My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, February 6, 2013

စွန့်ဦးတီထွင်မှုနဲ့ လူငယ်



ကျွန်မ စာမရေးဖြစ်တာ ကြာပြီ။ မအားတာကြောင့်ရယ် မအားတော့ တွေးဖို့ အချိန်မရှိ၊ တွေးဖို့ အချိန်မရှိတော့ ရေးစရာ စာတွေလည်း ထွက်မလာတော့ဘူးပေါ့။ ဒါကြောင့် နေ့စဉ်ကိုယ် ရေးချင်တာ လေးတွေကိုပဲ ပေါ့ပေါ့ပါးပါး  ချရေးတော့မယ် စိတ်ကူးလိုက်တယ်။ ဒီနေ့ ကျွန်မ မွန်းလွဲ ၃ နာရီလောက် အိမ်ကနေ လှည်းတန်းဘက်ကို သွားတယ် အလုပ်ကိစ္စ ရှိလို့ တစ်မှတ်တိုင် ကားစီး သွားတယ်။  ကျွန်မ စီးလာတဲ့ ကားက  ထုံးစံအတိုင်း ပွိုင့်မှာ တရေးအိပ် တော့တာပေါ့။ အဲဒီ အချိန်မှာ ကားတံခါး နားကို လူငယ်လေး တစ်ယောက် ကပ်လာတယ်။ ကားဆရာက တံခါးကို ဖွင့်ပေးလိုက်တယ်။ ကျွန်မက လိုင်းကားတွေ ထုံးစံ အတိုင်း ပွိုင့်မှာ လူခိုးတင်တယ် ထင်နေတာ ။ အဲဒီ လူငယ်က လက်မှာ laptop လိုမျိုးလည်း ကိုင်ပြီး တက်လာတာ တွေ့တယ်။ နောက်တော့ အဲဒီ လူငယ်ဆီက အသံထွက်လာတော့မှာ သူ့လက်ထဲက DVD player မှန်း ကျွန်မ သိတော့တယ်။ သူက ဇာတ်ကား တစ်ကားကို ဖွင့်ပြနေတယ်။ ကားပေါ်က လူတွေက အထူးအဆန်း အဖြစ် ကြည့်နေကြတယ်။ သူက ဇာတ်ကား အကြောင်းပြောပြပြီး DVD တစ်ခွေမှ သုံးရာပဲ လို့ ပြောပြီး လိုက်ရောင်းနေပါတယ်။ သူ့ရဲ့  သူများနဲ့ မတူတဲ့ ဈေးရောင်းပုံကြောင့် သဘောတကျနဲ့ ၃ ယောက်လောက်က အားပေးတာ တွေ့ရတယ်။
သူ့ရဲ့ စိတ်ကူး ဆန်းပုံလေးကို ကျွန်မလည်း သဘောကျတာကြောင့် သူ့ကို ရိုက်မယ်နော်လို့ ပြောပြီး သူဈေးရောင်းနေတဲ့ ပုံကို ဓါတ်ပုံရိုက်ယူလာခဲ့တယ်။
တကယ်ဆို ပုံမှန်အားဖြင့် ဒီလို DVD ရောင်းသူတွေဟာ  Bus ပေါ်မှာ ရောင်းတဲ့သူ နည်းပါတယ်။ သူ နေရာအတွက် ပေးရမယ့် ပိုက်ဆံများ မတတ်နိုင်လို့လား လို့တွေးမိတယ်။
အခက်အခဲ တစုံတရာ ကြား ပေမယ့် ဒီလို ဆန်းသစ်တဲ့ သူစိတ်ကူးလေးကို ထုတ်ပြီး ကြိုးစားနိုင်တဲ့ သူ့ကိုလည်း ချီးကျူးမိတယ်။
ဒီလူငယ်လေးကို ဘယ်သူ စိတ်ကူးပေးလိုက်လည်း သူ့ဘာသာ စိတ်ကူးရတာလား လို့လည်း စပ်စုချင်မိတယ်။ ဒါပေမယ့် တစ်မှတ်တိုင်ပဲ စီးဖြစ်တဲ့  ကျွန်မ မေးခွင့်တော့ မကြုံလိုက်ပါဘူး။
သူ့ ကိုယ်ပိုင် စိတ်ကူးဆိုရင် အခွင့်အရေးရှိလာရင် ထူးချွန်မယ့် ဆန်းသစ် တီထွင် နိုင်မယ့် စွန့်ဦးတီထွင် နိုင်မယ့် လူငယ်လေးပဲလို့လည်း တွေးမိတယ်။ သူ့အတွက်လည်း ကံကောင်းပါစေ၊ မမြင်နိုင်တဲ့  အခွင့်အလမ်းကောင်းတွေ ရောက်လာပါစေလို့ ဆုတောင်း ပေးမိပါတယ်။
ကျွန်မတို့ နိုင်ငံမှာ ဒီလို စွန်ဦးတီထွင်လိုသူ  လူငယ်လေးတွေအတွက် သူတို့ အရည်အချင်းတွေကို နေရာမှန် အသုံးချ ပြသခွင့် သာမယ့် အခွင့်အလမ်းတွေ ဖွင့်ထားပေးတဲ့ စနစ်နဲ့ ခေတ်သစ်တစ်ခုကို ဆုတောင်း မျှော်လင့်မိပါတယ်။

0 comments: