Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Wednesday, June 12, 2013
စာဖတ်ကြစို့
10:22 AM | Posted by
Phyu |
Edit Post
ကျွန်မတို့ မြန်မာပြည်မှာ ကျောင်းဖွင့်ချိန်ကို
ရောက်လို့လာပြန်ပါပြီ။ မိုးဦး
ရာသီ ဇွန်လကို ရောက်လို့ လာပြန်ပါပြီ။ ကျွန်မ ရောက်နေတဲ့ ထိုင်းနိုင်ငံမှာလည်း ကျောင်းတွေ စဖွင့်ပါပြီ။
ကျွန်မလည်း တစ်နေ့ တစ်နေ့ ညဆို တော်တော်နဲ့ မအိပ်နိုင်လို့ မနက်စောစောထ နောက်ကျတတ်ရာက
စာကြည့်တိုက်ကို မနက် ၉ နာရီခွဲ ၁၀ နာရီ လောက်မှ ရောက်သွားရင် ထိုင်စရာခုံ တော်တော်
ရှာယူရပါတယ်။ ဒီလောက် ၃ ထပ် အဆောက်အဦး အကျယ်ကြီးမှာ ကျောင်းသား တွေနဲ့ ပြည့်နေတာ၊
ဒါတောင် သူ့ မေဂျာအလိုက် စာကြည့်တိုက်တွေလည်း ရှိသေးတာ။ အဲဒီမှာလည်း လူအပြည့်မို့ စာကြည့်တိုက်
ထဲက လူတွေကို ကြည့်ပြီး ကျွန်မတို့ မြန်မာနိုင်ငံက လူငယ်တွေကိုလည်း စာဖတ်နှုန်း ဒီလိုပဲ
ရှိစေချင်လိုက်တာလို့ တွေးမိတယ်။ စာဖတ်ခြင်းဟာ အတွေးအခေါ်ကို ရင့်ကျက်စေပါတယ်။ ပထမအဆင့်
ကျောင်းစာကနေ အသိပညာကို ရယူနိုင်ပါတယ်။ ကျောင်းစာ ပြင်ပ စာတွေကို ဖတ်ခြင်းဖြင့် ဗဟုသုတတိုးစေပါတယ်။
အဲဒီ ဖတ်ထားတဲ့ စာတွေကို ပေါင်းစပ်တွေးခေါ်နိုင်ပြီ ဆိုရင်တော့ အနည်းဆုံး စဉ်းစားဆင်ခြင်သုံးသတ်
နိုင်စွမ်းက အများထက်တော့ သာမှာပါ။
အခုဆို ကျောင်းတွေ စဖွင့်ပြီ ဆိုတော့
အခြေခံ အဆင့်အနေနဲ့ ကျောင်းစာတွေကို စိတ်ပါလက်ပါ လေ့လာကြိုးစားနိုင်ဖို့ စပြီး အားထုတ်ရတော့မယ့်
ကျောင်းသူ ကျောင်းသားတွေအတွက် Wikihow.com က How to Get Motivated to Study ဆိုတဲ့ ဆောင်းပါးလေးကို ဘာသာပြန်ပေး
လိုက်ပါတယ်။
ပထမ အဆင့် အနေနဲ့.. စာဖတ်ဖို့ ပြင်ဆင်ဖို့ပါပဲ။
၁။
စာဖတ်ဖို့ နေရာကို သတ်မှတ်ပါ။
စာဖတ်ဖို့
နေရာကို ပြင်ဆင်သတ်မှတ်ဖို့ပါပဲ။ ကိုယ်က ဘယ်လို နေရာမျိုးမှာ စာဖတ်ရတာ နှစ်သက်လဲ စဉ်းစားပါ။
အဓိကက တိတ်ဆိတ်ပြီး အနှောက်အယှက် ကင်းနိုင်တဲ့ နေရာပေါ့။ ကိုယ်နဲ့ အနီးဆုံး စာကြည့်တိုက်တွေကိုလည်း
စဉ်းစားကြည့်ပါ။ ကိုယ်အိမ်မှာ ဆိုရင်လည်း အဖြစ်နိုင်ဆုံး နေရာပေါ့။ လုံးဝကြီး အဆင်ပြေတဲ့
နေရာတော့ ရှိနိုင်မှာ မဟုတ်ပေမယ့် ကိုယ့်ကို ပေးထားတဲ့ အခြေအနေတွေ ထဲက အကောင်းဆုံးနေရာ
အသင့်တော်ဆုံးနေရာပေါ့။
၂။
စာဖတ်ဖို့ လိုအပ်မယ် ထင်တဲ့ ပစ္စည်းတွေကို စုဆောင်းပါ။
ကိုယ်က
စာဖတ်ရင်း ရေးမှတ်ဖို့ လိုတတ်တာတဲ့ ခဲတံ၊ပေတံ၊ maker pen၊ စာရွက် အစရှိတဲ့ ကိုယ်လိုအပ်မယ်ထင်တာ၊
သုံးတတ်တာတွေကို စုစည်းပြီး ထားပါ။ စာဖတ်နေတုန်းမှ ဟိုဟာရှာလိုက် ဒီဟာရှာလိုက်ဆိုရင်
အာရုံပျက်နိုင်ပါတယ်။
၃။
ရေနဲ့ မုန့်စတဲ့ စားစရာတွေကို ယူထားပါ။
စာဖတ်ရင်း
ရေဆာလာတာ၊ ဗိုက်ဆာ လာတာ မျိုး ခံစားရတဲ့ အခါမှာလည်း ထထွက်ရှာနေရရင် အာရုံပျက်ပါတယ်။
ဗိုက်ဆာတာ၊ ရေငတ်တာကို အောင့်မထားပါနဲ့ စာဖတ်ရတာ စိတ်ပန်းသလို ခံစားရတာမျိုး စိတ်က ထင်လာနိုင်ပါတယ်။ အချိန်မရွေး စားနိုင် သောက်နိုင်အောင်
တစ်ခါတည်းသာ အနားမှာ ပြင်ဆင်ယူထားလိုက်ပါ။
ဒုတိယ အဆင့် အနေနဲ့ ကိုယ့်ကို
အနှောက်အယှက် ပေးနိုင်တဲ့ အရာတွေကို ဖယ်ရှားပစ်ဖို့ပါပဲ။
၁။
သက်တောင့်သက်သာရှိတဲ့ အဝတ်အစားကို ဝတ်ပါ။
စာဖတ်ဖို့က
ကြာကြာထိုင်ရမှာမို့ ထိုင်ရတာ သက်တောင့်သက်သာ ရှိတာတဲ့ ပွပွလျလျ အဝတ်အစားမျိုးကို ဆိုလိုပါတယ်။
ဂျင်းဘောင်းဘီကျပ်ကျပ်တို့လိုမျိုးဆိုရင် ကြာကြာထိုင်ရရင် အဆင်မပြေတာ ထိုင်ချလို့ အဆင်မပြေတာမျိုးတွေရှိတယ်မဟုတ်လား။
အဓိက ကိုယ် သက်တောင့်သက်သာ ခံစားရတဲ့ သန့ှ်ရှင်းတဲ့ အဝတ်အစားကို ဝတ်ဖို့ပါ။ အနံ့အသက်ကင်းတဲ့
အဝတ် အစားဖြစ်နိုင်ရင် ပိုကောင်းပါတယ်။ သန့်ရှင်းတော့ စိတ်ကြည်လင် လန်းဆန်းတာပေါ့။
၂။
ဆံပင်
ဆံပင်
နဲ့ ဦးခေါင်းကို သန့်သန့်ရှင်းရှင်းထားပါ။ စာဖတ်တဲ့ အခါ ဆံပင်တွေ မျက်နှာရှေ့ ခဏခဏ
ကျလာတာမျိုးဆိုရင် စိတ်အနှောက်အယှက် ဖြစ်တာမျိုး မကြုံရအောင် စည်းနှောင်ထားတာမျိုး။
နောက်ပြီး ခေါင်းလျှော်ပြီး သန့်ရှင်း ထားတာမျိုး ဖြစ်ပါစေ။ မဟုတ်ရင် စိတ်မကြည်မလင်
ဖြစ်ပြီး စာဖတ်ရတာ စိတ်အမြန် ပင်ပန်းတာမျိုး ဖြစ်လာနိုင်ပါတယ်တဲ့။
၃။
ဖုန်းပိတ်ထားပါ။
စာဖတ်တော့မယ်
ကြံကာမှ ကော်ဖီဆိုင် ထိုင်ဖို့ ၊ ရုပ်ရှင်ကြည့်ဖို့ ခေါ်တဲ့ ဖုန်းတွေ လာနိုင်ပါသေးတယ်။
ဒါကြောင့် စာဖတ်ချိန်ကို သတ်မှတ်ထားပြီး အဲဒီ အချိန်မှာ ဖုန်းပိတ်ထားတာ မဟုတ်လည်း Silence
လုပ်ထားတာမျိုးလုပ်ပါ။ မဟုတ်ရင် စာဖတ်မယ် ကြံတိုင်း တစ်ခုမဟုတ် တစ်ခုနဲ့ ပျက်သွားမှာပါပဲ။
တတိယ အနေနဲ့ စာဖတ်ချိန်ရဲ့ ရည်မှန်းချက်ကို သတ်မှတ်ပါ။
၁။
စာဖတ်ချိန် ရဲ့ ရည်မှန်းချက်တိုကို သတ်မှတ်ပါ။
ဒီစာဖတ်ချိန်
ဘယ်နှစ်နာရီမှာ စာမျက်နှာ ဘယ်လောက် ပြီးအောင်ဖတ်မယ်။ မဟုတ်ရင်လည်း ပု စ္ဆာဘယ်နှပုဒ်
ပြီးအောင်တွက်မယ်။ စာဘယ်နှမျက်နှာ ပြီးအောင် ရေးမယ် ဆိုတာမျိုး ဖြစ်နိုင်ချေ အရှိဆုံး
ကို သေသေချာချာ သတ်မှတ်ပြီး ပြီးအောင်လုပ်ပါ။
ဒီလိုဆိုရင် ကိုယ့်ရဲ့ စံချိန်ကို တက်လာဖို့လည်း ဆက်ပြီး လုပ်ဆောင်လို့ ရသွားမှာပါ။
၂။
ကိုယ့်ကိုကိုယ် ဆုပေးပါ။
အချိန်မီ
ပြီးမြောက်အောင် လုပ်နိုင်တယ် ဆိုရင် ကိုယ့်ကိုကိုယ် ဘာမုန့်ကျွေးမယ် ဆိုတာမျိုး တစ်ခုခု
ဆု သတ်မှတ်ပြီး ကိုယ့်ကိုကိုယ် ဆုချပါ။
၃။
ကိုယ့်ရလဒ်ကို တွေးမြင်ပါ။
ကိုယ်ဒီလိုမျိုးသာ
စာဖတ်နေမယ်ဆိုရင် စာမေးပွဲမှာ အမှတ်ဘယ်လောက်တော့ ရမှာပဲ။ ဒါမှမဟုတ် စကားဝိုင်းမှာ သူများထက်
ပိုပြီး ပြောဆို နိုင်မှာပဲ။ စတဲ့ ရလဒ်ကောင်းတွေကို စဉ်းစားပြီး ကိုယ်စိတ်ပိုပါလာအောင်
လုပ်ယူပါ။
စတုတ္ထအချက်ကတော့ ရေရှည်အတွက်
ပြင်ဆင်ပါ။
၁။ စာဖတ်ဖို့ အချိန်စာရင်း ဆွဲပါ။
ငါ တစ်နေ့ကို ဘယ်နှစ်နာရီလောက်တော့ ဖတ်မယ်
ဆိုတဲ့ မရေမရာ အလုပ်မျိုး မလုပ်ပါနဲ။ ဘယ်တော့မှ အလုပ်ပြီးမြောက်တယ် ဆိုတာ မရှိနိုင်ပါဘူး။
ဒါကြောင့် စာဖတ်ဖို့ အချိန်ဇယားဆွဲပါ။ နေ့တိုင်း ဘယ်အချိန်ကာနေ ဘယ်အချိန်ကို ဘာစာတွေ
လုပ်မယ် ဆိုတာမျိုး တစ်ပတ်စာ အချိန်စာရင်း ကြိုဆွဲပါ။ စာဖတ်ချိန်တိုင်းရဲ့ ရည်မှန်းချက်တွေကို
သတ်မှတ်ပါ။
၂။ အချိန်မဆွဲပါနဲ့။
စာမေးပွဲဝေးသေးပါတယ်။ အင်းဒီနေ့ မဖတ်လည်း
နောက်နေ့ ပေါင်းဖတ်မှာပေါ့ ဆိုတာမျိုး မလုပ်ပါနဲ့။ ကိုယ်ဆွဲတဲ့ အချိန်စာရင်းကို ကိုယ်တိုင်လေးစားလိုက်နာပါ။
နောက်မှ ဆိုတာနဲ့ နေ့ရွေ့ညရွေ့ အကျင့်ကို မကျင့်ပါနဲ့။ အကျင့်ပါသွားရင် ဖျောက်ဖို့
သိပ်ခက်ပါလိမ့်မယ်။
ပဉ္စမ အချက်ကတော့ တကယ် စလုပ်ဖြစ်ပါစေ။
၁။ ဆုံးဖြတ်ချက် ချတာလွယ်ပေမယ့် တကယ် အကောင်အထည်
ဖော်ဖြစ်ဖို့က ခက်ပါတယ်။ စာဖတ်ကျင့် မရှိသေးရင် စပြီး စဖတ်ဖို့ကို တော်တော် အရှိန်ယူရတာ
ကျောင်းသားတိုင်း အသိပါ။ ဒါပေမယ့် အဲဒါကြီးကို အမြန်ပဲ ကျော်လွှားလိုက်ပါ။ စဖြစ်အောင်
စလိုက်ပါ။ အရေးအကြီးဆုံးပဲ။ စဖြစ်အောင်သာ စလုပ်ပါ။ အခုပဲ စလိုက်ပါ။
ကျောင်းစာတွေကို လေ့ကျင့်ရင်း စာဖတ်တဲ့ အကျင့်လေး စွဲလာရင် ကျောင်းစာမှာလည်း တိုးတက်သလို ဘဝအတွက် ပြင်ပ စာတွေကိုပါ လေ့လာ လိုစိတ်ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments: