My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Saturday, November 5, 2011

ကဗျာ မှတ်စု


ပျော်ရွှင်ခြင်းနိုင်ငံ

 တို့တွေ လက်ထဲက
 ပျော်ရွှင်ခြင်းကို
 မင်းကပေးသလား
 ငါကပေးသလား...
 ညနေခင်း တစ်ခုမှာ
 တို့ ငြင်းခုန်ကြဦးမလား
 တကယ်တော့
 တစ်ယောက်ကို တစ်ယောက်က
 ဖန်ဆင်းဖို့ ပါပဲ...
အချစ်တွေ ...
 ခိုင်မြဲပါစေ...။  

   
ချစ်ခဲ့တယ်

မိုးရွာပြီးစ
ညနေတွေကို
ချစ်ခဲ့တယ်...။
အေးမြမှုအပြင်..
သတိရခြင်းကိုပါ
သယ်ဆောင်လာခဲ့ပေမယ့်
ရင်ထဲက အလွမ်းတွေကိုတော့
ပြန်မသယ်သွားခဲ့ပါဘူး...။
တကယ်တော့..
အဲဒီ အလွမ်းတွေကို 
ခါးသက်သက်ကော်ဖီထက်
ပိုစွဲလမ်းနေဆဲ..။
ငါလေ...
မိုးရွာပြီးစ ညနေတွေကို
        ချစ်ခဲ့တယ်...။            



နင့်ရဲ့ငါ

အနိုင် အရှုံးတွေလဲ
 မရှိပါဘူး..
 အမြဲ နင့် အပြုံးတွေကိုပဲ
 ငါ ချစ်ခဲ့တယ်..။
 နင်ရယ်တဲ့ နေ့တွေတိုင်း..
 ငါ့ ရင်မှာ ရောင်စင်တွေဖြာ..
 နင် မှိုင်တဲ့ နေ့တွေမှာ
 မြူတွေဆိုင်း...
တကယ်ဆို..
နင်က.. အရာရာတိုင်းကို
ဘယ်အချိန်ကစပြီး.. 
ဝင်သိမ်းပိုက်သွားပါလိမ့်.
ကိုယ်တိုင်တောင်
 မသိခဲ့သူရယ်ပါ။
 ယုံပါ..ချစ်သူ..
 အရှုံး အမြတ်တွေနဲ့
 အဆုံးသတ်တွေကို
မေ့ထားရင်း..
ငါ.... လေ...
နင့် အပြုံးတွေကိုပဲ
ဆက် ချစ်သွားမယ်..။


သမင်လည်ပြန်

အချစ်ဆိုတာ
နှုတ်ဖျားက စာလုံးပေါင်းမှ
 သိမှာတဲ့လား..
တကယ်ဆို..
နင် မျက်ဝန်းနဲ့
အချစ်ကို စာလုံးပေါင်းခဲ့တာ
ငါ.. နှလုံးသားနဲ့
ကြားခဲ့ဖူးတယ်။
အတူကောက်ဖူးတဲ့
ပန်းပွင့်လေးတွေ
မွှေးနေဆဲလား..
နင်မိုးပေးတဲ့
ထီးကလေးအောက်
တစ်ခေါက်ပြန်ရောက်ချင်လို့..
အချိန်ရထားနောက်
နင့်အချစ်တွေ
လိုက်မသွားဖို့ ဆုတောင်းရင်း
အရောက် ပြန်လာခဲ့ပါ့မယ်။


အချစ်ဦး


ဖူးသစ် ပွင့်ဦး

အချစ်ဦးမို့..

မဆုံဖြစ်လည်း

ငုံအဖူးမကြွေ

ရင်မှာ စွဲလျှက်

သစ္စာနွယ်ဆက်

နင့်ကိုငါ ချစ်တယ်

သက်ဆုံးထိလေ..။ ။ 
 ည

  လန့်နိုးတဲ့ည
အမှောင်ထဲမှာ
လွင့်သွားတဲ့
အရိပ်တွေ ..

ရယ်သံ ခပ်ပါးပါး
တိမ်တွေကြား
အပြေးအလွှား..
ခပ်သုတ်သုတ်
ထွက်သွားခဲ့..

ကြွေကျသွားတဲ့
မိုးစက်တွေက..
ရင်ထဲမှာ ရွာ..

ဒါက..
နွေကို အေးစေတဲ့
နည်းတဲ့လား..

ဘာဖြစ်ဖြစ်..
ခဏကြာရင်
ထပ်လွင့်သွားဦးမှာပဲ..

တစ်ချိန်မှာတော့…
တစ်ဆောင်းသစ်ချိန်ရှိဦးမယ်..။ ။




အသံမဲ့...



အဲဒီနေ့က
ဝရန်တာလေးဆီ
မော့ကြည့်ခဲ့တဲ့
အကြည့်တစ်ချက်
ဒါဟာ..နောက်ဆုံးပေမယ့်
ငါရှိနေခဲ့တာ.. မင်း သိတယ်။

ခွဲမသွားပါနဲ့
အကြိမ်ကြိမ်
မင်းပြောခဲ့ပေမယ့်
ခွဲခွာခြင်းခြေလှမ်းကို
မင်းကိုယ်တိုင် စလှမ်း…
ငါလွမ်းနေတာ… မင်း သိတယ်။

အတူမက်ဖူးတဲ့
အိပ့်မက်တွေ..
အတူဆိုဖူးတဲ့
သီချင်းတွေ…
အတူရှိဖူးတဲ့
အချိန်တွေ…
မင်း မမေ့ပေမယ့်..
အရွေ့များနဲ့
ထပ်တူ မင်းအတွက် အသစ်ဖြစ်..
ငါ့ ရင်မှာဘာဖြစ်လဲ… မင်း သိတယ်။

မင်း အတွက်..
အရာရာမှာ..
အပြစ်မယူ..
မငြူစူခဲ့ဘူးတာ…
ငါ့ပျော်ရွှင်မှုဟာ ဘာလဲ… မင်း သိတယ်။

အချိန်တွေကြာရင်..
အခါခါတိုက်စား…
တကယ်ပဲ..
ခပ်ပါးပါးဖြစ်နိုင်ပါ့မလား…
………………………
ငါ…………. မင်း…….. သိတယ်။



ခက်..လိုက်..တာ




ချစ်သူ..
ငါဟာ မင်းကိုမချည်နှောင်ခဲ့ဘူးပါ
မင်းလည်း ငါ့ကို မချည်ခဲ့ဘူးပါ..
ဒါပေမယ့် ..
မချည်နှောင်ခြင်း ကြိုးစတွေ ..
တို့ နှစ်ဦးကြားမှာ လွင့်မြောနေပါပေါ့..
အို.. ရုန်းရခက်လိုက်တာ..။

ချစ်သူ..
မင်းလဲ ပျံသန်းမယ်
ငါလဲ ပျံသန်းမယ်နှုတ်ဆက်..
ထွက်ခဲ့ ပြီးကာမှ..
အရောင်တူ တိမ်တွေဆီ
လွင့်မျောမိသူချင်းမို့..
တိမ်တိုက်ရဲ့အဆုံးမှာ..
မင်း ဘွားကနဲ ပေါ်လာတယ်..
အို..မေ့ရခက်လိုက်တာ။

ချစ်သူ..
မင်းရင်ထဲက အကြောင်းရာတွေ..
ငါ့ ရင်ထဲက ပြောတာတွေ..
အသံမဲ့ .. ဒြပ်မဲ့…ဒါပေမယ့်
ရင်ဘတ်ချင်း ထပ်တူကျ
မင်းရော.. ငါပါ.. သိနေပြန်တယ်..
အို.. နားမလည်ချင် ဟန်ဆောင်ဖို့ ခက်လိုက်တာ။

ချစ်သူ..
အပေး အယူဆိုတာ
တူပေမယ့်…
မျှဖို့ ခက်သလား…
ချစ်ခြင်းမှာ..
ဟန်ဆောင်ခြင်း..
ကင်းဖို့ခက်သလား..
ကိုယ့်တံတိုင်း ကိုယ်ခြားဖို့..
မင်းရော တို့ပါ ကြိုးစားမိသလား..
ချစ်နေရက်သား..
ချစ်နေရဲ့လား… ဖြေပါဆို
အိုး…
မင်းရော ..ငါပါ..
ဖြေဖို့.. ခက်လိုက်တာ..။
   စိတ္တဇ

မနက်မိုးသောက်ပြီလား
အလင်းစက်တွေရယ်
ငါ့ကို မနှိုးစမ်းပါနဲ့..
ငါ့ရင်ဘတ်တွေ
သိပ်အောင့်တယ်..။
ပူလွန်းတဲ့ညတွေရဲ့
အိပ်ပျော်စေမယ့်
ယမကာတွေကြောင့်လား
ငါ့ကိုယ်ထဲက
အက်ကွဲသံတချို့
ငါကြားတယ်…။
နေ့လည်ဆို
အလုပ်တွေကို
ငါက ရှုပ်တယ်..
ငါနေသာအောင်
ကျေးဇူးပြုပြီး..
ငါ့ကို ရှုပ်ကြပါ..။
ဘာဖြစ်ဖြစ်..
ကြာရင်..
ဒီလိုနဲ့.. ငါ
နေသားကျလာမယ်..
ဒီတစ်ချက်တော့
အသေချာဆုံးတွေထက်
သေချာနေလိမ့်မယ်…။ 


 လူ (သို့) လူး

လွမ်းမောတယ် ..
တသတယ်..
ချစ်ကြတယ်. 
မုန်းကြတယ်..
ခွင့်လွှတ်တယ်
ကျောခိုင်းတယ်..
ဒါ လူ့ ဘဝမို့..
အရူးအမူး
ဗျာတွေ များလို့
ပူလောင်လွန်းမယ်...
မြစ်တစ်ခုလို
အချိန်တွေ စီးရင်း
အနာဂတ်မှာ ...
အဖြေဆိုတာ ဖြစ်မယ်...
ဘဝရထားတွေ..
သံသရာစက်ဝန်းတွေကြား..
လူကနေ လူး မဖြစ်စေဖို့..
မေတ္တာတရားသာ 
ငြိမ်းချမ်းခြင်းကို သူ ပေးစွမ်းခဲ့တယ်။       ။



ပေးဆပ်သူ

အားအင်တွေ ပေးတဲ့
နေခြည်နွေးနွေးရဲ့
ပွေ့ဖက်ခြင်းခံရတဲ့နေ့တွေအစား
ပူလောင်ခြင်းက
ခုဆို.. ခက်ထန်စွာ..။

အသက်ဆက်ခွင့်ပေးတဲ့
ရှင်းသန့်တဲ့ လေဟာ..
ညစ်နွမ်းစွာနဲ့
တိုးဝှေ့နေဆဲ..။

ဘဝတွေ
ပြည့်စုံဖို့..
သူ့ဘဝကို
အစွမ်းကုန် စတေးခဲ့သူ..

နှစ်ပေါင်းများစွာ
တစ်ဖက်သတ်
ချစ်ခဲ့ရသမျှ
ခုဆို ..
သူပင်ပန်းနေရှာပြီ။

သူ့ပေးဆပ်မှုတွေကို
ပြန်ကြင်နာဖို့..
ပြန်လည် ပေးဆပ်ဖို့
မေ့နေခဲ့ကြတာ..
သူတစ်ခွန်းမှ အပြစ်မတင်ခဲ့
ဒါပေမယ့်..
သူ့မှာ အင်အားမဲ့နေရှာပြီ။

အို ..
ချစ်သော မြေကမ္ဘာ..
ကြွေမှာစိုးတယ်..

သူ့ခမျာ..
နာမကျန်းဖြစ်နေရှာပြီ..

ကျေးဇူးမေ့နေတဲ့
တို့တွေ..
သူ့အတွက်..
ပြန်ပေးဆပ်ကြရအောင်..

သူ့တစ်ဖက်သတ်အချစ်ကို
တုန့်ပြန်..
ပြန်လည် ပေးဆပ်ဖို့
ကြိုးစားရင်း..
ချစ်မြတ်နိုးစွာ..
အတူယှဉ်သန်ကြစို့လား..။



အဆုံးမဲ့

ပိန်းပိတ်အောင်
မှောင်လွန်းတဲ့ ညတွေ..
အမေ့ရဲ့ အသံက
သမီးအတွက်
အလင်းတစ်စက်ပါ..

သမီးလေး..
ဝမ်းမနည်းနဲ့
အမေရှိတယ်..တဲ့..။

ငိုစရာ
ရင်ခွင်ဝေးတဲ့နေ့တွေ..
ခုတော့...
သမီး ခံနိုင်ရည်ရှိအောင်
ကြိုးစားပါတယ် ..အမေ..။

သမီး မျက်ရည်တွေဟာ
အမေ့ရင်ကို
တိုက်စားတဲ့
့မြစ်တစ်စင်း ဖြစ်နေမှန်း..
ခုတော့..
သမီးနားလည်နေပြီ..။

အမေ့ဝမ်းထဲမှာတောင်
လောကကြီးကို
ကန်လန့်တိုက်ချင်နေတဲ့ သူ
အမေ့ ချစ်ချင်းတွေက
နူးညံ့စေခဲ့တာ..
ကျေးဇူးပါအမေ..။

အမေသင်ကြားပေးတဲ့
နူးညံ့တဲ့
ချစ်ချင်းတရားရဲ့
မြတ်နိုးဖွယ်ရာတွေအကြောင်း..
သမီး... နှလုံးသားက နားလည်ခဲပါပြီ။

အမေပေးတဲ့
အဆုံးစမဲ့ ပျံသန်းခွင်နဲ့
အမြဲရှိနေတဲ့
ခိုနားရာ ရငိခွင်တစ်စုံအတွက်..
သမီး နှလုံးသားက
ဦးညွှတ်ပါရစေ...။ 




 နေ့အိပ်မက်

နွေနေ့လည်ခင်းတစ်ခုကို
ပေါ့ဆိမ့်နဲ့မြည်းရင်း
ငေးရတဲ့ အရသာက
ခြောက်တီးခြောက်နဲ့။
အလျားလိုက်ရော
ဒေါင်လိုက်ပါ မျောနေတဲ့
လူတွေနောက်
လမ်းဘေးမီးရောင်တွေ တောက်ရင်
တို့ပါ မျောလိုက်ကြရမယ်
ဘယ်လမ်းရွေးမှာလဲ။

ခင်ဗျားက
လူကြီးဟန်ဆောင်ထားတဲ့
ကလေးတစ်ယောက်
ဘယ်တော့မှ
ဖြတ်မျဉ်းတွေကို
မမြင်တတ်ဘူး
ခင်ဗျားမျက်နှာပေါ်က
မျှော်လင့်ချက်တွေ
ခလုတ်တိုက်လဲလို့
ပျောက်ရှကုန်ပါ့မယ်။

ကျုပ်မွေးရပ်မြေက
စမ်းချောင်းလေးဟာ
ခင်ဗျားရဲ့ မျက်လုံးနဲ့
အလိုက်ဖက်ဆုံးပဲ
ငယ်ငယ်က အနားမှာ
အမြဲငေးမိသလောက်
ခုဆို..
ခွဲခွာခဲ့ရတာ ကြာပြီ
ကျူပ်တို့
(တွေးတွေး ဆဆနဲ့)
ကတ္တရာလမ်းတွေရဲ့
စေးကပ်ခြင်းတွေကနေ
ခွာလို့ရပါတော့မလား
ခုဆို ဖိနပ်တွေပါးတော့မယ်။

ခင်မင်စွာဖြင့်...
အလွမ်းပြေ

 Blog ကို မြန်မာပြည်ကနေ ဝင်ကြည့်ဖို့ မလွယ်တဲ့ အချိန်က Facebook မှာ အလွမ်းပြေဆိုတဲ့နာမည်နဲ့ရေးထားတဲ့ ပို့စ်လေးတွေကို Facebook အကောင့်ကိုလည်း ဖျက်လိုက်ဖို့ ဆုံးဖြတ်လိုက်တာကြောင့်ပြန်စုထားတာပါ။

Blingify.com - Wood Backgrounds

0 comments: