My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Saturday, September 27, 2014

How to Love with Awareness and Relate Without Fear



"Love should be a reality in your life, not just a poem, not just a dream. It has to be actualized. It is never too late to experience love for the first time.
Learn to love. Very few people know how to love. They all know that love is needed, they all know that without love life is meaningless, but they don't know how to love." – Osho

“ကမ္ဘာမှာ အလှတရားတွေ ပျက်သုန်းကုန်ပါပြီ အချစ်ဆိုတာလဲ အလကားပါပဲဟာ။ စွဲလမ်းမှု တဏှာတွေပါပဲ။ လူတွေရဲ့ အတ္တတွေပါပဲ။ နောက်ဆုံးတော့ အလကားပါပဲ။ ငါတော့ ချစ်ရမှာ အရမ်းကို ကြောက်သွားပြီ၊ ဘယ်တော့မှ မချစ်တော့ဘူး ”  ချစ်သူ ရဲ့ လှည့်စားမှုကို ခံရတယ်လို့ သူ့ကိုယ်သူ ယူဆတဲ့ ကျွန်မ သူငယ်ချင်းက ငြီးငြူပါတယ်။ သူ သုံးလိုက်တဲ့ စကားလုံး ကြီးကြီးတွေကြောင့် ကြားလိုက်ရသူ ကျွန်မ အနေနဲ့ ဟုတ်သယောင်ယောင်တောင် သူနဲ့ အတူ လိုက်ထင်မိတော့ မလိုလိုပါ။ ၁၂ လ ရာသီ အသည်းကွဲနေတဲ့ ကျွန်မသူငယ်ချင်းကို တရားချ မရတာ ကျွန်မ ညံ့လို့ပါပဲ။ တကယ်တော့ အလှတရားဆိုတာ ကြည့်သူရဲ့ မျက်စိ အပေါ်မှာ တည်တယ် ဆိုတဲ့ စကားပုံလိုပါပဲ။ ကိုယ် ဘယ်လို ခံယူသလဲ ဆိုတာ အပေါ်ပဲ မူတည်တဲ့ ကမ္ဘာကြီးမှာ အလှတရား နဲ့ သစ္စာ၊ အချစ် ဆိုတာ တွေကလည်း ကိုယ့် ဘယ်လို ခံယူထားသလဲ ဆိုတာ အပေါ်ပဲ မူတယ်ပါတယ်။ ကျွန်မလည်း လွန်ခဲ့တဲ့ နှစ်တွေ ဆီက ဒီလိုပဲ ခံစားထင်မြင်ခဲ့ဖူးပါဘူးတယ်။  ခဏ ခဏလည်း အသည်းကွဲပါတယ်။ 
“Being In Love” နဲ့ “Being in Love with someone” မတူပါဘူး။ တကယ်တော့  အချစ်က မရှုပ်ထွေးပါဘူး။ လူတွေက မချစ်တတ်လို့ပါလို့ “ အိုးရှိုး” က ဆိုပါတယ်။ ဒီနောက်ပိုင်းတော့ အိုးရှိုးရဲ့ အတွေးအခေါ်တွေကို လေ့လာမိပြီးတဲ့အခါ အချစ်နဲ့ ပတ်သက်တဲ့ ခံစားချက်တွေမှာ အလှအပကင်းမဲ့မှု၊ဟာ  အတ္တ နဲ့ တဏှာတွေနဲ့ ကွဲပြားစွာ ခွဲခြားတတ်လာတဲ့ အခါ ကျွန်မ ကိုယ်ကျွန်မ တကယ်ချစ်တတ်လာတယ်လို့ ခံစားရပြီး ကျွန်မ အချစ်ရဲ့ လှပမှုကို ခံစားတတ်လာပါတယ်။ ဒါပေမယ့် အသိဖြစ်ဖို့ဟာ လက်ခံနိုင်တဲ့ စွမ်းရည်ရှိနေနိုင်ဖို့ လိုသလို အသိကနေ အကျင့်ဖြစ်ဖို့ ခက်ခဲတဲ့ နေ့ရက်တွေကို ကျော်ဖြတ်ရပါတယ်။ အခုထက်ထိလည်း အသိက ပေါ်လိုက် ပျောက်လိုက်ပါပဲ။
အချစ်ကို ခံစားမိတဲ့အခါ ကျွန်မ အချစ်လို့ ထင်ခဲ့တဲ့ အရာတွေဟာ တကယ့် အချစ်မဟုတ်ဘဲ အတ္တနဲ့ တဏှာတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ နောက်တစ်ချက်က အတ္တနဲ့ တဏှာဆိုတာတွေ ရှိတယ်ဆိုတာ လူ့သဘာဝပဲလို့ လက်မခံနိုင်သမျှကလည်း အချစ်ကို ခံစားမိမှာ မဟုတ်ပါဘူး။ 
အချစ်များ ကိုယ့်ဆီမှာ
ပထမဦးဆုံး… ကိုယ့်ကိုကိုယ် သိပါ။ ကိုယ့်ကိုကိုယ်ချစ်ပါ။ ကိုယ့်ကိုကိုယ် မချစ်ဘဲ ဘယ်သူ့ကိုမှ ချစ်တတ်မှာ မဟုတ်ဘူး။ တစ်ကိုယ်ကောင်းဆန်ပါလို့။ အိုရှိုးက ဆိုပါတယ်။ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ ကိုယ့် ဖြစ်တည်မှု အတိုင်း ကိုယ်နေတာကို ဆိုလိုတာ၊ ကိုယ့် ဖြစ်တည်မှုကို ကိုယ်သိဖို့လို့ ဆိုပါတယ်။ လောကကြီးက လူကောင်းလို့ သတ်မှတ်ထားတဲ့ ဘောင်ထဲကနေ ကိုယ်ပျောက်ဆုံးနေတာမျိုး လူဆိုတာ ကိုယ့်ကိုကိုယ် အတ္တရှိသူ၊ တဏှာရှိသူ ဆိုတာမျိးကို လက်မခံနိုင်ဘဲ ဖြစ်နေတတ်တာကိုး။ Self-awareness ဖြစ်တဲ့ ကိုယ့်ကိုကိုယ် သိပြီး ကိုယ်ဘယ်လိုလူ ကိုယ်ဘာဖြစ်ချင်တယ် ဆိုတာ သိပါ။
ကိုယ့်ကိုကိုယ် ချစ်ပါလို့ ဆိုပါတယ်။ ကိုယ့်ကိုကိုယ် ချစ်တာဟာ အပြစ် မဟုတ်သလို ရိုးရှင်းစွာ တစ်ကိုယ်ကောင်းဆန်မှုဟာ မိမိရဲ့ ဖြစ်တည်မှုကို ပုံဖော်ခြင်းပါ။  အချစ်ဟာ အချစ်သက်သက်ပါပဲ။ တာဝန်ယူမှုတွေ၊ ထာဝရဆိုတာတွေ၊ တရားဝင် လက်ထပ်ခြင်း စတာတွေ… စတာတွေ.. ပါဝင်လာတယ် ဆိုတာ ဘာကြောင့် ဆိုတာကို မြင်အောင် ကြည့်တဲ့အခါ… ကိုယ့်ရဲ့ အတ္တ၊ တဏှာ၊ လောဘ ဆိုတာတွေကို မြင်လာနိုင်ပါလိမ့်မယ်။ ဒါတွေကို သူတပါးကို မလွှဲချလိုက်ပါနဲ့။ 
ကိုယ့်ကိုကိုယ် ချစ်ပါ။ အချစ်နဲ့ အသက်ရှင် နေထိုင်ပါ။ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင် ထားပါ။ ကိုယ့် အနားမှာ ရှိတဲ့ အရာတွေနဲ့ စိတ်ချမ်းသာအောင်နေပါ။  အိမ်နီးနားချင်းနဲ့ တည့်အောင် နေတယ် ဆိုတာလည်း ကိုယ့် စိတ်ချမ်းသာမှု အတွက်ပဲ… မဟုတ်လား။ ဒါ ကိုယ့် အတ္တပါ။ လှပတဲ့ အတ္တဟာ လှပတဲ့ ကမ္ဘာကြီးကို မြင်လာမှာပါပဲ။ ပတ်ဝန်းကျင်နဲ့ ကိုယ့် အတ္တကို ကိုယ် ထိန်းညှိတယ် ဆိုတာကလည်း ကိုယ့် စိတ်ချမ်းသာမှုကို ကိုယ်ရှာဖွေတာပါ… ။ ဒါက ကိုယ့်ကိုကိုယ် ချစ်ခြင်းနဲ့ အချစ်နဲ့ နေထိုင်အသက်ရှင်ခြင်းပါပဲ။ 
အချစ်နဲ့ အတ္တ
ကိုယ့်ကိုကိုယ် မချစ်တဲ့ မချစ်ဖူးတဲ့သူ အချင်းချင်း ချစ်သူ ဖြစ်ကြတယ် ဆိုတာ သူတောင်းစားအချင်းချင်း တောင်းနေကြသလို ပါပဲလို့ အိုးရှိုးကြီးက ဥပမာပေးပါတယ်။ တစ်ယောက်ဆီက တစ်ယောက် မျှော်လင့် နေကြပေမယ့်  နှစ်ယောက်လုံးဆီမှာတော့ အချစ်ဆိုတာ မရှိကြပါဘူး။ ကိုယ်ရှိမှပဲ ကိုယ်ပေးနိုင်မှာပေါ့။ ကိုယ့်ကိုကိုယ် ချစ်တတ်မှ အချစ်ဆိုတာ ဘာမှန်းသိပြီး သူများကိုလည်း ပေးတတ်မှာပေါ့ လို့ ဆိုပါတယ်။ နှစ်ယောက်လုံးဟာ ကိုယ်ဆီမှာလည်း မရှိ၊ ကိုယ်တိုင်လည်း ဘာမှန်း မသိတဲ့ အရာကို သူတပါးဆီက ရဖို့ မျှော်လင့်ပြီး ချစ်သူ ဖြစ်လာကြတယ်။ တကယ်လည်း အလိုဆန္ဒမပြည့်ဝ လာတဲ့ အခါ တစ်ယောက်မှာ တစ်ယောက် ရှာဖွေ နေကြတဲ့ အရာ မရှိဘူးလို့ ထင်တဲ့ အခါ ကိုယ် အလိမ်အညာခံရတယ်လို့ ထင်လာကြတယ်။ သစ္စာမရှိမှုတွေ၊ တာဝန် မယူမှုတွေ ဆိုတဲ့ ခေါင်းစဉ်တွေ တပ် တစ်ယောက်ကို တစ်ယောက် အပြစ်ဖို့စရာတွေ စိတ်ဆိုး၊ ပြိုင်ဆိုင်ကြ၊ စိတ်နာ စရာတွေကို ရှာဖွေ တွေ့ကြ၊ လုပ်ဆောင်ကြနဲ့ အမုန်း သံသရာ ရှည်ကုန်ကြတော့ တာပါပဲ။
အချစ်နဲ့ဈေးကွက်တင်စရာ ဂုဏ်သိက္ခာ 
အချစ်ကို ဈေးကွက်ထဲက ဆွဲထုတ်လိုက်နိုင်ပြီဆိုတာနဲ့ လိင်ဆက်ဆက်မှုဟာ ချစ်ခြင်းမေတ္တာနဲ့ တစ်သားထဲ ဖြစ်သွားမယ်ဆိုရင် Prostitute ဆိုတာ ပျောက်သွားပါလိမ့်မယ်။ အချစ်ဟာ ရောင်းကုန် မဟုတ်သလို ဈေးနှုန်းလည်း မရှိဘူး။ ဖလှယ်စရာ ကုန်ပစ္စည်းလည်း မဟုတ်ပါဘူး။ Prostitute ဆိုတာ ပျောက်သွား ရမယ် ဆိုပေမယ့် အဲဒါနဲ့ တပြိုင်တည်း ကွယ်ပျောက်သွားမယ့် အရာဟာ လူတွေ ဂုဏ်သိက္ခာလို့ ပြောနေကြတဲ့ အရာပါပဲ။ ဒါတွေ အားလုံးဟာ ဆက်နွယ်နေပါတယ်။ 
လူတွေဟာ အချစ်စိတ်နဲ့ လိင်စိတ်ကို မကွဲပြားကြပါဘူး။ ပထမအဆင့် ပြောခဲ့သလို ကိုယ့်ဘာသာ အချစ်ကို ဘာမှန်း မသိတဲ့အခါ ကိုယ့်ဘာလိုချင်တယ် ဆိုတာ မသိတော့ပါဘူး။ ဒီလိုနဲ့ အချစ်ဆိုတာ ဘန်းပြပြီး တခြားသော ကိုယ်လိုချင်တဲ့ အရာတွေနဲ့ ဖလှယ်ကုန်ကြတော့ တန်ဖိုးတွေ ဂုဏ်သိက္ခာတွေ ဆိုတာ ဖြစ်လာကြပြီး အချစ်နဲ့ အတူတွဲပြီး ဖြစ်ပေါ်လာမယ့် လိင်စိတ်ကလည်း ရောင်းကုန်ဖြစ်သွားရတဲ့ သဘောပါပဲ။ 
အချစ်ကို နားလည်သွားတဲ့အခါ၊ လိင်ဆက်ဆံမှုဟာ အချစ်ရဲ့ နောက်ဆက်တွဲ ကိစ္စသက်သက် ဖြစ်သွားပါလိမ့်မယ်။ လိင်ကိစ္စဟာ မိန်းမတစ်ယောက်၊ ယောင်္ကျားတစ်ယောက်အတွက် ဂုဏ်သိက္ခာထိန်းစရာ  မဟုတ်တော့ရင် လိင်ကိစ္စဟာ ဈေးကွက်လို အရောင်းအဝယ် လုပ်စရာ တစ်ခု မဟုတ်တော့ဘူးဆိုရင် လိင်ကိစ္စရဲ့ နောက်ကွယ်မှာ ဒုက္ခဆိုတာ မရှိတော့ဘူးဆိုရင် ချစ်သူတွေဟာ လိင်ဆက်ဆံမှုကို စိတ်ချမ်းသာ၊ ပျော်ရွှင်စရာ တစ်ခုလို မြင်သွားပါလိမ့်မယ်။ လူတွေမှာ လိင်စိတ်ရှိတယ် ဆိုတာကြောင့် အတူ ခံစားခဲ့ကြတဲ့ သူချင်းပါပဲ။ မချစ်တော့လို့ လမ်းခွဲကြတယ်ဆိုရင်တော့ တစ်ယောက်တစ်ယောက် အပြစ်တင်စရာ ကိစ္စဟာ အငြင်းခုန် ဖြစ်စရာ ဖြစ်နေတော့မှာ ဖြစ်နေတော့မှာ မဟုတ်ဘူး။ တကယ် ချစ်ခြင်းမေတ္တာပါတဲ့ လိင်ဆက်ဆံခြင်းကို ခံစားရဖူးတဲ့လူဟာ ချစ်ခြင်းမေတ္တာမပါတဲ့ လိင်ဆက်ဆံခြင်းကို အလိုရှိတော့မယ် မထင်ပါဘူး။ လိင်ကိစ္စ တစ်ခုတည်းဟာ လူနှစ်ယောက် အတူတကွ နေထိုင်ဖို့ မဖြစ်နိုင်ပေမယ့် ချစ်ခြင်းမေတ္တာကတော့ လူနှစ်ယောက်ကို အတူတကွ နေထိုင်သွားနိုင်ဖို့ အကြောင်းအရာ ဖြစ်ပါလိမ့်မယ်။ 
အချစ် နဲ့ ထာဝရ 
ထာဝရတည်မြဲတဲ့ အချစ်ဆိုတာ ချစ်တယ်လို့ ထင်ပြီး ခဏလေးနဲ့ ဝေးသွားကြတဲ့ လူတွေမှာပဲ ရှိတယ်လို့ ရယ်စရာ အဖြစ် အိုးရှိုးက ပြောပါတယ်။ သူတို့ စိတ်ကူးယဉ် ကမ္ဘာထဲက အချစ်က ထာဝရတည်မြဲ နေပါတယ်တဲ့။ စိတ်ကူးယဉ် ရတာ လွယ်တာကိုး။ ဇာတ်လမ်းတွေထဲက ဘယ်တော့မှ တွေ့ဆုံခွင့် မရတဲ့ ချစ်သူတွေ တစ်ယောက်ကိုတစ်ယောက် အကြာကြီး ချစ်နေကြတဲ့ ပုံပြင်တွေဟာ အချစ်ရဲ့ စံပြအဖြစ် အချစ်စစ်၊ ထာဝရ အချစ် အဖြစ် လူ့ပတ်ဝန်းကျင်မှာ သတ်မှတ်ခံထားရတာ ရှက်စရာ ကောင်းပါတယ် လို့ သူက ဆက်ဆိုပါတယ်။ 
ဒါကြောင့် ဟန်းနီးမွန်း ပြီးတာနဲ့ လက်ထပ်ပြီးတာနဲ့ အချစ်က ပြူတင်းပေါက်က ထွက်သွားတယ်လို့ ပြောနေကြတာပေါ့။ ဒီလို အခြေအနေနဲ့ လူတွေ ဘယ်လောက် ဘယ်လို နေနေနိုင်ကြမှာလဲ။ သူ့တို့ဘဝက ဘာလို့ ပျောက်ဆုံးနေကြတာလဲ။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဖောက်ပြန်မှုတွေ ဆိုတာမျိုး ဖြစ်လာရတလဲ။ ထာဝရ အချစ်ဆိုတာကြီးကို  ချုပ်ကိုင်ထားလို့ပါ။ တကယ်တော့ အချစ်ကို ကိုယ့်ကိုယ်တွင်းမှာ ရှာဖွေ တွေ့သူဟာ သူတစ်ပါးဆီက ရှာဖွေဖို့ မလိုတော့ပါဘူး။
လူနှစ်ယောက်ဟာ အတူတကွ နေထိုင်ဖို့ လိုအပ်တဲ့ အရာတွေကို တွေ့လာတဲ့ အခါ တစ်ယောက်စိတ်ကို တစ်ယောက် နားလည်လာတဲ့အခါ၊ အတူရှိနေချိန်ရဲ့ အနှစ်သာရကို ရှာဖွေ တွေ့လာတဲ့ အခါ အဲဒီ အနှစ်သာရအတွက် အတူယဉ်တွဲ နေထိုင်မှုကို သဘာဝအတိုင်း ပြုမူကြပါတယ်။ တစ်ယောက်ကို တစ်ယောက် အစစ်အမှန် အတိုင်း မြင်လာပြီး အပြစ်လို့ မမြင်ဘဲ ချစ်ခင်နိုင်တယ်.. တချို့အရာတွေကြောင့် ယယ အချစ်ပျက်ပြယ်သွားပေမယ့် နားလည်အောင် လေ့လာနိုင်ပြီး ပြန်တည်ဆောက်နိုင်လိုက်တယ်… အချစ်ဟာ အမြဲတည်နေမယ်လို့ ဆိုလို့ မရပါဘူး… ဖြစ်မယ်… ပျက်မယ်… ပြန်ဖြစ်တည်မယ်… ။  ဒီလို ခရီးဆက်နိုင်တယ်… ဒါဟာ ထာဝရ အချစ်ခရီး ပါပဲ။ 
ကိုယ်တိုင် ချစ်ခြင်းမေတ္တာဆိုတာ ဘာဆိုတာ သိတဲ့ သူနှစ်ယောက်ကသာ သူတို့နှစ်ယောက် အတူတကွ နေထိုင်ဖို့ ဘာနဲ့မှ ချုပ်နှောင်ထားစရာ မလိုအပ်ဘဲ  အတူတကွ နေနိုင်မှာပါ။
ကမ္ဘာကြီးက အချစ်ကြောင့် လှပါတယ်။ ကိုယ်တိုင်သာ အချစ်ကို လက်တွေ့ကျကျ ရှာဖွေနိုင်ရင် ပေါ့…  လို့ "အိုးရှိုး" ကြီးက ပြောတာကို ပြန်ပြီး ဝေမျှလိုက်ပါတယ်။
===
 Ref: OSHO- Being in Love

0 comments: