Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Saturday, April 27, 2013
ဘဝကို ဘယ်လို ဖြတ်သန်းမှာလဲ
10:39 AM | Posted by
Phyu |
Edit Post
ဒီမှာရှင့်… ကျွန်မပြောမယ့် ဘဝလေးထဲကို ရှင့်ကို ရှင့် နစ်ဝင် စီးမြောပြီး စိတ်ကူး ပုံဖော်ကြည့်လိုက် စမ်းပါနော်…။
ရှင်ဟာ လုံခြုံပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ပတ်ဝန်းကျင်လေးမှာ နေထိုင်ရသူ တစ်ယောက်ပါ။ ပတ်ဝန်းကျင်က
လူတွေနဲ့လည်း သိကျွမ်း ခင်မင်တယ်။ ရှင်နေတဲ့ ပတ်ဝန်းကျင်လေးထဲမှာ တစိမ်းလို့ ခေါ်ဆိုရမယ့်သူ
မျက်နာစိမ်းတွေလို့ ရှင့်စိတ်ထဲမှာ သတ်မှတ်ထားတဲ့လူ မရှိသလောက် တစ်ယောက်နဲ့ တစ်ယောက်
သိကျွမ်းကြတယ်လေ။ အဲဒီ ပတ်ဝန်းကျင်မှာ ရှင့်ကို
ထိခိုက်အောင် လုပ်မယ့် သူ မရှိဘူးလို့ ယုံယုံကြည်ကြည်နဲ့ နေ့ရောညပါ လွတ်လွတ်လပ်လပ် သွားလာနေထိုင်နိုင်တယ်။ ရှင်အလုပ်သွားလို့
ရှင့် အိမ်မှာ တစ်ယောက်ယောက် တစ်ယောက်တည်း ကျန်ခဲ့လို့ပဲ ဖြစ်ဖြစ်ဒါမှမဟုတ်အိမ်မှာလူမရှိလို့ပဲ ဖြစ်ဖြစ် နောက်ကြောင်းမအေး ဖြစ်နေစရာမလိုပါဘူး။
ရှင့် အလုပ်ဆီကိုလည်း ရှင် စက်ဘီးနဲ့ပဲ ဖြစ်ဖြစ်၊ လမ်းလျှောက်ပြီးတော့ ပဲ ဖြစ်ဖြစ် သွားနိုင်မယ်။ ဒါမှ မဟုတ် ရထားတို့ ကားတို့ စီးသွားရတယ် ဆိုရင်လည်း လမ်းမှာ ရှင် သက်တောင့် သက်သာ တစ်ခုခုကို တွေးပြီးတော့ ပဲ ဖြစ်ဖြစ် စာဖတ်ပြီးတော့ပဲ ဖြစ်ဖြစ် စိတ်အေးလက်အေး သွားလိုက်ယုံပဲ။ ရှင်လုပ်ရတဲ့ အလုပ်ကလည်း ကိုယ့်အတွက် စိတ်ဝင်စားစရာ ကောင်းတယ်။ ဝင်ငွေကလည်း စားဝတ်နေရေးကို ပြေလည်စေတယ်။ သူတပါးတွေကို ထိခိုက်စေတဲ့ အလုပ်မျိုးမဟုတ်ဘဲ အများကိုတောင် အကျိုးပြုသေးတယ်။ ရှင့်အလုပ်က အလုပ်ချိန်ထဲမှာတင် နစ်မြှုပ်နေရတဲ့ အလုပ်မျိုးမဟုတ်ဘဲ လုပ်ဖော် ကိုင်ဖက် အချင်းချင်း ချစ်ချစ်ခင်ခင် စကားပြော နှီးနှောဖလှယ် နိုင်တဲ့ လုပ်ငန်း ပတ်ဝန်းကျင်ကို တည်ဆောက် နိုင်တဲ့ အခြေအနေပါ ရှိတော့ လုပ်ငန်းခွင်က နေပျော်စရာ ကောင်းနေပြန်ရော။ ရှင့်အတွက် မိသားစုအတွက် သူငယ်ချင်းတွေနဲ့ တွေ့ဖို့ အတွက် အားလပ်ချိန်ဆိုတာ သီးသန့် ရှိတယ်။ နောက်ပြီး တခြား ရှင်စိတ်ဝင်စားစရာ အလုပ်တွေကို လုပ်ဖို့ အချိန်ရှိတယ်။ အိမ်မှာ သီးပင်စားပင်၊ ပန်းပင်လေးတွေ စိုက်မယ် ဒါမှမဟုတ် ပန်းချီဆွဲမယ်။ လူမှုရေး လုပ်ငန်းတွေ လုပ်ဖို့ အချိန်လည်း ပေးနိုင်တယ်။ ဒါမှမဟုတ် တရားဓမ္မ ဆွေးနွေးစရာ အချိန် အပတ်စဉ် ရှိတယ်။ နေ့စဉ် အားကစားလေ့ကျင့်မှုလည်း လုပ်နိုင်တယ်။ တစ်နှစ်တစ်ခါလောက် မရောက်ဖူးတဲ့ နေရာကို ခရီးသွားမယ်။ သင့်ဟာ သင်နေထိုင်နေတဲ့ ပတ်ဝန်းကျင်နဲ့ အမြဲ ဆက်သွယ်ပြီး အလိုက်သင့် လှုပ်ရှားနေတဲ့ ဘဝမို့ သင့်မှာ မိတ်ဆွေ ကောင်းတွေလည်း အများကြီး ရှိတယ်။ ပူပင်စရာတွေ သောကတွေ မရှိ၊ အလျင်လိုမှုတွေ ငြူစူမှုတွေမရှိဘဲ သင့်စိတ်မှာ လုံခြုံနွေးထွေးနေပြီး ကိုယ့်ဘဝကိုယ် ကျေနပ်နေမယ်။ စိတ်ချမ်းသာတဲ့ လူတစ်ယောက် ဖြစ်နေလိမ့်မယ်။ |
ဘယ်လောက်နေပျော်စရာ ကောင်းမယ့် သူတစ်ယောက်လဲနော်။
ကဲ… စိတ်ကူးယဉ် ကမ္ဘာထဲက ထွက်လိုက်ပါတော့။ လက်တွေ့ ဘဝနဲ့ ပြန်နှိုင်းယှဉ်ကြည့်ရအောင်ပါ။
ကျွန်မတို့ရဲ့ လက်တွေ့ နေထိုင်ရတဲ့
ဘဝမှာ ဘယ်လိုများ တွေ့ကြုံရင်ဆိုင်နေရပါသလဲ။ ကျွန်မတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်က လုံခြုံတယ်လို့
ခံစားရလား။ ကျွန်မတို့ အိမ်နီးနားချင်းတွေကရော ခင်စရာ ကောင်းကြလား။ ယုံကြည်ရတဲ့ သူတွေလား။
အလုပ်ကိုရော ကိုယ် စိတ်ဝင်စားတဲ့ အရာတွေကို လုပ်နေရလား။ ဒါမှ မဟုတ် ငွေကြေးအတွက် သက်သက်ပဲ သူတပါးကို ထိခိုက်စေတဲ့ အလုပ်မျိုး ကိုယ်သိပ်မနှစ်သက်တဲ့
အလုပ်မျိုး ဖြစ်နေပေမယ့် လခကောင်းတာကြောင့်
လုပ်နေမိသလား။ အလုပ်ထဲမှာပဲ နစ်မြုပ်ပြီး တခြားအရာတွေ အတွက် အချိန်မပေးနိုင်ရာက စိတ်ထွက်ပေါက်လိုလာပြီဆိုရင်
ကလပ်တက်၊ ကာရာအိုကေသွား၊ ဘီယာသောက် တာမျိုးကပဲ စိတ်အပန်းဖြေစရာ သက်သက် ဖြစ်နေလား။ နေစဉ်
စားသောက်ဖို့၊ လစဉ် အိမ်လခဖိုး အပြင် အပြင်ထွက်ရင် အဝတ်ကောင်းစားလှ ဝတ်မှ လူတောတိုးမှာမို့
အဝတ်အစားအတွက် ၊ အလှကုန် ပစ္စည်းတွေအတွက် သုံးဖို့ ငွေကိုပါ တွက်နေရလား။ လားပေါင်း များစွာ
ကျွန်မတို့ကို ကျွန်မတို့ ပြန်မေးဖို့ရာ ရှိပါတယ်။ ကျွန်မတို့ နေ့စဉ်ဘဝကို ဘာနဲ့ မောင်းနှင်နေကြတာပါလိမ့်။
ငွေပါ။
အဖြေက တစ်မျိုးတည်း ပါပဲ “ငွေ ဆိုတဲ့ ပိုက်ဆံ” ပါ။
လောကမှာ ငွေနဲ့ပဲ
မောင်းနှင်အောင် လုပ်နေတဲ့ လူတွေကို ငွေနောက် လိုက်အောင် လုပ်နေတဲ့ စနစ်ကြီး ကြောင့်
ကျွန်မတို့ အားလုံး စနစ်ရဲ့ ကျေးကျွန် ဘဝနဲ့ ငွေနောက်လိုက်ရင်း ကိုယ့်ဘဝဟာ ငွေ။ ငွေသာလျှင်
ကိုယ့်ဘဝ ဆိုတဲ့အတိုင်း လည်ပတ် အသက်ရှင်နေရပါပြီ။ လူဖြစ်ရတာ တန်ပါသေးရဲ့လားလို့ ကျွန်မ
ကို ကျွန်မ ပြန်မေးကြည့်မိပါတယ်။
တကယ်တော့ ကျွန်မ စိတ်ကူးယဉ်ကြည့် ခိုင်းတဲ့
ဘဝကြီးကို ကျွန်မတို့ ကသာမရနိုင်တော့ ဘူးလို့ ထင်ရသယောင် ရှိပေမယ့် ကျွန်မတို့ အဖိုးအဖွားတွေကတော့
တကယ် ပိုင်ဆိုင်ခဲ့ကြပါတယ်။ ကျွန်မ ငယ်ငယ်က နယ်က အဖိုးအဖွားတွေနဲ့ နေခဲ့တုန်းက သူတို့ရဲ့
လူနေမှု ပုံစံလေးက အဲဒီ အတိုင်းပါပဲ။
ကျွန်မတို့ ခေတ်မှာ ဈေးကွက်ထွန်းကားလာပြီး
စက်မှုတွေ တိုးတက်လာခဲ့တယ်။ ဒါနဲ့ အတူ လူနေမှု ပုံစံတွေလည်း ပြောင်းလဲ လာပြီးတဲ့ နောက်မှာတော့
လူတွေဟာ အရာ အားလုံးကို ငွေနဲ့ တိုင်းတာပြီး ငွေနဲ့သာ တန်ဖိုးဖြတ်ရင်း ငွေရှိမှ ရှင်သန်လို့
ရတဲ့ ဘဝတွေအဖြစ် ပြောင်းရင်း ငွေနောက်လိုက်ကြရတဲ့
လူနေမှု ပုံစံတွေ ဖြစ်လာကြတော့တာပါပဲ။ ဒါဟာ ဖွံ့ဖြိုးတိုးတက်မှု အစစ်လား။ တကယ်ပဲ ကျွန်မတို့ ဘဝတွေ ဖွံ့ဖြိုးတိုးတက်လာတာလား။ ပြန်တွေးကြည့်စမ်းပါ။
ငွေ တစ်ခုတည်း ရှိရုံနဲ့ ကျွန်မတို့ စိတ်ချမ်းသာ ပါရဲ့လား။
တကယ်တော့ ကျွန်မတို့ ဘဝတွေက ငွေရှိမှ
စိတ်ချမ်းသာစရာကို ရှာဖွေ နိုင်မယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်အောင် ဖန်တီးထားတဲ့ အခုခေတ်
စနစ်တွေက အရှုံးအမြတ်သာတွက်ပြီး လောဘနဲ့ မောင်းနှင်စေတဲ့ ဈေးကွက် စီးပွားရေး စနစ်
( Market ) ၊ အဲဒီ ဈေးကွက် စီးပွားရေး စနစ်ကြီးကို လည်ပတ်စေအောင် အထောက်အပံ့ပြုနေတဲ့ လူတွေကို ဝယ်ယူစားသုံးမှုတွေကို ပိုပိုလုပ်လာအောင်
တွန်းအားပေးနေတဲ့ စာသုံးခြင်း ဝါဒ ( Consumerism ) တွေပါပဲ။
ဈေးကွက် ဆိုတဲ့ အရာဟာ ကုန်ပစ္စည်း ဒါမှမဟုတ်
ဝန်ဆောင်မှု တစ်ခုခုကို ရောင်းသူနဲ့ ဝယ်သူတို့ တွေ့ဆုံတဲ့ နေရာ မဟုတ်ပါလား။ ဒီဈေးကွက်ကြီးကို
ချဲ့ထွင်လိုက်တာ တစ်ကမ္ဘာလုံးဟာ ဈေးကွက် ဖြစ်နေပြီလေ။
ကျွန်မတို့ အားလုံးဟာ ဈေးကွက်ကြီးထဲမှာ
ရောင်းသူဖြစ်လိုက် ဝယ်သူ ဖြစ်လိုက်နဲ့ ဗုံလုံတလှည့် ငါးပျံတလှည့် စီးမြောနေရတော့တာပါပဲ။
“ ဒီကြက်ကြော် စားကြည့်စမ်းပါ.. ဆွေးမျိုးမေ့သွားရစေမယ်၊
ဒီ Beer ကသာ သင်နဲ့ သင့် သူငယ်ချင်းတွေရဲ့
ပျော်ရွှင်မှုတွေကို အမှန်တကယ် ပေးစွမ်းနိုင်မှာပါ။ သင် ဒီလို အဆင့်မြင့် Condo အဆောက်အဦးမှာ
နေမှ လုံခြုံ အဆင့်မြင့် သက်တောင့် သက်သာရှိတဲ့ ဘဝကို ပိုင်ဆိုင် နိုင်တော့မှာပေါ့။
ဒီ သွားတိုက်ဆေးကို သုံးကြည့်လိုက်ပါ.. သင့်ခံတွင်းမွေးရနံ့က ချစ်သူကို ဆွဲဆောင်နိုင်လောက်အောင်
ဖြစ်သွားမှာ။ ဒီ ကော်ဖီအရသာကြောင့် သင်ဟာ တစ်နေကုန် လန်းဆန်းနေတော့မှာ။ ဒီ ဆပ်ပြာရည်ကို
သုံးလိုက်ရင် သင့်အသားအရည်က သိသိသာသာ သူများတွေထက် ပိုလှ နေမှာ ယုံလိုက်စမ်းပါ။ ဒီခေါင်းလျှော်ရည်
လေးကို သုံးလိုက်မှ ဆံပင်က ပိုးသားလေးလို နူးညံ့လာမှာလေ။ ဒီတံဆိပ် အဝတ်အစားတွေကသာ သင့်ရဲ့
မြင့်မားတဲ့ အဆင့် အတန်းကို ဖော်ပြမှာ။ ဒီ အလှကုန်လေး သုံးလိုက်ပါ နတ်သမီးလေး တစ်ပါးလို
ဖြစ်သွားမှာ အသေအချာပါပဲ” စတဲ့ ခေတ်မှီတယ်
ဆိုတဲ့ အသုံးအဆောင် ပစ္စည်းတွေ ကုန်ပစ္စည်း အမှတ်တံဆိပ်
ကြော်ငြာတွေရဲ့ ဖြားယောင်းမှု ဒဏ်တွေကို ကျွန်မတို့ နေ့စဉ် ရင်ဆိုင်ရင်း ရုပ်ဝတ္ထု ပစ္စည်းတွေနောက်
တစ်ကောက်ကောက် လိုက်ဖို့ ကိုယ်ခေါင်းထဲမှာ
ဒါတွေ သုံးလိုက်ရမှ ကောင်းတယ်၊ ဒီလို နေရမှ့ အဆင့်အတန်းမီတယ် ဆိုတဲ့ သတ်မှတ်ချက်တွေရဲ့
လွှမ်းမိုးမှု အောက်မှာ ငွေကို တစ်နေ့ထက်တစ်နေ့
တိုးတိုး ရှာဖို့ ကြိုးစားနေရတော့တာပါပဲ။
ကျွန်မ စိတ်ကူးယဉ်ကြည့်ပါလို့ ပြောခဲ့တဲ့
လူနေမှု ဘဝအစား လူတွေရဲ့ ခေါင်းထဲမှာ လူနေမှု အဆင့်အတန်းမြင့်မားမှု၊ ပျော်ရွှင်မှု၊
လူ့ဘဝ အရာသာ ဆိုတာတွေဟာ ရုပ်ဝတ္ထုပစ္စည်း သက်သက်သာ ဖြစ်ပြီး အဲဒီ ရုပ်ဝတ္တုပစ္စည်းတွေ နောက်ကို
အမှီလိုက်ဖို့ ငွေဆိုတာကို မနေမနား ရှာရတဲ့ ခေတ်ကာလကို ကျွန်မတို့ ဖြတ်သန်းနေရတာပါ။
လူတွေရဲ့ ခေါင်းထဲမှာ ငွေပြီး ငွေသာ ရှိတော့တာပါ။ ကျန်တာတွေကို တွေးချိန်မရသလို ကိုယ်တကယ် လိုချင်တဲ့ ဘဝကို ရနေရဲ့လားလို့တောင် ပြန်မေးခွန်း ထုတ်ချိန်မရအောင် ကျွန်မတို့ကို ဖြားယောင်းနေတဲ့ ဈေးကွက်ကြီးရဲ့ မာယာထဲမှာ ကျွန်မတို့ နစ်မြုပ်လို့နေပါပြီ။
လူတွေရဲ့ ခေါင်းထဲမှာ ငွေပြီး ငွေသာ ရှိတော့တာပါ။ ကျန်တာတွေကို တွေးချိန်မရသလို ကိုယ်တကယ် လိုချင်တဲ့ ဘဝကို ရနေရဲ့လားလို့တောင် ပြန်မေးခွန်း ထုတ်ချိန်မရအောင် ကျွန်မတို့ကို ဖြားယောင်းနေတဲ့ ဈေးကွက်ကြီးရဲ့ မာယာထဲမှာ ကျွန်မတို့ နစ်မြုပ်လို့နေပါပြီ။
ငွေကိုသာ အဓိက ထားတဲ့ အတွက်၊ လိုအပ်နေတဲ့
ဘဝက တောင်းဆိုနေတဲ့ ငွေကြေး ပမာဏကို ရဖို့ ကိုယ့် ဝါသနာတွေ၊ တခြားသော ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို
ငွေအတွက် အလဲအလှယ် လုပ်ပြစ်ခဲ့ကြရပါတယ်။ မိသားစုနဲ့ ခွဲပြီး ရေကြည်ရာ မျက်နုရာ ဆိုပြီး
တနယ်တကျေးကို ရွှေ့ပြောင်း အလုပ်လုပ်ရတဲ့ သူတွေ များလာသလို စက်မှုထွန်းကားရာ ဈေးကွက်ကြီးမားရာ
မြို့ပြ ဆိုတဲ့ နေရာတွေမှာ လူနေထူထပ်လာပါတယ်။
အဲဒီနေရာတွေမှာ လူပေါင်းစုံနဲ့ တစ်ယောက်ကို
တစ်ယောက် မသိကျွမ်းကြတဲ့ သူတွေ များသလို ကိုယ့်အလုပ်နဲ့ကိုယ် သိကျွမ်းဖို့လည်း ကြိုးစားချိန်မရှိပါဘူး။ ဒီလို တစိမ်းဆန်တဲ့ ပတ်ဝန်းကျင်ဟာ လုံခြုံမှု ပေးစွမ်းနိုင်ဖို့ နောက်ကြောင်းအေးစေတဲ့ ပတ်ဝန်းကျင် ဘယ်လိုမှ ဖြစ်လာနိုင်မှာ
မဟုတ်တော့ပါဘူး။
ခုနက ပြောခဲ့တဲ့ လောဘ ဆိုတဲ့ လိုချင်စိတ်တွေ
အပြင် လူအချင်းချင်းဟာလည်း ရုပ်ဝတ္ထု ပစ္စည်းတွေကို
ပိုင်ဆိုင်လာတာနဲ့ အမျှ မာနနဲ့ ပြိုင်ဆိုင်တဲ့ စိတ်တွေကလည်း တစ်ချိန်ထက် တစ်ချိန်တိုးလာပြန်ပါတယ်။
အဲဒီ မာနနဲ့ ပြိုင်ဆိုင်လိုစိတ်က မနာလိုစိတ် ဆိုတဲ့ မစ္စရိယစိတ်ကို ထပ်တိုးစေပါတယ်။
ဒါတွေ ရှိနေတဲ့ လူတွေ အချင်းချင်းကလည်း အမှန်တကယ် ချစ်ခင်စိတ်နဲ့ ဆက်ဆံရေးတွေ ရှားပါးလာမှာပါ။
ငွေကိုပဲ ရှာ ရုပ်ဝတ္ထု ပစ္စည်းတွေနောက်လိုက်ရင် အေးချမ်းတဲ့ စိတ် ပျောက်ဆုံးလာမယ် ငါ
ဆိုတဲ့ အတ္တတွေ များလာမယ် ဆိုရင် ကျွန်မတို့
နေထိုင်တဲ့ ဘဝကြီးက ခုဏ စိတ်ကူးယဉ်မိတဲ့ ဘဝနဲ့ တခြားစီ ဖြစ်နေမှာပါ။
နောက်ဆုံး ငွေနောက်လိုက်ရင် ရုပ်ဝတ္တု ပစ္စည်းတွေ နောက်လိုက်ရင် အထီးကျန်ဆန်လာတဲ့ ကိုယ့်ဘဝကိုယ် ပြန်ကြည့်ရင်း ငါ မောလှပါပြီလို့ မခံစားရဘူးလို့ သင့်ကိုယ်သင် ပြောနိုင်ပါရဲ့လား။
အပေါ်မှာ ကျွန်မတို့ စိတ်ကူးယဉ်တဲ့ စိတ်အေးချမ်းပြီး မျှတတဲ့ လူနေမှုနဲ့ ဘဝကို ရဖို့က ကိုယ်နေထိုင်ရာ အစိုးရရဲ့ ပေါ်လစီတွေနဲ့
ဆိုင်တယ်လေ.. ဟိုဟာလေ…ဒီဟာလေနဲ့ ပြောစရာတွေတော့ အများကြီး ရှိတာပေါ့..
ဒါပေမယ့် ဒါတွေကို ခဏနား ကိုယ်ဘာလုပ်နိုင်သလဲလို့
ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရင်..
ငွေနောက်လိုက် ရုပ်ဝတ္တုပစ္စည်းတွေနောက်
လိုက်နေတဲ့ ကိုယ့်လောဘကို အရှိန်သတ်ကြည့်ပါ။
လိုတာလောက်ပဲ ဝယ်ပြီး လိုအပ်တာနဲ့ လိုချင်မှုကို ခွဲခြားနားလည်ပြီး အသုံးနဲ့ အဖြုံးကို
ဆင်ခြင်ကြည့်ပါ။
သဘာဝကို နားလည် ချစ်ခင်တတ်အောင် ကြိုးစားပြီး သဘာဝတရားနဲ့ အနီးစပ်ဆုံး
ဖြစ်အောင် နေထိုင်ကြည့်ပါ။
ငါရယ် ငါ့မိသားစုရယ် ဆိုတာထက် လူ့အသိုင်းအဝိုင်းအကျိုးကိုပါ
ရှေးရှုနေထိုင်ကြည့်ပါ။
အပေါ်က စိတ်ကူးယဉ်တဲ့ ဘဝ ချက်ချင်း ရောက်မလာသေးရင်တောင်
သင်စိတ်ချမ်းသာလာမယ် ဆိုတာကိုတော့ ယုံကြည်ပါ။ ချမ်းသာခြင်း အစစ်ကို တကယ် တွေ့လာရပါလိမ့်မယ်။ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်ဘဝဆိုတာ ကိုယ်တိုင် တည်ဆောက်ရတဲ့ အရာတွေ မဟုတ်ပါလား။
လူ့အသိုင်းအဝန်းဟာ ပြိုင်ဆိုင်မှု၊
မနာလိုမှု၊ တစ်ကိုယ်ကောင်းဆန်မှု အတ္တ၊ မာနတွေနဲ့ ပြည့်နေရင် ဘယ်လို နေပျော်မှာလဲ။ တကယ်တော့
လူအသိုက်အဝန်းဟာ သဘာဝတရားနဲ့ ပြည့်စုံပြီး လူတွေအချင်းချင်း အပြန်အလှန် ယုံကြည်စိတ်ချစွာ
မှီခို နေကြတဲ့ မေတ္တာတရားနဲ့ ဆက်သွယ် ဆက်ဆံ နေတဲ့ အသိုက်အဝန်း၊ ချစ်ခြင်းမေတ္တာတရား
ထွန်းကားတဲ့ အသိုက်အဝန်းဖြစ်လာမှသာ နေပျော်မှာပဲ။
သင်ဟာ အဲဒီ အထဲက တစ်ယောက်မို့ သင်က
စပြီး လောဘ ဆိုတာကို အတောသတ် ရုပ်ဝတ္တု ပစ္စည်းတွေအစား ဘဝကို ချစ်မြတ်နိုးပြီး ကိုယ့်လူ့အသိုက်အဝန်းကို
မေတ္တာပေးနိုင်တဲ့ ကိုယ်တိုင်လည်း အပေါ်က စိတ်ကူးယဉ်တဲ့ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းကို
ပိုင်ဆိုင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကိုယ်က အရင်
ကြိုးစား ကြည့်ပါလားလို့… တိုက်တွန်းချင်ပါတယ်
ခင်မင်စွာဖြင့်..
ခင်မင်စွာဖြင့်..
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments: