My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, December 3, 2014

အမှိုက်မဖွသူတစ်ယောက် အကြောင်း




စာမရေးဖြစ်တာကြာပြီ။ ကိုယ့်ခေါင်းထဲမှာ မရှင်းနေတော့ စာလည်း ရေးချင်စိတ်မရှိတော့ ကိုယ့် Blog လေးကို ပစ်ထားမိတယ်။   စာရေးမယ် ကြံတော့ အခုတလော ကိုယ်လေ့လာမိတဲ့ အကြောင်းလေး တစ်ခုကို ပြောပြချင်ပါတယ်။
ကျွန်မ လွန်ခဲ့တဲ့ ၃ နှစ်လောက်က စပြီး ခရီးတွေ အများကြီး သွားခဲ့ပါတယ်။ တောင်ပေါ်၊မြေပြန့် အစုံပါပဲ။ ကျွန်မကို စိတ်အနှောက်အယှက် အဖြစ်စေဆုံးကတော့ အမှိုက်တွေပါပဲ။ ချင်းပြည်က တောင်ပေါ် လမ်းဘေးမှာလည်း အမှိုက်ပုံ၊ ဟုမ္မလင်းရဲ့ မြစ်သာမြစ်ဘေးမှာလည်း အမှိုက်တွေ၊ လမ်းမပေါ်မှာ၊ အိမ်ကြားတွေမှာ အမှိုက်တွေ။ ပလပ်စတစ် အပုံလိုက်တွေပါ။ သဘာဝပစ္စည်းတွေက ဖြစ်လာတဲ့ အမှိုက်တွေ ဖြစ်တဲ့ အသီးအရွက်တွေ အပိုအလျှံ အသီးအနှံခွံတွေဟာ ကမ္ဘာမြေနဲ့ သဟဇာတဖြစ်သူတွေမို့ မြေပေါ်ရောက်ရင် ဆွေးမြေ့သွားပေမယ့် ပလစ်စတစ်နဲ့ သူ့အပေါင်းအပါတွေကကတော့ မပျက်စီးနိုင်ဘဲ သူတို့နဲ့ သဟာဇတမဖြစ်တဲ့ မြေကမ္ဘာကို သူတို့ ဖျက်ဆီးကြပါတယ်။ ဒီလိုနဲ့ မြေတွေပျက်၊ ရေတွေကြီး၊ အဆိပ်တွေဖြစ် အပျက်သဘေတွေ ကျွန်မတို့ မြင်နေရတာပဲ မဟုတ်ပါလား။ ကမ္ဘာပေါ်မှာ အမှိုက်ပြဿနာဟာ တော်တော်ကြီးနေပြီ ဆိုတာ မျက်မြင်။
လူဆိုတာ အခက်သားပါ သိပေမယ့် ကျွန်မ မကျင့်နိုင်ခဲ့ပါဘူး။ ပလပ်စတစ်တွေ လုံးဝ မသုံး၊ အမှိုက်ကျန်မယ့် ပစ္စည်းတွေ မသုံး၊ Recycle နိုင်တဲ့ စ္စည်းတွေပဲ သုံးတဲ့ Zero Waste Lifestyle  ( အမှိုက်ကင်းတဲ့ လူနေမှု ဘဝ) ပုံစံဆိုတာကို သဘာဝ ထိန်းသိမ်းသူတွေက ကျင့်ကြံနေထိုင်ကြတာ သိရပေမယ့် မလုပ်နိုင်ပါဘူး။ ကျွန်မလိုပဲ အကြောင်းပြချက်တွေနဲ့ သိသိကြီး ရှောင်ကွင်း အကြောင်းပြချက်တွေများပြီးနေခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာ ကျောင်းသူတစ်ယောက်ရေးတဲ့ သူ့အကြောင်းလေးကို Mind,Body,Green ဆိုတဲ့ Website တစ်ခုမှာ ဖတ်မိပြီး ဝေမျှချင်စိတ်ဖြစ်လာတာကြောင့် စာရေးမယ်လို့ အကြံပေါ်လာတာပါ။
Lauren လို့ခေါ်တဲ့ နယူးယောက်သူတစ်ယောက်ပါ။ သူမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘာသာရပ်နဲ့ ကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသူ တစ်ယောက်ပါ။ စာတွေ ဘယ်လောက်သင်သင် သူလည်း သူ့ကိုယ်သူ အကြောင်းပြချက် အမျိုးမျိုးနဲ့ပဲ အမှိုက်တွေဖွခဲ့မိပါတယ်လို့ သူကဆိုပါတယ်။ ဒါပေမယ့် တနေ့သူ တခြားသူတစ်ယောက်ရဲ့ စည်းကမ်းမရှိ အမှိုက်ဖွပုံ ပလပ်စတစ်တွေ သုံးပုံကို  အတင်းပြောမိပြီး ကျောင်းကနေ အိမ်ကို ပြန်အလာ သူ့ရေခဲသေတ္တာကို သူဖွင့်ပြီး ပစ္စည်းတော်တော်များများအတွက် သုံးထားတဲ့ ပလပ်စတစ်အရေအတွက်တွေကို သတိပြုမိရာက ကိုယ့်ကိုကိုယ် ရှက်မိပြီး ဘဝလူနေမှု ပုံစံကို Zero Waste အဖြစ်ပြောင်းနိုင်ဖို့ ကြိုးစားခဲ့တယ်။ သူအဲဒီလို ပြောင်းဖို့ဖြစ်ခဲ့တဲ့ နောက်ထပ် တွန်းအား တစ်ခုက ကလေးနှစ်ယောက်အပါအဝင် မိသားစုဝင်လေးယောက်ရှိတဲ့ ကယ်လီဖိုးနီးယားက မိသားစု ပါပဲ။ အဲဒီ မိသားစုဟာ ၄ ယောက်ရှိတာတောင် ကျင့်ကြံနေထိုင်နိုင်သေးရင် တစ်ယောက်တည်းသမား သူမက ဘာလို့ မနေနိုင်ရမှာလဲ ဆိုပြီး နမူနာယူခဲ့ပါတယ်လို့ ဆိုပါတယ်။ အဲဒီ မိသားစု တွေရဲ့ Blog တွေကတော့ Rauren ရဲ့ Blog က http://www.trashisfortossers.com/ ဖြစ်ပြီး Zero Waste Home ရဲ့ Blog က http://www.zerowastehome.com/ တို့ပါ။
Rauren ရဲ့ အတွေ့အကြုံ ဘယ်ကို ကျင့်သုံးခဲ့ သလဲ ဆိုတာ မပြောခင် Zero Waste Home ဆိုတဲ့ မိသားစုလေးယောက်ရဲ့ ဘယ်လိုစရမလဲ ဆိုတာကို အကြံပေးထားတာလေးကို အရင်ပြောပြချင်ပါတယ်။
သူတို့က -
၁။ တစ်ခါသုံးမဟုတ်တဲ့ ရေဘူးတစ်ဘူး၊ ဈေးဝယ်အိတ်၊ အဝတ်အိတ်နဲ့ ပုလင်းတွေကို ရှာဖွေပြီး အသုံးပြုဖို့ စုဆောင်းပါ။
၂။ 5Rs
Refuse = ကိုယ်အသုံးမလိုတာကို ငြင်းဆန်ပါ။
Reduce = ကိုယ့်သုံးစွဲမှုတွေကို လျှော့ချပါ။
Recycle and Reuse= ကိုယ့်အသုံးပြုထားတဲ့ ပစ္စည်းတွေကို ပြန်လည် အသုံးပြုပါ။
Rot = မြေဆီသြဇာဖြစ်အောင် ဖျက်ဆီးလိုက်ပါ။ … လို့ အကြံပေးထားပါတယ်။
Lauren က သူ့ Zero Waste lifestyle ရဲ့ အစပိုင်း အတွေ့အကြုံတွေကို ပြောပြခဲ့ရမှာတော့ ..
 “ ကျွန်မ ဈေးဝယ်အိတ်နဲ့ ဘူးတွေကို ဆောင်ထားတယ်။ စူပါမားကတ်မှာ ဈေးဝယ်တိုင်း ထုတ်ပိုးမထားရသေးတဲ့ အရာတွေကို ဝယ်ပြီး  သူတို့ ပေးမယ့် ပလပ်စတစ်အစား ကိုယ်ယူလာတဲ့ အိတ်နဲ့ဘူးတွေထဲ ထည့်ပေးပါလို့ ပြောတယ်။ အဝတ်အစားအသစ်တွေ ဝယ်တာကို ရပ်လိုက်တယ်။ ဝယ်ဖို့ လိုအပ်လာပြီ ဆိုရင် အဟောင်းဆိုင်တွေက ဝယ်တယ်။ နီးစပ်ရာ ရောင်းချင်နေတဲ့ သူငယ်ချင်းတွေဆီက လိုအပ်တဲ့ ပစ္စည်းတွေကို ပြန်ဝယ်ပေးတယ်။ အဲဒီလိုပဲ ကိုယ့် မလိုအပ်တဲ့ ပစ္စည်းတွေကို လိုတဲ့ သူတွေဆီ ပေးဖို့ ကြံလိုက်တဲ့ အခါမှာတော့ အများကြီး ထွက်လာတာကို တွေ့ရတယ်။ အသုံးအဆောင်နဲ့ အလှပြင် ပစ္စည်းတွေကိုလည်း သဘာဝ ပစ္စည်းတွေ ပြောင်းသုံးဖို့ ကြိုးစားတယ်။ သတိနဲ့ ကြိုးစားရတာက “ဟင့်အင်း” လို့ ပြောဖို့ပဲ။ ကော့တေးဘား သွားတဲ့အခါ ကော်ဖီဝယ်တဲ့ အခါ၊ ဈေးဝယ်တဲ့အခါ ပလစ်စတစ်ဘူးတွေ အိတ်တွေကို သတိထားပြီး ငြင်းဆန်ဖို့ပါပဲ။ နေ့ချင်းညချင်းတော့ ဘယ်အကျင့်ရလာမှာတဲ့လဲ အဲဒီ အသားကျဖို့ ၃ နှစ်လောက် ကြာအောင် ကြိုးစားခဲ့ရတာ အခုတော့ ကျွန်မ နေသားကျနေပြီ။
အခု ၃ နှစ်အကြာမှာ ကျွန်မအတွက် အကျိုးအမြတ်တွေက..
 ၁။ ငွေစုမိတယ်။
ကျွန်မ ဈေးဝယ်မသွားခင် အပိုတွေ မဝယ်မိဖို့ ဈေးဝယ်စာရင်းလုပ်သလို ထုတ်ထားတဲ့ ပစ္စည်းတွေလည်း မဝယ်တော့ အပိုတွေ မဝယ်ဖြစ်တော့ဘူး။ အသုံးအဆောင် တွေကိုလည်း အဟောင်းဆိုင်က ဝယ်တယ်။ အလှပြင် ပစ္စည်းတွေ၊ ဆေးတွေ ကလည်း သဘာဝ ပစ္စည်းတွေ ဖြစ်လာတော့ ကုန်ကျစရိတ်က ခေါက်ချိုးမကျ သက်သာသွားတာကို တွေ့ရတယ်။
၂။ ပိုကောင်းကောင်းစားတတ်လာတယ်။
ထုတ်ပိုးထားတဲ့ ပစ္စည်းတွေကို ရှောင်တဲ့အခါ ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားဖြစ်လာတယ်။ ဒေသတွင်းက လူတွေ စိုက်ပျိုး ထုတ်လုပ်တဲ့ ထွက်ကုန်တွေ၊ ရာသီလိုက် အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို စားဖြစ်လာတယ်။ ပိုပြီး ကျန်းမာတဲ့ စားသောက်မှု ပုံစံကို ပြောင်းလဲ လာနိုင်ခဲ့တယ်။
၃။ဘဝက ပိုပြီးအောင်မြင်ပျော်ရွှင်လာတယ်။
Zero Waste lifestyle အဖြစ်မပြောင်းခင်က စတိုးဆိုင်တွေ စူပါမားကတ်တွေဘက် တွေချည်း ခြေဦးလှည့်မိတယ်။ အခုတော့ တစ်ပတ်ကို တစ်ကြိမ်သာ လိုအပ်တာတွေ ဝယ်မယ်လို့ ဆုံးဖြတ်ပြီး သွားတယ်။ ပိုပြီးကျန်းမာလာတယ်၊ သောကကင်းပြီး အချိန်တွေလည်း ပိုလာတယ်။ ပိုလာတဲ့ အချိန်တွေနဲ့အတူ Zero Waste lifestyle နဲ့ ပတ်သက်ပြီး Blog တစ်ခု ရေးရာက စိတ်တူကိုယ်တူ လူတွေနဲ့ တွေ့ဆုံခွင့် ရလာတယ်။ အဲဒီနောက်တော့  ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး “ The Simply” လို့ခေါ်တယ် zero-waste ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်နိုင်ခဲ့ပါတယ်။ ကိုယ့်ယုံကြည်တဲ့အတိုင်း နေထိုင်နိုင်ခဲ့လို့ ဘဝက ပျော်ရွှင်စရာ ပိုကောင်းလာပါတယ်။”
ကိုယ်ရဲ့ အတွင်းစိတ်ကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချပြီး ကိုယ်ယုံကြည်ရာကို လျှောက်နိုင်ခဲ့တဲ့ Rauren ကို ကျွန်မတော့ ချီးကျူးမိပါတယ်။ တကယ်တော့ စိတ်သာ ရှင်စော ဘုရားဟော မဟုတ်ပါလား။

0 comments: