Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Monday, May 5, 2014
Dear Diary_May 5th 2013
10:43 AM | Posted by
Phyu |
Edit Post
ချစ်သော ဒိုင်ယာရီ
ဒီနေ့ ကျွန်မအတွက်တော့ အထိတ်တလန့် နေ့တစ်နေ့ပဲ..
ဒီနေ့မနက်စောစော အိပ်ယာနိုးတော့ အိမ်မှာလာနေတဲ့
ကြောင်ကလေး နှာခေါင်းမှာ သွေးတွေနဲ့ တွေ့တော့ လန့်သွားတယ်။ ကျွန်မလည်း တတ်သလောက် မှတ်သလောက်
အိမ်မှာရှိတဲ့ Septidine Solution ကိုပဲထည့်ပေးလိုက်တာပေါ့။အနာသက်သာအောင်ဆိုပြီးလေ။
ညနေပြန်ရောက်တော့ ကြောင်ကလေးခမျာ မျော့မျော့လေးပဲ ကျန်တော့တယ်။ သူ့အနာက သွေးမတိတ်ဘဲ
နှခေါင်းက အသက်ရှူလို့ မရဘူးထင်ပါရဲ့.. အသက်ကိုလည်း တော်တော် ခက်ခက် ခဲခဲရှူနေရရှာတယ်။
အိမ်ပြန်ပြန်လာချင်းတောင် သတိမထားမိသေးဘူး သီချင်းတွေ ဘာတွေ နားထောင်လိုက်သေးတယ်။ နောက်မှ
သူ့အသက်ရှူသံကြားမှ လန့်သွားတာ။ ခေါင်းထဲမှာ အသိဝင်လာတာက ကြောင်ကလေး သေသွားရင် ငါ့အပြစ်မကင်းဘူးဆိုတဲ့
ထိတ်လန့်မှုလည်းပါတယ်။ ဒါလိုနဲ့ ဆေးခန်းရှာပြီး ဆေးခန်းပြရပါတော့တယ်။ ဆေးခန်းက ပြန်ရောက်တော့
နေရာသစ်ကို သွားခဲ့ရတာရယ်၊ ဒဏ်ရာနာတာရယ်၊ ဆေးထိုးခံရလို့ ကြောက်နေတာရယ်ပေါင်းပြီး သူလည်း
အထိတ်တလန့်လေး ဖြစ်နေရှာပါတယ်။
တစ်ခါက
သူငယ်ချင်း အမေရိကန်မလေး တစ်ယောက်က သူ့ခွေးလေးကို သူမရှိတုန်း ထိန်းပေးဖို့ အကူအညီတောင်းဖူးတယ်။
သူက သူ့ခွေးကို မနက်တို့ ကျောင်းမသွားခင် ဘာကျွေးခဲ့ပါ။ ကျောင်းသွားရင် ဘယ်လို ထားခဲ့ပါ။
ညနေဘာကျွေးခဲ့ပါ။ နေမကောင်းဘူး ထင်ရင် ဘယ်လိုလုပ်ပါတွေအပြင် သူခွေးနဲ့ ညနေတိုင်း ဆော့ပေးပါဆိုတာပါ
ပါတယ်။ တို့စိတ်ထဲမှာ သူ့မှာတာတွေ နားထောင်ရင်း တော်တော် သဲသဲပိုတာပဲ တွေ့နေကြ ခွေးတွေနဲ့
သူ့ခွေး ကုသိုလ်ကံများ ကွာလိုက်တာလို့တွေးပြီး သူ့ နင်ခွေးတော်တော် ကံကောင်းတာပဲ နင်က
တော်တော်ဂရုစိုက်တယ်နော်လို့ပြောတော့။ သူပြန်ပြောတဲ့ စကားကို ကိုယ် ပြန်ပြီး မှတ်မှတ်သားသား
ရှိမိပါတယ်။
ငါခွေးမွေးတယ်ဆိုတာ
တစ်ယောက်တည်း နေပါများတော့ အထီးကျန်ဆန်တာရယ် တစ်ကိုယ်ကောင်း စိတ်များလာတာရယ်ကို ဘရိတ်အုပ်ဖို့လေ။
နောက်ပြီး သူတို့လေးတွေမှာလည်း ခံစားချက်ရှိတယ် နာကျင်တတ်တယ်။ ဒါကြောင့် သူကို ငါနဲ့အတူ
နေဖို့ ခေါ်ထားပြီးတဲ့ နောက်ပိုင်းမှာ သူကို တာဝန်ယူဖို့လိုသလို သူ့ခံစားချက်ကို ကိုယ်ချင်းစာပေးတတ်ဖို့
သူ့ကို အဖော်တစ်ယောက်အနေနဲ့ တန်ဖိုးထားတတ်ဖို့လိုတယ်။ ဒါက လူသားဆန်တဲ့ စိတ်ကို ကိုယ့်ကိုကိုယ်
မွေးမြူခြင်း တစ်မျိုးပဲ။ ဒါကြောင့် ကလေးတွေကို ခွေးလေး ကြောင်လေးတွေ မွေးဖို့ အကျင့်လုပ်ပေးသင့်တာလေလို့
သူက ရှင်းပြပါတယ်။ ကိုယ်ချင်းစာတရား အသင်းအဖွဲ့နဲ့ နေနိုင်မှုနဲ့ အထီးကျန်မဆန်ဖို့လို့
သူက အနှစ်ချုပ်ပြတယ်။
အမှန်ဆို
ကျွန်မက အကောင်ပလောင်လေးတွေကို ချစ်တတ်ပေမယ့် မွေးဖို့ကြတော့ တော်တော် စဉ်းစားတယ်။
ပါးစပ်ကတော့ ဟိုခွေးမျိုးလေး မွေးချင်လိုက်တာ ဒီအကောင်မျိုးလေး ချစ်တယ် ပြောပေမယ် အနှောင်အဖွဲ့
ကင်းကင်း နေချင်လို့ လက်တွေ့မွေးဖို့ အကောင်အထည် ဘယ်တော့မှ မဖော်တတ်ပါဘူး။ ဒါပေမယ့်
ရှောင်လွဲမရလို့ ကျွန်မ မွေးခဲ့ရတဲ့ အကောင်တွေ တော့ ရှိပါတယ်။ အံ့သြဖို့ကောင်းတာက အဲဒီ
အကောင်တွေက ကြောင်တွေချည်းပါပဲ။
ပထမ ကြောင်ကလေးက ကြောင်ကလေး ဖိုးသားအထီးလေးပါ။
အခု အိမ်မှာ ရှိနေတဲ့ ကြောင်လေးနဲ့ အရောင်တူပေါ့။ မှတ်မှတ်ရရ ပထမ ကြောင်လေး ရောက်လာတာက
ကျွန်မ ၈ တန်းနှစ် ကျောင်းပိတ်ရက်မှာ သူငယ်ချင်း တစ်ယောက်နဲ့ အတူတူ အိမ်ပေါ်က ပြူတင်းပေါက်နားမှာ
စာကျက်နေတုန်းပါ။ ကြောင်ကလေးက ဘယ်က ရောက်လာမှန်းမသိ ကျွန်မ ခြေထောက်နားကို ပွတ်သီးပွတ်သတ်လာလုပ်တော့
ကျွန်မက ဟယ် ဘယ်က ကြောင်ပါလိမ့်လို့ ဆိုတော့ သူငယ်ချင်းက နင်ကြောင်ကျ ကြည့်မလားဆိုပြီး
ကြောင်လေးကို ပြုတင်းကနေ ပစ်ချပါတယ်။ ကြောင်လေးကလည်း ကျွမ်းကျင်အဆင့်ပါပဲ ခြေထောက်နဲ့
ကျသွားပြီး အိမ်ပေါ်ကို လှေကားကနေတဆင့် ပြန်တက်လာပါတယ်။ နောက်တော့ သူမပြန်တော့ပါဘူး။
သူက လူစကားလည်း နားလည်သလို အကင်းလည်း ပါးပါတယ်။ ကြောင်ကိုင်တာ မကြိုက်တဲ့ ကျွန်မ ဖေဖေ
အလစ်ရောက်မှ ကျွန်မ အခန်းထဲ ရောက်အောင်လာ။ စာကျက်ရင် ပေါင်ပေါ်မှာ လာထိုင် အိပ်ယာခြေရင်းမှာ
လာအိပ်တတ်သလို ကျွန်မ အခန်းတံခါးကိုလည်း စေ့ထားရင် သူ့လက်ကလေးနဲ့ ကလော်ပြီး ဖွင့်တတ်ပါတယ်။
အချွဲလည်းတော်တော့ ကျွန်မတို့ တစ်အိမ်လုံး ဖေဖေကလွဲလို့ သူ့ကို ချစ်ပါတယ်။ ကျွန်မ ၁၀
တန်း စာမေးပွဲဖြေကာနီးလောက်မှာပဲ သူညဘက်အပြင်ထွက်ရင်း ပြန်ရောက်မလာဘဲ ပျောက်သွားခဲ့ပါတယ်။
အဲဒီက တည်းက ကျွန်မဝမ်းနည်းရတာကို မခံစားချင်လို့ ဘာကောင်မှ ထပ်မမွေးတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒုတိယ ကြောင်မလေး မီမီ နဲ့ ဆုံရတာ ကျွန်မ
ချင်းမိုင်မှာ ကျောင်းတက်တုန်းကပေါ့ ကျွန်မ အဆောင် ဝရံတာကို ကြောင်မလေးတစ်ကောင် ရောက်လာပါတယ်။
သူ့မှာ လည်ပတ်လေးတောင်ပါသေးတယ်။ ကျွန်မလည်း ပြန်နိုး ပြန်နိုးနဲ့ ကြည့်နေပေမယ့် မပြန်တဲ့
အပြင် အစာပါတောင်းလာတော့ ကျွန်မလည်း သူ အိမ်မပြန်တတ်ဘဲ ဗိုက်ဆာနေရှာတယ် ဆိုပြီး ငါးသေတ္တာလေး
ဖောက်ကျွေးလိုက်ရာက ပြန်ကို မပြန်တော့လို့ ဒီအတိုင်းဘဲ အခန်းမှာ ခေါ်ထားလိုက်ရ ပြန်တယ်။
ဒီကြောင်မလေးကတော့ နဲနဲ ကြီးကျယ်ပုံပါပဲ ခေါင်းအုံးပေါ် အတင်းတက်တက်အိပ်လို့ ဖက်စရာမရှိရင်
အိပ်မပျော်တဲ့ ကျွန်မရဲ့ ဖက်အိပ်တဲ့ ခေါင်းအုံး တစ်လုံးကို သူ့ကို ပေးလိုက်ရတော့တယ်။
တစ်ယောက်တည်း နေတဲ့ အချိန်ဆိုတော့ ကြောင်မလေးက အဖော်လုပ်လို့ ကောင်းပါတယ်။ နောက်ပြီး
သူက သန့်ပါတယ်။ အခန်းထဲမှာ မစင်လုံးဝ မစွန့်ဘဲ အိမ်သာထဲ ဝင်တတ်တာကြောင့် ကိုယ်ရေလိုက်လောင်းရတာအပြင်
ဘာမှ ကိစ္စမရှုပ်ပါဘူး။ သူ့နာမည်လည်း မသိတော့ မီမီလို့ ခေါ်ရင် အဲဒီလိုပဲ ဆက်ခေါ်ဖြစ်ပါတယ်။
တစ်နေ့တော့ အမဲနဲ့အဖြူစပ်ပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြောင်မလေးကို ပိုးတဲ့
ရုပ်ဆိုးဆိုး ကြောင်ကြီး ရောက်လာတာကတော့ ကျွန်မကို ပိုပြီး အပျင်းပြေစေပါတယ်။ ကြောင်ကြီးက
ရုပ်ဆိုးသလောက် သဘောကောင်းပြီး စိတ်ရှည်ရှာတယ်။ ကျွန်မ ကြောင်မလေး ကဲကဲဆတ်က သူ့ကို
လှည့်တောင်မကြည့်ပါဘူး။ သူ့ခမျာ ဝရန်တာကနေ ထိုင်ပဲ ကြည့်နေရပါတယ်။ စာထိုင်လုပ်နေတဲ့
ကျွန်မက သူတို့ နှစ်ကောင်ကြားက အောင်သွယ်ပါ။ ကြောင်ကြီးကို ကျွန်မက ဝင်ခွင့်ပြုတဲ့
ပုံ လုပ်ပြလို့ ကြောင်ကြီးက အထဲကို ခြေလှမ်းမယ်
ဟန်ပြင်တာနဲ့ ကြောင်မလေးက ပါးထွက်ရိုက်ပါတယ်။ ကြောင်ကြီးက ဘာမှ မလုပ်ဘဲ သူထိုင်ကြည့်နေတဲ့
နားကို ပြန်သွား ထိုင်ပြီး နေမြဲအတိုင်း ပြန်နေပါတယ်။ ဒီလိုက ညတိုင်းပါပဲ။ သူတို့ နှစ်ကောင်ကြည်နိုး
ကြည်နိုးနဲ့ ကျွန်မလည်း ကြည့်နေတာ ကြောင်မလေးက လုံးဝကို လှည့်မကြည့်တာပါပဲ။ လနဲ့ချီပြီး
ကြာတဲ့အထိ အခြေအနေက မတိုးတက်ပါဘူး။ အိမ်ကိုလာလည်တဲ့ အစ်မကတောင် ဒီအခန်းက လူမပြောနဲ့
ကြောင်မတောင် စွန်တယ်ဟေ့ ဆိုပြီး နောက်တဲ့အထိပါပဲ။ ကျွန်မ အဖေနေမကောင်းလို့ ကျောင်းခဏနားပြီး
အိမ်ပြန်လာတော့ ကျွန်မအခန်းကို ဆက်နေတဲ့ အဲဒီအစ်မနဲ့ မီမီကို့ ထားခဲ့ရပါတယ်။ သူ့ဆီကနေ
ကြောင်မလေးနဲ့ ကြောင်ထီးကြီး နောက်ဆုံးတော့ အဆင်ပြေသွားတဲ့အကြောင်း ဒါတောင် ကြောင်မလေးက
တော်တော် နိုင်စားကြောင်း ပြန်ကြားရပါသေးတယ်။ အခုတော့ အဲဒီ အစ်မလည်း ပြန်လာပြီမို့
ကြောင်မလေးလည်း ဘယ်ဆီဘယ်ဝယ် ရောက်နေလဲ မသိတော့ပါဘူး။ ဒီကြောင်မလေးကို ကျတော့ ကျွန်မက
စွန့်ခွာခဲ့သူပါ။
ဟက်ပီးကတော့ အခု ကျွန်မ အိမ်မှာ ရောက်နေတဲ့
ကြောင်ထီးလေး။ ဒီနေ့ ဒဏ်ရာနဲ့ နေမကောင်း ဖြစ်နေတဲ့ ကြောင်လေးပေါ့။ သူကတော့ ဘေးအိမ်ကပါ။
သူ့ကို ကျွန်မ မွေးကင်းစကပဲ မြင်ဖူးပါတယ်။ သူကျွန်မ တစ်ယောက်တည်းနေတဲ့ အိမ် ရောက်လာတာက
အကြောင်းရှိပါတယ်။ သူ့အမေက နောက်ထပ် သားကလေးတွေ ထပ်မွေးလိုက်တာရယ် သူအိမ်မှာ ကလေးတွေရှိတော့
သူ့ကို အကောင်ပေးမနေဘဲ ဆွဲလားရမ်းလားလုပ်တာကြောင့် သူ အေးအေးဆေးဆေး မနေရလို့ ကျွန်မအိမ်ကို လာဖို့ သူ စိတ်ကူးပေါက်သွားပုံရပါတယ်။
ခပ်တည်တည်နဲ့ ဝင်လာနေပြီး မပြန်တော့ပါဘူး။ ကျွန်မကလည်း မမွေးချင်တော့ မသိချင်ယောင်ဆောင်ပြီး
သူ့ကို အပြင်ထုတ် တံခါးပိတ်ထားရင် သူက အပေါက်ရှာပြန်ဝင်ပါတယ်။ ဗိုက်မဆာမချင်းတော့ အသံတိတ်ပြီး
ငြိမ်နေပါတယ်။ ဗိုက်ဆာရင်တော့ မျက်နှာငယ်လေးနဲ့ တောင်းတတ်ပါတယ်။ တောင်းမရရင် ကျွန်မ
ရိုက်နေတဲ့ ကွန်ပျူတာပေါ်အထိ တက်ပြီး ကျွန်မလက်ကို ဖမ်းလိုက် အစာတောင်းလိုက်လုပ်ပါတယ်။
ဒီလိုနဲ့ ကျွန်မလည်း သမီးအကြီးမို့ သူ့လို နေရာပျောက်တဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိတာရယ်ကြောင့်
အစာနဲ့ရေ ပေး၊ ဒီလိုနဲ့ အိပ်စရာနေရာပေးလိုက်ပြီး
ပျော်သလိုနေ မပျော်ရင်ပြန်ဆိုပြီး သဘောထားလက်ခံထားလိုက်တာပါ။ ဟက်ပီးရဲ့ ကောင်းတဲ့ အကျင့်လေးတွေက
မနှောက်ယှက်တတ်တာရယ် နားညည်းအောင်မလုပ်တတ်တာရယ်၊ မညစ်ပတ်တာရယ်ပါပဲ။ အပေါ့အပါးကို အပြင်
ထွက်သွားပါတယ်။ အခု ဒီစာကို ရေးနေတဲ့ အခ်ျိန်မှာလည်း
သူ နာကျင်နေတဲ့ ကြားက အပြင်ကို အပေါ့ထွက်သွားနေသေးပါတယ်။ နောက်သူက သူ့ဘာသာသူ ပျော်ပျော်နေပြီး
ဆော့နေတတ်လို့ ဟက်ပီးလို့ ကျွန်မက နာမည်ပေးလိုက်ပါတယ်။ ကျွန်မ အိမ်မှာ ရှိတဲ့ အချိန်ဆိုရင်တော့
ကျွန်မ အနားမှာပဲ နေနေတတ်ပြီး ကျွန်မ ရေချိုးရင် ရေချိုးခန်းနား အထိ လိုက်ထိုင်နေတတ်သလို
အိမ်သာတက်ရင်တောင် အပြင်မှာ ငုတ်တုတ်လိုက်ထိုင်နေတတ်တာကြောင့် ကျွန်မမှာ တအံ့တသြ ဖြစ်ရအောင်
သူက လူခင်တတ်ပြန်ပါတယ်။ ကျွန်မ မရှိတဲ့ အချိန်လည်း သူ့အတွက် ပူစရာမလိုပါဘူး သူ့နဂိုအိမ်ဆီ
သူပြန်နေနေတတ်ပါတယ်။ ဒါကြောင့် သူကြောင့် ကျွန်မ ဝန်မပိုရပါဘူး။
ပထမကြောင်လေးက ပျောက်သွားခဲ့တယ်။ ဒုတိယ
ကြောင်လေးကို ကျွန်မ ထားခဲ့တယ်။ အခု ဟက်ပီး နာကျင်ခံစားနေရတာ မြင်ရတော့ ဒီတစ်ကောင်တော့
သေကွဲမဖြစ်လောက်ပါဘူးနော် ဆိုပြီး ကျွန်မ လန့်နေမိပါတယ်။ သံယောဇဉ်ဆိုတာ ပူတတ်တဲ့ အမျိုးပါပဲ။ ဒါပေမယ့် လောကမှာ ဆုံတွေမှုတွေက
ရေစက်ပါပဲ။
တစ်ချို့အရာတွေက ရှောင်လွှဲလို့ မရနိုင်ပါဘူး။
ကျွန်မဆီ ကြောင်ကလေးတွေ ရောက်ရောက်လာတတ်တာဟာလည်း ရေစက်ပါပဲ။ နောက်ပြီး ကျွန်မ သိပ်
တကိုယ်ကောင်းဆန်စိတ်တွေ ဖြစ်လာနိုင်လောက်တဲ့ အချိန်တွေကိုလည်း ထိန်းညှိပေးဖို့ သူတို့
ရောက်လာတာလည်း ဖြစ်နိုင်ပါတယ်။ သံယောဇဉ်ထားရမှာ ကြောက်လို့ ဘာမှ မမွေးချင်ပေမယ့် သူ့အလိုလို
ရောက်လာတဲ့ ကြောင်ကလေးတွေ အပေါ်ကိုတော့ ကျွန်မ ကိုယ်ချင်းစာစိတ်အပြည့်ထားပြီး အတတ်နိုင်ဆုံး
မေတ္တာပေး စောင့်ရှောက်ခဲ့ပါတယ်။ အခု ဟက်ပီးကိုလည်း ကျွန်မ အတတ်နိုင်ဆုံးတော့ လုပ်ပေးခဲ့တာပါပဲလို့
စိတ်ဖြေရတော့မှာပေါ့… သူ နေပြန်ကောင်းမယ်လို့တော့ မျှော်လင့်ရတာပါပဲလေ။
၅ မေ ၂၀၁၃
(တနင်္လာနေ့)။
Labels:
Dear Diary
Subscribe to:
Post Comments (Atom)
0 comments: