My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Sunday, October 26, 2014

အမှတ်တရလေးများ


လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့်က နယ်က ကျောင်းလာတက်ပြီး ရန်ကုန်မှာ ဆုံတွေ့ သူငယ်ချင်းဖြစ်ခဲ့တဲ့ ကောင်မလေး တစ်ယောက်ကို ချစ်ခဲ့သော ကောင်လေးတစ်ယောက် နယ်ပြန်သွားတဲ့ သူ့ကောင်မလေးကို တွေ့ခွင့်ရဖို့ ပုံစံ မျိုးစုံနဲ့ ကျိုးစားရခဲ့ရသလို ရင်းနှီးခွင့်ရဖို့ အချစ်ကို ရဖို့ အချိန်များစွာ ရင်းနှီးခဲ့ကြသည်။ ချစ်သူ ဖြစ်ခဲ့ပြီး နောက်တွင်လည်း တစ်ယောက်အကြောင်း တစ်ယောက် သိရအောင် ဆိုသည့် အကြောင်းပြချက်ဖြင့် သုံးနှစ်သုံးမိုး မက စောင့်ပြီး ကာမှ လက်ထပ်ခဲ့ကြသည်။ သူတို့ နှစ်ဦး ဖြတ်သန်းခဲ့ရတဲ့ ဘဝမှာ ပြန်ပြောပြစရာ အကြောင်းအရာ များစွာ….။ သူတို့ရဲ့ သမီး ကျွန်မ အတွက် မရိုးနိုင်တဲ့ တစ်ထောင့်တစ်ည ပုံပြင်များ။
ခုတော့ အချစ်ဇာတ်လမ်းတို့သည် ဆက်သွယ်မှု မြန်ဆန်လာခြင်းနှင့် အတူ တွေ့ခွင့်ရဖို့၊ ပုံမှန် လေ့လာခွင့်ရဖို့၊ လူကိုယ်တိုင် မတွေ့နိုင် အတူမရှိနိုင်ပေမယ့် အတူရှိသလိုအထိ နီးကပ်သယောင် ပုံဖော် ဆက်သွယ်လာနိုင်တာတွေကြောင့် တစ်ယောက်အကြောင်း တစ်ယောက်လည်း မြန်မြန်ဆန်ဆန် လေ့လာသိရှိနိုင်ကြလာပြီ။ ဒါဆို မြန်မြန် ချစ်ဖို့ လုံလောက်ပြီလား။
ဟင့်အင်း။ လေ့လာဖို့ အချိန်ကို ချုံ့နိုင်ပေမယ့် အမှတ်တရတွေကို ပုံဖော်ဖို့ကတော့ဖြင့် လုံလောက်တဲ့ အချိန် လိုပါသေးတယ်လို့ ကျွန်မကတော့ဖြင့် ငြင်းဆိုလိုပါတယ်။ အမှတ်တရဆိုတာ ဖြတ်သန်းပြီးမှ ရလာကြတာမျိုးမဟုတ်ပါလား။
ဖြစ်ပြီးရင် ပျက်ရတဲ့ လောကကြီးမှာ အမြန်ဆုံး ဖြစ်ပြီးရင် အမြန်ဆုံး ပျက်ကြတဲ့အခါ အတိုဆုံး အချိန်အဖြစ် ဦးနှောက်ထဲမှာ ကျန်ခဲ့ပြီး ခဏတာ အတွင်းမှာ ပြန်လည် ပျောက်ဆုံးသွားကြရုံပါ။ 
အချစ်ရဲ့ မီးလျှံစလေးဟာ မီးပန်းဖောက်လိုက်သလို ဘွားကနဲ အလှဆုံး ပေါ်လာပြီး ပျောက်ဆုံးသွားမှာလား။ ဆောင်းတွင်း မီးဖိုလေးလို တစိမ့်စိမ့် အနွေးဓာတ်ပေးမှာလား။ ကိုယ်တိုင် ရွေးချယ်ရမှာပါ။
အချစ်ဟာ ဇိမ်ခံပစ္စည်း တစ်ခုလို သဘောထားတဲ့ သူတွေ အတွက်ကတော့ အမှတ်တရက မလိုအပ် မီးပန်းလို အချစ်လောက်နဲ့ လုံလောက်ပေမယ့် တန်ဖိုးထားသူအတွက်ကတော့ ရေတွက်စရာ အမှတ်တရလေးတွေက အချစ်ကို ပုံဖော်ပေးနေတဲ့ အရာပါပဲ။
အမှတ်တရ ဆိုတာ ဦးနှောက်ထဲ၊ နှလုံးသားထဲ ကြာကြာစွဲနေတဲ့။ မှတ်ဥာဏ်ထဲ သိုမှီးမိရက်သား ဖြစ်နေတဲ့ ခံစားမှုတွေ။
အတူလက်တွဲ ကျော်ဖြတ်ခဲ့တဲ့ ပျော်စရာ၊ ငိုစရာ အချိန်တွေ။ ခက်ခဲမှုနဲ့ အောင်မြင်မှုတွေ။ မိုက်မဲမှု၊ ရူးသွပ်မှုနဲ့ အလင်းရောင် အတူရှာဖွေခြင်းတွေ။ အတူတကွ ဖြတ်သန်း အတူမျှဝေခဲ့ကြတဲ့ ခံစားမှုတွေပေါ့။
ထိုအရာတွေအတွက် အရင်းအနှီးက အချိန်။  ဘဝတစ်ခု၊ အချစ်တစ်ခု အတွက် အလောသုံးဆယ် မရနိုင်တဲ့၊ မဖြစ်သင့်တဲ့ အရာ။ ဒီ အချိန်တွေကို ပေးဖို့ မနှမြောသင့်သလို လေးနက်တဲ့ ချစ်ခြင်းဟာ လက်တဖျစ်အတွင်း ပေါ်လာနိုင်မှ မဟုတ်လို့ .. ခိုင်မြဲတဲ့အချစ် မယိုင်လဲမယ့် အကြင်နာတွေအတွက် အမှတ်တရလေးတွေ ရေတွက်ခွင့်ကို ပေးစေချင်ပါတယ်။ အလောသုံးဆယ် နင်ငါ့ကို ချစ်ရမယ်လို့ ကိုယ့်ချစ်သူကို ဖိအားမပေးပါနဲ့။
ကိုယ့်ချစ်သူကိုယ့်ကို ဘယ်လောက်ချစ်လဲဆိုတာ သူ့ကို မေးကြည့်စရာ၊ သူ့ နှုတ်က ဖွင့်ပြောလာမှ ယုံစရာမဟုတ်ပါဘူး။ အချစ်အတွက် ပြည့်စုံ လုံလောက်ခြင်းက အမှတ်တရလေးတွေကိုသာ လက်ချိုးရေတွက် ကြည့်လိုက်ယုံမျှသာ။

0 comments: