My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, May 8, 2013

အိပ်မက်ချို



ကားကလေးက မိုးရေတွေထဲတွင်  ခန့်မှန်းမရတဲ့ အမြန်နှုန်းနဲ့တရိပ်ရိပ် ပြေးနေ ပေမယ့် ကျွန်မ စိတ်ထဲမှာ  လုံးဝ စိုးရိမ်စိတ်မရှိ၊  စိုးရိမ်မှု မရှိမှတော့ ငြိမ်းချမ်းပျော်ရွှင်မှုက  အလိုလို ရပြီးသားပေါ့…
ကားမောင်းနေတဲ့ သူက ဖွင့်ထားတဲ့  သီချင်းကို လိုက်ဆိုရင်း ကျွန်မ ဘက်ကို လှည့်ပြုံးပြတော့ ကျွန်မကလည်း သီချင်းကို ဟန်နဲ့ ပန်နဲ့ လိုက်ဆိုပြီး သူ့ကို  ပြန်နောက်သည်။ ပြီးတော့ ကျွန်မ လက်ထဲမှာ ကိုင်ထားတဲ့ စပျစ်သီးတွေကို သူ့ကို လှမ်းခွန့် သလိုလိုနဲ့ ကိုယ့်ဘာသာ ကိုယ်စားပြီး သူ့ကို နောက်တော့ သူက နှုတ်ခမ်းစူပြီး မျက်မှောင်ကို ကျုံ့ပြတယ်။  ကျွန်မက ကိုယ်နောက်ရတာ ကိုယ်သဘောကျပြီး အားရပါးရ ရယ်လိုက်သေးတယ်လေ။ 
သူက အေးတွေ့ကြသေးတာပေါ့ကွာဆိုပြီး ကားကို ဘယ်ညာ ရမ်းပြီး မောင်းပြတော့ ကျွန်မက မောင်နဲ့ တူတူပဲ ဘာဖြစ်ဖြစ် မကြောက်ပါဘူး ဆိုပြီး… ဝေး  ဆိုပြီး အသံကုန်ဟစ်ပြီး အော်ပြလိုက်သေးပါတယ်။
ဒီလိုဆိုတော့ သူက တကယ် မနိုင်ပါဘူးကွာ.. ကိုယ်ပဲ အရှုံးပေး ပါတယ်  ဆိုပြီး ကား အရှိန်ကို ပြန်လျှော့ လိုက်ရင်း တကယ်တော့  ရှုံးပေးတာ မဟုတ်ဘူးကွ… နှစ်ယောက်လုံး လျောကုန်မှာ စိုးလို့ဆိုပြီး သူက ထပ် ပြောသေးတာ။
နည်းနည်းလောက် ကြာတော့ လမ်းဘေး တစ်နေရာကို သူက ကားထိုးရပ်လိုက်တယ်။  ကားအပြင်ဘက်မှာ အဝါရောင် ပန်းခင်းကြီး။
မိုးစဲနေရဲ့ ရောင်ခြည်တန်း အောက်မှ လှချင်တိုင်း လှနေလိုက်တာများ..
ဟေး.. မောင်က တော်လိုက်တာလို့ အော်ပြောရင်း ကျွန်မ အောက်ကို ဆင်းပြေးသွားတော့.. သူက ကျွန်မ နောက်က ပြေးလိုက်လာသည်။  ကျွန်မကို မှီလာတော့  ကျွန်မ ပုခုံးလေးကို ဖက်လာတယ်။ ကျွန်မကလည်း သူ့ ခါးကို ပြန်ဖက်ထားပြီး ကျွန်မ တို့ နှစ်ယောက် ပန်းခင်းထဲ လမ်းလျှောက်ရင်း ပန်းရနံ့တွေကို သယ်ဆောင်လာတဲ့ လေညင်းကို တစ်ဝကြီး ရှူသွင်းပြီး လွတ်လပ်ခြင်းကို ခံစားကြတယ်လေ။
ကျွန်မက ပန်းပွင့်လေးတွေကို လက်နဲ့ ဖွဖွလေး တွေ ထိကစားတော့ သူက ပန်းလေး တစ်ပွင့် ကျွန်မကို ခူးပေးတယ်။  ပြီးတော့ နောက်တစ်ပွင့်ကို ခူးပြီး ကျွန်မ နားသယ်စပ်နားက ဆံနွယ်လေးတွေကြားထဲ ထိုးပြီး ပန်ပေးတယ်။ နောက်ပြီး ပြောလိုက်သေးတယ်။ ကိုယ့် လောဘနဲ့ လှနေတဲ့ ပန်းလေးတွေကို ဖျက်ဆီးနဲ့ ကြားလား။ ဒီလောက်ဆို တော်တော့တဲ့လေ။
မျက်စိတစ်ဆုံး မြင်နေရတဲ့ ပန်းခင်းကြီးကိုတောင် အလှပျက်မှာ စိုးရိမ်ပေးတဲ့ လက်တွေ့ဆန်တဲ့ သဘာဝသမား   ကျွန်မရဲ့ ချစ်သူ စကားကို ကျွန်မကလည်း ခေါင်းငြိမ့် ထောက်ခံ လိုက်ပါတယ်။
အင်းပါ ဆရာကြီးရယ်… တို့ကို လည်း ဓါတ်ပုံ ရိုက်ပေးပါဦး လို့ ပြောပြီး ပန်းခင်းနဲ့ ကျွန်မတို့ နှစ်ယောက် ဓါတ်ပုံတွေ ရိုက်ကြတယ်။
အေး ဒီပန်းခင်းကြီး ရဲ့ အဆုံးမှာ ဘာရှိလဲဟင်။  လာ တိမ်တွေ လာတတ်တဲ့ ချောက်ကမ်းပါး တောင်စောင်းတွေရှိတယ်။ အဲဒီကို ဘယ်သူ အရင်ရောက်ရောက်  ပြေးကြမယ်။ ကဲ  … သူ့စကားမဆုံးခင် ကျွန်မက စပြေးတော့ သူက လည်း ပြေးပါတယ်။ ကျွန်မထက် အပြေးသန်တဲ့ ကို ကျွန်မက ကျော်တက်နိုင်ဖို့ အရှိန်ကို ထပ်မြှင့် ပြီး  ပြေးကြည့်သေးပေမယ့် ဘယ်လိုမှ မနိုင်တဲ့ အဆုံး..
အားလို့ အသံကုန် အော်ပြီး ပန်းတွေကြား ထိုင်ချ  ပစ်လိုက်တာပေါ့…
လူတစ်ယောက်ရဲ့ ခါးနားကျော် ကျော်ရှည်တဲ့ ပန်းခင်းထဲမှာ အားလို့ အော်ပြီး ပျောက်သွားတဲ့ ကျွန်မကို သူက စိုးရိမ်ပြီး အော်ခေါ် ပါတယ်။  ကျွန်မက ဒီမှာလို့  အသံပေးလိုက်တယ်.. ကျွန်မ အနားရောက်လာတဲ့ သူက ဘာဖြစ်တာလဲ ပြစမ်း ဆိုပြီး ကျွန်မရဲ့ စကပ် အရှည်ကြီးကို ဆွဲမပြီး ခြေကျင်းဝတ် ဆီကို ဘာဖြစ်လဲ ကြည့်တော့..
ကျွန်မက တွေ့လား…. ကျွန်မသာ တစ်ခုခု ဖြစ်သွားမယ်ဆို မောင် ဘယ်လောက် စိုးရိမ်ရရှာမလဲ..လို့.
အဲဒါကြောင့် ဘာမှ မဖြစ်ခင် ကြိုပြီး အော်လိုက်တာ… တို့ကို မထားခဲ့နဲ့ အတူတူ သွားမယ်နော်.
ဘာ တွေ့လား ငါယုံကြည်မှုကို အလွဲသုံးစားလုပ်တာ..
ဘာမှ အလွဲသုံးစား လုပ်တာမဟုတ်ဘူး… မောင် တကယ် စိုးရိမ်ရမှာစိုးလို့ အဲလို မဖြစ်ခင် ဒါကြိုတင် ကာကွယ်လိုက်တာ…
သေဦးမယ်.. ဆိုပြီး သူက ကျွန်မ ခေါင်းကို ပုတ်တယ်။  သူက မခံချည့် မခံသား .. စိတ်လည်း မဆိုးရက် သလို မျက်နှာပေးနဲ့ ကျွန်မကို စောင်းကြည့်တယ်..
ရော့ရော့.. မောင် ပြေးရတာ မောပြီ ဟုတ်လား… ရေသောက် ဆိုပြီး .. လာ ဆက်သွားရအောင်လို့ ပြောပြီး ရေပုလင်း လေးကို သူ့လက်ထဲ  ထိုးထည့်ပြီး သူ့ လက်မောင်းကို  မှီုပြီး လမ်းဆက်လျှောက် ကြတယ်…
ခဏနေတော့ … ပန်းခင်း အလွန် တောင်စောင်း နားက  မြက်ခင်း စိမ်းစိမ်းတွေဆီကို  ကျွန်မတို့ ရောက်လာကြတယ်…
တောင်စောင်း ပေါ်မှာ ထိုင်ရင်း ဟိုး အဝေးက ရှုခင်းတွေဆီ မျှော်ကြည့်ရင်း  သူက သီချင်း တစ်ပုဒ်ကို စဆိုတယ်…
ကျွန်မကလည်း သူနဲ့ အတူတူ လိုက်ဆိုရင်း တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ပြုံးမိကြတယ်..
တစ်ယောက် ကျောကို တစ်ယောက်မှီရင်း ဘာစကားမှ မပြောဖြစ်ပေမယ့်…. တစ်ယောက် ရင်ခုန်သံနဲ့ တစ်ယောက်ရဲ့ ပျော်ရွှင်မှု တွေက  တစ်ယောက်ဆီကနေ နောက်တစ်ယောက် ဆီကို အပြန်အလှန် စီးဆင်းနေကြသလို ခံစား နေကြရတယ်…
သိပ်ချစ်တယ်… ဆိုတာ နှုတ်ဖျားက ပြောစရာ မလိုတော့ သလိုပါပဲ….
နှုတ်ခမ်းတွေက ဘာမှ မပြောဖြစ်ပေမယ့် ပြုံးနေကြတယ်..
မျက်ဝန်းတွေက အချစ်ကို လှစ်ဟပြနေသလို အရောင်တွေလဲ့လို့…
နေဝင်သွားတဲ့ … ကောင်းကင်မှာ… ခဏနေဆို ကြယ်ကလေးတွေတောင် ထွက်လာတော့မလား…
ညနေခင်း  တိမ်တိုက်တစ်ခုက ကျွန်မတို့ ချစ်သူ နှစ်ယောက်ရဲ့ ကြားက ဖြတ်သွားတော့ အေးစိမ့်တဲ့ အထိအတွေ့ကို ခံစားလိုက်ရတယ်…
သူက နောက်သလို ကျွန်မ ကျောမှီထားတဲ့ သူ့ကိုယ်သူ ဖယ်ချလိုက်ပြီး သူ့ကိုယ်ကို လှည့်လိုက်တော့ .. ကျွန်မ သူ့ရင်ခွင်ထဲ ရောက်သွားတယ်…
ကျွန်မတို့ နှစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ အိပ်တန်းတက် ငှက်ကလေးတွေရဲ့ သီချင်းသံတွေကိုလည်း ကြားနေရတယ်..
သာယာကြည်နူးစရာ ကောင်းတဲ့ ညနေခင်း လေးပါပဲ…
ကျွန်မ နှစ်နှစ်ချိုက်ချိုက် ပြုံးလိုက်မိတယ်…. 
သူ့အပြုံးနဲ့ ကျွန်မရဲ့ အပြုံးတို့ ဆုံတွေ့ချိန်လေး...
ကျွန်မ နားထဲမှာ… ငှက်ကလေးတွေရဲ့ အသံတွေ အပြင်… ဂီတသံတွေကိုပါ ကြားလာရတယ်… ကျွန်မ သိပ်ကြိုက်တဲ့ .. ဒါ Mozart ရဲ့ စန္ဒရားလက်သံ မျက်လုံးမှိတ်ပြီး နားထောင် နေရင်း… မျက်လုံး ဖွင့်ကြည့်လိုက်တော့…. အပြာရောင် ကောင်းကင်…. 
ဟင်.. မဟုတ်ပါဘူး…. 
ကျွန်မ အခန်းရဲ့ မျက်နှာကျက်ပဲ… သြော်… ကျွန်မ အိပ်မက်နေတာပါလား….
အိပ်မက်ထဲမှာ ကြားနေရတဲ့  တေးသံကတော့ အပြင်မှာ ဆက်ကြား နေရဆဲပါပဲ…
ကျွန်မ အနားမှာ ဘယ်သူမှ ရှိမနေ..သြော် အိပ်မက်က နိုးလာပေမယ့် .. ကျွန်မ ဆီမှာ  ပျော်ရွှင်မှုလေးတော့ ကျွင်းကျန်နေခဲ့ပါသေးတယ်…
ကျွန်မ ခေါင်းအုံးကို ဖက်ထားရင်း… ရှက်သလိုလို… တစ်ယောက်တည်း ရယ်ချင်သလိုလို…
ကျွန်မအခန်းထဲမှာတော့ Mozart ရဲ့ တေးသွားက  အပြင်က မိုးသံတွေနဲ့ အတူ ပျံ့လွင့်နေတယ်။ 
ကျွန်မ စာဖတ်ရင် Mozart ရဲ့ တေးသွားတွေကို ဖွင့်ပြီး ဖတ်ရတာ အာရုံပို စူးစိုက်မိသလို ခံစားရတာကြောင့်  စာဖတ်တိုင်း ဖွင့်ထားတတ်တာ ကျွန်မ အကျင့်.. 
စာဖတ်ရင်း မိုးရွာလာတော့ မိုးသံတွေကို နားထောင် အိပ်ယာထဲ လှဲစာဖတ်မိလို့ အိပ်ပျော်သွားတာကိုး…
ဘာဖြစ်ဖြစ် လက်တွေ့ဘဝမှာ ဝေးကွာနေတဲ့ ဒီ ရယ်သံလေးတွေနဲ့ ပျော်ရွှင်မှုတွေကို ရလိုက်တဲ့ အိမ်မက်လေးကို ကျေးဇူးတင်လို့   အိပ်ပျော်လို့ ကုန်သွားတဲ့ အခြေအနေတွေကိုဖြင့် ကျွန်မ မနှမျောရက်တော့ပါ…
ဘဝမှာ တစ်ခါတစ်ရံ အတွက်တော့ လှပတဲ့ အိမ်မက်တွေ ဆိုတာ ရှိတယ်လို့ ကျွန်မ လက်ခံ ယုံကြည်မိပါရဲ့…
တရံတခါ ဆီကို တမ်းတရင်း…
လက်တွေ့မှာတော့ … အခန်းထဲ စာအုပ်များရဲ့ အလည်မှာ ကျွန်မတစ်ယောက်တည်းသာ….။

0 comments: