Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Monday, October 15, 2012
မြို့ပြ ညနေခင်းများ
5:16 AM | Posted by
Phyu |
Edit Post
-->
အလွမ်းပြေ
ညနေခင်းသည်
လှပသည်ဟု မဆိုသာသော်လည်း ငြိမ်သက်အေးချမ်းနေသည်။ ရေချိုး သနပ်ခါးလေးလိမ်းပြီး
ညနေခင်းကို ပြူတင်းကနေ ငေးရင်း ခံစားနေမိတုန်း လေပြေသယ်ဆောင်လာသော
မိုးကုန်ရနံ့လေးကို ခံစားမိသည်။ အိုး… ဒီရနံ့လေးကို ကျွန်မ လွမ်းနေမိတာပါလား။
ဒီရနံ့လေးကို မခံစားရတာ ဘယ်လောက်ရှိပြီလဲ။ ကျွန်မ အခုနေတဲ့ အင်းစိန်က ကျွန်မ
ငယ်ငယ်ကနေဖူးတဲ့ နေရာကိုး ဒီတောမကျ မြို့မကျ နေရာလေးမှာ ခြံကြီးတွေ ရှိနေတတ်ပြီး
မိုးကုန်စ အချိန်တွေမှာ ခြံရှင်းပြီး သစ်ရွက်တွေ မီးပုံရှို့တတ်ကြ ပါတယ်။
အဲဒီ
မီးရှို့ရာက ထွက်လာတဲ့ အနံ့က
လေထဲရောက်တဲ့အခါ ခပ်သင်းသင်း အနံ့ တစ်ခု အဖြစ် ပြောင်းသွားတတ်တယ်။ အဲဒီ အနံ့လေးကို
ငယ်ငယ်ကရင်းနှီးနေကျ အခုတော့ ဒီ အင်းစိန်ဘက်ကို ပြန်ပြောင်းလာတဲ့ တစ်နှစ်အတွင်း
မိုးကုန်ချိန်ကို ကြုံတာပါ။ မြို့လယ်ခေါင်မှာ
ညနေဆို ရနေကျ အကြော်နံ့ မျိုးစုံနဲ့ ပျားပန်းခတ်နေတဲ့ လူတွေ အစား
ဒီအေးချမ်းငြိမ်သက်တဲ့ ညနေခင်းလေးကို ကျွန်မ နှစ်သက်ပျော်ဝင် နေမိပါတယ်။
သဘာဝတရားကို
ပျော်ဝင်ခံစားလို့ ကြည်နူးခြင်း အဆုံးမသတ်သေးခင်မှာပဲ အဆောင် ပိုင်ဆိုင်သား
ဖွင့်လိုက်တဲ့ ဆူဆူညံညံ သီချင်းသံကြောင့် ကျွန်မ စိတ်ကူးရေယာဉ်ကြောက
ပြန်နိုးလာပါတယ်။ သူကတော့ သူ့ကြောင့် လူတစ်ယောက် အနှောက်အယှက် ဖြစ်သွားတာ မပြောနဲ့
တစ်ဆောင်လုံး သူ့ကြောင့် ညလယ်လည်း လူတွေ
လန့်နိုး ဖြစ်တတ်တာ သိပုံမပေါ်ပါ။ ငယ်စဉ်ကတည်း အလိုလိုက်ခံရသော
သူလုပ်ချင်တတ်တာကိုပဲ လုပ်တတ်သူ၊ မြို့သားပီသစွာ မြို့ပြအထာ ဆူညံသံများနဲ့ အသားကျနေသူ ဒါပေမယ့် စိတ်ကောင်းမရှိတာတော့ မဟုတ် သူများကို
မစာနာ တွေးမပေးတတ်ရုံသာ။ သူ့အာရုံနဲ့သူသာ လိမ့်နေတတ်သူတစ်ယောက်သာ။ သူက အလုပ်နဲ့
တစ်နေရာရာ ( ဘယ်နေရာလည်းတော့ ကျွန်မ မသိ) သွားနေပြီး တစ်ပတ် ၃ ရက်လောက်သာ
ပြန်လာတတ်သူမို့ အဆောင်သူတွေကလည်း ဘာမှ အဆောင်ပိုင်ရှင် ငြိုငြင်မှာ စိုးလို့
ဘယ်သူမှ ထူးပြီး စောတဂ တက်မနေကြပါ။
ကျွန်မကတော့
ကျွန်မရဲ့ တိတ်ဆိတ် ညနေခင်းလေးကို
နှမြောတသစွာ။ သြော် ဒါမျိုး ညနေခင်းလေးက မြို့ပေါ်မှာ နေတဲ့ ကျွန်မအတွက် ရခဲတယ်လေ။
အလုပ်မသွားတဲ့ ညနေပဲ ခံစားခွင့် ရတာကိုး။ တကယ်တော့ မြို့ပေါ်နေ ကျွန်မတို့ ဘဝတွေရဲ့
ညနေခင်းတွေဟာ ကားတိုးရ၊ ပျားပန်းခတ် လှုပ်ရှားနေရတဲ့ လူတွေထဲ ပြေးလွှားရင်း
နေဝင်သွားခဲ့ကြတာပဲ။ ညစာ ဆိုတာကလည်း ညှော်ထဲ၊ ကားမီးရောင်တွေထဲ ၊ ဆူညံသံတွေကြားမှာ
အထီးကျန်ဆန်ပါတယ်။
ကျွန်မ
နယ်က အမေ့ကို မနက်ဖြန် ကားဂိတ်ကနေ လူကြုံပို့လိုက်ဖို့ မုန့် ထွက်ဝယ်ဖို့ သမိုင်းလမ်းဆုံဘက်ကိုသွားဖို့
အိမ်ကနေ ကားဂိတ်ကို လမ်းလျှောက်ရင်း
အပူပင်ကင်းပြီး နွေးထွေးတဲ့ မေတ္တာရိပ်အောက်က ငယ်ငယ် ဘဝကို လွမ်းဆွတ်မိနေတယ်။
သြော်
ရန်ကုန် ညနေခင်း တွေရယ်…
မြို့ပြ
ညနေတဲ့လား
ကားမီးရောင်
နဲ့ငါးကင်အနံ့
ဆူညံသံတွေကြား
အထီးကျန်တဲ့
လမ်းဘေးက
အရသာမဲ့
ညနေစာနဲ့
ခပ်ထွေထွေ
စိတ်တွေ။
လူတွေ
အုံနေတဲ့ ကားမှတ်တိုင်
တင်းတင်းပူးကပ်နေတဲ့
ကားပေါ်က
လူတွေကြားမှာ ရှိနေတာက
သံယောဇဉ်
ထင်နေသလား
မဟုတ်ဘူး…
ဘဝရဲ့
ချွေးစက်တွေ။
မြန်လွန်းတဲ့
မြို့ပြရေစီးကြား
လွှင့်လွှင့်ထွက်သွားတဲ့
တွဲလက်အစုံတွေ။
မျက်နှာချင်းဆိုင်နေရဲ့နဲ့
ဝေးဝေးရောက်နေတဲ့
စိတ်ကူးတိမ်တွေထဲက
လူတွေ။
ငါ
ဒီနေရာမှာ အိမ်ဆိုတာ
ဘယ်လို
အဓိပ္ပါယ်ဖွဲ့ရမလဲ
တွေးရင် မောတယ်..
လတ်ဆတ်တဲ့လေနဲ့
နွေးထွေးတဲ့
နှလုံးသားကို
ငါရှာဖွေဖို့
ခရီးဆက်ခွင့်
မြို့ပြညနေ
ရေစီးထဲ
မြှုပ်တစ်ခါ
ပေါ်တလှည့်နဲ့
မျှော်လင့်နေမိတယ်….
တစ်နေ့နေ့တော့…
တစ်နေ့နေ့ပေါ့…..။
Subscribe to:
Post Comments (Atom)
0 comments: