My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Sunday, April 17, 2011

နှစ်သစ်ကူး စကားလက်ဆောင် ~~ အမျှော်အမြင်နှင့် စွမ်းရည်

နှစ်သစ်ကို ရောက်ပြန်ပါပြီ ။ အမှန်ပြောရရင် ကျွန်မအတွက် အင်္ဂလိပ်နှစ်သစ်ကူးထက်စာရင် မြန်မာ နှစ်သစ်ကူးက ပိုအဓိပ္ပါယ်ရှိတယ်။ တစ်နှစ်စာအတွက် ပိုတွေးဖြစ်တယ်။ ဘာလို့လဲ ဆိုတော့ ပိတ်ရက်ရှိတာကိုး။ များသောအားဖြင့် အင်္ဂလိပ်နှစ်ကူးဆိုရင် အလုပ်မပိတ်တဲ့ ကြားထဲက နှစ်သစ်ကူးပါတီပါဆက်ပြီး ပင်ပန်းလိုက်သေးတာ များပါတယ်။

တစ်နှစ်အတွက် ကိုယ်လုပ်ခဲ့တာတွေကို ပြန်တွေးပြီး ဘာဆက်လုပ်မလဲ ပြန်တွေးရင် ကိုယ့်ကိုကိုယ် အားရတာတွေရော၊ အားမရတာတွေရော အများကြီးပဲ။ ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာတွေနဲ့ ဖြစ်နေတာတွေကြား လူတွေက အမြဲဗျာများကြရတယ်မဟုတ်လား။

ကျွန်မလည်း လူထဲက လူပါပဲ။ ဒီလိုပဲ ပေါ့လေ။ အဓိက က အရှေ့ကို မှန်မှန်ကန်ကန် ကြိုတွေးတတ်ဖို့က လူ့ဘဝလမ်းမှာ တော်တော် အရေးကြီးပါတယ်။ တနည်းအားဖြင့် အမြှော်အမြင်ကြီးဖို့ လိုအပ်တာပေါ့။ ဒီလို တွေးတတ်ဖို့ ဆိုရင် အသိပညာ၊ အတတ်ပညာအားကောင်းဖို့ ကလည်း တနည်းတဖုံ လိုအပ်သေးတာပေါ့။

ဟိုတစ်လောက ကျွန်မ အတန်းတစ်ခုမှာ စာစသင်တော့ ကျွန်မသင်တဲ့ ဘာသာရပ်မှာ အရေးအကြီးဆုံး စကားလုံး နှစ်လုံး ရှိပါတယ်။ အဲဒါက Good Governance နဲ့ Globalization ပါ။ ကျွန်မက ဘာမှ မပြောခင် မသင်ခင် အားလုံးကို မေးချင်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းလို့ ပြောရင် ရှင်တို့ရဲ့ အာရုံထဲမှာ ဘာပေါ်လာလဲ။ Good Governance လို့ ပြောရင် ဘာပေါ်လာလဲ။
လွတ်လွတ်လပ်လပ် ပြောကြပါလို့ ပြောတော့ တစ်ယောက်က ဂလိုဘယ်လိုက်ဇေးရှင်းလို့ ပြောရင် ကျွန်တော် မြို့မငြိမ်းကို မြင်ပါတယ်တဲ့။

ကျွန်မက ဘာလို့ သူ့ကို မြင်တာလဲ ကျွန်မကိုရော အားလုံးကိုရော ရှင်းပြပေးပါလားလို့ပြောတော့ သူက ဆရာကြီး မြို့မငြိမ်းကို သတိရတာက သူ့ရဲ့ လူချွန်လူကောင်း သီချင်းကြောင့်ပါ။ အဲဒီသီချင်းထဲက ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင် ဆိုတဲ့ စကားကြောင့်ပါ။ အခု ခေတ်ဖြစ်မယ့် အကြောင်းအရာတွေကို သူအဲဒီကတည်းက ဘယ်လိုမြင်ခဲ့လည်း ဆိုတာ တွေးမိလို့ပါ။

အခု ကမ္ဘာကြီးက သူပြောတဲ့ အတိုင်းဖြစ်နေပြီး.. ကျွန်တော်တိုင်းပြည်မှာ သူပြောတဲ့ လူချွန်လူကောင်းတွေ ကြတော့ ဘာလို့နည်းတာလည်းလို့ ကျွန်တော် တွေးမိလို့ပါတဲ့။ ဒါနဲ့ သူပြောတဲ့ ပွိုင့်ကနေစပြီး ကျွန်မတို့ သင်ခန်းစာ ဆွေးနွေးခဲ့ကြပါတယ်။

အခု ကျွန်မ နောက်နှစ်အတွက် ငါ ဘာတွေ လုပ်ခဲ့ပြီးပြီးလဲ အပြီး ဘာတွေ ဆက်လုပ်မလဲလို့ ကိုယ့်ရဲ့ Mission , Vision တွေ အတွေးမှာ ခေါင်းထဲပေါ်လာပြန်တာက ဆရာ မြို့မငြိမ်းပါပဲ။ သူလို တန်ဖိုး မဖြတ်နိုင်တဲ့ အနုပညာတစ်ရှင်တစ်ဦးရဲ့ အဝေးကြည့် ပုံဖော်နိုင်မှုကို ကျွန်မခေါင်းထဲ ရောက်လာပြန်ပါတယ်။ ကြည့်စမ်းပါဦး သူ တိုင်းပြည်အတွက် စဉ်းစားခဲ့တာတွေလေ။ ဆရာကြီးလိုသာ နိုင်ငံကို ဦးဆောင်ခဲ့သူတွေ မျှော်မြင်နိုင်ခဲ့ရင်.. မျှော်မြင်မှုကို လက်တွေ့ကျကျ အကောင်ထည်နိုင်ခဲ့ရင်… အခုလောက်ဆို ကျွန်မတို့ တိုင်းပြည်ကြီး ဘယ်လိုများ ဖြစ်နေမလဲ တွေးမိတယ်..။

တိုင်းပြည်တစ်ခုရဲ့ အနာဂတ်ပဲ ဖြစ်ဖြစ်၊ လူတစ်ယောက်ရဲ့ အနာဂတ်ပဲ ဖြစ်ဖြစ် ဥာဏ်ပညာနဲ့ အမျှော်အမြင်ကြီးမှုနဲ့ အဲဒီ အမျှော်အမြင်ကို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ စွမ်းရည်ပြည့်ဝဖို့က အရမ်းကို အရေးကြီးတဲ့ အချက်ပါ။
ကျွန်မတို့ရဲ့ အခြေခံ အသိပညာ၊ အတတ်ပညာရှိသလောက် အမြင်ကျယ်ပြီး အဝေးကြည့်မြင်နိုင်မှာမို့.. အဲဒီမြင်နိုင်မှုတွေ့ကို လက်တွေ့ဆီ ဆွဲယူနိုင်မှာမို့ ကျွန်မတို့ရဲ့ အနာဂတ်ကောင်းဖို့ ကိုယ့်ကိုကိုယ် ဖြည့်ဆည်းသင့်တာတွေ ထပ်ဖြည့်ဆည်းရင်း… ကြိုးစားရင်း… ဘဝကို ဆက်သွားနေရဦးမှာပဲ..။

တိုင်းသူပြည်သား တစ်ဦးချင်းစီရဲ့ စွမ်းရည်ဟာလည်း သူ့နိုင်ငံကို အထိုက်အလျှောက် ပတ်သက်နေတာပဲမို့ တစ်ဦးချင်းစီရဲ့ လက်ထဲမှာ သူ့အနာဂတ်အပြင် တိုင်းပြည်ရဲ့ အနာဂတ်လည်း ပါနေတာပါပဲ..။ ဒါကြောင့်… ကိုယ့် အနာဂတ်အတွက်.. တိုင်းပြည်အနာဂတ်အတွက်.. ကျွန်မတို့ .. နောက်နှစ်သစ်မှာလည်း ဆက်ပြီး ကြိုးစားရဦးမှာပါပဲ…။

အဲဒီလို ကြိုးစားတဲ့ အထဲမှာ.. ဘလော့လေးကို မှန်မှန်ရေးနိုင်ဖို့လည်း ပါတာပေါ့နော်.. ။ ကျွန်မရဲ့ စာဖတ်ပရိတ်သတ်တွေအပေါ် ကျွန်မရဲ့ တာဝန်မကျေမှုတွေကို ဝန်ခံရင်း နှစ်သစ်မှာ ကျွန်မ စာမှန်မှန် ပြန်ရေးပါတော့မယ်လို့…။ တန်ဖိုးရှိတဲ့ စာတွေရေးနိုင်ဖို့ ၊ အများအကျိုးပြုစာတွေ ရေးနိုင်ဖို့ ကျွန်မကိုယ် ကျွန်မ ဖြည့်တင်းကြိုးစားပါ့မယ်လို့..

ခင်မင်စွာဖြင့်
အလွမ်းပြေ
(၁၇.၄.၂၀၁၁)
မြန်မာ့နှစ်ဆန်းတစ်ရက်နေ့

0 comments: