My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Saturday, August 2, 2014

Birthday ..new beginnings on the road ..in the nature!





မနက်ဖြန် များစွာ ရှိနေဦးမလား။ မနက်ဖြန် ဆိုရင် အသက် ၃၂ နှစ်ပြည့်ပြီ။ ကျွန်မ လူ့လောကထဲကို ရောက်တာ နှစ်ပေါင်း ၃၂ နှစ် ရှိပြီပေါ့။
အသက် ၁ နှစ်ကနေ ၁၀ နှစ်ကြားမှာ ပျော်စရာကလေး ဘဝ၊ လိုချင်တာ ရတဲ့ ကလေး ဘဝကို ကျွန်မ ဖြတ်ကျော်ခဲ့ရတယ်။ ကျွန်မရဲ့ ကလေး ဘဝဟာ မေတ္တာတရားတွေနဲ့ အပြည့်အဝ လွှမ်းခြုံခံခဲ့ရတာကြောင့် ကျွန်မ အတွက် ကံကောင်းခြင်းပါပဲ။  မြေးဦး ဆိုတဲ့ ကလေး တစ်ယောက်ကို သူပတ်ဝန်းကျင်က မိသားစုတွေ ဘယ်လောက် ချစ်မြတ်နိုး ဂရုစိုက်ခဲ့ကြသလဲ ဆိုတာ မြေးဦး ဖြစ်ဖူးတဲ့ ကလေးတွေ အသိဆုံးပဲနေမှာ အဖိုး၊ အဖွား၊ ဘကြီး၊ အဒေါ်၊ ဦးလေး အစရှိတဲ့ သူအားလုံးရဲ့ မေတ္တာကို ရရှိခဲ့ရဖူးတာကြောင့် အဲဒီ မေတ္တာရဖူးတဲ့ အကျိုးတွေဟာ နောက်တစ်ချိန် အမျိုးအချင်းချင်း ကြားထဲ မေတ္တာမထားနိုင်ကြတာမျိုး ကြုံလာခဲ့ရင်တောင် အားလုံးရဲ့ မေတ္တာရဖူးတဲ့ ကျွန်မက ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဖြစ်လာနိုင်တဲ့ အထိပါပဲ။ ချစ်ခြင်းမေတ္တာကို ရဖူးသူက ချစ်ခြင်းမေတ္တာနဲ့ အရာရာကို ပိုင်းဖြတ်နိုင်တယ်လေ။
၁၀ နှစ် နဲ့ ၂၀ ကြားကတော့ ချစ်ခြင်း မေတ္တာအပြင် မိန်းမပျိုလေး တစ်ယောက်အတွက် လူမှုပုံသွင်း ခံရတဲ့ အချိန်တွေ ဖြစ်တာကြောင်း အခက်အခဲတိုတာတွေ စတင်တဲ့ အချိန်လို့ ဆိုလို့ရပါတယ်။ ပတ်ဝန်းကျင်က လူပေါင်းများစွာဆီက အရာပေါင်းများစွာကို လေ့လာဆည်းပူးရတဲ့ အချိန်ပေါ့။ ဒါပေမယ့် ကျွန်မက ကံကောင်းပါတယ်။ ကျွန်မအနားမှာ ပုံစံပေါင်းများစွာနဲ့ လူတွေ ရှိတယ်။ ရှေးရိုးစွဲသူ ရှိသလို၊ တန်ပြန်ဖို့ ကျိုးစားနေသူတွေ ရှိတယ်။ နိုင်ငံရေး အရ နိုးကြားတဲ့ သူတွေ ရှိသလို ဘဝကိုကျိုးစားပြီး ထိပ်ဆုံးရောက်အောင် လုပ်မယ့် ရည်မှန်းချက် ကြီးသူတွေ ရှိတယ်။ အနုပညာ ဝါသနာနဲ့ ဘဝအကြား ရုန်းကန်နေရတဲ့ သူတွေရှိတယ်။ တရားဘာဝနာနဲ့ မွေ့လျှော်နေသူတွေလည်း ရှိတယ်။ ဘာသာရေးအရလည်း ဗုဒဘာသာ မွေ့လျှော်သူ၊ ခရစ္စယာန်ဘာသာ စောင့်ထိန်းသူ၊ ဟိန္ဒူ အယူအဆ ယုံကြည်သူ၊ အစ္စလမ် ကိုးကွယ်သူတွေ အကြားမှာ လေ့လာခွင့်ရတယ်။
ဒီအရွယ်အကြောင်းပြောရင် ကျွန်မ ဘယ်တုန်းက မှ မကြုံလို့ စကားထဲထည့်မပြောခဲ့ဖူးတဲ့ ကျွန်မရဲ့ ဘဝဆရာ တစ်ယောက်ကို ထည့်ပြောရလိမ့်မယ် ထင်တယ်။ သူက ကျွန်မတို့ အိမ်နားက အကြော်တဲလေးနဲ့ အကြော်ရောင်းတဲ့ ဒါနားဆိုသူပဲ ဖြစ်ပါတယ်။ ဟိန္ဒူဘာသာကိုးကွယ်သူ ကုလားမလေး  ဒါနားဟာ ကလေး လေးယောက်အမေ တစ်ခုလပ် ခပ်ငယ်ငယ်၊   သူ့ယောင်္ကျား နောက်မိန်းမ ယူမသွားခင် သူနဲ့ ပေါင်းနေစဉ် နှိပ်စက်ထားတဲ့ ဒဏ်ကြောင့် နားလည်း ကောင်းကောင်းမကြားရတဲ့ နားလေးနေရရှာသူ တစ်ယောက်ပါ။ ကျွန်မက အစောကြီး အိပ်ယာကထပြီး ဘုရားရှိခိုး ပြီးတာနဲ့ တစ်နေ့စာ ကျောင်းမှာ မေးမယ့် စာတွေ ပြန်နွေး အိမ်စာတွေကို တစ်ခေါက်စစ် လုပ်တတ်ပါတယ်။ မနက် ၅ နာရီ ထပြီး လုပ်ရင် ၆ နာရီ ကျော်ဆိုရင် အားလုံးပြီးသွားပါပြီ။ အဲဒီလို ဆိုရင် ကျွန်မက အကြော်ဆင်းဝယ်တတ်ပါတယ်။ ဒါနား အတွက် အမြဲဈေးဦးဖောက်သူက ကျွန်မပါ။ သူကလည်း ကျွန်မ ဈေးဦးဖောက်ရင် ရောင်းကောင်းတယ်လို့ ယူဆနေတာကြောင့် ကျွန်မ မရောက်လာရင်တောင် သူက တမျှော်မျှော်လုပ်တတ်တာမို့ရယ်မနက်စောစော အမြဲလိုလို သူ့အကြော်တဲ့ ရောက် သူ ကျွန်မက ရင်းနှီးသလို သူ့ဒုက္ခတွေကို ကောင်းကောင်းနားမလည်တော့ သူပြောသမျှပဲ နားထောင်ပြီး သူများကိုလည်း ပြန်မပြောတတ်တဲ့ ကျွန်မက သူ့ရင်ဖွင့်ဖော်ပါ။ သူနဲ့ သူငယ်ချင်း ဖြစ်ရတဲ့ အတွက် ကျွန်မဟာ အဲဒီ အချိန်တုန်းက နားမလည်ခဲ့တဲ့ ဘာမှန်းမသိသေးတဲ့ ဒုက္ခနဲ့ လောကဓံ ဆိုတာကို ကြားဖူးနားဝ ဖြစ်နေခဲ့သလို လောကဓံကို အပြုံးပျက် ရင်ဆိုင်သူ ဒါနားက ကျွန်မရဲ့  နောင်တစ်ချိန်မှာ တွေ့ရမယ့် “ဒုက္ခနဲ့ လောကဓံ” ကို ရင်ဆိုင်နိုင်အောင် သင်ကြားခဲ့သူ တစ်ယောက်ပါ။
အသက် ၂၀ နဲ့ ၃၀ အကြားက ကျွန်မ ဘဝရဲ့  အနိမ့်အမြင့် များစွာနဲ့ နေ့ရက်တွေပါ။ ပြန်ပြောဖို့တောင် တော်တော်ခက်မယ် ဆိုတဲ့ စကားက အမှန်ဆုံးပါပဲ။ အခက်အခဲဆုံး အချိန်တွေ ဘယ်တုန်းကမှ ဖြစ်မယ်လို့ မျှော်လင့်မထားတဲ့ လောကဓံတွေ အားလုံးကို ကျွန်မ ဖြတ်ကျော်ခဲ့ရပါတယ်။ အဲဒီအရွယ်မှာ ပြန်မဆုံဖြစ်တော့တဲ့ ဒါးနားဟာလည်း ကျွန်မ တစ်ခါတစ်ရံ သတိရပြီး အားပြန်မွေးစေတဲ့ အလင်းရောင်တွေ အများကြီးထဲက တစ်ခု ဖြစ်ခဲ့တယ်။
အဲဒီအရာအားလုံးကို ဖြတ်ကျော်ခဲ့ပြီးတဲ့ နောက်မှာတော့ … ကျွန်မအတွက် အခု နောက်ကျန်နေတဲ့ အသက် ၃၀ နောက်ပိုင်းဘဝကို ရင်ဆိုင် ကျော်ဖြတ်နိုင်ဖို့.. စိတ်ရောလူပါ အဆင်သင့် ဖြစ်နေခဲ့ဖို့ အတန်အသင့် အဆင်သင့် ဖြစ်ခဲ့ပြီ ...
လောကဓံကို တည်ငြိမ်စွာ ရင်ဆိုင်တတ်ဖို့…
ရုပ်ကိုရော နမ်ကိုပါ မျှတစွာ ထိန်းသိမ်းတတ်ဖို့…
ကိုယ့်ကိုကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်ကိုရော  မျှတစွာ ချစ်တတ်ဖို့နဲ့ ချစ်ခြင်းမေတ္တာတွေကို မျှဝေတတ်ဖို့..
သဘာဝ အတိုင်း ဘဝကို ပျော်ရွှင်အောင် စစ်မှန်စွာ နေတတ်ဖို့…
          မွေးနေ့မရောက်ခင် တစ်ညမှာ အမေ့ ဆီဖုန်းခေါ် ကန်တော့တယ်။ ကျွန်မ ပြန်ရင် စမယ့် ကျွန်မရဲ့ ဥယျာဉ်ခြံလေး အကြောင်း ပြောဖြစ်တယ်။  Domimique Lapierre ရဲ့ The City of Joy ကို ဘာသာပြန်ထားတဲ့ မြသန်းတင့်ရဲ့ သုခ မြို့တော်ကို ဖတ်ရင်း လောကဓံကို ဆင်ခြင်တယ်။ မနက်ဖြန် မွေးနေ့မှာ အခန်းမှာပဲ ဥပုသ်စောင့်ပြီး တရားထိုင်မယ်လို့ စိတ်ကူးမိတယ်။မွေးနေ့လက်ဆောင် လို့ အမည်မတပ်ပေမယ့် ကိုလံဘို ပြန်မရောက်ခင် သူတောင် သတိထားမိရဲ့လား မသေချာပေမယ့်ကျွန်မစိတ်မကောင်းဖြစ်နေတဲ့စိတ်ကို ပြန်လည်ထူမစေခဲ့တဲ့လူတစ်ယောက်ပေးခဲ့တဲ့ 
 နွေးထွေးမှုနဲ့ လုံခြုံမှု ကို ခံစားရစေတဲ့ မေတ္တာကို ပြန်စဉ်းစားရင်း ခံစား ပျော်ရွှင်မိတယ်။ အသက် ၃၀ ကျော်အရွယ် မိန်းမတစ်ယောက်ရဲ့ ဘဝဟာ တည်ငြိမ်စ ပြုသင့်ပြီး မဟုတ်လား။ အဆုံးမရှိတဲ့ အလိုဆန္ဒတွေနဲ့ ပူလောင်မှုတွေကို စွန့်ပြီး  ဘဝဟာ ခံစားရှင်သန်တတ်သူ တွေကို သဘာဝ အတိုင်း ဆက်ပြီး လှပနေစေဦးမှာပါ။ ကျွန်မ ယုံတယ်။ မနက်ဖြန် တိုင်းဟာ ဘဝရဲ့ နေ့သစ်တွေပါပဲ။ 

0 comments: