပါတယ်။ စားရင်း
သောက်ရင်း စကားပြောရင်း ဆရာမကြီးက မနက်ဖြန် နေ့လည်စာကိုလည်း သူ ထမင်းဘူး ထည့်ပေးလိုက်မယ်
အပြင်မှာ ဝယ်မထားနဲ့ဦးလို့ ကျွန်မကို ဆိုပါတယ်။ ဆရာကြီးနဲ့ ဆရာမကြီးလည်း ကျွန်မလိုပဲ
ကိုယ့်ဘေးက လူအားလုံးကို မိသားစုလို သဘောထားနေသူတွေပါပဲ။ ကျွန်မ သီရိလင်္ကာမှာ နေနေချိန်တော့
သူတို့က ကျွန်မ မိသားစု ဖြစ်မယ် ထင်ပါရဲ့။
ဒီနေ့ နေ့လည်တော့ ကျွန်မလက်ထဲကို အသားနဲ့
အသီးအရွက် အစုံအလင်ပါတဲ့ ထမင်းဘူးလေး ရောက်လာခဲ့ပါတယ်။ ကျောင်းသူဘဝက အမေ ထည့်ပေးတဲ့
ထမင်းဘူးလေးတွေကို ကျွန်မ သတိရမိပြန်ပါတယ်။ အာဟာရစုံလင်အောင် အသီးအရွက်သားငါး ဖွယ်ဖွယ်ရာရာ
ထမင်းဘူးနဲ့ မုန့်ရော ကော်ဖီရော စုံလင်လှတဲ့ ကျွန်မရဲ့ ဆွဲခြင်းလေးအစား အဲဒီတုန်းကတော့
ထမင်းဖြူနဲ့ ဝက်အူချောင်း၊ ဒါမှမဟုတ် ကြက်ဥကြော်ကိုသာ စားချင် အမေထည့်ပေးတဲ့ မုန့်တွေအစား
ကျောင်းက မုန့်ဈေးတန်းက ဇီးထုတ်ကိုသာ စားချင်တဲ့ ကျွန်မနဲ့ အမေနဲ့ရဲ့ နေ့စဉ် အားပြိုင်တဲ့
အချိန်တွေကို သတိရမိပါသေးတယ်။
အမေ.. ကျွန်မကိုများ လွမ်းနေမလား။ ရန်ကုန်မှာ
ရှိနေတုန်း အမေနဲ့ တူတူ မနေရပေမယ့် အခု နိုင်ငံခြားရောက်နေတဲ့အခါ ပိုလွမ်းမိနေသလိုပဲ။
ဒါပေမယ့် ကျွန်မ အမေနဲ့ အတူတူ နေဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူ နိုင်တော့ဘူး အမေ။
ကျွန်မ နေတဲ့ မြို့ပေါ်မှာ အမေ လာနေမယ်
ဆိုရင်တောင် ကျွန်မအလုပ်သွားနေတဲ့ တစ်နေကုန် အမေကို အိမ်မှာ ထားခဲ့ဖို့ တစ်ယောက်တည်း
စိတ်မချနိုင်သလို အမေကို အိမ်ကျယ်ကျယ် ခြံကျယ်ကျယ် အိမ်မှာ အဖော်တွေ ငှားပြီး ထားနိုင်လောက်အောင်လည်း
ကျွန်မမှာ အခြေအနေမရှိပြန်ဘူး။ နောက်ပြီး ကျွန်မက ခရီးသိပ်သွားသူလေ။ နေရာအတည်တကျ မရှိသလောက်ပဲ
မဟုတ်လား။ အမေ နေတဲ့ နယ်မှာ ကျွန်မ နေဖို့ ကျွန်မ အသက်မွေးဝမ်းကြောင်းအရလည်း မဖြစ်နိုင်ပြန်ဘူး။
လူဖြစ်လာတော့လည်း ကိုယ်အသက်ကို မွေးမို့ ဝင်ငွေရှာရပြန်တယ်။ အခြေအနေ မပေးဘူး ဆိုတာ
ကံကြမ္မာဆိုတာ ဒါပဲ ထင်ပါရဲ့။ အစစ အရာရာ ပြည့်စုံနေတဲ့ ဆရာကြီးတို့ သားသမီးတွေ ဆီမှာလည်း
အကြောင်းပြချက်ကိုယ်စီတော့ ရှိနေဦးမယ် ထင်ပါရဲ့။ လူတွေအားလုံးဟာ ပျော်ရာနဲ့ တော်ရာကို
မျှတနေဖို့ ကျိုးစားနေကြတာချည်းပဲလေ။ ဒါပေမယ့် အမေ့အိမ်ကိုလည်း သမီး လွမ်းပါတယ် အမေ။
နောက်ပြီး အမေ့ကို လွမ်းတိုင်း ကျွန်မမှာ ကမ္ဘာကြီးကို အိမ်လို သဘောထားနေတဲ့ ကျွန်မမှာ
အိမ်ပျောက်သွားသလို စိတ်တွေပျော့ကုန်တာတော့ သိပ်ခက်တာပဲ။ ကျွန်မဘဝပေး အခြေအနေက အဲဒီလို
စိတ်ပျော့လို့ မရဘူးလေ။ ဒါပေမယ့် အမေ့ကိုတော့ တကယ် အားနာမိပါတယ်။ သမီး အမေ့နားမှာ မနေနိုင်ခဲ့တဲ့
အချိန်တွေအတွက် ခွင့်လွှတ်ပါ လို့ပဲ စိတ်ထဲက ပြောမိတယ်။
ဘဝသံသရာဆက်နေသမျှတော့ ကျွန်မလည်း ဆရာကြီးနဲ့ဆရာမကြီးတို့လို
ကျွန်မ အမေတို့လိုပဲ အဝေးက လူတွေကို လွမ်းပေမယ့် အနီးကလူတွေကို မိသားစုလို သဘောထားရင်း
အားယူရှေ့ဆက်နေရဦးမှာပါပဲ။ ဘဝလမ်းမှာ ကြုံဆုံလာသမျှ လူတွေအားလုံးနဲ့ ရေစက်ရှိသမျှ
ကံပါသမျှ နီးလာလိုက် ဝေးသွားလိုက်ပေါ့။ ခက်ခဲတဲ့ ဘဝမှာ အားယူဖို့ မေတ္တာအိမ်လေးတွေတော့
လူတိုင်းအတွက် တကယ်ကို လိုအပ်ပါတယ်။ 'ကျွန်မ အိမ် လွမ်းမိတယ်။
Sunday, June 15, 2014
MY LIFE IN A TRAVEL BAG
2:38 AM | Posted by
Phyu |
Edit Post
ကျွန်မ ဘဝဆိုတာ… ခရီးသွားအိတ်ထဲမှာ။
အဲဒီစကားကို ကျွန်မ ခဏ ခဏ ရွတ်ရင်း
တွေးမိတယ်။ ခရီး အရမ်းသွားဖြစ်တာကို ကျွန်မကြိုက်သလို လူသား အားလုံးဟာလည်း သံသရာခရီးသည်တွေချည်းမဟုတ်လား။
မနှစ်ကသြဂုတ်လထဲမှာ ကျွန်မရဲ့ ဘွဲ့ယူစာတမ်းကို အပြီးသတ်ပြီးတဲ့ အချိန်မှာ.. အလုပ်ကိစ္စရော ကျောင်းကိစ္စ ရောမဟုတ်တဲ့ နိုင်ငံခြား ခရီးတစ်ခုကို ကျွန်မကို ကျွန်မ ဆုပေးတဲ့ အနေနဲ့ သွားပြီးတဲ့ နောက်မှာ ကိုယ့်ကိုကိုယ် ပြောခဲ့တယ်။ နိုင်ငံခြားကို အလုပ်ကိစ္စ ရက်ပိုင်းလောက်ကလွဲပြီး မသွားတော့ဘဲ မြန်မာပြည်တွင်းမှာပဲ အနည်းဆုံး ၃ နှစ်လောက်နေပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအလုပ် နိုင်သမျှလုပ်ပါလို့။
မနှစ်ကသြဂုတ်လထဲမှာ ကျွန်မရဲ့ ဘွဲ့ယူစာတမ်းကို အပြီးသတ်ပြီးတဲ့ အချိန်မှာ.. အလုပ်ကိစ္စရော ကျောင်းကိစ္စ ရောမဟုတ်တဲ့ နိုင်ငံခြား ခရီးတစ်ခုကို ကျွန်မကို ကျွန်မ ဆုပေးတဲ့ အနေနဲ့ သွားပြီးတဲ့ နောက်မှာ ကိုယ့်ကိုကိုယ် ပြောခဲ့တယ်။ နိုင်ငံခြားကို အလုပ်ကိစ္စ ရက်ပိုင်းလောက်ကလွဲပြီး မသွားတော့ဘဲ မြန်မာပြည်တွင်းမှာပဲ အနည်းဆုံး ၃ နှစ်လောက်နေပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအလုပ် နိုင်သမျှလုပ်ပါလို့။
တကယ်တော့ ကျွန်မ ပိုင်ဆိုင်ထားတဲ့ ဘဝဟာ
တခြားလူတွေနဲ့ မတူတာကြောင့် ကျွန်မကို ခရစ်ယာန်စကားနဲ့ ပြောရင် ဖွံ့ဖြိုးရေးလုပ်သားလုပ်ဖို့
အလိုတော်ရှိပြီး ဖန်ဆင်းတော် မူတယ်လို့တောင် ဆိုလို့ရပါတယ်။ ကျွန်မ မိသားစုမှာ အဖေက
ဆုံးသွားပြီး အဖေမဆုံးခင် ကျွန်မ အသေအချာ ပြုစုခွင့်ရလိုက်လို့ အဖေနဲ့ ပတ်သက်ရင် နောင်တရစရာမရှိဘူး။
အမေဆိုရင်လည်း အခုဆိုရင် ချမ်းသာတဲ့သူ မဟုတ်တော့ပေမယ့် သူမ ငယ်စဉ်ကတည်းက ဒိတ်ဒိတ်ကျဲ
ချမ်းသာခဲ့တဲ့ မကုန်သေးတဲ့ အရှိန်ကြောင့် နေစရာ၊စားစရာ
မပူရပဲ အေးအေးလူလူ တရားအားထုတ်နိုင်တဲ့ အခြေအနေမျိုး။ ကျွန်မ အနားမှာ မရှိရင်တောင်
အမေကို အနီးကပ် စောင့်ရှောက်မယ့် တူ၊တူမ တွေအပြင် မြေးတွေတောင်ရှိသလို အဖော် သူ့အစ်မ
အပျိုကြီး၊ တူမ အပျိုကြီးလည်း ရှိသေးတယ်။ ကျွန်မ မောင်ကလည်း သူ့ အလုပ်သူ့အကိုင်နဲ့
ကျွန်မမှာ နောက်ဆံ သိပ်တင်းစရာမရှိတော့ ကျွန်မ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့
အနေအထားမို့ ကျွန်မ ကိုယ့်ဘဝ ကိုယ်ပိုင်တယ်လို့ ပြောလို့ရပါတယ်။ နယ်ထုံးစံ အမေနားကိုကပ်ပြီး
ဂရုတစိုက်အလုပ်ကျွေးမပြုလို့ မျက်မုန်းကျိုးစရာလေး ဖြစ်တာကလွဲလို့ပေါ့။
မြန်မာပြည်တွင်းမှာ အလုပ်လုပ်တော့လည်း
ကျွန်မ ဖွံ့ဖြိုးရေးသင်တန်းဆရာမမို့ ခရီးတွေ တစ်လကို မသွားရရင် တစ်ခေါက် တစ်ခါတစ်လေ
၂ ခေါက်လောက်ကို သွားရတာမို့.. ကျွန်မ သင်တန်းဆရာမ လုပ်သက် ၃ နှစ်လောက်အတွင်း မြန်မာပြည်မှာ
အခုအချိန်အထိ ကချင်၊ ကယားနဲ့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ကလွဲလို့ ကျွန်မ
မရောက်ဘူးတဲ့ တိုင်းနဲ့ပြည်နဲက မကျန်သလောက်ပါပဲ။
အခုလည်း ခရီးထွက်ရဦးမယ်.. မသွားဘူးလို့
ရည်ရွယ်ထားပေမယ့် သွားသင့်တယ်လို့ ယူဆလို့ နိုင်ငံခြားမှာ ၄ လလောက် သွားနေရဦးမယ်..
ဗုဒဘာသာတရားနဲ့ ယဉ်ကျေးမှုတွေနဲ့ အာရှရဲ့ စိတ်ဝင်စားစရာ နေရာလို့ နာမည်တပ်ခံရတဲ့ သီရိလင်္ကာနိုင်ငံ၊
အဲဒီအပြင် တစ်ခါတရံ အိန္ဒိယဘက်ကိုပါ ရက်အနည်းနည်းလောက် ခြေဆန့်ခွင့်ရဦးမယ်။
Eat,Pray,Love ဆိုတဲ့ ရုပ်ရှင်ထဲက ကိုယ့်ကိုကိုယ်
ပျောက်ဆုံးနေတဲ့ “လစ်” ဆိုတဲ့ အမျိုးသမီးဟာ ပြင်သစ်မှာ မိသားစု၊သူငယ်ချင်း၊ဆွေမျိုးတွေကြားက
တစ်ဦးကိုတစ်ဦး ချစ်ခင်မှုနဲ့ ဝေမျှမှုတွေကို အစားအသောက် ကောင်းကောင်း ချက်ပြုတ်စားသောက်တဲ့
ယဉ်ကျေးမှုကတဆင့် ခံစားခွင့်ရခဲ့သလို စိတ်ပိုင်း တနည်းအားဖြင့် နမ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု
၊ခွင့်လွှတ်တတ်မှု၊ ရှင်သန်ခြင်းရဲ့ အရေးပါမှုတို့ကို အိန္ဒိယမှာ တရားထိုင်ခြင်းနဲ့ ရှာဖွေ
တွေ့ရှိခဲ့တယ်။ ဘာလီမှာတော့ စောင့်ရှောက်ခြင်းနဲ့ တည့်မတ်ပေးခြင်း၊ ဘဝအဓိပ္ပါယ်၊ ယုံကြည်မှု
နဲ့ နားလည်မှု၊ နှလုံးသားခြင်း ပြည့်စုံစေမှုတို့နဲ့အတူ အချစ်ကို ပြန်ရှာဖွေ တွေ့ရှိခဲ့တယ်။
ကျွန်မလည်း ဘဝကို အစဉ်ရှာဖွေနေရတဲ့
သူတစ်ယောက်ပါပဲ..။ ကျွန်မရဲ့ ထိုင်းနိုင်ငံက ဘဝမှာ လစ် တစ်ယောက် ပြင်သစ်မှာ ရှာဖွေ
တွေ့ရှိခဲ့တဲ့ မိတ်ဆွေ နဲ့ ဝေမျှခြင်း၊ စောင့်ရှောက်ခြင်း တွေကို ကျွန်မ ရခဲ့တယ်လို့
ယုံကြည်မိတယ်။ လစ်နဲ့ မတူတာက ဆိတ်ငြိမ်ခြင်းနဲ့ အနုပညာကို ကျွန်မ ဒိန်းမတ်မှာ ရှာဖွေ
တွေ့ရှိခဲ့တယ်။ နောက်ထပ် ကျန်ရှိနေသေးတဲ့ နာမ်ပိုင်းဆိုင်ရာ နဲ့ အချစ်ကို တော့ ကျွန်မ
ရှာဖွေနေဆဲပါပဲ။
မနေ့ညနေက ကျွန်မ လူတစ်ယောက်နဲ့ အတူ
ညနေစာ စားရင်း စကားပြောရင်း သူက ခရီးသိပ်သွားတဲ့ ကျွန်မကို ခရီးသွားဆောင်းပါးလေးတွေ
ရေးဖို့နဲ့ ခရီးသွားဆောင်းပါးရေးတဲ့အခါ အနားက လိုက်ပါနေသလို ဖြစ်အောင် ရေးပါလားလို့
တိုက်တွန်းတယ်။ ကျွန်မလည်း အဲလိုရေးဖို့ စိတ်ကူးနေတာ ကြာပြီ ဒါပေမယ့် ဘယ်လိုရေးရမယ်မှန်း
မသိဘူး။ အခုတော့ သူပြောသလို ကျွန်မ အနားမှာ တစ်ယောက်ပါလာသလိုလေး ပုံစံမျိုးလေးနဲ့ ရေးမယ်လို့
စိတ်ကူးလိုက်တယ်။ နောက်ပိုင်း ကျွန်မရဲ့ ခရီးသွားအိတ်ထဲက ဘဝကို ကျွန်မရဲ့ Blog လေးမှာ
ဆက်ဆက် ဖွင့်ပြဖို့ ကျွန်မ မနေ့ညကပဲ ဆုံးဖြတ်လိုက်တယ်။
ကျွန်မရဲ့ ခရီးမှာ ဘာတွေ ရှာဖွေတွေ့ရှိပြီး
ခရီးသွားအိတ်ထဲမှာ ဘာတွေပြန်ပါလာမလဲ ဆိုတာကို ပေါ့..
Subscribe to:
Posts (Atom)
