My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Tuesday, October 28, 2014

အမှန် နဲ့ အမှား သံသရာ



ကျွန်မသည် လူကြိုက်နည်းသော၊ အမှားများသော သတ္တဝါ တစ်ကောင်ဖြစ်ပါသည်။ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်ခြင်းသည် ကျွန်မ ဥာဏ်မမီသော ဘာသာရပ်တစ်ခု။
လောကမှ လွတ်မြောက်ရာ အေးချမ်းရာကို ရှာဖွေသိမြင်နိုင်သော ဥာဏ်စွမ်းကို ရလိုပါ၏ အရှင်ဘုရား ဟု ဆုတောင်းရင်း ဘုရားတန်ဆောင်း လှေကားတွေကနေ တစ်ထစ်ခြင်း ဆင်းလာခဲ့သည်။
ဘုရား တံဆောင်း အောက်တွင် တိုးတိုးကြိတ်ကြိတ် ရန်ဖြစ်နေသော စုံတွဲ တစ်တွဲသည် ပတ်ဝန်းကျင်ကိုပင် သတိ မမူချင်တော့။ကောင်လေး၏ သုန်မှုန်သောသော မျက်နှာဘေး နှင့် “ မင်းငါ့ကို တစ်ချိန်လုံး မှားတယ်လို့ အပြစ်ဆို နေဖို့ချည်း ကျိုးစားနေရင် ငါတို့ လမ်းခွဲကြမယ်” ဆိုသောအခါ ကောင်မလေးက ငိုယိုပြီး တဖုန်းဖုန်း ထုကာ “ ကိုယ့် အပြစ်ကို ကိုယ်မသိဘဲ ထောက်ပြတဲ့သူကို အပြစ်တင်တယ်” ဟု ဆိုနေသည်။ 
အော် ဘယ်သူ မှန်ပြီး ဘယ်သူများ မှားနေကြပါလိမ့်။ 
(၁)
အခန်း တံခါးကို ချိန်းကနဲ ပိတ်လိုက်တဲ့ အသံသည် ကျွန်မအတွက် တရားစီရင်သံ တစ်ခုလို ဖြစ်သည်။ သူမ ထွက်မပြေးပါ။ သို့သော် မတောင်းပန်မိ။ အမေ နှစ်လုံးပူး ကြိမ်ကို လေထဲကို မြှောက်လိုက်ချိန်တွင် သူမ အံကို တင်းတင်း ကြိတ်လိုက်သည်။ အမေ့ ဒေါသကို ပိုဆွလိုက်သလို ဖြစ်သွားသည်။
ယောင်္ကျားလေးသူငယ်ချင်း ထားခွင့် ရှိသော်လည်း ယောင်္ကျားလေး တစ်သိုက်နှင့် ဘောလုံးကန်ခြင်းကြောင့် ကျောင်းက ဆရာမ ဖုန်းဆက်တိုင်ခံရသောအခါ သေသေချာချာ မှာထားရက် လုပ်ဖြစ်အောင် လုပ်သော သမီးကို အမေ ဒေါသ ထွက်သင့်ပါသည်။ သို့သော်လည်း ကျွန်မ၏ ရိုးသားသော အပြုအမူအတွက် ကျွန်မ ကလည်း လုပ်ချင်တာလုပ်ပြီးပြီမို့ ခံရမည့် အတိုင်း ခံလိုက်မည်ဟု စိတ်ကို ဒုံးဒုံးချ ပြီး အမေ့ အရိုက်ကို ခံပါသည်။ ထိုသို့ ရိုက်သော အမေ့ကို သူမ စိတ်မငြိုငြင်၊ စိတ်မဆိုးခဲ့ပါ ကိုယ့် အပြစ်ကို ကိုယ် ခံရသည်ဟု သာ သတ်မှတ်ပြီး အပြစ်ပေးခြင်းကို ခံယူခဲ့ခြင်းပင် သို့သော် နာကျင်မှု ဒဏ်အတွက် အံကြိတ်ခံခြင်း၊ မရိုက်ပါနဲ့ နောက်မလုပ်တော့ ပါဘူးဟု မတောင်းပန် ခြင်းသည် အမေ့အတွက်တော့ အာခံခြင်းဟု အဓိပ္ပါယ်သက်ရောက်သည် အမေ့ဒေါသကို အရှိန်ငြီးငြီး တောက်လောင်စေသည်။
(၂)
လှပသော လုပ်ဖော်ကိုင်ဖက် အမျိုးသမီး၏ မျက်နှာသည် ခံရခက်ခြင်းနှင့် ပြည့်နှက်နေကြောင်း သူမ ကောင်းစွာ ရိပ်စားမိသော်လည်း ထို အမျိုးသမီး စိတ်တို့ကို ရုပ်မဆိုး စေလိုပါ။ ဒီထက်ဘာမှလည်း ပိုပြီး လုပ်မပေးတတ်ပါ။ သူ ဒေါသပြေအောင် လုပ်ပေးခြင်မိသော်လည်း သူမ မည်သို့ လုပ်ရမည် မသိခဲ့ပါ။
အလုပ်ဝင်ကာစ သူမကို တကယ်ဆို ရာထူးခြင်းတူပေမယ့် အရင်အလုပ်ဝင်သူမို့ စီနီယာအဖြစ် ပထမပိုင်း သူ့လူဖြစ်အောင် မြူသည် ထို့နောက် သူမကို အများအရှေ့တွင် အာဏာပြ သူ့အောက်ရောက်အောင်လုပ်သည့် ထိုအမျိုးသမီးကို မြူ မရ ခြောက်မရ သူမက ပုံမှန် နေမြဲအတိုင်း တုန့်ပြန်သောအခါ ပတ်ဝန်းကျင်တွင် သူ့ အပြုအမူက သိသာထင်ရှားစေသလို မရည်ရွယ်ဘဲ ဖြစ်သွားခဲ့သောအခါ ထိုအမျိုးသမီးအတွက် အမျက်သိုစရာ ဖြစ်ကုန်သည်။
သူမ၏ ပုံမှန် အနေအထားသည် မည်သူ့ကိုမှ ထိခိုက်လိုခြင်း အလျင်းမရှိစေလိုသော ဆန္ဒဖြစ်သော်လည်း အမှန်တကယ်တွင်မူ သူမ ရည်ရွယ်ချက်အတိုင်း ဖြစ်မလာဘဲ။ သူများပေးသော အပူကို မယူလိုသော သူမသည် ထို မယူလိုက်ခြင်းက အပူရှိသူကို အပူထပ်အောင် လုပ်မိရက်သားပါလား ဆိုသည့် အကြောင်းအရာကို နောက်များမှ သဘောပေါက်လာခဲ့သည်။
(၃)
“သူက ငါ့ကို သိပ်ချစ်တယ်။ နင့်အကြောင်း သိသွားတော့ ငါ့ကို သူ့ကို မထားခဲ့ပါနဲ့ ဆိုပြီး ငိုပြီး တောင်းပန်နေတာ အခုထိပဲ၊ ငါမရှိရင် သူ့ဘဝအတွက် မဖြစ်ဘူးတဲ့”  ချစ်သူက သူ့ နောက်ထပ်ကောင်မလေး အကြောင်း ကျွန်မကို ပြောပြနေခြင်းပင် ဖြစ်သည်။ ကျွန်မတို့ ချစ်သူအဖြစ် တွေ့ဆုံ မှုသည် ဒီနေ့ နောက်ဆုံး ဖြစ်လိမ့်မည်ဟု ကျွန်မ သိပြီးပင် ဖြစ်သည်။ ကျွန်မ ဘဝ တစ်လျှောက် မှာ ချစ်သူ များစွာ မရှိပါ။ နီးစပ်သူ  တစ်ချို့တလေ ရှိသော်လည်း ကျွန်မ ချစ်မိသူဟု စိတ်ဒုံးဒုံးချ မိသူ အရေအတွက်သည် လက်တစ်ဖက် မပြည့်။ ထို့ကြောင့် ကျွန်မ ချစ်သူဟု ကျွန်မ စိတ်ကို ယုံကြည်စွာ သတ်မှတ်ခဲ့သူ တို့ကို ကျွန်မ နှင့် ချစ်သူ ဘဝတွင် အကျွင်းမဲ့ သစ္စာတရားနှင့် ချစ်ခြင်းမေတ္တာတို့ကို ပေးထားသည်။ ဘာမှ ပြန်ရယူ လိုခြင်း အလျင်းမရှိ။ ကျွန်မ ပေးတတ်သမျှ မေတ္တာတို့ကို ကျွန်မ ပေးစွမ်းနိုင်ဖို့ ကျိုးစားခဲ့သည်။
အခုလည်း သူ့ကို သိပ်ချစ်သူကို သူ ရှာဖွေတွေ့သည်ဟု ဆိုလာသောအခါ ကျွန်မ သူ့အတွက် တကယ် ဝမ်းသာမိပါသည်။ အချစ်ကို ပေးချင်သူက ပေးတိုင်းလည်း ရရှိနေသူတိုင်းက ခံစားမိဖို့ ခက်ခဲပါသည်။ အပေးအယူမျှ ကာမှသာ အချစ်ကို ခံစားမိကြသည်ဟု ကျွန်မတော့ ထင်မိသည်။ ကျွန်မ အချစ်ထက် အင်အားကြီးသော အချစ်ကို သူခံစားမိတော့ ကျွန်မ ဘာများတတ်နိုင်ဦးတော့မှာလဲ သူ့ အတွက် ဝမ်းမြောက်ပေးရုံသာ မဟုတ်လား။ ကျွန်မနှင့် အတူရှိချိန်တွင် သူ့အတွက် ကျွန်မ၏ ငြူစူခြင်း ကင်းသော ချစ်ခြင်း မေတ္တာတို့ကို ပေးစွမ်းနိုင်သလောက် ပေးစွမ်းမည် ဖြစ်သော်လည်း သူမနေလိုက ကိုယ့် အတ္တဖြင့် သူ့ကို အတင်းဆွဲထားခြင်းမျိုးသည် မလုပ်အပ်ရာဟု ကျွန်မ ယူဆ မိပါသည်။
“ငါလည်း နင့်ကို ချစ်ပါတယ်။ နောက်ပြီး နင့်ကို ချစ်တဲ့သူရှိတာ နင် အဲဒီ မေတ္တာကို ကြည်ကြည်နူးနူး ရှိနေတာ နင် ဝမ်းသာနေတာကိုလည်း မြင်ရတော့ ငါ ဝမ်းသာပါတယ်..” လို့ စိတ်ထဲက ပြောနေပေမယ့် အဆုံးသတ် စကားဖြစ်တဲ့ “ငါ ဝမ်းသာပါတယ်” သာ နှုတ်က ထွက်လာသည်။ ဒီလိုနှင့် “နင်ဟာ သိပ်သွေးအေးပြီး မချစ်တတ်တဲ့သူပဲ” ဟု နာနာကျည်းကျည်း ဆိုရင်း သူက ကျွန်မကို ကျောခိုင်း ထွက်ခွာ သွားခဲ့သည်။
သူ့ကို သိပ်ချစ်တယ်ဟု သူကျွေးကျော်ခဲ့သော သူ့ ချစ်သူ အသစ်နှင့် သူလည်း တစ်နှစ်တောင် မပြည့် ကွဲကွာသွားကြသည်။ အချစ်ကို ကစားသူကြီး အဖြစ် သူ့နာမည် ကျော်ကြားလာသောအခါ ကျွန်မမှ စိတ်မကောင်း ကြီးစွာ ဖြစ်ရပြန်သည်။ လမ်းမှာ ပြန်တွေ့သောအခါ အချစ်နှင့် အမုန်း ခံစားချက် မရှိသူမှာ ကျွန်မ ဖြစ်နေပြီး သူ့ မျက်လုံးထဲမှ နာကျည်းမှုကို တွေ့ရသောအခါ  ကျွန်မ ပေးသော မေတ္တာသည် သူ့အတွက်တော့ နာကျည်းမှု ဖြစ်စေခဲ့တာ ရလဒ်ကောင်း မဖြစ်တာ  ဝမ်းနည်းစရာ ကောင်းလွန်းလှသည်။
(၄)
အေးအတူ ပူအမျှဟု ယူဆထားသော သူငယ်ချင်းသည် ကျွန်မ နောက်ကွယ်တွင် ကျွန်မ မကောင်းကြောင်း လူယုံလောက်အောင် ပြော၊ သူ အတွက် အခွင့်အလမ်းများ ဖန်တီးပြီး လေခါးထစ် တစ်ခုလို နင်းတတ်သောအခါ အနင်းခံရလို့ နာကျင်ပေမယ့် သူ ဒီလိုမှ မတက်ရင် သူမှာ လမ်းမရှိရှာဘူးလေ လို့ တွေးရင်း တုန့်ပြန်မှု မပေးဘဲ ခပ်မဆိတ်နေကာ ခံနိုင်ရည် မရှိသောကြောင့်သာ နောက်တစ်ခါ အနင်း မခံရရေးကို ရှောင်တိမ်းလိုက်သည်။
သို့သော် ကျွန်မ၏ ခပ်မဆိပ်မှုကို သူငယ်ချင်းက အိပ်နေသောကျား တစ်ကောင်လို ယူဆကာထားကြောင်း သဘောပေါက်လာသောအခါ အထိတ်တလန့် ဖြစ်ရသည်။ တကယ်တမ်းတော့ သူမ၏ ခပ်မဆိပ်မှုကို သူမက စာနာ နားလည်မှုလို့ နာမည်တပ်ထားခြင်းပင်။ သို့သော် နင့်ကို စာနာ နားလည်ထားတာလေဟု ဖွင့်ပြောခဲ့လျင် ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော် ဖြစ်လေဦးမယ်။ ဖွင့်ပြောခြင်းသည်သော်လည်း မဖွင့်ပြောခြင်းသည်သော်လည်းကောင်း ရလဒ် မကောင်းလှ။ ဖြေဆေးမရှိသော အခြေအနေပင် ဖြစ်သည်။
 (၅)
ကျွန်မသည် သွေးအေး သတ္တဝါတစ်ကောင်ဖြစ်မှန်းမသိ ဖြစ်လာနေသည်။ အရှိအတိုင်း အဖြူသက်သက် နေထိုင်ခြင်း၊ ပတ်ဝန်းကျင်အလိုက် အရောင်မပြောင်းခြင်း၊ သက်ရောက်မှုတိုင်း အပေါ် တန်ပြန်သက်ရောက်မှု မရှိခြင်းတို့က လူဆန်ဖို့ ကျိုးစားရင်း လူမဆန်သလို ဖြစ်လာသည်။ရလဒ်က ရည်ရွယ်ချက်နဲ့ ဆန့်ကျင့်ဘက်တွေ။ လောက နေနည်းကို ကျွန်မ သိဖို့ လိုနေပြီ။ သို့သော် ထိုသည်တို့ကို ကျွန်မ ဘယ်လို ဖြေရှင်းရမည်မသိ။ သိသာသိပြီး နည်းလမ်းလည်း မရှိ။  အေးချမ်းလိုသော ကျွန်မ အတ္တကို ကျွန်မ ပုံဖော် မိသလား။ 
(၆)
လူဘောင်လောက အတ္တ နဲ့ လောဘမှာ အဆုံးသတ်တရားဆိုတာ မရှိဘူး မစန္ဒမာလာ။ လောကမှာ အနတ္တကို ဆင်ခြင် နိုင်သည့်တိုင် အသိက သတိ ဖြစ်ဖို့ ခဲယဉ်းလှတယ်။ ဒါကြောင့် သတိလေးကပ်ပြီး ဖြစ်ပျက်တရားကိုသာ ဆင်ခြင် နိုင်အောင် ကျိုးပမ်းပါလေ။
သတိ တစ်ချက် လစ်ထွက်သွားသော အတွေးရေယဉ်ကျော မြောခဲ့သော ဆရာလေး သည် မိမိကိုယ်ကို ပြန်ဆုံးမရင်း ဆက်ဆင်းပြီး ကျောင်းသင်္ခန်းဆီကို ဦးတည်ရင်း ဘုရားတန်ဆောင်း လှေကားတွေကနေ တစ်ထစ်ခြင်း…..။

0 comments: