Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Tuesday, October 16, 2012
ပညာနဲ့သာ ရှင်သန်ပါ
2:35 AM | Posted by
Phyu |
Edit Post
မတွေ့ရတာ
ကြာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ လမ်းမှာတွေ့တော့ သူက ဝမ်းသာအားရ မနက်ဖြန် အားလား
တွေ့ကြရအောင်လို့ ပြောလာပါတယ်။ ကံမကောင်းစွာပဲ ကျွန်မကလည်း အလုပ်ရုံဆွေးနွေးပွဲ
တစ်ခု ၃ ရက်ဆက်တိုက် တက်ဖို့ ကြုံနေတာကြောင့် သူနားလည် လွယ်အောင် ငါ သင်တန်း တစ်ခု
၃ ရက်တက်ဖို့ ရှိနေတယ်။ နောက်အားမှ ငါဖုန်း ပြန်ဆက်လိုက်မယ်လို့ ပြောလိုက်တော့
အမှတ်မထင် သူပြောလိုက်တဲ့ စကားက
ကျွန်မအတွက် တွေးစရာလေးတွေ ပေါ်လာပါတယ်။ သူက နင် ပညာသင်ရမယ့် အရွယ် ကုန်တော့မှာ
ပညာပဲ စွတ်သင်မနေနဲ့ တခြား ကြင်ယာ ရှာတာတို့ ဥစ္စာရှာတာတို့တွေဘက်
အားထည့်ဦးနော်လို့ ဆိုပြီး နှုတ်ဆက် သွားပါတယ်။
ပညာရှာရမယ့်
အရွယ်ကုန်ကာနီးနေပြီတဲ့လား။ ကျွန်မ သူငယ်ချင်း ဆိုလိုတာ ကျောင်းနေ ကျောင်းတက်တဲ့
အရွယ်ကို ဆိုလိုတာလား သူဘာကို ဆိုလိုတာလည်း ကျွန်မ ကောင်းကောင်း တော့ သဘော
မပေါက်လိုက်ပါ။ သူနဲ့ ကျွန်မက အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေ မဟုတ်တာရယ်၊
နောက်ပြီး လေးလေးနက်နက် အကြောင်းအရာတွေကို ဆွေးနွေးလေ့ ရှိတဲ့ သူငယ်ချင်း မဟုတ်တော့လည်း မေးခွန်း
ပြန်ထုတ်ဖို့လည်း မလွယ်ပါ။ ကိုယ်က လေးလေးနက်နက် တွေးပေမယ့် သူက သမန်ကာ ရှန်ကာ
ပြောလိုက်တာလည်း ဖြစ်နိုင်ပါသေးတယ်။ သူ့ကိုတော့ မေးခွန်း ပြန်မထုတ်ဖြစ်ပေမယ့်
ကိုယ်ကတော့ ဆက်တွေး နေမိပါတယ်။
ပညာ
ရဲ့ အဓိပ္ပါယ်
ပညာ၊
ပညာရေး ဆိုတဲ့ အဓိပ္ပါယ်ကို လူတွေက သူတို့ရဲ့ အခြေခံ ၊ ဘဝအတွေ့အကြုံ တွေနဲ့
ယှဉ်ပြီး အဓိပ္ပါယ် အမျိုးစုံ ဖွင့်နိုင်ပါတယ်။ ဖွင့်ကြပါလိမ့်မယ်။ တစ်ချို့က ဘဝဆိုတာ ကျောင်းကြီးပဲ လို့ ပြောပြီး
နေ့စဉ် ကြုံတွေ့ နေရသမျှ ဘဝ အတွေ့အကြုံ၊
နေ့စဉ် လုပ်ငန်းခွင်ကနေ ပညာရှာကြပါတယ်။ ဒါကို ပညာရှင် အခေါ်အရ informal Education -
ကိုယ်တိုင်လေ့လာပြီး ဘဝ တစ်သက်တာ ရှာတဲ့ ပညာမျိုးကို ဆိုလိုတာပါ။ တစ်ချို့ကလည်း
ကျောင်းတက်တာမှ ပညာရှာတာလို့ ယူဆကြသူတွေလည်း ရှိမှာပါ။ ဒါကတော့ Formal Education ပါ။ ကျောင်းမတက်ပေမယ့်
ကျောင်းမှာ သင်တဲ့ ဘာသာရပ်မျိုးကို ပြင်ပ ကိုယ်အဆင်ပြေတဲ့ အခြေအနေမျိုးမှာ ဖန်တီးပြီး
သင်ယူလေ့လာတဲ့ ပုံစံကိုတော့ Non formal Education - ကျောင်းပြင်ပ ပညာရေး လို့
ခေါ်ဆိုနိုင်ပါတယ်။ ဘယ်လို ပုံစံမျိုးနဲ့ ရှာဖွေတဲ့ ပညာပဲ ဖြစ်ဖြစ် ပညာကတော့
လူတစ်ယောက် ဘဝ ရှင်သန်ဖို့ အတွက် အရေးပါတယ် လို့ ကျွန်မတော့ ယူဆပါတယ်။ ဒါကြောင့်
လူတွေဟာ ကိုယ်တိုင် သတိထား မိသည် ဖြစ်စေ ၊ သတိ မထားမိသည် ဖြစ်စေ ဒီ ပုံစံ
သုံးမျိုးစလုံးနဲ့ ပညာကို ဘဝ တစ်လျှောက်လုံး ရှာဖွေ နေကြတာပါပဲ။
ဖွံ့ဖြိုးရေး
နဲ့ ပညာ လေ့လာရှာဖွေနည်း
လူတစ်ဦးချင်းစီရဲ့
ဘဝ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဖြစ်စေ၊ ရပ်ရွာ-ဒေသ-နိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေး
အတွက် ဖြစ်စေ ပညာရေးဟာ အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။ ဒါကြောင့် အဓိက အနေနဲ့
ဖွံ့ဖြိုးရေးအတွက် လူတွေက ကိုယ် ပညာ ဘယ်လို ရှာမလဲ ဆိုတဲ့ နည်းလမ်း တနည်းအားဖြင့်
လေ့လာ သင်ယူမှု ( Learning ) ကို သိနေဖို့ နဲ့ ပညာကို ရှာဖွေတတ် နေဖို့
လိုအပ်တယ်လို့ ကျွန်မ အနေနဲ့ ယူဆမိပါတယ်။ ပညာ ရှာဖွေတဲ့ နေရာမှာ ရှာဖွေနည်း တစ်နည်းထဲကိုပဲ
ပုံသေ မှတ်ထားခဲ့ရင် ပညာရှာနည်း အစစ်မဟုတ်တဲ့ အတွက် မျက်လုံး တစ်ဖက်
ကန်းနေသူတွေလို ဖြစ်နေပါလိမ်မယ်။ ဒါဆိုရင် သူတို့ တိုးတက် သင့်သလောက် တိုးတက်မှာ
မဟုတ်တော့ ပါဘူး။ အထက်မှာ ပြောခဲ့တဲ့ အခြေခံ နည်းသူနည်း မှာ တစ်နည်းကိုပဲ
ပုံသေ မှတ်ထားတယ် ဆိုပါစို့။ ကျောင်းတက်ပြီး ကျောင်းထဲမှာပဲ ပညာရှာတာကိုပဲ
ပညာရှာတယ် မှတ်ထားရင် တကယ့် လုပ်ငန်းအတွေ့အကြုံပိုင်း အားနည်း ပြီး စာအုပ်ထဲက သီအိုရီ
( ပုံသေနည်း) တွေလောက်ကိုပဲ သိတဲ့ သူ ဖြစ်လာရင် တစ်ချိန် သူ လုပ်ငန်းခွင် ဝင်လာတဲ့
အခါ အဆင်မပြေဖြစ်မှုတွေနဲ့ ပိုကြုံရမှာပါ။ ဒါနဲ့ ဆက်စပ်ပြီး ပြောရရင် နိုင်ငံတော်အဆင့်
ကျောင်းပညာရေး စနစ်တွေမှာလည်း လူတစ်ယောက်ရဲ့ ဘဝမှာ တိုးတက်ဖို့ အချက်အလက်တွေအပြင်
လေ့လာသင်ယူနည်းကိုပါ တတ်မြောက်အောင် လေ့ကျင့် သင်ကြားပေးဖို့ လိုတယ် ဆိုတဲ့ ဒီအချက်ကို အလေးအနက် ထည့်သွင်း
စဉ်းစားသင့်ပါတယ်။
ဘာကြောင့် ပညာရှာပုံ တစ်မျိုးထဲနဲ့ မလုံလောက်ရသလဲ
တစ်ဦးချင်း
လူတစ်ယောက်ရဲ့
ဘဝမှာ အသက်ရှင် နေထိုင်ဖို့ အခြေခံအကျဆုံး အရေး အကြီးဆုံးက ဘာလဲလို့ မေးရင် လူတိုင်း ဖြေကြမှာ စား၊ ဝတ်၊ နေ ရေး
ပါပဲ။ ဒါလူတိုင်း သိတဲ့ အချက်ပါပဲ။ ဒါဆို ပညာရေးက စား၊ဝတ်၊နေ ရေး ပြေလည်အောင်
ဘယ်လို လုပ်ပေးနိုင်မလဲ။ ကျွန်မတို့ ဘယ်လို ပညာတွေ လိုအပ်မလဲ။ အရေး၊အဖတ်၊အတွက် အခြေခံ တတ်ကျွမ်းဖို့ လိုပါမယ်။
ဒါတွေကို အခြေခံ မူလတန်းမှာ သင်ကြားနိုင်တာကြောင့် လူတိုင်းဟာ မူလတန်းကျောင်းကို
ဆက်ဆက် တက်မှ ဖြစ်မှဖြစ်မယ် ဆိုတာ နားလည် သဘောပေါက်ကြပါတယ်။ နောက် တစ်ခုက
ကျန်းမာရေး အသိပညာ- လူတစ်ယောက် ကျန်းမာစွာ အသက်ရှင်ဖို့ ဘယ်လို ကိုယ့်ကိုကိုယ်
စောင့်ရှောက်ရမယ် ဆိုတာ နားလည်ဖို့ လိုပါတယ်။ နောက်တစ်ချက်က စီးပွားရှာနိုင်ဖို့
ငွေကို ဘယ်လို ရှာဖွေရမယ်၊ ဘယ်လို နည်းလမ်းတကျ ရှာဖွေမှ ရေရှည်အတွက် ကောင်းမွန်တဲ့
အခြေအနေဖြစ်တယ် ဆိုတာမျိုးကို သိရှာ နားလည် သဘောပေါက်ရပါမယ်။ နောက်တစ်ခုက
ပေါင်းသင်းဆက်ဆံရေးပါ။ ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ သဟဇာတ ဖြစ်အောင် ဘယ်လို
ဆက်ဆံနေထိုင်ရမယ် ဆိုတာ သဘောပေါက်လာဖို့ပါ။
မိသားစု
လူတစ်ယောက်မှာ
သူတစ်ကိုယ်ရေ ဘဝပြီးရင် မိသားစု ဆိုတာ ရှိပါသေးတယ်။ ကိုယ့်ကို လူတစ်လုံး သူတစ်လုံး
ဖြစ်အောင် စောင့်ရှောက်ခဲ့တဲ့ မိသားစု၊ ပြီးရင် ကိုယ်တိုင် လက်ထပ်ပြီး
တည်ဆောက်ထားတဲ့ မိသားစု စတဲ့ ဆွေမျိုး၊ မိသားစု ဆိုတဲ့ ပတ်ဝန်းကျင် ရှိပါတယ်။ အဲဒီ
ဆွေမျိုးတို့ကို စောင့်ရှောက်ခြင်း၊ မိသားစုကို စောင့်ရှောက်ခြင်းဟာ မင်္ဂလာတစ်ပါး
အဖြစ်ဆိုကြသလို တကယ့် လူ့ဘဝမှာ ဘဝသာယာရေး၊ နေပျော်ရေး အတွက်လည်း အရေးကြီးပါတယ်။
ခုန ကိုယ်တစ်ဦးတည်းဘဝကို ကောင်းမွန်စွာ တည်ဆောက် နိုင်ရုံတင် မက ကိုယ်ဟာ
မိသားစုကိုပါ စောင့်ရှောက်လာနိုင်ပြီ ဆိုရင် လူတစ်ယောက်ဟာ မိမိကိုယ်ကို၊
ကိုယ့်ဘဝကို ကိုယ် ကျေနပ်မှု ပိုရှိလာပါတယ်။ တနည်းအားဖြင့် မိမိကိုယ်ကို လေးစားမှု
( Self Respect ) ပိုရှိလာပါတယ်။ ဂုဏ်သိက္ခာလည်း ပိုတက်လာပါတယ်။ ဒီလိုဆို
လူတစ်ယောက်ရဲ့ ဖြစ်တည်နေထိုင်မှုဟာ ပိုနေပျော်ကောင်းမွန်လာပါတယ်။ ဒါဟာ အခြေခံထက်
တစ်ဆင့် မြင့်တဲ့ ဘဝပါ။ ဒီအတွက် အခြေခံမှာ သိသင့်တဲ့ ပညာတွေထက် ပိုပြီး ပညာရှိတဲ့
သူတွေ လုပ်နိုင်ပါတယ်။
အများအကျိုး
ကိုယ့်ဖွံ့ဖြိုးမှု၊
ကိုယ့်မိသားစု ပတ်ဝန်းကျင် တင်မက ရပ်ရွာ၊နိုင်ငံ နောက်အဆုံး ကိုယ်နေထိုင်ရာ
ကမ္ဘာကြီးကိုပါ ကောင်းကျိုးသယ်ပိုး လာနိုင်ပြီ ၊ လူအများရဲ့ ကောင်းကျိုးကို ဆိုရင်တော့
လူတစ်ယောက်ရဲ့ ဘဝဖြစ်တည်မှုဟာ အကောင်းအဆုံး အနေအထားကို ရောက်ပြီလို့ ကိုယ့်ဘဝကို ကိုယ်စိတ်ကျေနပ်မှု အရဆုံး အသက်ရှင်
နေထိုင်သွားနိုင်ပြီလို့ ဆိုရမှာပါ။ လူတစ်ယောက်ရဲ့ အမြင့်အဆုံး ပညာရှိမှု၊
တကယ့်ကို နှလုံးရည်ရော လက်ရုံးရည်ပါ ပြည့်စုံ ကုံလုံသူ ဥာဏ်ပညာ အမြင့်ဆုံး သူတွေသာ
လုပ်နိုင်ကြပါတယ်။
ဒီလို
စောင့်ရှောက်နိုင်ဖို့ ကျွမ်းကျင်မှုနဲ့ စိတ်ဓါတ်တွေ ရှိဖို့ ဥစ္စာ ဓန
အင်အားရှိဖို့က ကျောင်းတွင်း ပညာရေးရော၊ ကျောင်းပြင်ပ ပညာရေးအပြင် အစဉ်တစ်စိုက်
လေ့လာ သင်ယူ နေတဲ့ ဘဝ တစ်သက်တာ ပညာရေး သုံးမျိုးစလုံးနဲ့ ဆည်းပူး သင်ယူနေဖို့
လိုပါတယ်။ တစ်ချို့အရာတွေကို ကျောင်းက ပေးနိုင်ပေမယ့် တစ်ချို့အရာတွေကိုတော့ ကိုယ်တိုင်
လိုက်ရှာ ရပါလိမ့်မယ်။
ဒါကြောင့် ပညာလို အိုသည်မရှိ ဆိုတဲ့ အတိုင်းပါပဲ ပညာဆိုတာ
အချက်အလက်တွေ တစ်ခုတည်း မဟုတ်ဘဲ အမှားအမှန် သုံးသတ်ခွဲခြား စိတ်ဖြာ
နိုင်စွမ်းကိုပါ ဆိုလိုတယ် ဆိုတာ နားလည် သဘောပေါက်နေရင် ပြောင်းလဲ နေတဲ့ ကမ္ဘာကြီးနဲ့ အမှီလိုက်ဖို့ ၊
မိမိကောင်းကျိုး၊ မိသားစု အကျိုးနဲ့ ကိုယ်နေထိုင်ရာ ကမ္ဘာကြီး အတွက် တန်ဖိုးရှိတဲ့
လူတစ်ယောက် ဖြစ်ဖို့ ဆိုရင် ပညာကို တစ်သက်တာ ရှာဖွေနေရ မှာပါ။ ကိုယ်ဟာ ဘယ်လိုလူ ဖြစ်ချင်သလဲ ဆိုတာကတော့
ကိုယ်ရဲ့ ရွေးချယ်မှုပါ။
ကမ္ဘာပေါ်မှာ ကိုယ့် အသက်ရှင် နေထိုင်မှုဟာ တစ်ယောက်တည်း
အတွက်နဲ့ ပြီးသွားမလား၊ မိသားစု အတွက်နဲ့တင် ရပ်သွားမလား၊ ကမ္ဘာကြီးကို
တာဝန်ကျေသွားနိုင်မလားဟာ သင်ပညာ ဘယ်လောက်ရှိသလဲ အပေါ်မှာ မူတည်နေပါတယ်။ တစ်သက်တာ
ပညာရှာနေဖို့ လိုအပ်ပါတယ်။ ပညာနဲ့ အသက်ရှင်ခြင်းဟာ လောကီရော လောကုတ္တရာ အတွက်ပါ
ကောင်းနိုင်ပါတယ်။
ခင်မင်စွာဖြင့်
အလွမ်းပြေ
Labels:
အတွေးအမြင်,
ဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments: