My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, July 7, 2014

ဘဝသံသရာ





လူတစ်ယောက်ရဲ့ သေချင်းတရားကို ရင်ဆိုင်နေရချိန်ကို မြင်ရတဲ့ နောက်လူတစ်ယောက်အတွက် ဒါတစ်နေ့ ကိုယ်ကြုံရမယ့်အရာကို  မျက်စိနဲ့ ကြိုမြင်နေရတဲ့ပါပဲ။ အဲဒီလို ကြိုမြင်ရတဲ့ အချိန်မှာ သေချင်းတရားကို ရင်ဆိုင်နေရတဲ့ သူဟာလည်း ကိုယ့်ရဲ့ အနီးကပ်ဆုံးသူမျိုးဖြစ်ဖို့ များပါတယ်။ ကျန်းမာရေးဝန်ထမ်း တွေလို လူတွေကလွဲလို့ပေါ့။
လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ဒီလိုအချိန်မှာ ကျွန်မဟာ ကိုယ့်အရင်းအနှီးဆုံးသူထဲက တစ်ယောက်ရဲ့ နောက်ဆုံးအချိန်မှာ အနီးကပ်ဆုံး ရှိနေပေးရတဲ့ အချိန်ပေါ့။ အဲဒီလူကတော့ ကျွန်မရဲ့ ဖေဖေပါ။ ဖေဖေနဲ့ကျွန်မဟာ အရင်းအနှီးဆုံးလို့ အချစ်ဆုံးလို့ ပြောလို့ရသလို မတည့်အတူနေ အချိန်တွေလည်း ရှိခဲ့ရဖူးတယ်။ နောက်ဆုံးအချိန်နဲ့ အနီးဆုံး အချိန်တွေမှာလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့လည်း အတူ ရှင်သန်ဖို့ ကျိုးစားခဲ့ဖူးတယ်။ အခုတော့ အဖေရဲ့ နောက်ဆုံး ထွက်ခွာချိန်ရောက်တော့မယ်ဆိုတဲ့ အသိက အဲဒီအချိန်မှာ ဝမ်းနည်းမှုကို အမြင့်ဆုံး အရှိန်အထိ ဆွဲခေါ်သွားပေမယ့် ပူဆွေးခြင်းထက် ကျွန်မ ဖေဖေရဲ့ နောက်သံသရာအတွက် အကောင်းဆုံး ပြင်ဆင်ပေးလိုက်မယ် ဆိုတဲ့ စိတ်နဲ့ ဒါနဲ့ ပြုနိုင်အောင် တရားရှုရင်း နောက်ဆုံးအချိန်ကို အတည်ငြိမ်ဆုံး ရင်ဆိုင်နိုင်အောင် တတ်နိုင်သလောက် ကျိုးစားပြင်ဆင်ပေးလိုက်နိုင် အောင် သတိကျိုးစားကပ်ရင် စိတ်ကို ပြင်ဆင်ခဲ့ရပါတယ်။ အဲဒီ အချိန်တွေဟာ အခက်ခဲဆုံးနဲ့ အပင်ပန်းဆုံး အချိန်ပါပဲ။ ဒါပေမယ့် အဲဒီအချိန်ကြောင့် ကျွန်မ ဘဝအမြင် တစ်ခုလုံးကို ပြောင်းလဲ စေခဲ့ပါတယ်။
သေဆုံးခြင်းဟာ ဘဝရဲ့ အကောင်းဆုံး ဆရာ၊ သင်ခန်းစာ ပါပဲ။ သေဆုံးခြင်းကို ကိုယ်တွေ့မြင်လိုက်ရခြင်းက ဘဝကို ပြန်ရှာဖွေဖို့ ကျွန်မကို သတိရစေခဲ့ပါတယ်။ ဘဝကို ပြန်ရှာတွေ့သေးတာတော့ မဟုတ်ပေမယ့် ပြန်ရှာရမယ် ဆိုတဲ့ အသိကို ရစေခဲ့ပါတယ်။
လူ့ဘဝဆိုတာ ထာဝရတည်မြဲနိုင်တဲ့အရာ မဟုတ်ဘူးဆိုတာ လူတိုင်းသိကြတာပါပဲ။ လူ့ဘဝကို ရောက်လာပြီ ဆိုတာနဲ့ အသက် ဘယ်လောက်နေရမလဲ ဆိုတာပဲရှိတယ်။ တချို့ ရက်ပိုင်း၊ တချို့လပိုင်း၊ တစ်ချို့က နှစ်အနည်းငယ်၊ တချို့က နှစ်တွေ အကြာကြီး နေသွားကြရတယ်။ ကလေးတစ်ယောက် မွေးလာရင် အသက် ၁၂၀ ရှည်စေသော်လို့ ဆုတောင်းပေးတတ်ကြတယ်။ ဒီထက်တော့ ပိုမျှော်လင့်လို့ မရဘူးပေါ့။ လာချိန်ရှိရင် ပြန်ချိန်ရှိမှာပါပဲ။ လူတိုင်းသိတဲ့အရာပါ။
ဗုဒဘာသာ အယူအဆ အရ “ဘဝရဲ့ အစဟာ လူ့အဖြစ်မွေးဖွားခြင်းလည်း မဟုတ်သလို ဘဝရဲ့ အဆုံးဟာလည်း လူ့ဘဝရဲ့ သေဆုံးခြင်း မဟုတ်ပါဘူး၊ လူ့ဘဝဆိုတာ ဘဝသံသရာထဲက ဘဝတစ်ခုမျှသာ ဖြစ်ပါတယ်၊ ကျွန်မတို့ဟာ လူ့ဘဝမရှိခင်ကတည်းက ဘဝဆိုတာ ရှိနေပြီး လူ့ဘဝကနေ သေဆုံးခြင်းရဲ့ အလွန်မှာ နောက်တစ်နေရာမှာ ထပ်မံမွေးဖွား၊သေဆုံးကြရဦးမှာပါ၊ ဒီလိုနဲ့ အဆုံးမရှိတဲ့ ဘဝသံသရာဟာ လည်ပတ်နေဦးမှာပါ။ တဖန်ပြန်လည်မွေးဖွားခြင်း သေဆုံးခြင်း ဆင်းရဲက လွတ်မြောက်ဖို့ဆိုတာကတော့ အခက်အခဲဆုံးအရာပါ” လို့ ဆိုပါတယ်။ ဖေဖေနဲ့ ကျွန်မဟာ လူ့ဘဝမှာ သားအဖ အပြစ်လာဆုံးကြတဲ့အခါ တစ်ယောက်ကို တစ်ယောက် ဒီဘဝသံသရာကနေ လွတ်အောင် ပါရမီဖြည့်ဖို့သာ ကျွန်မမှာ တတ်နိုင်တာမို့ အဲဒီလို ဖြစ်နိုင်အောင်ပဲ ကျွန်မ ဦးစားပဲ ရွေးချယ်လုပ်ဆောင်ခဲ့ပါတယ်။
တချို့သောသူတွေဟာ သေမှာကို ကြိုတင်တောင် သတိမမူမိဘဲ သေဆုံးခဲ့ရတာထက် စာရင် ပြင်ဆင်ချိန်ရတဲ့၊ ပြင်ဆင်ဖို့ သတိနဲ့ ပါရမီဖြည့်ပေးမယ့်သူတွေ အနားမှာ ရှိနေခဲ့တဲ့ ဖေဖေဟာလည်း ကံကောင်းသူ တစ်ယောက်ဖြစ်တယ်လို့ ကျွန်မ အခုတော့ ခံစားမိပါတယ်။ တချို့ ချမ်းသာတဲ့ မိသားစုတွေ ဆိုရင်တောင် မရရအောင် ကယ်ကြမယ် ဆိုတဲ့ ကြုံကို ကြုံရမယ့် သေဆုံးခြင်းကို အံတုဖို့ တစ်ခုတည်းကိုပဲ ဆေးကုဖို့ တစ်ခုတည်းကိုသာ အာရုံစိုက်ပြီး သေဆုံးခြင်းကို ရင်နိုင်နိုင်ဖို့ စိတ်ကို ပြင်ဆင်ပေးဖို့ မေ့လျော့နေတာမျိုးလည်း ရှိနိုင်ပါသေးတယ်။ ပိုကံကောင်းတဲ့သူတွေကတော့ နှစ်ခုလုံး လုပ်နိုင်မှာပါ။ ဖေဖေကိုတော့ ကျွန်မတို့ အတတ်ဆုံး အကောင်းဆုံးဖြစ်အောင် ကုသဖို့ ကျိုးစားတာကြောင့် ဆေးသက်ပဲ ရှိတော့တယ်လို့ အများက ပြောကြပေမယ့် နိုင်ငံခြားကို ပို့ပြီး ကုနိုင်လောက်အောင်တော့ ကျွန်မ မလုပ်နိုင်ခဲ့တော့  သမီးတစ်ယောက်အနေနဲ့တော့ ဒီလို ကုသမပေးနိုင်လို့ စိတ်မကောင်းဖြစ်ရတဲ့ အဆုံး  နှစ်မျိုးလုံး မျှမျှတတ ပြင်ဆင်ဖို့တွေးခဲ့ရတာပါ။ ဒါကလည်း ကြုံလာတဲ့ ကံ ပဲလို့တော့ အခုမှပဲ ကျွန်မ ပြန်တွေးမိပါတော့တယ်။
ဖေဖေဆုံးပြီး တစ်နှစ်လောက်အထိ ကျွန်မ လက်ပေါ်မှာ အသက်ကုန်သွားတဲ့၊ နောက်ဆုံးထွက်သက် မတိုင်ခင် ကျွန်မကို ကျေးဇူးတင်ပါတယ် ဆိုတဲ့ အကြည့်မျိုးနဲ့ နောက်ဆုံး နှုတ်ဆက်သလို ကြည့်ပြီး တစ်ဖက်ကို ခေါင်းလှည့်ပြီးပြီး မျက်စိမှိတ်သွားတဲ့ ဖေဖေကို မျက်လုံးထဲ ပြန်မြင်မြင်နေပြီး မဆုံးသော အပူမီးကို ကျွန်မခံစားရပါတယ်။  အဲဒီနောက်မှာတော့ အေးငြိမ်းရာကို ရှာဖို့အတွက် ကျွန်မ ပြန်ပြီး ကျိုးစားရပါတော့တယ်။
လူ့ဘဝမှာ မသိခြင်းတွေက အများသား မဟုတ်လား။ စိန္တာမဏိ ဦးချစ်မောင်ရဲ့  ဗုဒ္ဓဘာသာဆိုင်ရာ အထွေထွေဗဟုသုတမှာ ဓမ္မပါဒ မှာ
မသိခြင်း(၅)မျိုး
၁။မိမိမည်သည့်ဘ၀မှကူးလာသည်ဟူ၍မသိခြင်း
၂။မိမိမည်သည့်အရွယ်ရှိအောင်နေရမည်ဟူ၍မသိခြင်း
၃။မိမိမည်သည့်အနာရောဂါဖြင့်သေရမည်ဟူ၍မသိခြင်း
၎။မိမိမည်သည့်အရပ်၌သေရမည်ဟူ၍မသိခြင်း
၅။မိမိမည်သည့်ဘ၀သိုကူးပြောင်းရမည်ဟူ၍မသိခြင်း
ဆိုပြီး ပါရှိတယ်လို့ ဆိုထားသလိုပါပဲ။ မသိရခြင်းကြောင့် ပိုပြီး ဆင်းရဲပူပင်ကြရပါတယ်။
ဗုဒ္ဓက ဘဝဆိုတာ ဆင်းရဲခြင်းပဲလို့ ဆိုပါတယ်။ အဲဒီ ဆင်းရဲခြင်းဟာ ကျွန်မတို့ရဲ့ စိတ်တွေကြောင့်ပဲ စိတ်ရဲ့လားရား၊ အလိုဆန္ဒတွေကြောင့်ပဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။  ကျွန်မတို့ ကိုယ်တိုင်လည်း သေဆုံးရဦးမှာ ဖြစ်သလို ကျွန်မတို့ ချစ်တဲ့ သူတွေလည်း သေဆုံးရဦးမှာပါပဲ။ ကိုယ်ချစ်ခင်ရတဲ့ သူတွေနဲ့ ပြန်ဆုံ ပြန်မဆုံ မသိရတော့ဘူးဆိုတော့ လူ့ဘဝက သေဆုံးခြင်းကလဲ ထဝရခွဲခွာခြင်းလိုမျိုးမို့ ကိုယ့်ချစ်ခင်သူတွေနဲ့ မခွဲခွာချင်စိတ်က လူတွေကို ပူလောင်သောက အဖြစ်စေဆုံးပါပဲ။ တကယ်ပြန်တွေးရင် လူ့ဘဝကို ရောက်လာတော့လည်း တစ်ယောက်တည်း ပြန်ထွက်သွားတော့လည်း တစ်ယောက်တည်း ပါပဲ။ ကျွန်မတို့ လူ့ဘဝမှာ  တစ်ယောက်နဲ့တစ်ယောက် ဆုံတွေတဲ့ အချိန်မှာတော့ ပတ်သက်မှု ပုံစံမျိုးစုံ ရှိနေကြတာလည်း ခဏတာ အတွက်ပါပဲ။ ဒါကြောင့် တစ်ခြားသော ဒီဘဝထဲ ကြုံတွေ့ရတဲ့ ဒုက္ခတွေကို မျှဝေခံစားနိုင်မှုကို ကျော်လွန်လို့ ဘဝသံသရာကနေ တစ်ယောက်ကိုတစ်ယောက် လွှတ်မြောက်နိုင်ဖို့အထိ စဉ်းစားပြီး ပါရမီဖြည့်နိုင်ကြမယ်ဆိုရင် အကောင်းဆုံးပါပဲ။ ကျွန်မလည်း ဖေဖေအတွက် ရည်းစူးပြီး ဒီနေ့  ကျွန်မနေတဲ့ နားက ဘုရားကျောင်းမှာ မသန်စွမ်းကလေးငယ်တွေ အတွက် အလှူငွေထည့်ဝင်ပြီး ဆင်းရဲသော ဘဝသံသရာမှ ဖေဖေ လွတ်ပါစေကြောင်း မေတ္တာပို့ရင်း နဲ့ မဆုံးနိုင်သေးတဲ့ ဘဝတကွေ့မှာ ပြန်ဆုံကြရင်လည်း သံသရာက လွတ်မြောက်နိုင်အောင် ပါရမီ တစ်ဦးကိုတစ်ဦး ဖြည့်နိုင်တဲ့ သူတွေ အဖြစ် ပြန်ဆုံကြပါစေလို့ ဆုတောင်းခဲ့မိပါသေးတယ်။ ဖေဖေ ငြိမ်းချမ်းပါစေ။

0 comments: