My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Friday, May 2, 2014

Dear Diray _ May 2nd 2014



ချစ်သော ဒိုင်ယာရီ..


ဒီနေ့ မေမေနဲ့  စကားပြော အဆင်မပြေပြန်ဘူးကွယ်။ မေမေ ကိုပြောပေးပါ။
သမီးမိုက်ကိုခွင့်လွှတ်ပါ လို့။ 
သူ့ သမီးလေးက  ထောင်နဲ့တူတဲ့ အိမ်မဆောက်ချင်ကြောင်းကိုပေါ့။  

မေမေ မရှိရင် သမီး ဘယ်သူနဲ့နေမှာလဲတဲ့။ 
သမီး ချစ်သောသူတွေနဲ့ နေမှာပေါ့ မေမေရယ်။ သမီး ချစ်သောသူတွေမရှိတဲ့ အရပ်မှာ မနေနိုင်ပါဘူး တကယ်ပါ။ နောက်ပြီး လူ့လောကမှ ဘယ်သူများ မြဲတဲ့ ရုပ်၊နမ်ကို ပိုင်ဆိုင်ထားတာ ရှိလို့လဲ။ သမီးလည်း မေမေအရင် လောကကြီးက ထွက်ခွာသွားနိုင်သလို မေမေ ယူစေချင်တဲ့ လင်ယောင်္ကျားကလည်း ထို့နည်းတူပဲ တစ်ပင်လဲမူ တစ်ပင်ထူ ဆိုပြီး ကံများမကောင်းခဲ့လို့ကတော့  မေမေ့ရဲ့ လင်တစ်ယောက်မရှိရင် မတင့်တယ်ဘူး ဆိုတဲ့ထုံးနဲ့ဆို တစ်ယောက်ပြီး တစ်ယောက်ယူမှ တင့်တယ်သလို ဖြစ်ကုန်မှာပေါ့ မေမေရယ်။ အဲလိုဆို ကောင်းပါ့မလားဟင်၊ သမီးရွဲ့ပြောတာ မဟုတ်ရပါဘူး။ တရားသဘောကို ပြောပြတာပါ။ နောက်ပြီး လူတွေဟာ ချစ်ခင်မှုနဲ့ အတူနေတာပဲ ကောင်းတယ် မဟုတ်လားမေမေ။ ချစ်တဲ့သူတွေနဲ့ အတူနေတုန်း ပျော်အောင်နေပါတယ် မေမေ။ ဒါပေမယ့် မမြဲတဲ့ ဒီဘဝကြီးမှာ လူတစ်ယောက်မရှိရင် မနေပျော် ဆိုတဲ့ ဘဝဆိုတာ ဘယ်လိုမှ ကောင်းမယ် မထင်ဘူး။ အဲဒါဟာ ပူလောင်သောကတွေနဲ့ အသက်ရှင်တာ အဲဒီလူကို ချစ်တာထက် နှစ်ယောက်လုံး အပူမွေးနေသလိုပဲ။ ဒါကြောင့် သမီး ဘယ်သူနဲ့ နေမလဲ ဆိုရင် ချစ်သောသူများနဲ့ ပျော်အောင်နေပါ့မယ် မေမေ။ ဒါပေမယ့် အချစ်ဆိုတာ လုပ်ယူလို့ မရလို့ သူအတိုင်းရှိပါစေတော့ ဟိုလူ့ကို အတင်းချစ်ပါ ဒီလူနဲ့ အတင်းနေပါတော့ မလုပ်လိုက်ပါနဲ့ အဲဒါ နှစ်ယောက်လုံးကို ဆင်းရဲခြင်းထဲ ထိုးထည့်နေသလိုပါပဲ။ မမြဲတဲ့ စည်းစိမ်ဥစ္စာနဲ့ ရုပ်အစား စိတ်ကလေးတော့ ချမ်းသာပါရစေနော် မေမေ။ သမီးဘဝမှာ ပုံစံ အမျိုးမျိုးနဲ့ ချစ်သောသူတွေ ရှိပါတယ် မေမေ။
သမီး မှာ မိသားစုမရှိရင် အထီးကျန်လိမ့်မယ် တဲ့လား။  
တကယ်တော့ ကမ္ဘာကြီးထဲက လူတွေ အားလုံးကို သမီး မိသားစုလို့ သဘောထားခဲ့တာ ကြာနေခဲ့ပြီမေမေ။ သမီးမှာ စာအုပ်တွေကို ချစ်မြတ်နိုးတဲ့ မိသားစု ရှိတယ်။ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ မိသားစု။ လူမှုရေး လုပ်ငန်းတွေ ဝါသနာပါတဲ့ မိသားစု။ သမီးမှာ မိသားစု တွေ အများကြီး ရှိနေတာ။ သူတို့တွေက သမီးရဲ့ အစ်ကိုတွေ၊ အစ်မတွေ၊ မောင်လေးတွေ၊ ညီမလေးတွေ အခုနောက်ပိုင်း သမီး၊ သား တွေတောင် ရှိနေပြီ မေမေရဲ့။  မေမေက သူတို့ကို မိသားစုလို့ မမြင်ပေမယ့်  သူတို့က သမီးရဲ့ မိသားစုတွေပါ မေမေ။ ကမ္ဘာကြီးဟာ သမီးရဲ့အိမ်ဆိုရင် သမီးမှာ မိသားစု အကြီးကြီးကို ရှိတာ မေမေရဲ့။ နောက်ပြီး သမီးလိုပဲ အိမ်ထောင်မပြုဘဲ ကိုယ်စိတ်ဝင်စားရာ ကိုယ်လုပ်နေတဲ့ အပျိုကြီး လူပျိုကြီး မောင်နှမတွေလည်း ရှိသေးရဲ့။ တစ်ယောက်ကို တစ်ယောက် အဖော်ပြုရင်းပေါ့ မေမေရယ်။ 


သမီးကလေးချစ်တယ်မဟုတ်လား ကလေးယူဖို့ နောက်ကျမယ်လေတဲ့။ 

သမီးမှာ သားတွေ သမီးတွေ ရှိတာပေါ့ မေမေရယ်။ ကိုယ့်ဗိုက်ထဲက ထွက်လာတာမှ ကိုယ့်ကလေး မဟုတ်တာ။ အမေ့ရှေ့မှာတင် သမီး ကလေးတွေ ကျောင်းတက်နေတာပဲ မဟုတ်လား။ တစ်ယောက်ဆို ၅ တန်းယောက်တော့မယ်လေ။ သမီး ဗိုက်ထဲက ကလေး မမွေးချင်ဘူး မေမေ။ ကမ္ဘာပေါ်မှာ လူဦးရေ တိုးနှုန်းသိပ်များနေပြီ မေမေရဲ့။ ကမ္ဘာကြီးရဲ့ လူဦးရေနဲ့  ကုန်ထုတ်လုပ်နိုင်မှုတွေ ဝန်မမျှလို့ နည်းမှန်လမ်းမှန် မဟုတ်တာတွေနဲ့ ကြံဆပြီး လူတွေ ဒုက္ခများကုန်ကြပြီ။ မေမေပဲ  ပူလှချည့်၊ မိုးတွေ များ လှချည့် ဆို အဲဒါတွေက နောက်ဆက်တွဲ ဆိုကျိုးတွေပေါ့။ နောက်ပြီး လူတွေလည်း ရာသီဥတုတွေလိုပဲ ရုပ်၊ နမ် ဖောက်ပြန်မှုတွေများလာရာက မိဘမဲ့ကလေးတွေလည်း အများကြီး ဖြစ်လာတယ်မေမေ။ သမီး အဲဒီလို ကလေးတွေကို ကိုယ့်ကလေးလို့ သဘောထားတယ်။ သမီးဗိုက်ထဲက ကလေးတစ်ယောက် ထပ်ထုတ်ပြီး ကမ္ဘာကြီးကို မလေးစေချင်တော့ဘူးမေမေ။ 

မကျန်းမာရင် ဘယ်သူ အနားမှာရှိမလဲ။ 
အသက်ကြီးရင် အိုးမင်းလာရင် ဘယ်သူ စောင့်ရှောက်လုပ်ကျွေး မှာလဲ။

သမီးမကျန်းမာရင် ဆေးရုံတက် နာ့စ် ငှားပါ့မယ် မေမေ။ အသက်ကြီးလာရင် လူအိုရုံ သွားပါ့မယ်မေမေ။ အဲဒီအတွက် သမီးရှာနိုင်တုန်း ငွေစုပါ့မယ်။ သမီးကြောင့် သမီးချစ်တဲ့သူတွေ စိတ်ရောလူရော ပူပန်သောက ဆင်းရဲဒုက္ခ လူရောစိတ်ပါ မခံစားစေချင်ဘူးလို့ တွေးထားမိတယ်။ သမီး ချစ်သောသူတွေ ကိုယ့်ကြောင့် ဒုက္ခခံရတာ လူရော စိတ်ပါ ပင်ပန်းရမယ့် အစား သမီး ကိုယ်တိုင်ပဲ ဝေဒနာကို ပိုခံစားလိုက်ချင်တယ်။ သမီး  အဲဒီ အတွက် သတ္တိမွေးထားပါ့မယ် မေမေ။ လူတိုင်းကလေ ကိုယ့်ကို ဦးစားပေးခံရတာ၊ ကိုယ့်ကို ဂရုစိုက် ခံရတာ ကြိုက်ကြတယ် နေမကောင်းရင် ပိုတောင် ဒီလို အခြေအနေကို တောင့်တသေးတာပေါ့။ ကိုယ်ချစ်တဲ့သူတွေကို ကိုယ်ကျိုးအတွက် ဘယ်နည်းနဲ့မှ မသုံးချင်တာ သမီးစိတ်ရင်းပါ။  အဲဒါကြောင့် ကိုယ့်ကို ကိုယ် ချစ်တဲ့ အတ္တကိုတော့ ဒီဘဝမှာ ကြီးထွားခွင့် မပေးချင်တော့ဘူး ဒါက ဘဝသံသရာကို ချုပ်နည်း တစ်မျိုးလို့ပဲ သဘောထားပေးပါမေမေ။ 

သမီး မချစ်တတ်ဘူးလား။ 

သမီးမှာအချစ်တွေ များနေတာပါ မေမေ။ သမီး ချစ်တာ လူတစ်မျိုးတည်း မဟုတ်ဘူး မေမေ။ ကမ္ဘာကြီးရဲ့ နေရာ တစ်ခုတည်း မဟုတ်ဘူးမေမေ။ သမီး လူတွေကို ချစ်တယ်။ ဒါကြောင့် နေရာအနှံ့က လူတွေနဲ့ တွေ့ချင်တယ်။ သမီး ပန်းလေးတွေ၊ တိရိစ္ဆာန်လေးတွေ၊ ရှုမျှော်ခင်းတွေ အားလုံးကို ချစ်တယ်။ သမီး လက်ရှိရှိနေတာတွေကိုလည်း ချစ်သလို မမြင်ရသေးတဲ့ သမီးချစ်တဲ့ အရာတွေဆီ လူတွေဆီ ရောက်အောင် သွားချင်သေးတယ်။ ဒါကြောင့် သမီး ခရီးတွေ သွားနေတာပေါ့ ကမ္ဘာကြီးက သမီးရဲ့အိမ်.. လူတွေက သမီးရဲ့ မိသားစုပါ။ 

ဘဝကို ဖြတ်သန်းဖို့ အဖော်ဆိုတာလိုတယ်။ 

သမီး တကယ်ကို လက်ခံပါတယ် မေမေ။ တကယ်ပဲ ဘဝ အဖော်ဆိုတာ လိုပါတယ်။ ဒါပေမယ့် ဘဝက ပုံသေကားချပ်မဟုတ်ဘူး ဆိုရင် အဖော်ဆိုတာကလည်း ပုံစံ အမျိုးစုံနဲ့ ရှိနေမှာပဲမေမေ။ ဘဝမှာ မမြဲခြင်းတရားရှိသလို အဖော်ဆိုတဲ့ သူတွေ ကလည်း အမြဲရှိနေနိုင်မယ် မထင်ဘူးမေမေ။ ဘယ်အချိန်မှာဆိုတဲ့ ကန့်သက်ချက်မျိုးတော့ မွေးချိန်ကနေ သေချိန်အထိ ဘယ်သူများ အတူတပူးတွဲတွဲ ရှိတာများ တွေ့ဖူးလဲ။ ပြောင်းလဲနေတဲ့ အခြေအနေတွေအရ လူတစ်ယောက်အတွက် တစ်ချိန်မှာ အဖော်ဖြစ်လာနိုင်ပေမယ့် နောက်တစ်ချိန်မှာ အဖော် မဖြစ်နိုင်တော့ မချစ်နိုင်တော့ တာမျိုးလည်း ရှိနေနိုင်တာမို့။ သမီး ချစ်တဲ့သူနဲ့ ချစ်ခင်စွာ အဖော်ပြုနေပါ့မယ်။ အဖော်ကောင်းဖြစ်အောင် ကျိုးစားပါ့မယ်။ ဒါပေမယ့် ဘယ်သူနဲ့ ဘယ်အချိန်ဆိုတာမျိုး ကန့်သက်ချက်တွေနဲ့ လုပ်ယူဖို့တော့ မဖြစ်နိုင်ဘူး မေမေရယ်။ သမီးမြတ်နိုးတဲ့ လွတ်လပ်ခြင်းကို သမီးလည်း ပိုင်ဆိုင်ချင်သလို သမီးချစ်တဲ့သူတွေကိုလည်း ပေးချင်တယ်။

ဒါကြောင့် သမီး လှပတဲ့ အိမ်လေးပဲ လိုချင်တယ်။ ထောင်နဲ့ တူတဲ့ အိမ်တော့ သမီး မဆောက်ပါရစေနဲ့။ သမီးမိုက်ကို ခွင့်လွှတ် ခွင့်ပြုလိုက်ပါမေမေလို့လေ။ 


မေမေဆီကို အဲဒီလို စာရေးပို့ချင်ပေမယ့် လက်တွေ့မှာ အမေ လွယ်လွယ် လက်မခံနိုင်မှန်း သိတော့ ခက်လိုက်တာ။ ခံမပြောချင်တဲ့ စိတ်မကောင်းဖြစ်အောင် မလုပ်ချင်တဲ့ စိတ်က တို့ ပါးစပ်ကို ဖိပိတ်ထားပြန်တယ်။  ကိုယ်တိုင် မပြောဘဲ မေမေသိရင် သိပ်ကောင်းမယ်  ဒိုင်ယာရီရယ်။  
 
မေ ၂ ၊ ၂၀၁၄။  

1 comments:

Han Kyi said...

သည်ပို့စ်ကလေး ဖတ်ရင်းဖတ်ရင်းနဲ့ အမေနဲ့ သမီးအကြားက ချစ်ခြင်းမေတ္တာ ခေတ်ကာလအပေါ်မူတည်ပြီး ကွာခြားလာတဲ့ အတွေးအမြင်တွေကို အများကြီး စဉ်းစားနေမိပါရဲ့....