My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Sunday, December 8, 2013

မိန်းမသားတို့ရဲ့ လက်နက် မျက်ရည်




“ ကျွန်မ သူငယ်ချင်း တစ်ယောက်က သူ့သားလေးဟာ ကျောင်းနေဘက် အတန်းဖော်သူငယ်ချင်းတွေကို အနိုင်ကျင့်၊ နာကျင်အောင် လုပ်တာတွေ တစ်နေ့ တစ်မျိုးမရိုးအောင် လုပ်လွန်းလို့ သူမှာ လိုက်တောင်းပန် ရတာ စိတ်ညစ်လွန်းလှပါပြီ.. သူ့မှာ စိတ်ညစ်လွန်းလို့ ဘယ်လို လုပ်ရမယ်မှန်း မသိတော့ဘူး။ သူ့သားကို ဘယ်လို ဆုံးမရမှန်းလည်း မသိတော့ဘူး။ သူ့ သားကို ချော့ပြော၊ ခြောက်ပြော၊ မက်လုံးပေး၊ နောင်ကျဉ်အောင် ရိုက်  စတဲ့ နည်းမျိုးစုံ သုံးပြီးပြီ ဘာမှလည်း မထူးခြားလာ၊ လုပ်မြဲအတိုင်းလုပ်နေလို့ သူ့စိတ်ညစ်လှပါပြီ။ ငါတော့  သူ့ကျောင်းက ဆရာမ ဖုန်းဆက်လာရင် ငိုချင်တော့တာပဲဟယ်” လို့ ပြောလာပါတယ်။
ကျွန်မလည်း “နင်ငိုချင်တယ် မဟုတ်လား။ နင့်သားကို ငိုသာပြလိုက်။ သူလည်း ခံစားချက်နဲ့ ကလေးပဲ။ သူ့အမေကို သူချစ်တယ်လေ။ သူ့အမေ စိတ်ထိခိုက်အောင် သူလုပ်မိပါလား ဆိုတာ သူ့ကို သူများက ပြောနေတာမဟုတ်ဘဲ ကိုယ်တိုင် ခံစားသွားရရင် ၊ သူ့ဘာသာသူ ဆင်ခြင်လာနိုင်မလားလို့.. နင်စမ်းကြည့်ပါလားလို့” ကျွန်မက အကြံပေးမိပါတယ်။
ဒီလို အကြံပေးမိတဲ့ အကြောင်းကို ကျွန်မ သူငယ်ချင်း နောက်တစ်ယောက်ကို ပြောပြတော့ သူက အော မျက်ရည် လက်နက်ကို သုံးခိုင်းတယ်လို့ မှတ်ချက်ချပါတယ်။
“မိန်းမသားတွေရဲ့ လက်နက်ဟာ ..မျက်ရည်ပဲ” ဆိုတဲ့ စကားကို ကျွန်မလည်း ကြားဖူးနေပြီးသားပါ။
သူနဲ့တွေ့ပြီး ပြန်လာတဲ့ လမ်းမှာ ကျွန်မ စဉ်းစားမိတာက မျက်ရည်ဟာ တကယ်ပဲ လက်နက်ဖြစ်သလား ဆိုတာပါပဲ။
ကျွန်မ စိတ်ထဲမှာ တွေးမိတာ အဲဒီ မျက်ရည်ထဲမှာ ရိုးသားခြင်း ပါမလာဘူး ဆိုရင်တော့ လက်နက်ဖြစ်လာမှာ မဟုတ်ဘူး။ တကယ့်လက်နက်က မေတ္တာ ပါ။ ဒီနေရာမှာ လက်နက်ဆိုတဲ့ အဓိပ္ပါယ်ဟာ “သေနတ်တို့၊ ဗုံးတို့” ဆိုတဲ့ အဓိပ္ပါယ်မျိုးကို မသက်ရောက်ပဲ အသုံးပြုတဲ့ ပစ္စည်း ဆိုတဲ့ ပုံစံမျိုး အဓိပ္ပါယ် သက်ရောက်ပါတယ်။
မိန်းမသားတွေရဲ့ စိတ်ခံစားမှုဟာ ယောင်္ကျားလေးတွေရဲ့ စိတ်ခံစားမှုနဲ့ မတူညီကြပါဘူး။ မိန်းကလေးတွေက ယောင်္ကျာလေးတွေထက် ပိုပြီး အသေးစိတ်ရှုမြင်ခံစားတတ်ကြပါတယ်။ နောက်ထပ် တစ်ခုက မိန်းမသားတွေရဲ့  ကိုယ်တွင်း မှာ Prolactin လို့ခေါ်တဲ့အပြင် နောက်တစ်မျိုး lactotrope လို့လည်း ခေါ်တဲ့ ပရိုတင်းဓါတ်တစ်မျိုးဟာ ယောင်္ကျားလေးတွေထက် ၆၀ ရာခိုင်နှုန်း ပိုပြီး ပါဝင်နေပါတယ်။ အဲဒီ ပရိုတင်းဓါတ်က မိခင်နို့ရည်ကို ဖြစ်စေတဲ့ ဓါတ်တစ်မျိုးဖြစ်သလို မျက်ရည်ကို ထုတ်ပေးတဲ့ ဓါတ်တစ်မျိုး ပါ။ ဒါကြောင့် ကလေးမိခင်တွေကို မငိုရဘူး ငိုရင် နို့ခမ်းတတ်တယ်လို့ လူကြီးသူမတွေက ပြောကြတာပါ။ 
ဒါကြောင့် မိခင်လောင်းတွေအဖြစ် ကလေးတွေကို နိုချိုတိုက်ကျွေးရမယ့် သူတွေအတွက် မျက်ရည်ဆိုတာ မိန်းမသားတွေကို လောကသဘာဝက ပေးထားတဲ့ တန်ဖိုးရှိတဲ့ အဖိုးတန် ဆုလဒ်တစ်ခုပါပဲ။ အဲဒီ ဆုလဒ်ဟာ ဝမ်းနည်းခြင်းကို ထုတ်ဖော်ပြနိုင်တဲ့  သင်္ကေတတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် ရိုးသားမှုနဲ့ တကယ်ခံစားရလို့ ထွက်ကျလာတဲ့ မျက်ရည်ဟာ တခြားသူတစ်ယောက်ရဲ့  စိတ်နှလုံးကို ခံစားချက် ကူးစက်နိုင်တယ်လို့ ကျွန်မ ယုံကြည်တာပါ။
ဒါကြောင့် တကယ်ကို သားကြောင့် တကယ်ကို ငိုချင်နေတဲ့ အမေတစ်ယောက်ကို သားရှေ့မှာ ငိုချတာဟာ ရှက်စရာမှ မဟုတ်တာပဲ။ သူ့သားကို ကောင်းစေချင်တဲ့ မေတ္တာလည်း ပါဝင်နေတာပဲ။ ဒါဟာ သားစိတ်နှလုံးကို နူးညံ့ပျော့ပြောင်းလာစေပြီး တကယ်ကို ပြောင်းလဲလာစေနိုင်တဲ့ နည်းလမ်း တစ်ခု ဖြစ်နိုင်တယ်လို့ ကျွန်မ ထင်မြင်ယူဆလို့ သူငယ်ချင်းကို အကြံပေးခဲ့တာပါ။
လောကမှာ ဟန်ဆောင်ငိုကြွေးခြင်းတွေတော့ ရှိကောင်းရှိလာနိုင်ပေမယ့် နှလုံးသားနဲ့ ပြောတဲ့ ဘာသာစကားကို နှလုံးသားတွေက ကြားနိုင်ပါတယ်။ ရိုးသားမှုမပါတဲ့ ဟန်ဆောင်ငိုကြွေးတွေကတော့ ရုပ်ရှင်ကြည့်ပြီး ရုပ်ရှင်ထဲမှာ ငိုလို့ အပြင်မှာ လိုက်ပြီး ခံစားမိသလောက်ပဲ ခံနိုင်မှာပါ။ နှလုံးသား တစ်ခုကို ပြောင်းလဲ စေနိုင်လောက်အောင်တော့ အစွမ်းထက်လာမှာ မဟုတ်ပါဘူး။
မျက်ရည်အစစ် ဆိုတာကတော့ မိန်းကလေးတွေရဲ့ နှလုံးသားထဲက ဘာသာစကားတစ်ခုပါ။ နှလုံးသားတွေကို ပြောင်းလဲ နိုင်စွမ်းရှိလို့ လူအများက မိန်းမသားမျက်ရည်ရဲ့ အစွမ်းကို လက်နက်လို့ တင်စားခဲ့ကြတယ်လို့ ကျွန်မတော့ ထင်မိပါတယ်။ တန်ဖိုးရှိတဲ့ မိခင် နို့ရည်ကြည် အဖြစ်သာ ရှိသင့်တဲ ပရိုတင်းဆိုတဲ့ အရာတွေက ဝမ်းနည်းခြင်းကြောင့်သာ  မျက်ရည် အဖြစ် ပြောင်းသွားတာပါ။ မျက်ရည်ဆိုတာ ဘာသာစကားပါ။ မိန်းမသားတွေရဲ့ ဘာသာစကားကို နားလည်ခံစားနိုင်ကြပါစေ။ သူတို့ကို ခဏ ခဏ ဝမ်းနည်းပြီး မငိုစေပါနဲ့နော်။ 
^_^


0 comments: