Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Wednesday, July 18, 2012
အာဇာနည့် ဂုဏ်အင် တို့ရင်မှာ စွဲမြဲဖို့
9:31 AM | Posted by
Phyu |
Edit Post
(မှတ်ချက်။ အသုံးပြုထားသော ပုံမှာClarence Zin Bo ၏Facebook စာမျက်နှာမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။) |
မနှစ်က
အာဇာနည်နေ့ကတော့ သူငယ်ချင်းတွေနဲ့ အတူ အာဇာနည်ဗိမ္မာန်ကို သွားပြီး အလေးပြုခဲ့သလို
ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်၊ ပြတိုက် ကိုလည်း သွားလေ့လာခဲ့ပါတယ်။ မနက်ဖြန်
ဇူလိုင်လ ၁၉ ရက်နေ့ဟာ ၆၅ နှစ်မြောက် အာဇာနည်နေ့မို့ မနက်ဖြန်
ဘာအစီအစဉ်ရှိလဲလို့ သူငယ်ချင်းတွေနဲ့ ပြောဖြစ်ရင်းနဲ့ တွေးမိတာက အာဇာနည်နေ့မှာ
ကျဆုံးခဲ့တဲ့ အာဇာနည်တွေ ရဲ့ ကျေးဇူးတရားတွေကို အောက်မေ့သတိရဂုဏ်ပြုတဲ့ အနေနဲ့
ကျွန်မတို့ သွားရောက်အလေးပြုကြတယ်။ တစ်နှစ်တစ်ခါပေါ့ ။
ဒါပေမယ့်
သူတို့အကြောင်းကို သေသေချာချာ စကားလုပ်ပြီး ဆွေးနွေးပြောဆိုခဲ့ကြတာ တစ်နှစ်လုံး
ဘယ်နှစ်ကြိမ်များ ရှိပါသလဲလို့ မေးရင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတော့ ရံဖန်ရံခါ
ပြောမိသလို ရှိပေမယ့် တခြားသူတွေ အကြောင်းတော့ မပြောဖြစ်သလောက်ပဲ။ ကျွန်မ ဆိုလို
ချင်တာက စကားထဲ နာမည် ထည့်ပြောဖြစ်တာမျိုး မဟုတ်ပါဘူး လေးလေးနက်နက် သူတို့
အကြောင်း ပြန်ပြောင်းဆွေးနွေးဖြစ်တာမျိုးကို ပြောတာပါ။
တကယ်တော့
သမိုင်းဆိုတာ အနာဂတ်လူငယ်တွေ အတွက် သင်ခန်းစာယူစရာ ဖြစ်သလို တိုင်းပြည် တစ်ပြည်ရဲ့
သူရဲကောင်းတို့ အာဇာနည် ဆိုသူတွေ ဟာလည်း အတုယူစရာတွေကို
ချန်ထားရစ်ခဲ့သူတွေပါ။
ဒါကြောင့်
ကျွန်မတို့ရဲ့ အာဇာနည်နေ့မှာ အာဇာနည် ခေါင်းဆောင်ကြီးတွေကို သတိရယုံ၊ ပန်းခွေချ
အလေးပြုရုံတင်ပြီးမသွားဘဲ သူတို့ရဲ့ ဂုဏ်အင်ကို အနာဂတ်လူတွေ စိတ်ထဲမှာ သိရှိ
စွဲမြဲအောင် လုပ်ပေးနိုင်ဖို့၊ ကျွန်မတို့လည်း ပိုသိအောင် လုပ်ဖို့ ကျွန်မတို့ မှာ
တာဝန်ရှိတယ် အော် အဲဒီလို လုပ်ဖို့ ငါဘာမှလည်း မကြိုးစားခဲ့ မိပါလား။ သူတို့ကို
အဲဒီလို ဂုဏ်ပြုဖို့ ငါမလုပ်ခဲ့မိပါလားလို့ ကိုယ့်ဘာသာ ဆင်ခြင်မိပါတယ်။
ကျွန်မ
လက်ဆောင်ရခဲ့တဲ့ ဆရာဇော်ဂျီ ကဗျာ ပေါင်းချုပ်ထဲက … ကဗျာလေးကို ဒီနေ့
ပြန်ဖတ်မိပါတယ်။
သခင်အောင်ဆန်းတရား
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သားငယ်၊ မင်းသက်လှယ်ကို၊
အဘယ်တရားဟောမည်နည်း။
မင်း၏သားငယ်၊ မင်းသက်လှယ်ကို၊
အဘယ်တရားဟောမည်နည်း။
ဆန်း၏ သတ္တိ၊
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊
ဟောစရာကား အလွန်များ၏။
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊
ဟောစရာကား အလွန်များ၏။
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်၊
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့၊
မင့်သား သိစေချင်လှ၏။
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့၊
မင့်သား သိစေချင်လှ၏။
သူ့အစွမ်းကား၊ အခြားမဟုတ်၊
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်၊
ဗန်းပြအလှ၊ ပကာသနကို၊
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏၊
ခေတ်လိုက်စာညီ၊ ခေတ်မီပညာ၊
ကြုံရာဘဝ၊ မုကလုံလောက်၊
ခံမြို့ဆောက်၏။
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်၊
ဗန်းပြအလှ၊ ပကာသနကို၊
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏၊
ခေတ်လိုက်စာညီ၊ ခေတ်မီပညာ၊
ကြုံရာဘဝ၊ မုကလုံလောက်၊
ခံမြို့ဆောက်၏။
ထို့နောက်တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊
ပြောလိုက်ပါဘိ၊ ဟောပါဘိ။ ။
ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊
ပြောလိုက်ပါဘိ၊ ဟောပါဘိ။ ။
(ဇော်ဂျီ)
ဒီကဗျာလေးမှာ
ဆရာဇော်ဂျီသတိပေးထားတဲ့အတိုင်း ကျွန်မတို့ ကိုယ်တိုင် လူငယ်တစ်ယောက်အနေနဲ့
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအကျိုးအတွက် အသက်တွေ ပေးသွားခဲ့ကြသူတွေရဲ့
ခေါင်းဆောင်ကောင်း ဂုဏ်ရည်တွေကို အသွေးထဲ စိမ့်ဝင်အောင် ကြိုးစားဖို့ လိုသလို
ကျွန်မတို့ မျိုးဆက်သစ်တွေဆီပါ စီးမြောသွားဖို့ ကြိုးစားရ ပါဦးမယ်။
ဒါမှလည်း သူတို့ကို တကယ် ဂုဏ်ပြုလေးစားရာ ရောက်မယ်လို့ ထင်မိပါတယ်။
ကျွန်မ
၂၀၀၈ ခုနှစ် အာဇာနည်နေ့က တုန်းက ကျွန်မရဲ့ Blog မှာပဲ ပို့စ်လေးတစ်ခု
ဒီလို ရေးခဲ့မိဖူးပါတယ်။
ဗိုလ်ချုပ်..
ဒီကနေ့ ဆိုရင် လူယုတ်မာတွေရဲ့  လက်ချက်ကြောင့် ဗိုလ်ချုပ်ချစ်တဲ့ ဗမာပြည်ကြီးနဲ့  ပြည်သူပြည်သားတွေကို စွန်ခွာသွားခဲ့တာ ၆၁နှစ်တောင် ရှိပြီနော်။
ဒါပေမယ့် အားလုံးရဲ့ ရင်ထဲမှာ ဗိုလ်ချုပ်မသေသေးသလို
ခံစားနေရတုန်းပဲ။
လိုက်သတ်ဖို့ ကြိုးစားတဲ့ သူတွေက လည်းကြိုးစားနေကြတုန်းပဲ၊။
ဒါပေမယ့်သူတို့ဘယ်တော့မှ အောင်မြင်မှာ မဟုတ်တာသေချာတယ်၊ ဘာလို
့လဲဆိုတော့ အားလုံးရဲ့ ရင်ထဲကိုမှ သူတို့ က ဗိုလ်ချုပ်လို ရောက်မှ မရောက်နိုင်တာ
သမီးက ဗိုလ်ချုပ်ဆုံးပြီးလို့  နှစ်ပေါင်းများစွာကြာမှ လောကကြီးထဲကို
ရောက်လာခဲ့တဲ့ သူပါ ဒါပေမယ့် သမီးရင်ထဲကိုဗိုလ်ချုပ်ရောက်လာတယ်။
သမီးရဲ့ စိတ်ထဲမှာဗိုလ်ချုပ်ရဲ့ ကျေးဇူးတရားတွေကို အမြဲအောက်မေ့နေတယ်။
သမီးရဲ့ စိတ်ထဲမှာဗိုလ်ချုပ်ရဲ့ ကျေးဇူးတရားတွေကို အမြဲအောက်မေ့နေတယ်။
သမီးရဲ့အာရုံထဲမှာ ဗိုလ်ချုပ်ရဲ့လေးစားဖွယ်ပုံရိပ်၊
လုပ်ဆောင်ချက်တွေ၊ ဟန်ဆောင်မှုကင်းတဲ့စေတနာ စကားသံတွေကို ကြားနေမိတယ်။ ဒါတွေဟာ
နှလုံးသားချင်း လက်ဆင့်ကမ်းခဲ့ကြတဲ့ပုံရိပ်တွေပါ။
သမီးရဲ့ အဖိုးအဖွားတွေ ရင်ထဲကနေ သမီးမိဘတွေ ရင်ထဲကို
ဗိုလ်ချုပ်ရောက်လာခဲ့တယ်၊ အဲဒီကနေ သမီးရင်ထဲကို ဗိုလ်ချုပ်ရောက်လာခဲ့တဲ့ဖြစ်စဉ်ဟာ
ဗိုလ်ချုပ်ရဲ့ခေါင်းဆောင်ကောင်း အရည်အချင်း၊ ဗမာပြည်သားတို့ နဲ့ ဗိုလ်ချုပ်ရဲ့ကြားမှာ
ရှိခဲ့ကြတဲ့ လေးစားချစ်ခင် အားကိုးမှု တွေကို သက်သေပြနေတာပါပဲ၊ ဗိုလ်ချုပ်ဟာ
နှလုံးသားထဲမှာ ရှိနေတာမို့ ရုပ်ဝတ္ထုတွေဆီ မှာ ဘယ်လောက်ပဲပျောက်ကွယ်ပါစေ
ဗိုလ်ချုပ်မသေနိုင်ပါဘူး၊ သမီးတို့ ရင်ထဲမှာ ရှိနေတဲ့ ဗိုလ်ချုပ်ဟာ
နောက်မျိုးဆက်တွေဆီကိုလည်း သမီးတို့နှလုံးသားတွေကနေတဆင့် ဆက်ပြီး
ရောက်ရှိသွားမှာမလွဲပါဘူး၊ သမီး ကိုယ်ကိုကိုယ် သမီးလို့ ပြောရမှာ ကလေးဆန်တယ်
ထင်ခဲ့ပေမယ့် ဗိုလ်ချုပ်နဲ့ တော့သမီးလို့ ပဲသုံးချင်ခဲ့တယ်၊ဘာလို့ လဲဆို တော့
ဗိုလ်ချုပ်က တစ်နိုင်သားလုံးရဲ့ ဖခင်မို့ ပါ… ဗိုလ်ချုပ်ရေ... သမီးတို့ မမြင်နိုင်တဲ့
တစ်နေရာကနေ ချစ်တဲ့ နိုင်ငံကြီးကို ကြည့်ရင်း စိတ်ဆင်းရဲနေမလား၊ ဒါမှမဟုတ်
တစ်ချိန်က ရွေးကောက်ပွဲ မဝင်ချင်ခဲ့တဲ့ သခင်နုဆီကို ဖုန်းဆက်တုန်းက
ဗိုလ်ချုပ်သုံးခဲ့တဲ့ စကားလေးဖြစ်တဲ့ The country is doomed လို့ ပဲ
ရေရွတ်နေမလား……
အဲဒီတုန်းက လူငယ်တစ်ယောက်ရဲ့ ဗိုလ်ချုပ်အပေါ် ပြောချင်တဲ့ စကားတွေကို ကျွန်မ ချရေးဖြစ်ခဲ့တယ်။ ဒီနေ့ ဗိုလ်ချုပ်နဲ့အတူ အခြား အာဇာနည် ခေါင်းဆောင်ကြီးတွေကို အခု ထပ်တိုးပြီး ပြောချင်တဲ့ စကားကတော့ သူတို့ ရဲ့ အာဇာနည်ဂုဏ်အင်တွေကို အလေးပြုရုံတင်မက စိတ်ထဲစွဲမြဲပြီး ကိုယ်တိုင်ကြိုးစားဖို့နဲ့ အနာဂတ်မျိုးဆက်သစ်တွေ ဆီကိုပါ လက်ဆင့်ကမ်းဖို့အထိ ကိုယ်တတ်စွမ်းသမျှ ကြိုးစားပါ့မယ် ဆိုတာကိုပါပဲ။
လွတ်လပ်ရေးဖခင်
နိုင်ငံ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ၊ ၁၉ ဇူလိုင်တွင်
ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင် ကြီးများအား ရိုသေစွာ ဦးညွှတ်ဂုဏ်ပြုလျှက်….
အလွမ်းပြေ
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
0 comments: