My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, June 30, 2014

Dear Diary_30th June 2014


ချစ်သော ဒိုင်ယာရီ
ဒီကနေ့ဟာ ကျွန်မ ချစ်သော ဆရာနေရဲ့ မွေးနေ့ပါ။
မွေးတဲ့နေ့ရှိလို့ သေတဲ့နေရှိတာ မထူးဆန်းဘူးမဟုတ်လား။ 
ကျွန်မတို့ အားလုံး မွေးကတည်းက သေတဲ့ နေ့ဆီကို သွားနေကြရတာပဲလို့ ပြောရင် ဘယ်သူမှ ငြင်းနိုင်မှာမှ မဟုတ်တာ။ ရှင်သန်ခြင်းအကြောင်းကို ပြောရင် သေနေ့ကို မေ့ထားလို့ မရဘူးမဟုတ်လား။ 
ဒါပေမယ့် လူတွေ တကယ်ပဲ သေကြရဲ့လား။ တစ်ချို့လူတွေ မသေတဲ့ သူတွေရှိတယ်လို့ .. သူတို့ရဲ့ ရုပ်ခနာ ရှင်သန်ခြင်း ရပ်တန့်သွားပေမယ့် မေတ္တာစိတ်ရဲ့ ဝိဥာဉ်ကတော့ ရပ်တန့်မသွားဘူး။ ဒါကြောင့်
ဒီနေ့ဟာ ကျွန်မရင်ထဲမှာ ဘယ်တော့မှ မသေတဲ့ သူတစ်ယောက်ကို မွေးခဲ့တဲ့ နေ့ပါ။ သူဘာလို့ မသေရတာလဲဆိုရင် ရိုးရိုးလေးပါ။ သူက ကျွန်မ ဘဝကို သူ့မေတ္တာနဲ့ ခဏ ခဏ ပြန်မွေးပေးခဲ့လို့ပါပဲ။ 
လူတွေက ခနာကိုယ် လှုပ်ရှားနေနိုင်ရုံက အသက်ရှိတယ်လို့ပဲ ပြောလို့ရတာ အသက်ရှင်တယ်လို့တော့ ပြောလို့ မရပါဘူး။ အသက်ရှင်ဖို့ ဆိုရင်တော့ လှူပ်ရှားမှုတွေမှာ အဓိပ္ပါယ် ပါဝင်နေဖို့လိုပါတယ်။ ဒီလို အဓိပ္ပါယ်ပါပါ လှုပ်ရှားနေနိုင်ဖို့အတွက် ကျွန်မကို လမ်းပြပေးခဲ့တဲ့ ကျွန်မရဲ့ ဆရာ။ သူခနာ ရှင်သန်နေတုန်းက ကျွန်မကို လုံခြုံတဲ့ ဆရာတစ်ယောက် အဖေတစ်ယောက် လို စိတ်ခံစားမှုကို ပေးခဲ့တယ်။ ကျွန်မ မျက်လုံးတွေကို ဖွင့်ပေးခဲ့တယ်။ ကျွန်မ ပြိုလဲကျနေတုန်း ပြန်ထနိုင်အောင် စိတ်ခွန်အားပေးခဲ့တယ်။ 

သူရဲ့ ခနာဟာ လှုပ်ရှားခြင်းက ရပ်တန့်သွားတာ ကြာပါပြီ ဒါပေမယ့် သူပေးခဲ့တဲ့ အားတွေနဲ့ ကျွန်မကို အခုထိ အသက်ရှင်နေရုံကနေ ရှင်သန်မှုဆီကို ခဏ ခဏ ပြန်ပို့နေဆဲပဲ။ လူတွေဟာ မွေးပြီးရင် သေသွားကြတယ်… ဒါပေမယ့် တချို့မပါဘူး။ သူတို့လည်း ရှင်သန်သလို သူတပါးကိုလည်း ရှင်သန်စေတယ်။ အဲဒီလို ရှင်သန်စေတဲ့ အရာဟာ မေတ္တာတရားပါပဲ။ မေတ္တာတရားနဲ့ ဆက်စပ်ထားတွေ လူသားတွေ ကြားမှာ ရှင်သန်ခြင်း သေဆုံးခြင်းတွေကို ကျော်လွန်စေပါတယ်။
ကျွန်မကို မေတ္တာပေးခဲ့တဲ့ ဆရာ… ထာဝရရှင်သန်နေမှာပါ။ 

၃၀.ဇွန်.၂၀၁၄

0 comments: