My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, May 18, 2011

ငရုပ်ကောင်းစေ့လေး





ကျွန်မတက်နေတဲ့ တက္ကသိုလ်ရဲ့ Community Development Program က ကျောင်းသားသစ်တွေအတွက် Team Building Trip အတူထွက်တိုင်း ကျွန်မ အမြဲ ကြုံနေကြ အစီအစဉ်လေးအကြောင်းပါ။ Trip ရဲ့ ပထမနေ့ အစီအစဉ်တွေ ရဲ့ နောက်ဆုံးအစီအစဉ်လေးပေါ့။ အဲဒီ အချိန်တိုင်း ကျွန်မကိုအမြဲ စိတ်ခွန်အား သစ်စေပါတယ်။ ဒါကြောင့် အဲဒီ အကြောင်းလေးကို ပြောပြချင်တာပါ။



ဒီခရီးက ပရိုဂရမ်ရဲ့ အစမှာ ကျောင်းသားသစ်တွေ တစ်ဦးနှင့် တစ်ဦး ရင်းနှီးပြီး နောက် သင်တန်းတလျှောက် တစ်ဥိးနဲ့ တစ်ဦးအသင်းအဖွဲ့ စိတ်နဲ့ ကူညီရိုင်းပင်းနိုင်အောင် လေ့ကျင့်ပေးတဲ့ ခရီးလေးပါ။ တောလမ်းခရီးတွေ အတူသွား၊ အတု ချက်ပြုတ်ကစား၊ Games တွေ ကစားရင်း အရမ်း ပျော်စရာကောင်းတဲ့ ခရီးလေးပါပဲ။



ဒီတစ်ခေါက်တော့ ကျွန်မ ဗော်လံတီယာလုပ်နေတဲ့ ကျောင်းမှာ စာသင်ဖို့ အချိန်ရှိနေတာကြောင့် အရင်အခေါက်တွေ တုန်းကလို ခရီးအစကည်းက မလိုက်နိုင်ဘဲ ညနေစာသင်ပြီးမှပဲ လိုက်သွားဖြစ်ပြီး နောက်တစ်နေ့ အစီအစဉ်တွေမှပဲ ကျွန်မဝင်တာဝန်ယူဖြစ်တော့ ကျွန်မ ဒီအစီအစဉ်လေးကို မမီတော့ဘူးလို့ အစက ထင်ထားတယ်။



ဒါပေမယ့် ပရိုဂရမ် က တာဝန်ခံသူငယ်ချင်းရဲ့ ရည်းစားကောင်လေးက ဆိုင်ကယ်နဲ့ လာခေါ်ပေးတာကြောင့်.. တောင်ပေါ်ရောက်တော့ သူကလမ်းပျောက်နေလို့ လန့်ဖြန့်သွားရပြီးမှ ရောက်ခဲ့ရပေမယ့် အဲဒီနေ့ရဲ့ ဒီအစီအစဉ်လေးကို မီတယ် ဆိုရုံလေး မီခဲ့တယ်..



အဲဒီ အစီအစဉ်လေးက အားလုံးကို ငရုပ်ကောင်းလေး တစ်စေ့စီ လက်ထဲမှာ ပေးထားပါတယ်။ ပြီးတော့ အားလုံးကို ဘာကြောင့် ဒီသင်တန်းကို လာတက်လဲ။ ဘာတွေ ဖြစ်ချင်လဲ။ ကိုယ့် ရည်မှန်းချက်က ဘာလဲ။ ကိုယ့် Community အတွက် ကိုယ်ဘာတွေ လုပ်ပေးချင်လဲ။ စတာတွေကို တစ်မိနစ် နှစ်မိနစ်လောက် တိတ်တိတ်လေး ငြိမ်ငြိမ်းလေး စဉ်းစားပါလို့ စဉ်းစားခိုင်းပါတယ်။ နောက်ပြီးရင် အားလုံးကို ပေးထားတဲ့ ငရုပ်ကောင်းစေ့လေးကို ဝါးစားကြည့်ပါလို့ ပြောပါတယ်။ အားလုံး ဝါးစားပြီးတဲ့ အချိန်မှာ ဘယ်လို ခံစားရပါသလဲလို့ လိုက်မေးတော့ စပ်တာပေါ့ ပူတာပေါ့လို့ အမျိုးမျိုးဖြေကြပါတယ်။



အဲဒီတော့ အစီအစဉ်လေးကို ဦးဆောင်သူ သူငယ်ချင်း ပြောတာက ဒီ ငရုပ်ကောင်းစေ့လေးဟာ သေးသေးလေးပါတဲ့.. ဒါပေမယ့် သူလည်း သူ့အလျှောက် အစွမ်းသတ္တိရှိတာပဲ။ လက်တွေ့ပဲ မဟုတ်လားတဲ့။ အဲလိုပဲ လူတိုင်းဟာလည်း ဘယ်လောက် ငယ်ရွယ်တဲ့ သူပဲဖြစ်ဖြစ်၊ ဘယ်လို အခြေအနေ မျိုးမှာပဲ ဖြစ်ဖြစ် ကိုယ်ပိုင် စွမ်းရည်တော့ သူ့အလျှောက်ရှိနေတာပါပဲ။ အဲဒါကို မမေ့လိုက်ပါနဲ့တဲ့။



နောက် ငရုပ်ကောင်းလေးဟာလည်း ဟင်းကောင်းတစ်ခွက် ဖြစ်ဖို့ မရှိမဖြစ် အရေးပါတဲ့ ဟင်းခပ်တစ်ခုဖြစ်သလိုပဲ မတူတဲ့ တခြားအရာတွေနဲ့ တွဲဖက်လိုက်တဲ့အခါ ဟင်းကောင်းတစ်ခွက် ဖြစ်လာသလို..

ကိုယ်ပိုင်အရည်အချင်းရှိတဲ့ ကျွန်မတို့တွေလည်း ကိုယ့်ကိုယ်ပိုင် အရည်အချင်းကို အစွမ်းကုန်ထုတ်သုံးရင်း နောက် ကိုယ့်မှာ မရှိတဲ့ ၊ ကိုယ်နဲ့မတူတဲ့ တခြားသော အရည်အချင်းရှိတဲ့ သူတွေနဲ့ အတူလက်တွဲ လုပ်ကိုင်ရင်း ကိုယ့်ဘဝ တိုးတက်မှု ၊ နောက်တစ်ဆင့်.. ကိုယ့် Community ကိုယ့်တိုင်းပြည်တိုးတက်ဖို့အထိ လုပ်နိုင်ကြတယ်ဆိုတာ သတိရစေချင်ပါတယ်။



လောကမှာ မဖြစ်နိုင်ဘူး ဆိုတာ မရှိပါဘူး။



ကိုယ့်အရည်အချင်းကို ကိုယ်ယုံကြည်ဖို့ အစွမ်းကုန်ကြိုးစားဖို့အပြင် အများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ဟာ တိုးတက်ပြောင်းလဲမှုအတွက် အရေးပါတဲ့ အချက်တွေပါတဲ့ရှင်..။



ကျွန်မတို့ တစ်ခုခုကို မလုပ်နိုင်ဘူး မဖြစ်နိုင်ဘူးလို့ တွေးမိတိုင်း ... ဒီ ငရုပ်ကောင်းစေ့လေးကို သတိရရင်း ကိုယ့်ကိုကိုယ် ယုံကြည်မှုကို ပြန်တည်ဆောက်နိုင်ကြပါစေ..။



ခင်မင်စွာဖြင့်..

အလွမ်းပြေ

( ၁၆.၀၈.၂၀၁၀)

0 comments: