Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Sunday, May 22, 2011
အထက်တန်းကျောင်းကပေးတဲ့ ဆုလာဒ်များ…
11:29 AM | Posted by
အလွမ်းပြေ |
Edit Post
အထက်တန်းကျောင်းသူဘဝကို ပြန်တွေးမိရင် ခုတော့ လွတ်လပ်လိုက်တာ ပျော်စရာကောင်းလိုက်တာလို့ ခံစားမိတယ်။ ကျွန်မရဲ့ ထူးခြားချက်ကို ပြောပါဆိုရင်ကတော့ အဆော့သန်တဲ့ နေရာမှာတော့ နံပါတ်တစ်လို့ ပြောရမှာ..။
အင်းစိန် အ.ထ.က ( ၁ ) မှာ ငါးတန်းကနေ ဆယ်တန်းအောင်တဲ့ အထိ ဆက်တိုက် တက်ခဲ့တာဆိုတော့ စွဲစွဲမြဲမြဲတွဲပြီး တွဲဖက်ညီညီ ကဲတဲ့ သူငယ်ချင်းတွေကလည်း ရှိနေတာပေါ့။ အဲဒီ သူငယ်ချင်းတွေနဲ့ ခုထိ အတွဲမပျက် ပါပဲ။ အရမ်းလည်း ချစ်ကြပါတယ်။ အဲဒီတုန်းကတော့ ကျွန်မက သူတို့ အနိုင်ခံရတဲ့ သူပေါ့.. ခုတော့ အိမ်ထောင်မကျသေးတာ မိန်းကလေးထဲကဆို ကျွန်မပဲ ရှိတော့ တာမို့ သူတို့က ခုဆို ကျွန်မကို ကလေးတစ်ယောက်လို ဂရုစိုက်ပြီး ချစ်ကြတယ်။ ဂရုစိုက်မယ့်သူ မရှိသေးလို့ ဆိုပဲ :D။ သိပ်ချစ်စရာကောင်းတဲ့ သူငယ်ချင်းတွေပါ။
သူတို့ဟာ ကျွန်မဘဝအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ဘုရားပေးတဲ့ ဆုလာဒ်တွေလိုပါပဲ။
ကျွန်မတို့ အဖွဲ့မှာ မိန်းကလေး ခြောက်ယောက်၊ ယောင်္ကျားလေး ၄ ယောက်နဲ့ ၁၀ယောက်ရှိပါတယ်။ ဘယ်လောက် အတွဲလည်းဆို ယောင်္ကျားလေး နဲ့ မိန်းကလေး ခွဲထိုင်ရတာတောင် ဘေးချင်းယှဉ်ရက် ထိုင်လို့ရအောင် လုပ်ကြတယ်။ နှစ်တိုင်း တစ်တန်းတည်းနေလို့ရအောင် ကျောင်းအပ်ချိန်ဆို ရှိသမျှ ဆရာ၊ ဆရာမနဲ့ မိဘတွေကို ဂျီကျပြီး ရအောင်လုပ်တယ်။ ကျွန်မတို့ တွဲနေလို့ရမှ ဆော့လို့ရမှာကိုး။ မုန့်စားကျောင်းလွှတ်ချိန်ဆို ကျောင်းက ဘောလုံးကွင်းထဲ ဆင်းဆော့တယ်။ ကျောင်းတက်ချိန်ဆို ကျောင်းခန်းထဲမှာ စာရေးပြီး စကားပြောသေးလို့ လည်း ခဏခဏ အဖွဲ့လိုက် အရိုက်ခံရကတော့ ကျွန်မတို့ အဖို့ မဆန်းကို မဆန်းတော့ဘူး။ ကျောင်းဆင်းရင် ကျွန်မ အိမ်က ခြံဝန်းကျယ်တော့ ကျွန်မ အိမ်မှာပဲ စာစုလုပ်ရင်း ကစားကြတယ်။ အများဆုံး ကစားတာက ဘောလုံးကန်တာပါ။
မှတ်မှတ်ရရ ခုနှစ်တန်းလောက်ယောက်လာတော့ ကျွန်မအမေက ကျွန်မကို ဘောလုံးမကန်ခိုင်းတော့ဘူး ။ နောက်ပြီး ကျွန်မကို ဆူတယ်။ ကျွန်မဆိုတဲ့သူကလည်း အကြောင်းပြချက်မှ မခိုင်လုံရင် ပြောလို့ရတဲ့သူ မဟုတ်တော့ ဘာလို့လဲလို့မေးတယ်။ အမေက ပြောတယ် သမီးအရွယ်ရောက်လာပြီတဲ့ ယောင်္ကျားလေးတွေနဲ့ ခင်လို့ရတယ်။ ဒါပေမယ့် အဲလို ဆွဲလား၊တွန်းလား၊ လုံးလား ထွေးလား၊ ဒါတွေမလုပ်ရတော့ဘူးတဲ့။ ဘာဖြစ်လို့မလုပ်ရတာလဲဆိုတော့ ။
အမေက short to the point နဲ့ ဗိုက်ကြီးတတ်တယ်.. ကလေးရတတ်တယ်တဲ့။ ကျွန်မကလည်း နဲနဲတော့ လန့်သွားတာပေါ့။ လင်မယားတွေမှ ကလေးရတာမဟုတ်လားဆိုတော့။ လင်မယားမဟုတ်ဘဲ ကလေးရရင် ရှက်စရာတွေဖြစ်တာပေါ့တဲ့။
ဒါပေမယ့် အမှတ်မရှိတဲ့ ကျွန်မက ကျောင်းမှာဆော့မြဲပဲ… ဒါပေမယ့် တစ်နေ့ကြတော့ ဆော့ရင်း ပြေးရင်းနဲ့ ကျောင်းကော်ရစ်တာမှ တစ်ဖက်က ပြေးလာတဲ့ ကျွန်မနဲ့ နောက်တစ်ဖက်က ပြေးလာတဲ့ ကောင်လေးတစ်ယောက်နဲ့ တိုက်မိပြီး နှစ်ယောက်သား လုံးလားထွေးလားနဲ့ လဲကြရော။
လဲတုန်းကတော့ ထူပူပြီး ဘာမှ မဖြစ်ပေမယ့် ပြန်လာရင်း ကျွန်မမှာ ကလေးရှိနေပြီလားလို့ ကျွန်မတွေးမိတယ်။ ဒါဆို ကျွန်မ ဗိုက်ကြီးပူလာတော့မှာပေါ့။ ဒါဆို အဲ့ဒီ ကောင်လေးက ကလေးအဖေပေါ့။ အဲဒီကောင်လေးကို ကျွန်မ ဘယ်အတန်းက ဘယ်သူလည်း ဆိုတာ သေချာလည်း မမှတ်မိဘူး။ လင်မယားမဟုတ်ဘဲ ကလေးရတော့မှာပဲ ဆိုပြီး ကျွန်မ အလန့်တကြားတွေဖြစ်ပြီး အိမ်ရောက်တော့ ငြိမ်နေတယ်။ ညနေရောက်တဲ့ အထိပဲ ။
ကျွန်မအမေလည်း လက်လက်ထတဲ့ သူ့သမီး ငြိမ်နေတယ် ဆိုပြီး ကျွန်မအခန်းထဲဝင်လာပြီး မေးတော့မှ ကျွန်မ အမေကို ဖက်ပြီး ရှိုက်ကြီးတငင်နဲ့ ကျွန်မဗိုက်ထဲမှာ ကလေးလေးရောက်နေပြီ ထင်တယ်ဆိုပြီး ပြောလိုက်တော့။ ကျွန်မအမေလည်း ရှော့ရပြီး ဘာမှ ပြန်မပြောနိုင်ဘူး။ နောက်တော့မှ ဘာပြောတာလဲ သေချာရှင်းပြဆိုပြီး မေးမှ အမေခမြာ အသေအချာ ထပ်ရှင်းရပါတော့တယ်။ ဒီလိုမျိုးလဲကျရုံနဲ့ကလေး မရပါဘူးဆိုတာ သေချာရှင်းရတော့တာပေါ့။ သူရှင်းပြလို့ ပြီးတာတောင် အငိုသံတဲ့ ကျွန်မက ရှိုက်လို့ကောင်းတုန်း..။ ဒါလည်း မှတ်မှတ်ရရ တစ်ခုပါ။ ပြန်တွေးရင်လည်း ရယ်ရပါတယ်။
စကားမစပ်ပြောရမယ်ဆိုရင် တကယ်တော့ အထက်တန်းကျောင်းဆိုတာ ဘဝရဲ့ အစလို့တောင် ပြောလို့ရပါတယ်။ ဆယ်ကျော်သက် လူငယ်ဘဝရဲ့အစ၊ အပြောင်းအလဲတွေရဲ့ စခဲ့တဲ့ နေရာမဟုတ်လား။ ပြန်တွေးကြည့်ရင် ကြီးကောင်ဝင်လာအချိန် ဖြစ်တဲ့အတွက် စိတ်တွေရော၊ ခန္ဓာကိုယ်ရဲ့ အပြောင်းအလဲရော သိသိသာသာတွေ ဖြစ်တဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာ ကျောင်းကရော ၊ အိမ်က အုပ်ထိမ်းတဲ့ မိဘတွေကပါ နည်းလမ်းတကျ ရှိဖို့လိုတာပေါ့။
ဒါပေမယ့် ကျွန်မတို့ တကယ့်ကျောင်းမှာ တော့ စာသင်တာကလွဲလို့ ကျန်းမာရေးပညာပေးတို့၊ နောက် Life Skills နဲ့ ပတ်သက်တာတွေ ဘာမှ မပေးလိုက်နိုင်တော့ အဲဒီတော့ ဒီလိုရယ်စရာ အလွဲလောက်ပဲ ဖြစ်တာအရေးမကြီးပေမယ့် တကယ့် လူဘဝထဲက တခြား ဖြစ်ပျက်တဲ့.. ဥပမာ- ပညာကို တန်ဖိုးမထားတဲ့ စိတ်တို့၊ အရွယ်မတိုင်မီ အိမ်ထောင်ကျတာတို့၊ နောက် HIV ရတာ စတာတွေ… စတဲ့ လူမှုပြဿနာတွေကို မဖြေရှင်းနိုင်မှုတွေဟာ ကျွန်မတို့ လူပတ်ဝန်းကျင်မှာ တွေ့နေရတာပါပဲနော်။
နောက် လူမှုဆက်ဆံရေးအပိုင်းမှာ ကျွန်မ သတိထားမိသလောက်က ကျွန်မတို့ သူငယ်ချင်းအဖွဲ့ထဲမှာ စာညံ့တဲ့သူ တစ်ယောက်မှ မပါဘူး ၊ အပြိုင်အဆိုင်ကြိုးစားတတ်ကြပေမယ့် ကိုယ့်သူငယ်ချင်း ကိုယ့်ထက်သာလည်း ပျော်တာပဲ။ အမှန်ပြောရရင် အဆင့်နဲ့ ထိုင်ခိုင်းရင် အတူတူ မထိုင်ရမှာ ကြောက်ကြတာလည်းပါတာပေါ့။ :D အဲဒီတော့ တစ်ယောက်နဲ့ တစ်ယောက် စာလည်း မတိုကြဘူး။ အဲဒီ စိတ်က ခုထိလည်း အဲဒီလိုရှိတုန်းပဲ။ မရှိအတူ ရှိအတူ ဖြစ်တုန်းပဲ။
အဲဒီအတွက် ကျွန်မစိတ်ထဲမှာ သူတို့လို သူငယ်ချင်းကောင်းတွေရှိတာ ဒါလည်း အထက်တန်းကျောင်းက ရခဲ့တဲ့ ဆုတစ်ခုလို ကျွန်မခံစားရတယ်။ ကျွန်မ တက္ကသိုလ်ရောက်တော့လည်း အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေနဲ့အတူ နောက်ထပ်တိုးလာတဲ့ သူငယ်ချင်း ၃ ယောက် လောက်ပိုလာပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တာပါပဲ။
ကျွန်မသူငယ်ချင်းတွေဟာ ဘဝအမောတွေ တစ်ယောက်ကိုတစ်ယောက်ဖြေသိမ့်ခဲ့ကြတယ်။ ပျော်ရွှင်စရာတွေကိုလည်း အတူဖန်တီးခဲ့ကြတယ်။ စာမရတာ ၊ မုန့်ဖိုးပြတ်တာ ၊ အသည်းကွဲတာ၊ ရည်းစားနဲ့အဆင်မပြေတာ၊ အိမ်နဲ့ ရန်ဖြစ်တာ၊ အလုပ်ထဲမှာ စိတ်ဖိစီးတာ .. စတဲ့...စတဲ့ လူ့ဘဝထဲက အမောတွေ အားလုံးကို အတူမျှဝေခံစား ဖြေရှင်း ကျော်လွှားခဲ့ကြသူတွေအဖို့ တစ်ယောက်ကို တစ်ယောက် ချစ်ခင်မှုကို တိုင်းပြနိုင်စရာမရှိပါဘူး။ ကျွန်မဘဝမှာ ဒါကြောင့်ဘယ်တုန်းကမှ အထီးကျန်ဆန်တယ်၊ အားငယ်တယ်ဆိုတာကို အနည်းငယ်ကလွဲလို့ ကြီးကြီးမားမား၊ ကြာကြာရှည်ရှည် မခံစားခဲ့ရဘူးလို့တောင် ပြောလို့ရပါတယ်။ ကျွန်မမှာ သူတို့ရှိနေတယ် ဆိုတဲ့ စိတ်က သိပ်ကို အားရှိစေပါတယ်။
သူတို့နဲ့ ကျွန်မရဲ့ အကြောင်းကို တော့ ပြောရင် ပြောစရာကို ကုန်မှာ မဟုတ်ဘူး.. သူတို့ကို လွမ်းတဲ့ အကြောင်းကို တစ်ခါက FB မှာ ရေးဖူသေးတယ်.. ဖတ်ချင်ရင် ဒီမှာပဲ သွားဖတ်လိုက်နော့.. :P https://www.facebook.com/note.php?note_id=164860723919 ကဲ ဒီလောက်ဆို .. ကျောင်းတုန်းက ကိုယ့် အမှတ်တရ အကြောင်း ရေးပေးပါဆိုတဲ့ သူငယ်ချင်းတွေ (ရန်နိုင်အောင်၊ မောင်မျိုး၊ ဖြူစင်လေး၊ သန်းလဲ့၊ မမိုး၊ ကိုသားငယ်) တို့တော့ ကျေနပ်ကြမယ် ထင်ပါရဲ့နော့..
ခင်မင်စွာဖြင့်
အလွမ်းပြေ
Labels:
Tag game
Subscribe to:
Post Comments (Atom)
0 comments: