Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Thursday, May 30, 2013
အတင်း နဲ့ သတင်း
8:58 AM | Posted by
Phyu |
Edit Post
ကျွန်မတို့ လူ့ပတ်ဝန်းကျင်မှာ ရှင်သန်နေသမျှ
စကားတွေ ပြောနေရဦးမှာပဲ။ အဲဒီ ကြားမှာမှ ကိုယ်ပြောလိုက်တဲ့ စကားဟာ ဘယ်လို စကားမျိုးလဲ၊ ကျွန်မတို့ ဖြန့်ဝေလိုက်တဲ့ သတင်းဟာ ဘယ်လို သတင်းမျိုးလည်း ဘယ်လိုမျိုး နောက်ဆက်တွဲ အကျိုးရလဒ်တွေကို ဖြစ်စေလဲ ဆိုတာ အရေးကြီးပါတယ်။
တစ်နေ့က ညီမလေး တစ်ယောက်နဲ့ ညနေစာ အတူစားလို့
စကားပြောရင်း သူမက ဆိုလာပါတယ်။
အစ်မရယ် ကျွန်မ တစ်ခုခု မှားနေပြီလားတော့ မသိဘူး။ လူတွေနဲ့
ပေါင်းရတာ မပျော်ဘူး။ လူတွေ ဘာလို့ အတင်း ဒီလောက် ပြောကြတာလဲ မသိဘူး။ တစ်ယောက်နဲ့ တွေ့ရင်
နောက်တစ်ယောက်ရဲ့ အတင်း မကောင်းကြောင်းကို ပြောတယ်။ နောက်ထပ်သူငယ်ချင်း တစ်ယောက်နဲ့
တွေ့ရင်လည်း အဲဒီ တစ်ယောက်က နောက်တစ်ယောက်ရဲ့
မကောင်းကြောင်းကို လာပြောတယ်။ သူတို့ နှစ်ယောက် တွေ့ကြတော့ အမယ် တစ်ယောက်နဲ့
တစ်ယောက် သိပ်ချစ်ကြသလိုပဲ။ ကျွန်မ အဲလို တွေ့တော့ ကျွန်မ အကြောင်းလည်း သူတို့ ကွယ်ရာ
ဒီလိုပဲ မကောင်းကြောင်း ရှာဖွေ ပြောကြမှာပဲ လို့ တွေးမိတယ်။ နောက်ပြီး ရှေ့တော့ ချိုချိုလေး
နောက်တော့ တစ်မျိုး ဆိုတဲ့ လူတွေနဲ့ မပေါင်းချင်တော့ နှစ်ယောက်လုံးကို သိပ်မပေါင်းတော့ဘူး။
နောက်ထပ် သူငယ်ချင်းတွေ ရှာတော့လည်း အဲလို တွေ့တွေ့နေတယ် လူတွေ ဘာလို့ အတင်းပြောကြတာလဲဟင်။
မကောင်းကြောင်းအစား ကောင်းတဲ့ အချက်လေးတွေ ရှာပြောလည်း ရသားနဲ့။ ဒီအတိုင်းဆို ကျွန်မ
သူငယ်ချင်း ရှားပါးတော့မှာပဲ။ ကျွန်မ အမိုး ငယ်ငယ်ကတည်းက ပြောတယ် အတင်း မပြောရဘူး ဘုရားသခင်
မကြိုက်ဘူး။ ဘုရားသားသမီးတွေပဲ ချစ်ချစ် ခင်ခင်နေရမယ် ဆိုတာ။ ကျွန်မ ငယ်ငယ်ကတည်းက အတင်းပြောတာ
မကြိုက်ဘူး။ ပြောလည်း မပြောချင်ဘူး။ ပြောတဲ့ သူတို့ကိုလည်း မခင်ချင်တော့ ဒုက္ခပါပဲတဲ့။
ကျွန်မလည်း သူ့ကို သက်သာရာ သက်သာကြောင်း
ရှာဖွေပြီး ..”ညီမလေးရာ နင်လောကကြီးမှာ လူတွေကို ရွေးပေါင်းနေရင် နင်ပဲ သူငယ်ချင်း
ရှားမှာပေါ့။ အဲဒီတော့ ဘယ်သူ ပျက်ပျက် ကိုယ်မပျက်နဲ့ သူတို့ ပြောပေမယ့် ကိုယ်ဝင်ပြောနဲ့။
ငါတို့ တခြား အကြောင်း ပြောရအောင် ဆိုပြီး စကားလွှဲပြစ်၊ သူတို့ ကိုယ့် အတင်း ပြောလာရင်လည်း
အော် .. ငါက သူတို့ကို သတိမရတဲ့ အချိန်မှာတောင် သူတို့က ငါ့ကို သတိတရ ရှိကြပါလား ဆိုပြီး
ဝမ်းသာပေးလိုက်။ သူတို့ပြောတဲ့ မကောင်းကြောင်းက ကိုယ့်ကိုကိုယ် ပြန်မေးလိုက် ငါဟုတ်လားလို့။
ကိုယ် မှားနေရင် ပြင်လိုက်၊ ကိုယ် မမှားရင် ဂရုမစိုက်နဲ့ ထားလိုက်..။ ပြောလွန်းမက ပြောလာရင်
၊ ကိုယ့်ကို တော်တော် ထိခိုက်လာပြီ ဆိုရင်လည်း သူငယ်ချင်း ငါတော့ နင် အဲလို ပြောတယ်
ကြားတယ် နင် မဟုတ်ဘူး ဆိုရင်လည်း ငါ မေးမိတာ ဆောရီး၊ ဟုတ်တယ် ဆိုရင်လည်း ဆက်မပြောနဲ့တော့
ငါ့ စိတ်မကောင်းဘူး ငါက နင့်ကို ခင်တာ လို့ ပြောလိုက်။ အဲဒါမှ ဆိုးလာရင်တော့ ညီမ အခုလုပ်သလို
မပေါင်းနဲ့ပေါ့၊ ဒီအတိုင်းကြီးတော့ လူတွေကို နင်စွန့်ခွာ မနေပါနဲ့ဟာလို့၊ ငါလည်း အဲဒီလိုပဲ
လုပ်တယ်” ပေါ့ပေါ့ပါးပါး ပြန်ပြောတော့။ ကောင်မလေးက
လက်ခံချင်သလို လက်မခံချင်သလို ခေါင်းငြိမ့်ပါတယ်။
တကယ်တော့ အတင်းပြောတယ် ဆိုတာ ကျွန်မတို့
ပတ်ဝန်းကျင်မှာ ပုံမှန် လုပ်နေကျ အလုပ်တစ်ခုလို တွေ့တွေ့ နေကြတာပါပဲ။ အလုပ်မှာ၊ ကျောင်းမှာ၊
သူငယ်ချင်းတွေ ကြားထဲမှာ။ အတင်းပြောတတ်တဲ့ သူတွေကို ဆို ရေဒီယိုကြီး လုပ်စမ်းပါဦး
ဘာထူးလဲ လို့တောင် မေးတတ်ဖူးတာကို သတိရမိပါတယ်။အတင်းပြောတာကိုက လူမှုဆက်ဆံရေးနည်းလမ်း တစ်ခုလို လူတွေကို နီးကပ်စေတဲ့ အရာ တစ်ခုလို ဖြစ်ဖြစ်နေတာကိုလည်း သတိထားမိပါတယ်။အတင်းပြောသူတွေဆီမှာ သတင်းစုံတာကိုး။ ဒါပေမယ့်
အတင်းနဲ့ သတင်းရဲ့ ကွာခြားချက်ကတော့ “အတင်း” ဆိုတဲ့ သဘောက အနှုတ်လက္ခာဘက်ကို ဆောင်ပါတယ်။
လူတစ်ယောက်အကြောင်း ဆိုပါတော့ .. အဲဒီလူ
ဘာဖြစ်တယ်၊ ဘယ်လို ဖြစ်တယ် ဆိုတာက သတင်းပါ။ အမှန်တကယ်လည်း အဲဒီလို ဖြစ်နေပါလိမ့်မယ်။
ဒါပေမယ့် ကိုယ့်ရဲ့ ထင်မြင်ချက်ကိုပါ ထည့်လိုက်ရင် မဟုတ်လည်း မသေချာတဲ့ သတင်းအချက်အလက်ကိုပါ
ထည့်လိုက်ပြီ ဆိုတာနဲ့ အတင်းဖြစ်သွားပါတော့တယ်။ အဲဒီ အတင်းဟာ အမှန်တကယ် ဖြစ်နေတာထက်
ကျော်လွန်သွားပါပြီ။ အပြောခံရတဲ့ သူကို တနည်းနည်းနဲ့ ထိခိုက်သွားစေနိုင်ပါပြီ။
စိတ်ပညာရှင် တွေကတော့ လူတွေဟာ အတင်းကို
လူမှုရေး လက်နက်တစ်ခု အနေနဲ့လည်း အသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။ အတင်းပြောတဲ့ သူတွေရဲ့
အခံစိတ်ကို လေ့လာကြည့်တဲ့အခါ။ အတင်း ပြောတဲ့ သူဟာ တစ်ဘက်သားကို နာကျင်ထိခိုက်စေချင်တဲ့
စိတ်အခံလေး ပါရှိနေတတ်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ပြောတဲ့သူ ကိုယ်တိုင်မှာ မသိစိတ်က အားငယ်နေတာ၊ မလုံခြုံမှုကို
ခံစားနေရတာမျိုး ဖြစ်တတ်ပြီး အဲဒီလို အတင်း
ပြောလိုက်ရတာဟာ အပြောခံရတဲ့ သူထက် သူဟာ တနည်းနည်းနဲ့ ပိုကောင်းတဲ့ သူ တစ်ယောက်လို့
ခံစားရလာတယ်။ အဲဒီလို လုပ်ရတာကို ကျေနပ်သာယာ နေတတ်တယ်။ တဘက်မှာလည်း သူဟာ အဲဒီလို အတင်းပြောခံရလို့ ထိခိုက်နာကျင်ဖူးတဲ့သူ
ဖြစ်နေတတ်တယ်လို့ စိတ်ပညာရှင် Dr. Nigel
Nicholson က ဆိုပါတယ်။
အခုဆို ကျွန်မတို့ နည်းပညာ တိုးတက်မှု
အရ အင်တာနက်ဆိုတာ ပေါ်လာတဲ့ နောက်ပိုင်းမှာ ဒီ အတင်းပြောတတ်တဲ့ လူတွေရဲ့ ဓလေ့စရိုက်ကြောင့်
ကျွန်မတို့ ပတ်ဝန်းကျင်က လူတွေကို ထိခိုက်လာမှုတွေ ပိုများလာသလို လူမှုပတ်ဝန်းကျင်
တစ်ခုလုံး ကိုပါ ထိခိုက်လာတဲ့ အထိ တွေ့နေရတာကို စိတ်မကောင်း စရာ တွေ့လာရပါပြီ။
ဥပမာ- ကောင်မလေး တစ်ယောက်နဲ့ ကောင်လေးတစ်ယောက်
သမီးရည်းစား အတူဟော်တယ်မှာ သွားအိပ်မိတဲ့ ကိစ္စ၊ ဗွီဒီယို အဖြစ် အွန်လိုင်း အပေါ် ရောက်လာတယ်။
ဒါ သူတို့ နှစ်ယောက်တည်းရဲ့ သီးသန့် ကိစ္စပါ ဒါပေမယ့် အတင်းအဖျင်း စိတ်ဝင်စားသူတွေရဲ့
ဖြန့်ဝေမှုနဲ့ အွန်လိုင်းပေါ် အထိ ရောက်လာတဲ့ အခါ သူတို့ နှစ်ဦးစလုံးအတွက် ထိခိုက်မှုတွေ
ဖြစ်လာပါတယ်။ အဲဒီ သတင်းကို သိလိုက်ရလို့ ကျွန်မတို့ ဘဝတွေတော့ ဘာမှ ထူးခြားတဲ့ ကောင်းကျိုးတော့
မရလိုက်ဘူး မဟုတ်လား။ ဒါဆို ဒါဟာ သတင်း မဟုတ် တော့ဘူး အတင်း ဖြစ်သွားပါပြီ။
အခုဆိုရင် ကျွန်မတို့ ကြားနေရတဲ့ ရဲတိုက်ရဲ့
ကိစ္စ မှာဆိုရင် လူတွေ ဝေဖန်ကြတာ ပလူပျံနေတာပါပဲ။ ဘာသာရေး အဓိဂရုဏ်း ဖြစ်အောင်လုပ်တာ။
ဆေးကြောင်နေတာ။ စုံလို့ပါပဲ။ တကယ်က အမှုမှန် အဖြစ်မှန်က သေချာ စစ်ဆေးလို့ မပြီးသေးပါဘူး။
ဒါပေမယ့် လူတွေ ပြောကြရေးကြတာကြောင့် ဘာသာတွေကြား တင်းမာမှုတွေ ဖြစ်လာစေနိုင်သလို ကာယကံရှင်ရဲတိုက်ကိုလည်း
ထိခိုက်စေပါတယ်။ လူတွေက သတင်းကို သေသေချာချာ စိတ်ရှည်ရှည် စောင့်မကြည့်ဘဲ အချိန်တိုအတွင်း
အတင်းတွေကို ဖြန့်လိုက်ကြတာတွေ့နိုင်ပါတယ်။
ကျွန်မတို့ မြန်မာ နိုင်ငံမှာ မလုံခြုံမှုတွေ၊
မညီမှုတွေ များပြားစွာ ဖိစီးခံစားနေရတော့ အတင်းဆန်ဆန် သတင်းတွေ ကောလဟာလတွေကပျံ့လွင့်ဖို့
အခြေအနေ သိပ်များပါတယ်။ ဒါကို ကျွန်မတို့ သတိထား မိဖို့ လိုပါတယ်။
ဒီလိုပဲ အခုလောလောဆယ် တိုင်းပြည်မှု
ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေ၊ လူမှုရေး၊ ဘာသာရေး အဓိဂရုဏ်း တွေ နဲ့ ပတ်သက်တဲ့ သတင်းတွေ
ကိုလည်း ဖတ်တဲ့ အခါ၊ ပြန်လည် ဖြန့်ချိတဲ့ အခါ၊ ဝေမျှတဲ့အခါ သတိလေး ထားစေချင်ပါတယ်။
တစ်ဦးချင်းစီရဲ့ စိတ်အခံ၊ စရိုက်တွေဟာ များများ စုမိသွားရင် လူမျိုးကို ကိုယ်စားပြု
သွားနိုင်ပါတယ်။ ဒီလို.. သတင်းနဲ့ အတင်း မခွဲခြား
နိုင်ကြတဲ့အခါ။ ကျွန်မတို့ လူမှု ပတ်ဝန်းကျင်ကြားမှာ မလိုအပ်တဲ့ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုတွေကို
ပျက်ပြားစေတဲ့ အကြောင်းအရာတွေ အများကြီး ပေါ်ပေါက်လာနိုင်ပါတယ်။
သတင်းဆိုတာ ကျွန်မတို့ ပတ်ဝန်းကျင်မှာ
မသိမဖြစ် သိဖို့လိုပြီး သတင်းဖြန့်ဖြူးတဲ့ သူတွေ ၊ ကြားခံ အရာတွေကလည်း မရှိမဖြစ်လိုပါတယ်။
ဒါမှလည်း ကိုယ်နေထိုင်တဲ့ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေပြီလဲ ဆိုတာ သိပြီး ဘယ်လို နေထိုင်သင့်တယ်
ဆိုတာ ဆုံးဖြတ်လို့ ရမှာပေါ့။ ဒါပေမယ့် ကျွန်မတို့
ဘဝတွေရဲ့ ငြိမ်ချမ်းမှု ကို ပျက်ပြားစေတဲ့ အတင်းတွေကိုတော့ ရှောင်သင့်ပါတယ်။ ဒါကြောင့်
ကျွန်မတို့ဟာ ကျွန်မတို့ ပတ်ဝန်းကျင်က သတင်းစကားတွေကို အမှန်အကန် သတင်းအစစ်လား အမုန်းတရားတွေ
မသေချာမှုတွေ ထပ်ပေါင်းထားတဲ့ အတင်းဆန်ဆန် သတင်းတွေလား ဆိုတာ ဥာဏ်ကြီးကြီးနဲ့ ကြည်ဖို့
လိုပါတယ်။သတင်းအချက်အလက်ပေးသူ၊ အပြုသဘောနဲ့ ဝေဖန်ထောက်ပြသူ၊ အမှန်တရားနဲ့ ကမ္ဘာကြီးကောင်းဖို့ ဆောင်ရွက်သူ ဖြစ်ဖို့ဆိုတာ အနှုတ်လက္ခဏာ ဆောင်တဲ့ အတင်းပြောသူက မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အနှုတ်လက္ခဏာဆောင်တဲ့ အမုန်းတရား အမြင်မကြည်လင်မှုကို အခြေခံတဲ့ အတင်းပြောတဲ့ အကျင့်ကို ကျွန်မတို့ စွန့်ပစ်ဖို့ လိုပါတယ်။ ကိုယ် သတင်းပေးသူ ဖြစ်မလား အတင်းပြောသူ
ဖြစ်မလား ဆိုတာ ကိုယ်ရဲ့ ရွေးချယ်မှုပါပဲ။
ကျွန်မတို့ လောကသားတွေဟာ လောကကြီး သာယာဖို့ တာဝန် အရှိဆုံး သူတွေပါ။ လူတွေကို ချစ်သော မျက်စိနဲ့ ကြည့်ပြီး နှလုံးသားနဲ့ စာနာနိုင်မှသာ လောကကြီးက သာယာမှာပါ။
ခင်မင်စွာဖြင့်
Labels:
အတွေးအမြင်,
ဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments: