My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Sunday, October 14, 2012

ရန်ဖြစ်တာ ချစ်လို့




ရန်ဖြစ်တာ ချစ်လို့လို့ ကျွန်မ ပြောရင် ယုံမလား။ ကျွန်မ သူငယ်ချင်း ကောင်မလေးက ဖုန်းနဲ့ ရင်ဖွင့် ပြောလာတယ် သူ့ ချစ်သူနဲ့ သူ ပြတ်စဲရတော့မယ်တဲ့။ တကယ်ဆို သူတို့ နှစ်ယောက် ချစ်လာကြတာ ကြာပြီ။ သူတို့ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် လိုက်ဖက်တယ် လို့ ကျွန်မတော့ ထင်တာပဲ။ ဒီလောက် နှစ်တွေ ရလာတော့လည်း ပြဿနာဆိုတာ အနည်းနဲ့ အများတော့ ရှိမှာပဲလေ။

ဒါနဲ့ ဘာများ ကြီးကြီး ကျယ်ကျယ် ပြဿနာတွေ ရှိနေလဲ ညီမရယ်လို့ မေးကြည့်မိတယ်။ တို့တော့  ချစ်သူတွေကို မကွဲစေချင်ပါဘူး။ ဒါပေမယ့် ညှိမရတဲ့ ပြဿနာတွေ ရှိနိုင်တာ ပေါ့လေ။ ရင်ဖွင့်လို့ ပြေသွားမယ် ဆိုရင်တော့ တို့ကိုပြောပေါ့။ မပြောသင့်တဲ့ အရာတွေ ဆိုရင်တော့ မပြောနဲ့ပေါ့နော် လို့ ညီမလေးကို ပြန်ပြောမိတယ်။

ညီမလေးက အစ်မ ပြောရင်လည်း ယုံမှ မဟုတ်ဘူး။ ကွဲရအောင်လည်း သမီးတို့ ကြားမှာ ကြီးကြီး မားမား ပြဿနာ မရှိဘူး။ ဒါပေမယ့် တွေ့လိုက်တာနဲ့ ဘာမှန်းမသိ ရန်ဖြစ်ကြတာ စကား အကောင်းကို ပြောလို့ မရတော့တာ။ တစ်ယောက်ကို တစ်ယောက် စိတ်မရှည် တော့ မျက်နှာချင်း မဆိုင်ချင်တော့ဘူး။ ဒါနဲ့ ဝေးဝေးလာပြီး ပြတ်စဲ ကြတာပဲ ကောင်းပါတယ်လို့ ဆုံးဖြတ်လိုက်တာ။

ကျွန်မလည်း ကျွန်မ စိတ်ထဲမှာ ခံယူထားတာလေး ညီမလေးကို ပြောပြမယ်နော် ဆိုပြီး ပြောပြမိတယ်။

လူနှစ်ယောက်က အရမ်းရင်းနှီးလာတဲ့ အချိန်မှာ သူဟာ သူတခြားသူ တစ်ယောက်ပါ ဆိုတာ မေ့လာတယ်။ ကိုယ့် ချစ်သူဆို ပိုဆိုးတာပေါ့ ကိုယ်နဲ့ အတူတူ ပဲလို့ စိတ်တူ ကိုယ်တူ ဖြစ်ရမယ် ဆိုတဲ့ အတ္တစိတ်ပါ ပါလာတယ်။ တကယ့် လက်တွေ့ ဘဝမှာတော့ လူတွေဟာ တမိတည်းဖွား၊ တစ်အိမ်တည်းက ကြီးခဲ့သူတွေတောင် မတူနိုင်တာ ဘယ်မှာ ဖြစ်နိုင် မှာတဲ့လဲ။ ဒါကို မေ့သွားကြပြီး ကိုယ် ဖြစ်စေချင်တာကို သူဖြစ်စေချင်တဲ့ အရာ၊ ကိုယ်လုပ်ချင်တာကို သူလုပ်ချင်တဲ့ အရာပဲ မှတ်ပြီး သူ့ကို သူလို့ မမြင်တော့ဘူး ဒါကို တစ်ခြား တစ်ဘက်က ဂရုမစိုက်တာလို့ ထင်လာတယ်။ နောက်ပြီး သူ့စိတ် နာကျင် သွားမလားလည်း မတွေးတော့ဘဲ ကိုယ့်စိတ်ထဲ ရှိတဲ့ အတိုင်းပြောရင်း အခန့်မသင့် တာ့ ရန်တွေ ဖြစ်လာတယ်။ ဒါကို ပွင့်လင်းမှုလို့သာ နှစ်ယောက်လုံးက တွေးပြီး ရန်ဖြစ်တာကို စိတ်နာစရာ အဆင့်အထိ မဖြစ်စေဘဲ ပွင့်လင်းမှု အဆင့်လောက်ကို ဆက်ထိန်းထား နိုင်ရင် သိပ်ကောင်းတဲ့ အခြေအနေလို့ ပြောလို့ရတာပေါ့။ ရန်မဖြစ်ရင်တောင် စိုးရိမ်စရာ ကောင်းသေးတယ်။ ဟန်ဆောင် ပန်ဆောင် အခြေအနေ ဖြစ်နိုင်လို့ပေါ့။  အဲဒါကြောင့် အစ်မကတော့ ရန်ဖြစ်တာ ချစ်လို့ လို့ ထင်တာပဲ။ ရန်ဖြစ်တာ ပြဿနာ မဟုတ်ပါဘူး။ စိတ်နာစရာအဆင့်အထိ ဆွဲမခေါ်ဘဲ ချစ်စရာ အဆင့်မှာ ဖြစ်အောင် ဘယ်လို ထိန်းမလဲသာ နည်းလမ်းရှာပေါ့ဟယ်လို့ ပြောမိပါတယ်။

ချစ်သူနှစ်ဦးက လူမှုရေး ပြဿနာတွေ ရှိနေတာ။ ဘဝဦးတည် ချက်ခြင်း မတူညီနိုင်တာ၊ အတွေးအမြင် ဘဝအခြေခံခြင်း မတူတော့တာ။ စတဲ့… စတဲ့ အခြား ကြီးကြီးမားမား ပြဿနာတွေ မရှိဘဲ ကတောက်ကဆ ရန်ဖြစ်တာ ပြန်ချစ်ဖို့ Refresh လုပ်သလိုတောင် ဖြစ်သေးနော်း) ။

နောက်ပြီး ချိုမြိန်တဲ့ အမှတ်တရ (Sweet Memories ) တွေဟာ အသက်အရွယ်ကို တိုက်စား ပစ်ဖို့ အကောင်းဆုံး ဆေးတွေ ဆိုတာ ဖြစ်နိုင်ပါတယ်။ ငယ်သူငယ်ချင်းတွေနဲ့ ပြန်ဆုံရင် လူတွေက ချက်ချင်း ပြန်ငယ်သွား သလို ခံစားဖူးတယ် မဟုတ်လား။ အဲဒီလိုပဲ ချစ်သူဘဝ အမှတ်တရ တွေဟာ အသက်ကြီးလာရင် ပြန်ပြောဖြစ်ရင် အချစ်တွေ ပြန်နုပျိုလာစေတဲ့ ဆေး ဖြစ်စေသလို၊ အခုလို အဆင်မပြေတဲ့ အချိန်မှာ အဆင်ပြေခဲ့ကြတုန်းက ကိုယ်တွေရဲ့ အမှတ်တရ လေးတွေကို နှစ်ယောက်အတူ ပြန်ပြောဖို့ အချိန်လေး ပေးပြီး ကိုယ်အချစ်ရဲ့ တန်ဖိုးကို ပြန်ဆန်း စစ်ကြည့် ပါလား အခုလို ပြတ်စဲဖို့ ဖြစ်သင့်သလားလို့လေ။ နှစ်ယောက်လုံးက ဒါတွေကို တန်ဖိုးထားသေးတယ် ဆိုရင်တော့ မပြတ်ကြပါနဲ့လား။ ပြန်ပြီး ကြိုးစား တည်ဆောက် ကြည့်ပါလားလို့ အကြံပေးကြည့်မိတယ်။

ဘယ်လိုလဲ စာဖတ်သူတွေရော ဘယ်လို ထင်လည်း ပြဿနာအကြီးကြီး မဟုတ်တဲ့ ရန်ဖြစ်ခြင်းတွေဟာ ချစ်လို့ဆိုတာ လက်ခံမလား။  ချစ်သူတွေကို လက်တွဲ မြဲစေချင်ပါတယ်။ လောကကြီးမှာ ချစ်ခြင်းတရားတွေ စိုးမိုးမှ ငြိမ်းချမ်း လှပမှာ မဟုတ်လား။

ခင်မင်စွာဖြင့်

အလွမ်းပြေ

0 comments: