Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Wednesday, October 10, 2012
ဖျားတဲ့ည
7:50 AM | Posted by
Phyu |
Edit Post
-->
-->
မနေ့ညက အကြောင်းကို ပြန်တွေးမိတော့ ကျွန်မကို ဆေးသောက်အောင်နဲ့ အားရှိအောင် လုပ်ပေးခဲ့သူရဲ့ စေတနာနဲ့ မေတ္တာ ကို ကျွန်မ ပြန်တွေးမိလာတယ်။ သူဟာ ဆရာဝန် တစ်ယောက်လည်း မဟုတ်ပေမယ့် လူနာတစ်ယောက်လို ကျွန်မကို အသေးစိတ် ဂရုတစိုက် မမေးခဲ့ဘူးဆိုရင် ကျွန်မ အစားလည်း စားဖြစ်မှာ ဆေးလည်း သေချာ သောက်ဖြစ်မှာ မဟုတ်ပါဘူး။
ကိုယ့်ကိုကိုယ် ဘယ်လို စောင့်ရှောက်ရမယ့်ဆိုတာတောင်
မသိနိုင် မတွေးနိုင် တော့တဲ့ အချိန်တွေကို ကြုံဖူးလား။ အဲဒီလို ဖြစ်တတ်တာ တကယ့်ကို
နေမကောင်းတဲ့ အချိန်ပေါ့။ ကျွန်မ မနေ့ညက ကိုယ်တွေ အရမ်းပူ ၊ ခေါင်းတွေ
အရမ်းမူးပြီး ဖျားခဲ့တယ်။
အဲဒီလို အချိန်မျိုးမှာမှ ကိုယ်တစ် ယောက်တည်း
ဆိုတာကို သတိထားမိပြီး အားငယ် မိပါတယ်။ ကျွန်မ အမေနဲ့ ကျွန်မရဲ့
ချစ်တဲ့ ငယ်သူငယ်ချင်း တွေသာ ကြားရင်တော့ လုပ်ချင်ဦးလေ အပျိုကြီး ဆိုတာမျိုးပဲ
ပြော လေမလား။ ဘာဖြစ်ဖြစ် အခုအချိန်မှာတော့ အမေ့ကို လွမ်းမိတယ်။
ဒါပေမယ့် အသက်ကြီး နေပြီဖြစ်တဲ့ ကျွန်မအမေကို
ဒုက္ခမပေးချင်သလို၊ သူတို့ မိသားစု ကိုယ်စီနဲ့ သူတို့ဘာသာ အလုပ်များနေမယ့်
ကျွန်မရဲ့ ငယ်သူငယ်ချင်းတွေ ဆီကိုလည်း လှမ်းပြီး အပူမပေးချင်ပါဘူး။
တစ်ကိုယ်လုံး နာကျင်ပြီး ခေါင်းမူးနဲ့ အပြင်၊
ခေါင်းထဲကလည်း နာနေတယ်။ လူက လှုပ်ကို မလှုပ်နိုင်တော့တာပါ။ အမှန်တော့ ဒီည
မတိုင်ခင် မနေ့က ညနေကတည်းက လူက ကိုယ် နဲနဲနွေးနေတာ ဒါပေမယ့် ဒီလိုပဲ ဆေးသောက်
သွားလာရင်း ပျောက်တတ်တဲ့သူ ဆိုတော့ ဘိုင်အိုဂျက်ဆစ် တစ်လုံး သောက်ပြီး
အိပ်လိုက်တယ်။
နောက်နေ့မနက် ကလည်း ဘိုင်အိုဂျက်ဆစ် နောက် တစ်လုံး
သောက်ပြီး အလည်လာတဲ့ နိုင်ငံခြားသူ သူငယ်ချင်းကို ရန်ကုန်တစ်ဝိုက် တစ်နေကုန်
လိုက်ပြပေးတော့ မိုးက ရွာလိုက် နေက ထပူလိုက်နဲ့ သူသွားချင်တဲ့ တရုတ်တန်းကို
ပို့ပြီးတဲ့ အချိန်မှာ မျက်လုံးတွေတောင် ဝါးလာသလိုပဲ ကိုယ်ကလည်း တော်တော်ပူနေပြီ။
အိမ်ပြန်ရောက်တဲ့ အချိန်မှာ လူက အိမ်ပေါ်ရောက်အောင်
မနည်း ပြန်တက်ရတယ်။ နောက်ထပ် ဘိုင်အိုဂျက်ဆစ်သောက်ပြီး အိပ်ယာထဲ
မနည်းလှဲချလိုက်ရတယ်။ ခဏနေတော့ ကျွန်မဘေးက ဖုန်းလေးမြည်လာတယ်။ တဖက်ကလူ ကျွန်မ ဖုန်းပြန်ဖြေတဲ့
အသံကို ကြားတော့ တော်တော် လန့်သွားပုံရတယ်။
ကျွန်မကို ဘာစားပြီပြီလဲ ဘာဆေးသောက်ပြီးပြီလဲ လို့
သေသေချာချာ မေးပါတယ်။ နောက်ပြီး အစာစားဖို့ ကျွန်မကို ချော့ပြောတယ်။ အဲဒီ
အချိန်မှာ ခံစားနေရတဲ့ ဝေဒနာကြောင့် ကျွန်မ ဘာစားရမယ် ဆိုတာတောင် မတွေးနိုင်တော့ပါဘူး။
သူက ကျွန်မ မလှုပ်ချင်အောင်၊ ဘာမှ မစားချင်အောင် ဖြစ်နေတယ် ဆိုတာ သူသိပါတယ်။
ဒါပေမယ့် ဗိုက်ထဲမှာ အစာမရှိလို့ မဖြစ်တဲ့
အကြောင်းကို နားဝင်အောင် ပြောရှာတယ်။ နောက်ပြီး ကျွန်မ ခေါင်းထဲ ဟာနေတာကို
သူသိနေသလို အိမ်မှာ ဘာရှိလဲ ဆိုတာကို သူကပဲ တစ်ခုချင်းစီ ရွတ်ပြတယ်။ နောက်ဆုံး
သူရွတ်ပြသမျှ ထဲမှာ “ကွေကာအုတ်” တော့ရှိတယ်ဆိုတယ် ဆိုတာ ကျွန်မ ခေါင်းထဲမှာ
ပေါ်လာတာကြောင့် အင်းလို ပြောလိုက်တော့ သူက အဲဒါလေး ဖျော်သောက်လိုက်လို့ ပြောလာတယ်။
ဒါပေမယ့် ကျွန်မမှာ ရေနွေးမရှိပြန်ဘူး။ ကျွန်မက ဒီအတိုင်း ရေအေးနဲ့ သောက်ချလိုက်မယ်လို့ ခပ်ပေပေ ပြောတော့ အဲဒီလိုဆိုရင် ကျွန်မ အစာအိမ်က နေမကောင်းလို့ အစာမချေ နိုင်တာနဲ့ အဆင်မပြေတဲ့ အကြောင်း ရေနွေးလေးနဲ့ မှ အရည်ပျော်ပြီး အစာအိမ်နံရံတွေထဲ စိမ့်ဝင်နိုင်မယ့် အကြောင်း စိတ်ရှည်ရှည်ထားပြီး သူ့ခမျာ ပြောရပြန်ပါတယ်။
နောက်ပြီး ဆေးသောက်ဖို့ ကြတော့လည်း
ကျွန်မသောက်ထားတဲ့ဆေးတွေက ကာကွယ်ရုံမို့ ဘာဆေးတွေ သောက်ရမယ် ရှိလား ဆိုတာကို
တစ်ခုချင်း ရွတ်ပြပြီး ကျွန်မကို ရှိတဲ့ ဆေးတွေကို သတိရအောင် သောက်ဖြစ်အောင် လုပ်ပေးပြန်ပါတယ်။
ရေနွေးတည်ဖို့ အောက်ဆင်းတော့ ကျွန်မအဆောင်
အောက်ထပ်က အစ်မတွေက ကျွန်မ နေမကောင်းတာ သိသွားပြီး သူတို့ ကိုယ်တိုင်
ရေးနွေးကျိုပေးကြတယ်။ ကျွန်မကို ဆေးသောက်ဖို့လည်း သူတို့မှာ ရှိတဲ့ ဆေးတွေကို
ထုတ်ပေးတယ်။
ကွေကာအုတ်နဲ့ ဆေးသောက်ပြီးသွားတဲ့အခါ ကျွန်မကို
စိတ်ကိုလျှော့ချပြီး စိတ်ချလက်ချ နှစ်နှစ်ချိုက်ချိုက် အိပ်ဖို့ ပြောပါတယ်။ လုံးဝ
အိပ်မပျော်ရင် သူဆီဖုန်းဆက်ဖို့နဲ့ မနက်ဖြန် ဆေးခန်း ဆက်ဆက် သွားဖို့ မှာပြီး
သူဖုန်းချ သွားတဲ့ အချိန်က စပြီး ကျွန်မ စိတ်ထဲမှာ နွေးနွေးထွေးထွေး မိုးသံတွေ
ကြားမှာ အိပ်ပျော်သွားခဲ့တယ်။
ဒီနေ့မနက်မှာတော့ ကျွန်မ အဖျားသွေး ရှိသေးပေမယ့်
ခေါင်းထဲက နာပြီး မူးနေတာတွေ ကိုယ်တွေ နာနေတာတွေ ပျောက်သွားပါတယ်။
မေတ္တာတန်ဖိုး
ကျွန်မ ဒီမနက် နေလုံးဝကောင်းသေးတာ မဟုတ်ပေမယ့်
မနေ့ညကလောက် မဆိုးတော့ တာကြောင့် တော်တော် အားတက်သွားတယ်။
ကျွန်မ ပတ်ဝန်းကျင်မှာ နေမကောင်းတဲ့ သူတွေကို
တွေရင် ဖျားတာလောက်ကို စာမဖွဲ့ မိပါဘူး။ ရောဂါ တစ်ခုခု ရသွားတဲ့ သူတွေကို လောက်ပဲ
အသည်းအသန်လို့ သတိပြု မိတယ်။ ဖျားတာလောက်ဆို အင်း သူငယ်ချင်းရေ ဖျားနေလား
ဆိုတာလောက်ပဲ မေးပြီး ပြီးသွားမိပါတယ်။ တကယ် ကိုယ်ခံစားရတဲ့ အခါ အဲဒီထက် ဆိုးမှန်း
ခံစားမိမှ နားလည်ပါတယ်။ အကူအညီ လိုတယ် ဆိုတာလည်း သတိထားမိတယ်။
မနေ့ညက အကြောင်းကို ပြန်တွေးမိတော့ ကျွန်မကို ဆေးသောက်အောင်နဲ့ အားရှိအောင် လုပ်ပေးခဲ့သူရဲ့ စေတနာနဲ့ မေတ္တာ ကို ကျွန်မ ပြန်တွေးမိလာတယ်။ သူဟာ ဆရာဝန် တစ်ယောက်လည်း မဟုတ်ပေမယ့် လူနာတစ်ယောက်လို ကျွန်မကို အသေးစိတ် ဂရုတစိုက် မမေးခဲ့ဘူးဆိုရင် ကျွန်မ အစားလည်း စားဖြစ်မှာ ဆေးလည်း သေချာ သောက်ဖြစ်မှာ မဟုတ်ပါဘူး။
နောက်ပြီး တစ်ဆောင်တည်း အတူနေတဲ့ အစ်မတွေကလည်း အောက်ထပ်မှာ
ဆိုတော့ သူတိုက်တွန်းလို့သာ ကျွန်မ အောက်ဆင်းသွား မိလို့သာ တစ်ဆောင်တည်း နေတဲ့
အစ်မတွေက ကျွန်မ နေမကောင်းတာ သိသွားတာ မဟုတ်ရင် ကျွန်မ ဘာဖြစ်လို့
ဘာဖြစ်မှန်းတောင် သူတို့ သိကြမှာ မဟုတ်ဘူး။ နေမကောင်းမှန်း သိတော့ အဲဒီ
အစ်မတွေကလည်း မငြိုမငြင် ဝိုင်းပြီး ရေနွေးကြိုပေး ဆေးတွေ ရှာပေးလုပ်ပေးကြတယ်။
အဲဒီနောက်မှာတော့ ကျွန်မ စိတ်ထဲ လုံခြုံမှုကိုပါ
တစ်ဆက်တည်း ခံစားရပါတယ်။ ဖုန်းထဲက အားပေးနေတဲ့ သူ့အသံကို ကြားရတာရယ်။ အောက်က
အစ်မတွေ ကျွန်မ နေမကောင်းတာကို သိနေတာကြောင့်လည်း ပါပါမယ်။ နောက်ပြီး ဆေးလည်း
အသေချာ သောက်မိပြီးသွားတာ တွေကြောင့် ကျွန်မ စိတ်ထဲ အားရှိလာပြီး နှစ်နှစ်
ချိုက်ချိုက် အိပ်ပျော်သွားခဲ့တာပဲ လို့ ပြန်တွေးမိလိုက်တယ်။
နေမကောင်းသူ တစ်ယောက်အတွက် ကိုယ့်ကိုကိုယ်
စောင့်ရှောက်ဖို့ အပြည့်အဝ မတတ် နိုင်တော့တဲ့ အချိန်မှာ လူတစ်ယောက်အတွက်
မေတ္တာတရားနဲ့ ဂရုစိုက်မှုဟာ ကောက်ရိုးတမျှင် ဆိုတာထက်ပိုတယ် ဆိုတာ ကျွန်မ
ကောင်းကောင်း သဘောပေါက်မိ သွားသလို သူနဲ့ အဆောင်အတူနေ အစ်မတွေ ပေးခဲ့တဲ့ မေတ္တာကို
တန်ဖိုးထားပြီး လက်ဆင့်ကမ်းမိမှာပါ။
တစ်ခါတစ်လေ ကျွန်မတို့ မေတ္တာလိုတယ်လို့
မထင်မိတဲ့ သူတွေ မေတ္တာလိုနေကြောင်း သတိထားမိဖို့လည်း လိုသေးတယ် ဆိုတဲ့ ချစ်ခြင်းမေတ္တာ
အကြောင်းကို ဒီနေ့ သူတို့ ကျွန်မကို ထပ်ပြီး သင်ကြားပေးလိုက်တာပါပဲ။ အားလုံးလဲ ကျွန်မလိုပဲ
သတိထားမိအောင် နဲ့ သူတို့ မေတ္တာကို သတိတရ ရှိဖို့ ဒီစာလေးကို ရေးမိပါတယ်။
ဒီနေ့ နေမကောင်းတော့ အိမ်မှာ ကပ်နေရင် တစ်နေကုန်
သီချင်းနားထောင်လိုက် ပျင်းရင် Facebook တက်ကြည့်လိုက်နဲ့ လုပ်နေရတယ်။ ကျွန်မ
ထပ်ကာ ထပ်ကာ နားထောင် ဖြစ်တဲ့ အောင်ရင် ရဲ့ ဖျားတဲ့ည သီချင်းလေးကိုပါ တင်ပေးလိုက်လိုက်တယ်…
ဖျားတဲ့ညရဲ့ ခံစားချက်ဟာ အောင်ရင် သီချင်းထဲကအတိုင်းပါပဲ... တစ်ယောက်တည်း နေရတဲ့ သူအတွက်တော့ ဝေဒနာ အမှောင်တိုက်တွေကြားမှာ တိုးတိုးလေး ငိုမိတဲ့ ညတွေပါပဲ။
ခင်မင်စွာဖြင့်..
အလွမ်းပြေ
Labels:
စကားစမြည်
Subscribe to:
Post Comments (Atom)
0 comments: