My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Saturday, June 8, 2013

ပျော်ရွှင်ခြင်း သက်တန့် တံတား





သူမ ကောင်းကင်က တိမ်တွေကို မော့ကြည့်မိသည်။ မိုးဦးကာလမို့လားမသိ တိမ်တွေရဲ့ အရောင်တွေက ညစ်ထေးထေး ဖြစ်နေသည်။ တိမ်ညိုများသည် လေသယ်ဆောင်ရာကို ခပ်လေးလေး မျောပါနေကြသည်။ သူမလည်း တစ်ချိန်က ထိုတိမ်များလိုပင်။  မိန်းကလေး တစ်ယောက်ရဲ့ မျက်နှာ။ သူမ၏ မျက်နှာသည် ထိုတိမ်များကဲ့သို့ ညစ်ထေးထေး၊ ထိုင်းထိုင်း မှိုင်းမှိုင်း။ ကံကြမ္မာကို အပြစ်တင် ချင်စိတ်ပင် မရှိလောက်အောင် အလိုက်သင့်  လူက ခပ်လွင့်လွင့် ဖြစ်နေတဲ့ နေ့ရက်တွေ။ ကိုယ့်ဘဝကို ကိုယ် မပိုင်ဆိုင်သလို နေ့ရက်တွေ များစွာကို ပိုင်ဆိုင်ထားခဲ့သူ ခံစားချက်မဲ့ မိန်းကလေး တစ်ယောက်။ ထို မိန်းကလေး သည် သူမ ကိုယ်တိုင်ပင်။ သူမ၏ မျက်နှာကို ညိုမဲမဲ တိမ်တိုက်များတွင် သူမ ပြန်မြင်နေရသည်။
မိုးဖွဲလေးတွေ ကျရာက မိုးရွာလာပြီ။ နီးရာ အဆောင်အောက်ကို ပြေးဝင်ခိုလိုက်ရသည်။  ခုံတန်းပေါ်ထိုင်ချလိုက်ကာ  အဆက်မပြတ် ရွာနေသော မိုးကို ခပ်တွေတွေ စိုက်ကြည့်ရင်း  ဖက်ထားသော ကျောပိုးအိတ်ပေါ်ကို လက်ထောက်လိုက်သည်။ ထီးကလည်း မပါလာ။ မိုးမစဲမချင်း ဒီနေရာမှာ ဆက်ထိုင်နေရုံပေါ့ဟာ လို့ တွေးထားလိုက်ရသည်။  သူမလိုပဲ အမိုးလေးအောက်တွင် မိုးခိုနေသော နောက်တစ်ယောက် ရှိသည်ကို ခိုဝင်လာသော အရိပ်ကြောင့် သိလိုက်သည်။ ခြေထောက်ကို လာလာစင်နေသော မိုးစက်မှုန်တွေကိုသာ ငုံ့ကြည့်နေမိသည်။ သည်းသည်းမဲမဲ ရွာနေသော မိုးသည် စဲစပြုလာသည်။ တဖြည်းဖြည်း ပါးပါးလျလျ ဖြစ်လာသော မိုးစက်မှုန်တွေကို ဆက်ငေးနေလိုက်သည်။ မိုးစဲတော့မည် ညနေစောင်းကာနီးမို့ နေရောင်ပါ မိုးနောက်က ပါလာနိုင်သေးသည်။ သူမထင်တဲ့ အတိုင်းပင် မိုးစဲနေသည် ပါးလာသော မိုးနှင့်တူတူ ပါလာခဲ့သည်။
အိမ်ပြန်ရောက်တော့ စိုနေတဲ့ ဆံစတွေကို သုတ်ရင်း မှန်ထဲကို လှမ်းကြည့်တော့ မှန်ထဲက မျက်နှာမှာ  မိုးစဲနေရောင်ရဲ့ တောက်ပမှုမျိုးကို တွေ့လိုလှသည်။ သူမ အညိုရောင် တိမ်တိုက်တစ်ခု မဖြစ်ချင်တော့ပြီ။ 

ဝရန်တာကို ထွက်ပြီး ထွက်ကြည့်တော့  နေဝင်စဖြိုးဖြ  မှာ သက်တန့်ကြီးကို မြင်ရတော့ သူမ နှလုံးသားက ရင်ဘတ်ထဲက  တလှပ်လှပ် ခုန်လာသည်။

          
  
           သူမ ငယ်ငယ်က အိမ်ရှေ့က မြေနီလမ်းမှာ ညနေဆို မောင်နှမတတွေ ထွက်ကစားတတ်ကြတယ်။ တစ်ညနေ သက်တန့်ကြီးကို လှမ်းမြင်ရတဲ့ အခါ သူမ အပျော်လွန်ပြီး ပြေးလိုက်ရင်း မြေနီခဲလုံး သေးသေးနီနီလေးတွေရဲ့ ကောင်းမှုနဲ့ ချော်လဲပြီး ဒူးပြဲဖူးတာကို သတိရမိတယ်။ ခြေချော်လဲလို့ ဒူးပြဲတဲ့ ကျွန်မကို အစ်ကိုဝမ်းကွဲက ကုက္ကိုလ်ရွက်ကို လက်ခုပ်ထဲထည့် လက်နှစ်ဘက်နဲ့ ပွတ်ခြေပြီး အရည်ရအောင် ညှစ်ချပြီး ဆေးထည့်ပေးတော့ စပ်လွန်းလို့ အော်ငိုရတယ်။ အော်ငိုသံကြောင့် အိမ်ထဲက အမေတို့ ထွက်လာပြီး နောက်ရက်တွေ အိမ်ရှေ့လမ်းမှာ ထွက်ပြီး ကစားခွင့် ပိတ်သွားရောပါလား။ အကြောင်းက ပြေးရင် လမ်းပေါ်မှာ စက်ဘီးတိုက်လိမ့်မယ်တဲ့။

                            ခြံအကျယ်ကြီး ထဲမှာ ကစားရပေမယ့် ညနေ နေအေးချိန်ဆို အိမ်ရှေ့လမ်း ထွက်ခွင့် မရတာ သူမအတွက် ဒူးပြဲနာထက် ဆိုးပါတယ်။ သူမ သက်တန့်ကို မြင်ရနိုးနဲ့ ထွက်ချင်ခဲ့တာပေါ့။ ခြံထဲမှာဆို သစ်ပင်တွေက အုံ့နေတော့ သက်တန့်ပ်ါလာရင် သေချာ မမြင်ရဘူး လမ်းပေါ်က ထွက်ကြည့်မှ ပိုမြင်ရမယ်လို့ ထင်နေတာကိုး။
           ငယ်ရွယ်စဉ် ဘဝက သက်တန့်ကို တွေ့ရခြင်းကိုက သူမအတွက် ကြီးမားတဲ့ ပျော်ရွှင်ခြင်းလေ။ သူမရဲ့ ကြီးမားတဲ့ ပျော်ရွှင်ခြင်းကို အမေရဲ့ ချစ်လို့  စိုးရိမ်ခြင်းက တာဆီး ထားသလို ဖြစ်တာကြောင့် သက်တန့်ကို ထွက်စောင့် ခွင့်မရလို့ သူမ မကျေနပ် ဖြစ်ရပါတယ်။
                                   ဒါကို သိတဲ့  အစ်ကိုက သူအားတဲ့ စနေ၊ တနင်္ဂနွေဆိုရင် အတူ လမ်းမ ထွက်ခွင့်ရအောင် အဖော်ပြုပေးပါတယ်။ စောင့်ကြည့်မယ့် သူ တစ်ယောက် ရှိနေတာမို့ အမေက ကိုလေး ရှိနေရင် လမ်းပေါ်ထွက်တဲ့ အခါ ဘာမှ မပြောပါဘူး။ အမေ ကိုယ်တိုင် သူမကို အဖော်လုပ်ဖို့ ကတော့ ညနေဆို အဖေ ပြန်လာအမှီ ပူပူနွေးနွေး စားရအောင် ညနေစာ ချက်တဲ့ အချိန်ကိုး။
          ကိုလေး … ဒီညနေလည်း သက်တန့် မတွေ့ရဘူးနော်လို့ ဝမ်းနည်းသံနဲ့ ပြောတတ်တဲ့ သူမလေးကို ကိုလေးက သက်တန့် က မိုးရွာပြီးစမှ ပေါ်တတ်တဲ့ အကြောင်း၊ သက်တန့်  ဖြစ်လာပုံ တွေအကြောင်း စိတ်ရှည် လက်ရှည်နဲ့ ပြောပြတတ်ပါတယ်။ နောက်တော့ ကိုလေးဟာ သူမ ကိုယ်တိုင် သက်တန့် လေးတွေ ဖန်တီး လာနိုင်ဖို့ သင်ပြပေးခဲ့ပါတယ်။ 

          ခြံထဲက သဘောင်္ပင်က အရွက် လက်တံတွေကို ချိုး၊ ဆပ်ပြာရည်ကို ဖျော်ပြီး  သဘောင်္ရိုးတံ တစ်ဖက်ကို ဆပ်ပြာရေနဲ့ တို့ နောက်တစ်ဘက်က လေမှုတ်သွင်းလိုက်တဲ့ အခါ ဆပ်ပြာ ပူဖောင်းလေးတွေ ထွက်လာပြီး နေရောင်မှာ မှုတ်ရင် သက်တံ့ သေးသေးလေးတွေကို ဆပ်ပြာ ပူဖောင်းထဲမှာ တွေ့ရတာ သူမ အကြိုက်ဆုံး ကစားနည်း ဖြစ်လာခဲ့တယ်။ မိုးပေါ်က သက်တန့် မရှိတဲ့ နေ့တွေမှာ ပူပေါင်းထဲက သက်တန့် လေးတွေနဲ့ သူမ ရောင့်ရဲ့ ပျော်ရွှင် တတ်လာအောင် ကိုလေးက သင်ပေးခဲ့တယ်။ ကိုလေး မရှိသော နေ့တွေ၊ မိုးမရွာသော နေ့တွေ…. သက်တန့် အကြီးကြီးကို ကျွန်မ မမြင်ရသော နေ့တွေမှာလည်း  ပျော်ရွှင်အောင် နေတတ်လာခဲ့ပါတယ်။
          အရွယ်ရောက်ခြင်းနဲ့ အတူ ပျော်ရွှင်ခြင်း ဆိုတဲ့ အဓိပ္ပါယ်က  အချိန်နဲ့ အတူ ရွေ့လျားခြင်း များစွာ…  လိုက်မမှီသော ပျော်ရွှင်ခြင်း များစွာကို ပြေးလိုက်ရင်း သက်တန့် ကို ဖမ်းဖို့ ကြိုးစား တုန်းကလို ခဏ ခဏ ကျွန်မ ဘဝလမ်းပေါ်မှာ ချော်လဲ ကျခဲ့ရခြင်းကလည်း များစွာ….။ ဒဏ်ရာ တွေကို ဆေးမတည့် လို့ အနာ တော်တော်နဲ့ မကျက်နိုင်တဲ့အခါ အနာရင်း လို့ ထပ်တိုးတဲ့ အမျိုးအမည် မသိ နာကျင်ခြင်းပေါင်း များစွာ။ ဒီလိုနဲ့ သူမ တစ်ဖြေးဖြေး အညိုရောင် တိမ်တိုက် တစ်ခုလို ဖြစ်လာခဲ့ရတယ်။
          သက်တန့်ကို မြင်ရမှ ပျော်ရွှင်ခြင်းရဲ့ အဓိပ္ပါယ်ကို သူမ ပြန်လည် တွေးမိလာခဲ့သည်။ ကိုလေး သူမကို  သင်ကြားပေးသော ဆပ်ပြာပူဖောင်း ကလေးများပေါ်မှ သက်တန့်လေးများ၊ သူမ ပိုင်ဆိုင်သော သက်တန့်လေးများကို သူမ သတိရလာသည်။  
          သက်တန့် ဆိုတာ အချိန်အခါ သင့်တဲ့ အခါ ပေါ်လာတာပဲ မဟုတ်ပါလား။ သက်တန့် ကို တွေ့ရဖို့ မိုးသည်းချိန်တွေကို ကျော်ဖြတ်ရတဲ့ အခါတွေလည်း ရှိဦးမည်။ တစ်ခါတစ်လေတော့လည်း ငယ်ငယ်တုန်းက ပျော်ရွှင်ခြင်းကို လမ်းပြသူ သူမရဲ့ ဝမ်းကွဲ အစ်ကို ကိုလေးလို ကိုယ်ချစ်ခင်တဲ့ သူတွေရဲ့ ပျော်ရွှင်ခြင်းကို လမ်းပြသူ ကိုလည်း သူမ အနားမှာ ရှိဖို့ လိုအပ်သလို.. လိုအပ်တဲ့ သူတွေကိုလည်း လမ်းပြပေးနိုင်သူ ဖြစ်အောင် ကြိုးစားပေး ချင်သေးသည်။

          သူမသည် တစ်ခါ တစ်ရံမှသာ ပေါ်လာသော သက်တန့်ကြီးကို မျှော်လင့် စောင့်စားခွင့် ပိုင်ဆိုင်ခွင့် ရှိသေးသလို ကိုယ်ပိုင် သက်တန့်ငယ်လေးများစွာကိုလည်း ဖန်တီး ပျော်ရွှင်နိုင်အောင် ကြိုးစားရဦးမည်။  ပျော်ရွှင်ခြင်းကို ဖမ်းဆုပ်ဖို့ ကြိုးစားရင်း လဲကျ ခဲ့ရင်လည်း ငိုနေရုံနဲ့ မပြီးဘဲ သဘာဝကျကျ ကုစားနိုင်အောင် ကြိုးစားရဦးမည်။ ပျော်ရွှင်ခြင်းကို ရရှိဖို့ အတားအဆီးများစွာ ရှိနေခြင်းကိုလည်း ဖောက်ထွက် ကျော်လွှားနိုင်တဲ့ နည်းလမ်းများ ရှာရဦးမည်။
          ရောင်စုံ သက်တန့်ကြီး ဆီကို လက်နဲ့ မှန်းဆ ထိတွေ့ ကြည့်မိရင်း အားအင်တွေ သူမ ဆီကို  စီးဝင်လာသလို ခံစားမိသည်။ ဘဝ မုန်တိုင်းတွေ ပြီးဆုံး သွားတဲ့ အခါ မိုးစဲ နေနဲ့အတူ သက်တန့် ကြီး ပေါ်လာပါ လိမ့်မယ်။ စောင့်စား ပျော်ရွှင်တတ်ဖို့သာ လိုအပ်တာ မဟုတ်လား။  ဘဝရဲ့  အဓိပ္ပါယ်ဟာ ရှင်သန်ခြင်းမှာ ပျော်ရွှင်ခြင်း ပေါင်းစပ်ထားဖို့ပဲလေ။


0 comments: