My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Tuesday, September 16, 2014

အသိပညာလား ရှက်စရာလား






ကျွန်မတို့ဟာ နည်းပညာ ခေတ်ကို ရောက်လာတဲ့ အလျှောက် ကျွန်မတို့ဆီကို ရောက်လာတဲ့ သတင်း အချက်အလက်တွေကလည်း မြန်ဆန်လာပါပြီ။ သတင်းအချက်အလက်တွေဟာ ဘဝအတွက် အသုံးဝင်တယ်လို့ ဆိုပေမယ့် သတင်းအချက်အလက်တိုင်းဟာ ကိုယ်လိုအပ်တဲ့ အချိန်မှ ရောက်လာတာမဟုတ်ပဲ ကိုယ်ပတ်ဝန်းကျင်မှာ သူ့ အလိုလို စီးမြောနေတာပါ။ တားမရ ပါဘူး။
ဟိုတစ်လောက ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ သားလေးနဲ့ လမ်းမှာ တွေ့ပါတယ်။ ကျွန်မ သူငယ်ချင်းက တီတီကို မွှေးမွှေးပေးလိုက်ပါဦး လို့ ဆိုတော့ သူက ကျွန်မ အနားကို ရောက်လာပြီး ကျွန်မ နှုတ်ခမ်းကို လာနမ်းပါတယ်။ ကျွန်မက တစ်ချက် ကြောင်အမ်းအမ်း ဖြစ်သွားပုံရတာမို့ သူ့ အမေက ရယ်ပြီး သူက သဘောကျတဲ့ ကောင်မလေးတွေ ဆိုရင် နှုတ်ခမ်းနမ်းတယ်။ သီချင်းတွေ၊ ရုပ်ရှင်တွေထဲက တွေ့ပြီး နမ်းရကောင်းမှန်း သိသွားတာပဲ ဆိုပြီး ရယ်ပါတယ်။ အပြန်လမ်းမှာ ကျွန်မ တွေးမိတာက ကျွန်မ TV က လာတာမဟုတ်ဘဲ အခွေနဲ့ နမ်းတဲ့ အခန်းတွေ ပါတဲ့ အင်္ဂလိပ်ကားလိုမျိုးတွေ စကြည့်ဖူးတာ ၇ တန်းလောက်မှ ထင်တယ်။ ပထမဆုံး ရည်းစားစထားတော့ ၂၁ နှစ်ပြည့်ပြီးပြီ။ အဲဒီ အထိ နှုတ်ခမ်းချင်း နမ်းတာ အင်္ဂလိပ်တွေပဲ လုပ်တယ်လို့ ထင်နေတုန်း။ ခေတ်ချင်းကွာတာလား ကျွန်မပဲ အလွန်းတာလားတော့ မသိပါဘူးလေ။ ဒါပေမယ့် ကျွန်မ အဓိက ပြောချင်တာကတော့  Sex Education ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အရာ ငယ်သေးတယ် ဆိုပြီး ပေါ့ထားလို့ မရတဲ့ အရာ ဖြစ်နေပြီ ဆိုတာရယ် နောက်တစ်ခုက အွန်လိုင်းကနေ ရောက်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်တဲ့ အနေနဲ့ Online Porn တွေရဲ့ အကျိုး အပြစ်တွေကိုပါ ထည့်ပြီး ပြောထားနှင့်ပြီလို့ ထင်ပါတယ်။

ကလေးတွေနဲ့ ပတ်သက်လာပြီ ဆိုရင် ကလေးတွေ အဓိက ထိတွေနေတဲ့ သူတွေက အမေတွေပါ။ မိန်းကလေးတွေဟာ ဒီလို ကိစ္စမျိုးတွေကို သူတို့ သိသင့်တဲ့ အရာမဟုတ်သလိုလို၊ မပြောသင့်တဲ့ အရာလိုလို ဖြစ်နေလို့ မရတော့ပါဘူး။ သား၊ သမီးကို ဘယ်လိုသင်ကြားမလဲ ဆိုတာ တွေးရတော့မယ့် အနေအထားမို့ ကိုယ် မသိလို့ မရတော့ပါဘူး။ နောက်တစ်ခုက sex ကိစ္စလို့ ပြောလိုက်ရင် Myth တစ်ခုက မကောင်းမှု တစ်ခုလို အမြင်ရှိနေတတ်တဲ့ အရာပါပဲ။ မကောင်းတာချည်း၊ မကောင်းတဲ့ ဘက်ကချည်း မြင်တာမျိုးလည်း မဖြစ်သင့်တော့ပါဘူး။ အကောင်းအဆိုး၊ အကျိုးအပြစ်တွေကို ကိုယ်တိုင်က သင်ကြားပေးရမယ့် သူ ဖြစ်တဲ့ အခါ ကိုယ်တိုင်က အမြင်မှန်နေဖို့လိုပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ လိင်ကိစ္စ မှာ သိသင့်သိထိုက်တာတွေကို သိထားဖို့ လိုတယ်လို့ ကျွန်မထင်တယ်။ ဒါကြောင့်  ကျွန်မမှာ ဆယ်ကျော်သက် သမီးလေးသာ ရှိရင် သူ့ကို ဘယ်လို သင်မလဲလို့ တွေးမိသေးတယ်။
ဟိုတလောက ဖတ်မိတဲ့ New York Times က ဆောင်းပါး တစ်ခုမှာ “Debra Hauser” ဆိုတဲ့ လူငယ်နဲ့ ကျန်းမာရေး လုပ်ရှားတက်ကြွသူ သုတေသန ပညာရှင် အမျိုးသမီးတစ်ယောက် ရေးထားတာလေးကို ပြန်ပြီး မျှဝေ ချင်ပါတယ်။  သူပြောထားတာက လူငယ်တွေကို လိင်ပညာပေးလုပ်ခြင်းဟာ လိင်ဆက်ဆံဖို့ကို တိုက်တွန်းသလိုမျိုး လိင်ကိစ္စကို စောစောစီးစီး စိတ်ဝင်စားအောင် လုပ်သလို ဖြစ်တတ်တယ်လို့ လူတွေ အယူသီးနေပြီး ကလေးတွေကို လိင်ပညာပေးဖို့ ခက်ခဲနေတာဟာ အဆိုးဆုံး အချက်ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒီကိစ္စကို ကျွန်မနဲ့ ကျွန်မ အဖော်လည်း ဆွေးနွေးဖူးတယ်။ ကျွန်မကိုယ်တိုင်လည်း ဝေဝေဝါးဝါးမို့ သူ့ဆောင်းပါးကို ကျွန်မ ပိုစိတ်ဝင်စားသွားပြီး ဆက်ဖတ်ဖြစ်တယ်။ သူလုပ်ထားတဲ့ sex education ရတဲ့ ကလေးတွေနဲ့ မရတဲ့ ကလေးတွေကို ယဉ်တွဲလေ့လာထားတဲ့  သုတေသန ရလဒ်တစ်ခုကို သူက ချပြထားပါတယ်။ သုတေသန ရလဒ်တွေကို သွားလေ့လာချင်တယ် ဆိုရင် http://advocatesforyouth.org/publications/1487?task=view ဒီလင့်မှာ သွားလေ့လာလို့ရပါတယ်။
အသိပညာက လုံခြုံစေပါတယ်
သုတေသနရလဒ်တွေအရ sex education ရတဲ့ ကလေးတွေဟာ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာကို နားလည်သွားတဲ့ ကလေးတွေဟာ လိင်ဆက်ဆံဖို့ကို စဉ်းစဉ်းစားစား ဖြစ်လာကြတဲ့အတွက် လိင်စတင်ဆက်ဆံချိန်တောင် sex education မရတဲ့ ကလေးတွေထက် နောက်ကျတာကို တွေ့ရတဲ့ အပြင် လိင်ဆက်ဆံဖို့ကိုလည်း ကမူးရှူးထိုးဆုံးဖြတ်ထားမျိုးမဟုတ်ဘဲ သေသေချာချာ ဆန်းစစ်ပြင်ဆင်ကြတဲ့အတွက် HIV/AIDS လိုရောဂါမျိုး၊ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါမျိုးကို ဖြစ်နိုင်ချေ အရမ်းနည်းသွားကြပြီး sex education မရတဲ့ ကလေးတွေက လိင်ကိစ္စကြုံလာတဲ့အခါ ဘယ်လို ပြင်ဆင်ရကောင်းမှန်းမသိတဲ့အတွက် ရောဂါရနိုင်ချေများသွားတာမို့ အကျိုးက အပြစ်ထက် ပိုပါတယ်လို့ sex education ပေးကို ပေးသင့်ပါတယ်လို့ ဆိုထားပါတယ်။ ပညာပေးထားရင် ကလေးကို လုံခြုံစေမှာပါလို့ သူက ဆိုပါတယ်။
အပြာကား၊ အပြာစာအုပ်တွေဆီ လမ်းလွဲမသွားပါစေနဲ့
ကလေးတွေကို ပညာပေးလုပ်မထားဘူးဆိုရင် သူတို့ဘာသာ ရှာဖွေလေ့လာ စူးစမ်းရင်း  Porn တွေ ကျွန်မတို့ ဆီမှာ ခေါ်သလိုဆို အပြာစာအုပ်တွေ အပြာကားတွေဆီပဲ အာရုံရောက်သွားမယ်ဆိုရင် ခုတ်ရာတခြား ရှရာတလွဲတွေနဲ့  ဆိုးကျိုးပိုများသွားနိုင်ပါတယ်။ ဒါကြောင့် စောစောကတည်းက လမ်းမှန်ရောက်အောင် လုပ်ထားပါလို့ဆိုပါတယ်။
ဘယ်အချိန်ကစပြီး sex education ပေးမှာလဲ
sex education ကို ဘယ်အချိန်ကတည်းက စလုပ်ရမှာလဲ ဆိုတာ ပြောရရင် မူကြိုက စရမှာပါလို့ ဆိုပါတယ်။ ဒီနေရာမှာ ကျွန်မ အကြိုက်ဆုံး ဂျပန်နိုင်ငံပညာရေးကို မီးမောင်းထိုးပြထာစတဲ့ တော့တိုးချန် ဆိုတဲ့ မူကြိုကလေးတွေ အကြောင်း ဇာတ်အိမ်တည်ထားတဲ့ ဝတ္ထုထဲက မူကြိုကျောင်းမှာ ကလေးတွေကို ရေကူးစေတဲ့အခါ ရေကူးကန်ထဲဆင်းရေကူးဖို့ ကိုယ်လုံးတီးပဲ ဆင်းခိုင်းတာကို သတိရမိပါတယ်။ အဲဒီတုန်းက သဘောပေါက်လိုက်တာက ရေကူးဝတ်စုံ မဝယ်နိုင်တဲ့ ကလေးတွေနဲ့ ဝယ်နိုင်တဲ့ ကလေးတွေ ကွဲပြားမှု မရှိအောင်လို့ ထင်လိုက်တာပါ။ အခုမှပဲ ဒီမှာ ဆက်စပ်ပြီး စာရေးသူ ပြောချင်တာကို သဘောပေါက်ပါတော့တယ်။ ကလေးတွေကို လိင်ကွဲပြားမှုတွေနဲ့ ခနာကိုယ် အစိတ်အပိုင်း ကွဲပြားမှုတွေကို လေ့လာပါစေ။ အထူးအဆန်းဖြစ်မနေရအောင် လေ့ကျင့်ပေးလိုက်ပါ။ ထိတွေ့ပါစေ။ ရိုးသားတဲ့ အချိန်မှာ ထိတွေဖူးတဲ့အခါ အဲဒီ အသိဟာ မရိုးသားနိုင်တော့တဲ့ အရွယ်မှာ ကွဲပြားမှုကို သူ့အလိုလို နားလည်ဖို့အတွက် သဘောပေါက် ထိန်းသိမ်းဖို့အတွက် ကနဦး အသိပါပဲလို့ဆိုပါတယ်။  ဥပမာ- သူငယ်ချင်းတွေ ကြားထဲမှာ ယောင်္ကျားမိန်းမ ကွဲပြားတဲ့ ခံစားချက်မရှိဘဲ တခြားသော ယောင်္ကျားကလေး မိန်းကလေးတွေကြားမှာတော့ စိတ်လှုပ်ရှားမှုရှိတယ် ဆိုတာမျိုး ခံစားချက်ကွဲပြားမှုမျိုး ရှိတတ်တဲ့ လူသဘာဝကို နားလည်စေနိုင်တာမျိုးလည်း ပါပါတယ်လို့ဆိုပါတယ်။ ဒီလို ခံစားချက်ကွဲပြားမှုကို သေသေချာချာ သိမြင်နိုင်တဲ့သူ ဖြစ်လာဖို့အတွက် လေ့ကျင့်သင်ကြားပေးရမှာပါတဲ့။
၅ တန်း ၆ တန်း အရွယ်လောက် ရောက်လာပြီ ဆိုရင်တော့ သူတို့ ခနာကိုယ်ပြောင်းလဲလာမှု၊ စိတ်ခံစားချက်တွေ ပြောင်းလဲ လာတတ်မှုတွေအကြောင်း အသိပေးသင်ကြားသင့်သလို၊ အင်တာနက် ကနေ ရောက်လာနိုင်တဲ့ အကြောင်းအရာ ကောင်းကျိုး ဆိုးပြစ်တွေ၊ ထိခိုက်လာနိုင်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရနိုင်တဲ့ အကြောင်းအရာတွေကို သတိပေး သင်ကြားသင်ပါတယ်။ ၈တန်း၊ ၉တန်း၊ ၁၀ တန်းအရွယ်မှာတော့ ခနာကိုယ် အပြောင်းအလဲတွေအပြင် မျိုးပွားခြင်းဆိုင်ရာ အကြောင်းအရာတွေ၊ အထိအတွေ့ ပြောင်းလဲ ခံစားမှုတွေ၊ ကိုယ်ဝန်မရှိအောင် ဘယ်လို တားဆီးကာကွယ်ရမယ်ဆိုတာတွေ၊ လိင်ဆက်ဆံမှုကြောင့် ရလာနိုင်တဲ့ ရောဂါတွေနဲ့ ကာကွယ်တားဆီးမှုနည်းလမ်းတွေ အကြောင်းစတင်သင်ကြားရမှာဖြစ်ပြီး ဒီထက်ပိုပြီး အရွယ်လေး ရောက်လာပြီ ဆိုရင်ဖြင့် ကျန်းမာရေးနဲ့ညီညွတ်ပြီး သာယာတဲ့ ကျားမ ဆက်ဆံရေးကို ဘယ်လို တည်ဆောက်မလဲ ဆိုတာတွေကိုပါ ပညာပေးသင့်ပါတယ်လို့ ဆိုထားပါတယ်။
ဘာပဲဖြစ်ဖြစ် ကျောင်းတွေမှာလည်း သေသေချာချာ မသင်သေး၊ ပညာပေး ကိစ္စတွေလည်း မတွင်ကျယ်သေးတဲ့ အချိန်မှာ မိဘတွေဟာ ကိစ္စကို ပေါ့ပေါ့မထားဘဲ ကိုယ်တိုင်လေ့လာ သင်ယူပြီး ကိုယ့်ကလေးတွေကို သင်ကြားနိုင်ဖို့ ကျိုးစားရတော့မယ်လို့ ကျွန်မ မြင်မိပါတယ်။


0 comments: