My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Sunday, June 15, 2014

MY LIFE IN A TRAVEL BAG



ကျွန်မ ဘဝဆိုတာ… ခရီးသွားအိတ်ထဲမှာ။ 
အဲဒီစကားကို ကျွန်မ ခဏ ခဏ ရွတ်ရင်း တွေးမိတယ်။ ခရီး အရမ်းသွားဖြစ်တာကို ကျွန်မကြိုက်သလို လူသား အားလုံးဟာလည်း သံသရာခရီးသည်တွေချည်းမဟုတ်လား။ 
မနှစ်ကသြဂုတ်လထဲမှာ ကျွန်မရဲ့  ဘွဲ့ယူစာတမ်းကို အပြီးသတ်ပြီးတဲ့ အချိန်မှာ.. အလုပ်ကိစ္စရော ကျောင်းကိစ္စ ရောမဟုတ်တဲ့  နိုင်ငံခြား ခရီးတစ်ခုကို ကျွန်မကို ကျွန်မ ဆုပေးတဲ့ အနေနဲ့ သွားပြီးတဲ့ နောက်မှာ ကိုယ့်ကိုကိုယ် ပြောခဲ့တယ်။ နိုင်ငံခြားကို အလုပ်ကိစ္စ ရက်ပိုင်းလောက်ကလွဲပြီး မသွားတော့ဘဲ မြန်မာပြည်တွင်းမှာပဲ အနည်းဆုံး ၃ နှစ်လောက်နေပြီး  တိုင်းပြည်ဖွံ့ဖြိုးရေးအလုပ် နိုင်သမျှလုပ်ပါလို့။
တကယ်တော့ ကျွန်မ ပိုင်ဆိုင်ထားတဲ့ ဘဝဟာ တခြားလူတွေနဲ့ မတူတာကြောင့် ကျွန်မကို ခရစ်ယာန်စကားနဲ့ ပြောရင် ဖွံ့ဖြိုးရေးလုပ်သားလုပ်ဖို့ အလိုတော်ရှိပြီး ဖန်ဆင်းတော် မူတယ်လို့တောင် ဆိုလို့ရပါတယ်။ ကျွန်မ မိသားစုမှာ အဖေက ဆုံးသွားပြီး အဖေမဆုံးခင် ကျွန်မ အသေအချာ ပြုစုခွင့်ရလိုက်လို့ အဖေနဲ့ ပတ်သက်ရင် နောင်တရစရာမရှိဘူး။ အမေဆိုရင်လည်း အခုဆိုရင် ချမ်းသာတဲ့သူ မဟုတ်တော့ပေမယ့် သူမ ငယ်စဉ်ကတည်းက ဒိတ်ဒိတ်ကျဲ ချမ်းသာခဲ့တဲ့  မကုန်သေးတဲ့ အရှိန်ကြောင့် နေစရာ၊စားစရာ မပူရပဲ အေးအေးလူလူ တရားအားထုတ်နိုင်တဲ့ အခြေအနေမျိုး။ ကျွန်မ အနားမှာ မရှိရင်တောင် အမေကို အနီးကပ် စောင့်ရှောက်မယ့် တူ၊တူမ တွေအပြင် မြေးတွေတောင်ရှိသလို အဖော် သူ့အစ်မ အပျိုကြီး၊ တူမ အပျိုကြီးလည်း ရှိသေးတယ်။ ကျွန်မ မောင်ကလည်း သူ့ အလုပ်သူ့အကိုင်နဲ့ ကျွန်မမှာ နောက်ဆံ သိပ်တင်းစရာမရှိတော့ ကျွန်မ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ အနေအထားမို့ ကျွန်မ ကိုယ့်ဘဝ ကိုယ်ပိုင်တယ်လို့ ပြောလို့ရပါတယ်။ နယ်ထုံးစံ အမေနားကိုကပ်ပြီး ဂရုတစိုက်အလုပ်ကျွေးမပြုလို့ မျက်မုန်းကျိုးစရာလေး ဖြစ်တာကလွဲလို့ပေါ့။  
မြန်မာပြည်တွင်းမှာ အလုပ်လုပ်တော့လည်း ကျွန်မ ဖွံ့ဖြိုးရေးသင်တန်းဆရာမမို့ ခရီးတွေ တစ်လကို မသွားရရင် တစ်ခေါက် တစ်ခါတစ်လေ ၂ ခေါက်လောက်ကို သွားရတာမို့.. ကျွန်မ သင်တန်းဆရာမ လုပ်သက် ၃ နှစ်လောက်အတွင်း မြန်မာပြည်မှာ အခုအချိန်အထိ ကချင်၊ ကယားနဲ့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ကလွဲလို့ ကျွန်မ မရောက်ဘူးတဲ့ တိုင်းနဲ့ပြည်နဲက မကျန်သလောက်ပါပဲ။
အခုလည်း ခရီးထွက်ရဦးမယ်.. မသွားဘူးလို့ ရည်ရွယ်ထားပေမယ့် သွားသင့်တယ်လို့ ယူဆလို့ နိုင်ငံခြားမှာ ၄ လလောက် သွားနေရဦးမယ်.. ဗုဒဘာသာတရားနဲ့ ယဉ်ကျေးမှုတွေနဲ့ အာရှရဲ့ စိတ်ဝင်စားစရာ နေရာလို့ နာမည်တပ်ခံရတဲ့ သီရိလင်္ကာနိုင်ငံ၊ အဲဒီအပြင် တစ်ခါတရံ အိန္ဒိယဘက်ကိုပါ ရက်အနည်းနည်းလောက် ခြေဆန့်ခွင့်ရဦးမယ်။
Eat,Pray,Love ဆိုတဲ့ ရုပ်ရှင်ထဲက ကိုယ့်ကိုကိုယ် ပျောက်ဆုံးနေတဲ့ “လစ်” ဆိုတဲ့ အမျိုးသမီးဟာ ပြင်သစ်မှာ မိသားစု၊သူငယ်ချင်း၊ဆွေမျိုးတွေကြားက တစ်ဦးကိုတစ်ဦး ချစ်ခင်မှုနဲ့ ဝေမျှမှုတွေကို အစားအသောက် ကောင်းကောင်း ချက်ပြုတ်စားသောက်တဲ့ ယဉ်ကျေးမှုကတဆင့် ခံစားခွင့်ရခဲ့သလို စိတ်ပိုင်း တနည်းအားဖြင့် နမ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု ၊ခွင့်လွှတ်တတ်မှု၊ ရှင်သန်ခြင်းရဲ့ အရေးပါမှုတို့ကို အိန္ဒိယမှာ တရားထိုင်ခြင်းနဲ့ ရှာဖွေ တွေ့ရှိခဲ့တယ်။ ဘာလီမှာတော့ စောင့်ရှောက်ခြင်းနဲ့ တည့်မတ်ပေးခြင်း၊ ဘဝအဓိပ္ပါယ်၊ ယုံကြည်မှု နဲ့ နားလည်မှု၊ နှလုံးသားခြင်း ပြည့်စုံစေမှုတို့နဲ့အတူ အချစ်ကို ပြန်ရှာဖွေ တွေ့ရှိခဲ့တယ်။
ကျွန်မလည်း ဘဝကို အစဉ်ရှာဖွေနေရတဲ့ သူတစ်ယောက်ပါပဲ..။ ကျွန်မရဲ့ ထိုင်းနိုင်ငံက ဘဝမှာ လစ် တစ်ယောက် ပြင်သစ်မှာ ရှာဖွေ တွေ့ရှိခဲ့တဲ့ မိတ်ဆွေ နဲ့ ဝေမျှခြင်း၊ စောင့်ရှောက်ခြင်း တွေကို ကျွန်မ ရခဲ့တယ်လို့ ယုံကြည်မိတယ်။ လစ်နဲ့ မတူတာက ဆိတ်ငြိမ်ခြင်းနဲ့ အနုပညာကို ကျွန်မ ဒိန်းမတ်မှာ ရှာဖွေ တွေ့ရှိခဲ့တယ်။ နောက်ထပ် ကျန်ရှိနေသေးတဲ့ နာမ်ပိုင်းဆိုင်ရာ နဲ့ အချစ်ကို တော့ ကျွန်မ ရှာဖွေနေဆဲပါပဲ။
မနေ့ညနေက ကျွန်မ လူတစ်ယောက်နဲ့ အတူ ညနေစာ စားရင်း စကားပြောရင်း သူက ခရီးသိပ်သွားတဲ့ ကျွန်မကို ခရီးသွားဆောင်းပါးလေးတွေ ရေးဖို့နဲ့ ခရီးသွားဆောင်းပါးရေးတဲ့အခါ အနားက လိုက်ပါနေသလို ဖြစ်အောင် ရေးပါလားလို့ တိုက်တွန်းတယ်။ ကျွန်မလည်း အဲလိုရေးဖို့ စိတ်ကူးနေတာ ကြာပြီ ဒါပေမယ့် ဘယ်လိုရေးရမယ်မှန်း မသိဘူး။ အခုတော့ သူပြောသလို ကျွန်မ အနားမှာ တစ်ယောက်ပါလာသလိုလေး ပုံစံမျိုးလေးနဲ့ ရေးမယ်လို့ စိတ်ကူးလိုက်တယ်။ နောက်ပိုင်း ကျွန်မရဲ့ ခရီးသွားအိတ်ထဲက ဘဝကို ကျွန်မရဲ့ Blog လေးမှာ ဆက်ဆက် ဖွင့်ပြဖို့ ကျွန်မ မနေ့ညကပဲ ဆုံးဖြတ်လိုက်တယ်။
ကျွန်မရဲ့ ခရီးမှာ ဘာတွေ ရှာဖွေတွေ့ရှိပြီး ခရီးသွားအိတ်ထဲမှာ ဘာတွေပြန်ပါလာမလဲ ဆိုတာကို ပေါ့..

0 comments: