Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Friday, April 26, 2013
မျဉ်းပြိုင်များ
11:18 AM | Posted by
Phyu |
Edit Post
ဒီနေရာမှာ ကျွန်မတို့ ထိုင်နေကျပါ။
ဒီနေ့တော့ ပူလှချည်လား။ လေအေးပေးစက် ဖွင့်မှ ဖွင့်ထားရဲ့ လားလို့ ကျွန်မ တွေးမိတယ်။ ကျွန်မရှေ့က
ကော်ဖီက အငွေ့သေနှင့်နေပြီ။ တကယ်တော့ ချိန်းထားတဲ့ အချိန်ထက် ကျွန်မ တစ်နာရီ ကြိုရောက်နှင့်နေခဲ့တာလေ။
တည်ငြိမ်ဖို့အတွက် အချိန်လိုတယ် မဟုတ်လား။
ကော်ဖီဆိုင်ရဲ့ လှေကားပေါ် လူတစ်ယောက်
တက်လာတဲ့ ခြေသံကို ကျွန်မ ကြားနေရသည်။ ဒါ သူ့ခြေသံမှန်း ကျွန်မသိပါသည်။ လူတိုင်း လာနိုင်တဲ့
နေရာ ဖြစ်သလို ဆိုင်မှာ ဝန်ထမ်းလေးတွေ တက်လိုက် ဆင်းလိုက် လုပ်နေတဲ့ လှေကားက ခြေသံ
တစ်ခုကို ကျွန်မ တတ်အပ်ပြောနိုင်တာ မအံ့သြလိုက်ပါနဲ့။ သူဆိုတာ ကျွန်မ ကျွန်မ အတွက်
ဘယ်သူနဲ့မှ မတူတဲ့ ကျွန်မရဲ့ ချစ်သူလေ။ ကျွန်မ ချစ်ရတဲ့ သူ ။
ကျွန်မလှည့်မကြည့်မိဖို့ ကြိုးစားရင်း
လက်က နာရီကို ငုံကြည့်နေမိတယ်။ သူ နာရီဝက် စောလာတာပါလား။ သူထက် စောစွာ ကျွန်မက ရောက်နှင့်နေပြီလေ။
သူ့မျက်လုံးကို တည့်တည့်ကြည့်ပြီး ပြုံးပြ
လိုက်သည်။ ကျွန်မ ပြုံးနိုင်ခြင်းကို မနှစ်မြို့တဲ့ လှိုင်းတစ်ခု သူ့ မျက်နှာပေါ်ကို
ဖြတ်ပြေးသွားတယ်။
“ အဲဒီလို မပြုံးစမ်းနဲ့ ဒါ ပြုံးစရာ အချိန်မှ မဟုတ်ဘဲ။
ဟန်ဆောင်တာ မင်းမကျွမ်းကျင်ပါဘူး။”
ပိုက်ဆံအိတ် ကို ခုံပေါ်တင်ရင် မထိုင်ချ
ခင်မှာ .. မောင့်ဆီက ပထမဆုံး စကားသံ ထွက်လာတယ်။ မောင်ရယ် အဲဒီလို ချောင်ပိတ်မိလို့
ပြန်လှန်တဲ့ အလုပ်မျိုး မလုပ်လိုက်ပါနဲ့။ ကျွန်မ မောင့်ကို ဘယ်တုန်းကမှ ချောင်ပိတ်အောင်
လုပ်မယ့်သူ မဟုတ်ရတာ မောင် အသိဆုံး မဟုတ်လား။
“ တို့ အပြုံးက မပီပြင်တာ ဖြစ်ကောင်း
ဖြစ်မှာ.. ဒါပေမယ့် ဟန်ဆောင်တာ မဟုတ်ရပါဘူး။ တို့ တကယ် ပြုံးပြတာပါ။ ဒီလို ပြုံးနိုင်ဖို့
မောင်နဲ့ လာမတွေ့ခင် တို့ တော်တော် ကိုယ့်စိတ်ကို ကိုယ် ပြင်ဆင်ခဲ့ရတာပါ.. တို့ တကယ်
ဟန်မဆောင် ပါဘူး”
သူက ခပ်တွန့်တွန့် ပြုံးတယ်။
“ အေးပါ.. မောင့်ကို မင်း စိတ်ဆိုးနေသေးတယ်လို့
ထင်နေလို့ပါ.. မင်း စိတ်နာနာ နဲ့ ပြုံးမှာ ကိုယ်ကြောက်တယ်”
ကျွန်မ မောင်သောက်ဖို့ အမေရိကာနို ကော်ဖီ တစ်ခွက် မှာလိုက်တယ်။
လည်ချောင်းထဲက ပြောရမယ့် စကားတွေ ပျောက်ရင်း ဆွံ့အ ခြောက်သွေ့လာသည်။ ကျွန်မ ဘာပြော ရမှာ ပါလိမ့်။ မထင်မှတ်ဘဲ ထွက်သွားတဲ့ စကားက .. ကျွန်မ အတွင်း စိတ်ကို လှစ်လိုက်သလို.. ကျွန်မ အသိချင်ဆုံး အကြောင်းကို တည့်တည့် မေးမိသွားသည်။ တကယ်တော့ ကျွန်မ အဲဒီလို တန်းမေးသင့် ပါရဲ့လား .. ကျွန်မ မတွေးနိုင်တော့ပါ။
“ မောင့် ကောင်မလေး အကြောင်း တို့ကို
ပြောပြဦးလေ”
“ ကိုယ်တို့ နှစ်ယောက် တွေ့တာ သူ့ အကြောင်း
ပြောဖို့လား ကိုယ်တို့ နှစ်ယောက် အကြောင်း ပြောဖို့လား”
“ နှစ်ခုလုံးပေါ့မောင်ရာ”
“ ကောင်းပြီလေ.. မင်းပြောစေချင်တဲ့
အကြောင်းက စပြောကြတာပေါ့”
“မောင့် သဘောပါ”
“မင်းကို မောင် တောင်းပန်ပါတယ်..
မင်းကို မောင် သစ္စာဖောက်မိတယ်..ဒါပေမယ့် မင်းကို မချစ်တာတော့ မဟုတ်ဘူး ဆိုတာ မောင့်ကို
ယုံပါ”
လေအေးပေးစက် အခန်းထဲမှာ မောင့် နဖူးပြင်မှာ
ချွေးစို့ နေတာ တွေ့ရတော့ သူမ အားတောင် နာမိတယ်။ တကယ်ဆို မောင့်လောက် အရာရာကို
သွေးအေးအေးနဲ့ ဖြေရှင်းတတ်တာ မောင်ပဲ ရှိတာ။ မောင့်ရဲ့ အဲဒီ အားသာချက် တစ်ခုကိုပဲ ကျွန်မက
အတုယူစရာ တစ်ခုလို အမြဲ သတ်မှတ်ထား ခဲ့တာ။ မောင် ဒီလို ဖြစ်နေတာကို စိတ်မကောင်း ဖြစ်မိပါရဲ့…
ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်မိသူ တစ်ယောက်ရဲ့ ခံစားချက် သူခိုးလူမိတဲ့ ခံစားချက်မျိုး မောင် ခံစားနေရတာလား။
“ ဒါပေမယ့်…. ကိုယ် တို့ မတွေ့ရတဲ့
အချိန်တွေ များလာချိန်မှာ မင်းကို သွေးအေး
လာတယ် .. အဲဒီမှာ သူနဲ့ စတွေ့တာပဲ ..”
ကျွန်မ ကြိုးစားပြီး ခေါင်းငြိမ့်ပြလိုက်တယ်။
မောင်က ကျွန်မကို အကဲခတ်သလို ဝေ့ကြည့်လာတယ်။
“ ဆက်ပြောပါမောင်… မောင့် ကောင်မလေးက
ငယ်တယ်နော်… ငယ်ဂုဏ်နဲ့ ချစ်ဖို့လည်း ကောင်းတာပါပဲ”
“ ဟုတ်တယ်.. သူက ငယ်တယ်.. ချွဲတယ်…
နွဲ့တယ်… ကိုယ်တို့ နီးစပ်လာတယ်.. သူက သိတတ်တယ်.. ကိုယ့်ကို ချစ်တယ်..ကိုယ် သာယာ မိပါတယ်..”
မောင်က စကားကို ရပ်ထားသည်… မောင် နောက်ထပ်ပြောလာမယ့်
စကားအတွက် သူမ တစ်ခုခု ပြောဖို့ လိုမယ် ထင်ပါရဲ့…
“တို့မှာလည်း အပြစ်ရှိပါတယ်မောင်… သူ
မောင့်ကို ချွဲနေတဲ့ အချိန်မှာ တို့က အလုပ်တွေ များနေခဲ့တယ်လေ.. မောင့်ကိုမောင်ချည်း
အပြစ်မတင်ပါနဲ့”
ကြိုပြောလိုက်တဲ့ ကျွန်မ စကားကြောင့်
မောင်က အံ့သြသွားပုံနဲ့ .. ဒီစကားကို ကြားရမယ်လို့
မောင် ထင်မှတ်ထားခဲ့ပုံလည်း မပေါ်ပါ..
“အင်း… ဟုတ်တယ်… ကိုယ်လည်း အလုပ်များပါတယ်လေ…
ကိုယ်အားတဲ့ အချိန်နဲ့ မင်းအားတဲ့ အချိန် မကိုက်နဲ့ အချိန်တွေမှာ ကိုယ့် အနား သူ ရောက်လာခဲ့တာပဲ..
ကိုယ် တောင်းပန်ပါတယ်.. ကိုယ် တကယ် မရည်ရွယ်ဘဲ ဖြစ်သွားခဲ့တာပါ”
ကျွန်မ သူ့လက်ကို တင်းတင်း ဆုတ်ထားမိတယ်။ ကိုယ့်ချစ်သူ နောက်တစ်ယောက်ကို ချစ်သွားတာ နောက် တစ်ယောက်နဲ့
နီးစပ်သွားတာကို ခံနိုင်ရည် ရှိတဲ့ မိန်းကလေးများ
ရှိမယ်လို့ မောင် ထင်နေလို့လား .. ကျွန်မ ရင်ထဲမှာ
ဘယ်လောက်အထိ ဝမ်းနည်း ပြီး ငိုနေလည်း ဆိုတာ မောင် သိရဲ့လား။
“ တို့ အပြစ်တွေလည်း ပါပါတယ်.. ဒါပေမယ့်
မောင်.. မောင့် ချစ်သူဟာ ဘယ်လို လူလည်း တို့ ချစ်သူ မောင်ကလည်း ဘယ်လို လူလည်း ဆိုတာ
တို့တွေ တစ်ယောက်ကို တစ်ယောက် သိပြီးသားမို့ တစ်ယောက် အလုပ်ကို တစ်ယောက် နှစ်သက်ခဲ့ကြတာ အားပေးခဲ့ကြတာပါ။
အခုမှ ဒါကို အပြစ်လို့ ဝန်ခံရပေမယ့် အရင်ကတည်းက သိပြီးသား အပြစ်ပါနော်.. ဒီတစ်ခုတော့
တို့ ပြောပါရစေ”
“ဟုတ်ပါတယ်.. မင်း လုပ်နေတဲ့ အလုပ်တွေကိုလည်း
မောင် နားလည် ကြည်ဖြူ ပြီးသား… မောင့် အလုပ်တွေ အပေါ်မှာလည်း မင်း နားလည် သဘောပေါက်ပြီးသား
ဆိုတာ ပြောစရာမှ မလိုတာပဲ.. မင်း အပြစ်လို့ ပြောတာ မဟုတ်ပါဘူး.. ကိုယ်က အဖြစ်အပျက်ကိုပဲ
ပြောတာပါ။”
ကျွန်မ စိတ်တွေ နဲနဲ တည်ငြိမ်လာပြီ.. ကျွန်မ မောင့်ကို ပြောမယ် ဆိုတဲ့ စကားတွေကို ပြောမှ ဖြစ်တော့မယ်... မဟုတ်ရင် ဒီစကားဝိုင်းဟာ .. ဘယ်လို ဆက်ရမှာလဲ ကျွန်မ မသိတော့ပါ...။ တစ်ယောက်ယောက်မှ မပြတ်သားရင်ဖြင့် မတင်မကျနဲ့ ရှုပ်ထွေးမှုတွေ အပြည့်နဲ့ ဆက်ဆံရေးမျိုးတွေ ကျွန်မတို့ ဆက်လုပ်မိကြတော့မယ်။ ဖြစ်လာတော့မယ်။
“ တို့လည်း အဖြစ်အကို အရှိအတိုင်း ပြောပါရစေမောင်..
မောင်လည်း တို့ကို ချစ်တယ်။ တို့လည်း
မောင့်ကို ချစ်တယ်။ ဒါက အကြွင်းမဲ့ ပါမောင်။ အဲဒီ ချစ်ခြင်း နဲ့ တည်ဆောက်ခဲ့တဲ့ ချစ်ခြင်း
နဲ့ လက်တွဲတွေ ခိုင်မြဲဖို့က ..
ပထမ တစ်ခုက တန်ဖိုးထားမှုပါမောင်။ အမှန်တရား
တစ်ခုက တို့ ပြန်မငယ် နိုင်တော့ ဘူးမောင်၊
ဒါ လောကရဲ့ အမှန်တရားပဲ။ တို့ ၁၈ နှစ် သမီး ပြန်ဖြစ်ချင်လည်း ပြန်မဖြစ်နိုင်ဘူး။ အဲဒီ
အချိန်ရဲ့ ငယ်နုသွယ်လျ တဲ့ အလှမျိုး တို့ မရှိနိုင်တော့ဘူး။ တို့က နဂို သိပ်လှတဲ့ သူလည်း
မဟုတ်ခဲ့သလို နုပျိုမှုကလည်း ပြန်မရနိုင်တော့ဘူး။ မောင့်ရဲ့ ကောင်မလေးလို တို့ မလှနိုင်တော့ဘူး။
ဒါ အမှန်တရား တစ်ခုပါမောင်။ ဒီ အမှန်တရားကို တို့ လက်ခံ နိုင်ရမယ်။ တို့ လက်ခံနိုင်ပါတယ်မောင်
အရွယ်ဆိုတာကို တားမရနိုင်ပါဘူး ။
ဒါပေမယ့် တို့ အရွယ်နဲ့ အတူတော့ ရင့်ကျက်လာနိုင်ခဲ့ပါတယ်။ တို့ အရွယ်နဲ့အတူ
နှလုံးသားရော ဦးနှောက်ပါ အတူ ပြည့်ဝလာအောင် တို့ ကြိုးစား နိုင်ခဲ့ပါတယ်။ အဲဒီ နှလုံးသား
နဲ့ မောင့်ကို အပြည့်အဝ ချစ်ပြီး အဲဒီ ဦးနှောက်နဲ့
မောင့် ရဲ့ ပါရမီဖြည့်ဘက် ဖြစ်အောင် တို့ တတ်နိုင်သလောက် ကြိုးစားခဲ့ပါတယ်။ မောင့်ကို
အပြည့်အဝ နားလည်ပေးနိုင်အောင်လည်း ကြိုးစား နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ မောင့်ကို
ပြုံးပြ နိုင်ခဲ့တာပေါ့မောင်ရယ်။
ကျွန်မ မောင့်ကောင်မလေးကို မနာလို မဖြစ်ပါဘူး။ ဒါပေမယ့်
ဝန်ခံရမယ်ဆိုရင် အရမ်း ဝမ်းနည်း မိပါတယ်။ ကျွန်မ မောင့် အတွက် သူ့လို ကောင်မလေး မဖြစ်နိုင်တော့ဘူးလေ။
သူလည်း ကျွန်မလိုပဲ နောင်တစ်ချိန်မှာ အချိန်နဲ့ အတူ ဦးနှောက်ရော နှလုံးသားပါ ကြီးလာနိုင်ပါသေးတယ်။
မောင် ကံကောင်းခဲ့မယ် ဆိုရင်ပေါ့။ မောင် တန်ဖိုးထားတာနဲ့
တို့မှာ ရှိတာနဲ့ တန်ဖိုးထားမှုတွေ မညီညွတ်ရင်
ကျွန်မ ဝမ်းနည်းရုံကလွဲလို့ ဒီထက်ဘာကို ကြိုးစားလို့ ရဦးမှာတဲ့လဲ။ မောင် ကျွန်မတန်ဖိုး ကို ဘယ်လို နားလည်ထားလဲ ကျွန်မတို့ နှစ်ယောက်ကြားက မြတ်နိုးမှုနဲ့ ချစ်ခြင်းကို ဘယ်လောက် တန်ဖိုးထားလဲ ဆိုတာကို အပေါ်ကိုပဲ တည်ပါတော့တယ် မောင်။
ဒုတိယ အချက်က - ယုံကြည်မှုပဲ မောင်။ လောကမှာ ခန္ဓာကို တည်ဆောက်ပုံ
အမျိုးမျိုးနဲ့ ခံစားမှု မျိုးစုံနဲ့ လူအမျိုးမျိုး ကို တည်ဆောက်ထားတာမို့။ ကျွန်မ
မောင့်ကို ဘာကိုမှ တားမြစ်မှာ မဟုတ်ဘူး။ မောင် ခံစားမိသလို လောကကို ဖြတ်သန်းနိုင်ပါတယ်။
ဒါပေမယ့် ကျွန်မ မှာလည်း ကျွန်မ ခံယူချက်ရှိတယ်။ မောင့်ကို လည်း ပြောပြပြီးသားပါ။
မောင့်ကို တခြား ဘယ် မသတ္တဝါနဲ့မှ မထိတွေ့ရဘူး..လို့ တို့ မပြောပါဘူး။ ဒါပေမယ့် စည်း ထားတာမျိုး ပျော်ပါးရမယ့် နေရမှာ ပျော်ပါးပြီး စောင့်စည်းသင့်တဲ့ နေရာမှာ စောင့်စည်းတဲ့ သူမျိုးပဲ ဖြစ်စေချင်တာပါ။
မောင့်ကို တခြား ဘယ် မသတ္တဝါနဲ့မှ မထိတွေ့ရဘူး..လို့ တို့ မပြောပါဘူး။ ဒါပေမယ့် စည်း ထားတာမျိုး ပျော်ပါးရမယ့် နေရမှာ ပျော်ပါးပြီး စောင့်စည်းသင့်တဲ့ နေရာမှာ စောင့်စည်းတဲ့ သူမျိုးပဲ ဖြစ်စေချင်တာပါ။
တို့ ချစ်သူကို ဟိုလူနဲ့ စိတ်မချ၊ ဒီလူနဲ့ စွတ်စွဲ..
အိပ်မပျော် နောက်ကြောင်း မအေးရတဲ့ သူမျိုး မဖြစ်ချင်ဘူး။ တို့ကြားထဲက ယုံကြည်မှုကို
တို့ တန်ဖိုးထားတယ်။ တို့ သဝန်တိုစိတ်တွေနဲ့ ပြည့်နေတဲ့ ဘဝမျိုးကို မလိုလားဘူး။ ဒါ
မငြိမ်းချမ်းခြင်း တစ်ခုပဲ။ လောကမှာ အရင်းအနှီးဆုံး
နှစ်ယောက်ကြားထဲမှာမှ ငြိမ်းချမ်းရေးမရှိရင် ငြိမ်းချမ်းရေးကို ဘယ်မှာ သွားရှာမှာတဲ့လဲ။
ငြိမ်းချမ်းရေးနဲ့ ယုံကြည်မှုဟာ တစ်ဆက်တည်းလေ။ တို့မောင့်ကို လေးစား ယုံကြည်ချင်တယ်။
နောက်ဆုံး တစ်ချက်က နားလည်မှု ပါမောင်။
လောကမှာ အချိန်တွေ ပြောင်းသလို ဘဝကို ရင်ဆိုင်ရတဲ့ ပုံတွေကလည်း ပြောင်းသွားတတ်တယ်။
လူတစ်ယောက်ရဲ့ ဘဝ ရေစီးကြောင်းတွေကလည်း အချိန်နဲ့ အမျှ ပြောင်းနေတတ်သလို လူတစ်ယောက်
ချင်းစီမှာ လူတို့ရနေတဲ့ဘဝ သူတို့ရှင်သန်ချင်တဲ့ ဘဝပုံစံကြား အမြဲ ကြိုးစားနေကြရတဲ့
သူတွေချည်းပါပဲ။ တစ်ယောက်ရဲ့ ရှင်သန်မှုကို တစ်ယောက် နားလည်နိုင်မှ ရေရှည် ခိုင်မြဲမှာပါမောင်။
အဲဒါကလည်း အပေါ်က ပြောခဲ့တဲ့ တန်ဖိုးတွေနဲ့ ယုံကြည်မှုတွေ ကို အခြေခံမှ နားလည်မှုကို
တည်ဆောက်လို့ ရမှုပါမောင်။
တန်ဖိုးထားမှု မတူညီတော့ရင် ယုံကြည်မှု
နဲ့ နားလည်မှုမရှိတော့ရင် လက်တွဲက မြဲတော့မှာ မဟုတ်ပါဘူး။
တို့ဘဝမှာ မောင်ကို လိုအပ်ပါတယ်။ ဒါပေမယ့်
မောင် မရှိလည်း လို့ အသက်ရှင်နေရဦးမှာပဲ… မောင် မရှိရင် ဝမ်းတော့ နည်းမိမှာပဲ။
တို့ ငိုစရာ မောင့် ရင်ခွင် မရှိပေမယ့်
တို့ ဝမ်းနည်းရင် ငိုဖို့ ရင်ဖွင့်ပေးထားမယ့် သူငယ်ချင်းတွေ ရှိနေတာပေါ့ မောင့် ရင်ခွင်နဲ့
အစားထိုးလို့ မရပေမယ့်.. တို့ ငိုဖြစ်ဦးမှာပဲ။
တို့ဘဝမှာ သူများကို ငိုအောင် လုပ်ဖို့
အကြောက်ဆုံးမို့ တို့ မောင်နဲ့မောင့် ကောင်မလေး အကြောင်းကို ဘာမှ မှတ်ချက်မပေးပါရစေနဲ့တော့။
မောင့်ဘာသာ ဆုံးဖြတ်ပြီး …. မောင် ဘဝကို
မောင် ရှင်သန်ပါလို့ … တို့ သွားတော့မယ်မောင်…
ကျွန်မ စကားကို နားစိုက်ထောင်ရင်း ငေးကြည့်နေတဲ့ မောင်က အလန့်တကြား တားမယ် ဟန်ပြင်
လိုက်တဲ့ အချိန်မှာ…
ကျွန်မ လှေခါး ပေါ်က ပြေးဆင်းလာမိတယ်…
ကျွန်မရဲ့ မျက်ရည်စက်တွေဟာလည်း … အပြင်က
မိုးရေစက်တွေနဲ့ အတူ ရောထွေးသွားတယ်…
ချစ်ခဲကြတဲ့ တစ်လျှောက် တစ်ယောက်ကို တစ်ယောက် ချစ်ခင်ခဲ့ကြတာတွေ.. ကြင်နာခဲ့ကြတာတွေ..
အတူ ကျော်ဖြတ်ခဲ့နေ့တွေ... တစ်ယောက်အတွက် တစ်ယောက် မရှိမဖြစ်လို့ ထင်ခဲ့ကြတာတွေ...အတူ ရှေ့ဆက်ကြမယ့် ဘဝ အိပ်မက်တွေ... အတူယဉ်ခဲ့ကြတဲ့ စိတ်ကူးတွေ... ခုတော့ ...
ကျွန်မတို့ relationship က ဆက်ထုံး
ရှိသော ကြိုးတစ်ချောင်းတော့ ဖြစ်သွားခဲ့လေပြီ…
နှစ်ယောက်လုံး အပြစ် မရှိကြပါ…
သို့တည်းမဟုတ်…
နှစ်ယောက်လုံးမှာ အပြစ်များ ရှိခဲ့ကြမှာပါ…
မောင်… ကျွန်မဆီ ပြန်ရောက်လာ ဦးမှာလား…..
မသေချာပါ…
ပြန်လာမယ် ဆိုရင်တောင် … ကျွန်မက အရင်လိုပဲ တန်ဖိုးထား ယုံကြည် မြတ်နိုးပြီး
နားလည် ပေးနိုင်ဦးမလား… ဘယ်လောက်ကြာကြာ ပြန်တည်ဆောက် ကြရဦးမယ် မသိ… မသေချာ…
ဘာဖြစ်ဖြစ် …မသေချာမှုတွေနဲ့ မျဉ်းပြိုင် တွေလို ကျွန်မတို့ ဘဝတွေ ဆက် ရှင်သန်
နေကြဦးမှာပဲ….
မိန်းကလေး တစ်ယောက်ဟာ... ကိုယ့်ဘဝကိုတော့ ကိုယ်တန်ဖိုး ထားရမှာပဲ မောင်..
ရှုပ်ထွေးမှုနဲ့ ရှင်သန်ရမယ့် ဘဝတစ်ခုကိုတော့ ကျွန်မ မလိုလားဘူး..
အရိုးရှင်းဆုံး ဘဝနဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးထား ရှင်သန်ချင်တယ်..
ရွာနေတဲ့ မိုးစဲရင် နေရောင် လာဦးမှာပဲလေ…
Labels:
ကိုယ်တိုင်ရေး ဝတ္ထု,
အက်ဆေး
Subscribe to:
Post Comments (Atom)
0 comments: