My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Saturday, October 13, 2012

သင့်နှလုံးသား သန်စွမ်းရဲ့လား

-->


ကျွန်မကို ဘဝမှာ ဘာအရေးကြီးဆုံးလဲလို့ မေးလာခဲ့ရင် ပျော်ရွှင်မှုလို့ပဲ ဖြေချင်ပါတယ်။ ပျော်ရွှင်မှုက ဘာလဲဆိုရင်တော့ အဲဒီ ပျော်ရွှင်မှုကို သင်ကိုယ်တိုင် ဘယ်လို အဓိပ္ပါယ်ဖွင့် ထားလဲ ဆိုတာရဲ့ အပေါ်မူတည် ပါလိမ့်မယ်။

ဘဝမှာ ပျော်ရွှင်မှုကို ရရှိထားဖို့ တစ်နည်းပဲ ရှိပါတယ်။ အဲဒါက သင့်နှလုံးသား တံခါးကို ဖွင့်ထားဖို့ပါပဲ။ တံခါးဖွင့် ထားရင် အပြင်ကနေ ပုံစံ အမျိုးမျိုးနဲ့ ဝင်လာမယ့် အကောင်းရော အဆိုးရောကို ခံနိုင်ဖို့ သင့်နှလုံးသားက သန်စွမ်းရပါမယ်။ လက်ခံနိုင်စွမ်း ရှိပြီဆိုတာနဲ့ သင် နှလုံးသား တံခါးကို ဖွင့်လို့ရပါပြီ။

ကျွန်မကို မေးရင်တော့ ကျွန်မ နှလုံးသား သန်စွမ်းပါတယ်။ ဒါပေမယ့် ကျွန်မ ဆီမှာ ခုန်နေတဲ့ ကျွန်မရဲ့ နှလုံးသား က မွေးကတည်းက သန်စွမ်းခဲ့တာတော့ မဟုတ်ပါဘူး။  ဘဝမှာ အများနည်းတူပဲ ဖြတ်သန်းခဲ့ရပြီးမှ သန်စွမ်းလာခဲ့ရတာပါ။ ဘဝမှာ ခက်ခဲတဲ့ အခြေအနေတွေ၊ အနိုင်ကျင့်ခံရတာတွေ၊ နာကျင်ခံစားရတာတွေ၊ ချစ်တဲ့သူတွေနဲ့ ကွေကွင်းရတာတွေ၊ တစ်ယောက်တည်းအထီးကျန်မှုတွေ၊ ကျရှုံးမှုတွေ အားလုံးကို
စာမေးပွဲ ဖြေသလို ဖြတ်ကျော်ခဲ့ရပြီးမှ သန်စွမ်းလာတယ်လို့ ပြောပါရစေ။

ကိုယ့်ဘဝမှာ ကိုယ်ဘာလိုချင်တာလဲ သိနေရင် ဘဝက နေပျော်ပါတယ်။ ဒါပေမယ့် လိုချင်တာတွေ အကုန်လုံး ရနေလိမ့်မယ်လို့တော့ ဘာကမှာ အာမ မခံထားပါဘူး။
ကိုယ်လိုချင်တာကို မရတဲ့အခါ ဘယ်လို စိတ်နှလုံးကို ထားမလဲ ဆိုတာက အရေးကြီး ပါတယ်။

သင်တကယ် ပျော်ရွှင်တယ် ဆိုရင် သင် နှလုံးသားကို ဖွင့်ထားလိုက်ပါ။

၁။ သင့်ကိုယ်သင် သူများတွေရဲ့ ပေတံတွေကြားမှာ မနေပါနဲ့။ ကိုယ်ဟာ ကိုယ်ပဲ ဆိုတာ နားလည် လက်ခံလိုက်ပါ။ ကိုယ့်ကိုကိုယ် လက်ခံသလို သူတပါးတွေကိုလည်း ပေတံနဲ့ မတိုင်းဘဲ သူတို့ရဲ့ ဖြစ်တည်မှု အတိုင်း လက်ခံလိုက်ပါ။ ကိုယ့်ဖြစ်တည်မှုနဲ့ သူတစ်ပါး ဖြစ်တည်မှု နှစ်မျိုးစလုံးကို လေးစား လက်ခံပါ။

၂။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာတွေကို လူတိုင်း သိပါတယ်။ ဒါပေမယ့် ဘောင်တစ်ခုနဲ့ ကိုယ့်ကိုကိုယ် ကန့်လိုက်တဲ့ အခါ ကိုယ် ဆိုတာ ပျောက်သွားတာပါ။ ဒါကြောင့် ကိုယ့်ကိုကိုယ် ခတ်ထားတဲ့ ခြံတိုင်တွေကို ရိုက်ချိုးပြီး အဲဒီ ခြံရဲ့ အပြင်ကို ရောက်အောင် သွားလိုက်ပါ။ လွတ်လပ်ခြင်းကို တစ်ကယ်ခံစားတတ်ပါစေ။

၃။ ကိုယ်တင်းကြပ်မှုတွေကို ဖြေလျှော့လိုက်ပါ။ လောကမှာ အသက်ရှင်ချိန် ခဏလေး အတွင်းမှာ ကိုယ်လုပ်ချင်တာတွေကို လုပ်ခွင့်ပေးလိုက်ပါ။ ဒါမှ စိတ်ကျေနပ်မှု ဆိုတာ ရလာမှာပါ။  သင် လူ တစ်ယောက်ကို သတိရနေလား သတိရကြောင်း ပြောလိုက်ပါ။ သူ ဆေးလိပ်သောက်ချင်လား သောက်လိုက်ပါ။ သင် ချစ်နေသလား ချစ်ကြောင်း ပြောလိုက်ပါ။ သီချင်း ဆိုချင်လား ဆိုလိုက်ပါ။ ကချင်လား ကလိုက်ပါ။ အလုပ်က ထွက်ချင်နေလား ထွက်လိုက်ပါ။ သင် လူမှုရေး အလုပ်တွေ လုပ်ချင်လား လုပ်လိုက်လေ ကောင်းတာပဲ။
သင် ငါးမျှားထွက်ချင်လား ထွက်လိုက်ပါဦး။

၎။ ကိုယ်လုပ်ချင်တာရဲ့ နောက်ဆက်တွဲကို ကိုယ်တိုင် တာဝန်ယူနိုင်ပါစေ။
လုပ်ချင်တာ လုပ်ပြီးရင် နောင်တ မရပါနဲ့။ အရှေ့မှာ ပြောခဲ့သလို လုပ်ပြီးရင် ရလာဒ်တွေကို တော့ ပျော်ပျော်ကြီး လက်ခံ နိုင်အောင် ကျိုးစားနိုင်ရပါလိမ့်မယ်။ အဲဒီအတွက် သင့် စိတ်နှလုံးက ရင့်ကျက်သန်စွမ်း ရပါမယ်။ သင် သတိရကြောင်း ပြောပေမယ် အဲဒီလူက သင့်ကို သတိရချင်မှ ရမယ် အဲဒါကို သူပဲ သူ့ဖြစ်တည်မှုပဲ လက်ခံလိုက်ပါ။ သင် ချစ်နေတဲ့ သူကလည်း တခြား တစ်ယောက်ကို ချစ်ချင် ချစ်နေနိုင်ပါတယ် လက်ခံပေးလိုက်ပါ။ အလုပ် ထွက်ပြီးရင် ပိုက်ဆံမရှိတဲ့ ဒဏ်ကို ခံစားရမယ် သင်ခံစား နိုင်ရပါလိမ့်မယ်။ သင် ငါးမျှားတော့ ချိတ်မှာ ဖျတ်ဖျတ်လူးနေတဲ့ ငါးကို မြင်ရင် ငါရက်စက်သူကြီးလို့ ကိုယ့်ကိုကိုယ် ပြန်တွေး မိနိုင်ပါသေးတယ် ဒီလို တွေးမိတဲ့ အတွေးကို လက်ခံလိုက်ပါ ဒါလည်း အမှန် တရား တစ်ခုပဲ။

၅။ နောင်တမရပေမယ့် ပြုလွယ် ပြောင်းလွယ်တော့ ဖြစ်ပါစေ။

ကိုယ်လုပ်ချင်တာ လုပ်ရင်း ကိုယ့်ဘာသာ စိတ်ထင် မကောင်းဘူး၊ မကြိုက်တော့ဘူးလို့ ထင်တဲ့ အခါ ဆက်မလုပ်ပါနဲ့တာ့ ကောင်းတယ် ထင်တာကို ပြောင်းလိုက်ပါ။ အချိန်မီ ပြောင်းလိုက်ပါ။ ဥပမာ- သင်ချစ်နေတဲ့ တစ်ယောက်က သင့်ကို မချစ်ဘူး သင်ချစ်တယ်လို့ ပြောပြီးရင် သင့်ကိုယ်ကိုကိုယ် သင်တာဝန်ကျေပါပြီ သူအနှောက်အယှက် ဖြစ်အောင် ဆက်လုပ်စရာ မလိုပါဘူး။ ကိုယ့် စိတ်ချမ်းသာမှုက သူတစ်ပါး စိတ်ချမ်းသာမှုထိခိုက် ပြီဆိုရင် သင်ပျော်ရွှင်မှုက ကြာကြာမခံနိုင်ပါဘူး။ ကိုယ့်ဖြစ်တည်မှု အပြင် သူတစ်ပါးရဲ့ ဖြစ်တည်မှုကိုပါ အသိမှတ်ပြုပါလို့ ပြောခဲ့တဲ့ အတိုင်းပါပဲ။


၆။ လူ့လောကမှာ အကောင်းနဲ့အဆိုး၊ အနိုင်နဲ့အရှုံး ဆိုတာ အမြဲ ဒွန်တွဲနေပါတယ်။ တစ်ခုခုမှာ သင် နိုင်နေပြီဆို သိပ်ဝမ်းမသာပါနဲ့ တစ်ခုခုမှာ သင် သေချာပေါက် ရှုံးနေပါပြီ။ အရမ်းအောင်မြင်နေတဲ့ အဆိုတော် တစ်ယောက်ကို ကြည့်ပါ သူ့ခမျာ လူကြားထဲ လွတ်လွတ် လပ်လပ် သွားလာခွင့် ဆုံးရှုံးသွားပါပြီ။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဟာ လုပ်ငန်းပိုင်းဆိုင်ရာ ညစာ စားပွဲတွေကြားမှာ ညနေတိုင်း မိသားစုနဲ့ အေးအေး ဆေးဆေး အိမ်ထမင်းဟင်း လက်ဆုံ စားခွင့် ဆုံးရှုံး သွားပြီ။  တစ်ခုလိုချင်ရင် နောက်တစ်ခုကို ဆုံးရှုံးခံလိုက်ပါ။ လောဘကြီးလို့ မရနိုင်ပါဘူး။ တစ်ခုကို အနိုင်ရချင်ရင် နောက်တစ်ခုကို ကျေကျေနပ်နပ် အရှုံးပေးနိုင်ရပါမယ်။ မကျေမနပ် ဖြစ်သူက ဘဝမှာ ပျော်ရွင်မှုကို မခံစားရနိုင်တော့ပါဘူး။ အဲဒီတော့ လောကမှာ ဘာကမှ အကြီးအကျယ် စိတ်လှုပ်ရှားစရာ မကောင်းပါဘူး။ ကိုယ်ဘာလိုချင် ရွေးချယ်လိုက်ပါ။ သင့်ရွေးချယ်မှုကို သင်စိတ်ကျေနပ်နေဖို့ပဲ အရေးကြီးတာပါ။  သင့်ရွေးချယ်မှုဟာ သင့်ဘဝပါပဲ။

၇။ ကိုယ် ဘာဖြစ်ရင် ကိုယ့်ဘဝ ကိုယ် ကျေနပ်မှာလဲ။ အကောင်းဆုံး ကြိုးစားပြီး ဖြစ်တည်မှုအပေါ် ကျေနပ်စိတ် ထားတတ်ရင် အကောင်းဆုံးပေါ့။ စိတ်သာရှင်စော ဘုရားဟောပါ။

အဲဒါကြောင့် ဘဝမှာ ပျော်ရွှင်မှုကို နှလုံးသား သန်စွမ်းသူတွေသာ ၊ လောကဓံကို ပျော်ရွှင်စွာ ကျော်ဖြတ်နိုင်တဲ့ သူတွေသာ
ရရှိတဲ့ အရာမို့ ကျွန်မက စာဖတ်သူတွေကို ပျော်ရွှင်မှုကို ခံစား စေချင်တာကြောင့် ကိုယ့်ကိုကိုယ် နှလုံးသား သန်စွမ်းရဲ့လားလို့ မေးခွန်းထုတ်စေချင်တာပါ။

ကျွန်မကိုယ်တိုင်လည်း ကိုယ့် ဖြစ်တည်မှု အပေါ် နားလည်ဖို့ ကျိုးစားရင်း
ကျွန်မ အနားက သူတစ်ယောက်ချင်းစီရဲ့ ဖြစ်တည်မှုကို ချစ်မြတ်နိုးတတ်အောင် ကျိုးစားရင်း နေ့တွေကို ကျွန်မ ဖြတ်ကျော်နေဆဲပေါ့…။

 ခင်မင်စွာဖြင့်

အလွမ်းပြေ

0 comments: