My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, July 29, 2013

ငိုသံ


ဟော.. ရွာဦးကျောင်းက အုန်းမောင်းခေါက်ပြီ ကိုရင် သာအေး အိပ်ရာက နိုးလာပြီ။ အနားက အိပ်မောကျနေတဲ့ သားနဲ့ သမီးကြီး ကိုသူတစ်ချက် ငေးကြည့်ပြီး .. အိမ်နောက်ဖေးကို ဆင်းသွားတာကို အေးမိ ပိတောက်ပင်ကြီးအောက်နေ လှမ်းကြည့်နေမိသည်။
အိမ်မှာ ဆန်ကုန်နေသည်ကို သူ့ယောင်္ကျားတွေးနေမည်လား။ သမီးနဲ့သား ကျောင်းဖွင့်ချိန်လည်း နီးလာပြီ.. သူ့ယောက်င်္ကျား ဘောက်လုပ်သူ ကိုသာအေး တစ်ယောက် အဆင်မပြေမှုများကြောင့် မပြုံးတာ ( ၂) နှစ်တောင် ရှိပါပေါ့လား။

အခန်း ( ၁ )

အဲဒီနေ့ည… ဟုတ်သည်… အဲသည်ညကို အေးမိ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပါ။ အင်္ဂလိပ်ပြက္ခဒိန် ဘယ်နေ့မှန်း အေးမိ မသိပါ။ မမှတ်မိသည်က သမီးနဲ့သားက အေးမိ တစ်ဘက် တစ်ချက်တွင် ကွေးကွေးလေး အိပ်ပျော်နေကြသည်။ မိုးက ရွာလာသံကို ကြားရသည်.. အော် မိုးတွေတောင် လာပါပေါ့လို့ အေးမိတွေးရင်း.. ဘုရားစင်အောက်မှာ အိပ်နေတဲ့ ယောင်္ကျားကို လှမ်းကြည့်မိတယ်..။ သူကတော့ ပုဆိုးဟောင်းလေးကို ခြုံလို့ကွေးနေသည်။
တဖြည်းဖြည်း မိုးရော လေပါ ကြမ်းလာသည်.. ကလေးနှစ်ယောက်ကလည်း အေးမိကို တိုးဖက်လာရင် အမေကြောက်တယ်ဟု ပြောလာသည်။ လေတိုက်သံက မကောင်းဆိုးဝါးတစ်ကောင်း အော်ပြေးလာသလို အေးမိရင်ထဲ ခံစားရသည်။ အေးမိတို့၏ ဓနိမိုး ထရံကာ ဝါးအိမ်လေးမှာ ဒန်းသဖွယ် ရမ်းနေသည်။ အေးမိ ကြောက်လွန်းလာကာ ယောင်္ကျားကို လှမ်းခေါ်တာတောင် အသံက ထွက်မလာသလိုဖြစ်နေသည်။ ထိုအချိန်တွင် သူ့ယောင်္ကျား ကိုရင် သာအေး၏ အေးမိ ထထ ရေတွေတက်လာပြီ .. ပြေးကြမယ်.. ငါတို့ ရွာဦးကျောင်း ရောက်အောင် ပြေးကြမယ် ။ ကလေးတွေ လက်ကို ဆွဲထား.. လာ ငါ့နောက်လိုက်လာ ဟူသော ပလုံးပထွေး အော်ခေါ်သံကြောင့် ထပြေးမိသည်.. ကလေးတွေက စတင်ငိုနေကြပြီ အိမ်ကလေး မှာလည်း အမိုးတွေ မရှိတော့ ..နားထဲတွင် တော်လဲသံလို အသံများနှင့် .ပိန်းပိတ်အောင် မှောင်နေသော ပတ်ဝန်းကျင်.. လူလွင့်ပါတော့မည့် လေတိုက်အားနှင့် ရေတွေသာ … အာရုံထဲတွင် ရှိနေသည်။
ဘုရား ကမ္ဘာပျက်တာလား.. ကိုရင် သာအေးက သမီးနှင့်သားကို လက်တစ်ဖက်စီတွဲလို့.. အေးမိက သားလက်ကို ဆွဲရင်း ရွာဦးကျောင်းဆီသို့ မှန်းပြီး ပြေးကြသည်.. ဒါပေမယ့် ..အမှောင်နှင့် မိုးလေတွေကြားမှာ .. သူတို့ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိတော့… နောက်က လိုက်လာသော ရေလှိုင်းတွေက တစ်နေရာ အရောက် အေးမိကို လာပုတ်ထုတ်လိုက်သည်။ သားလက်ကို တွဲထား … ကိုရင်သာအေးရဲ့ အော်လိုက်တဲ့ အသံက ဝေးသွားသလိုပဲ…ကိုင်ထားတဲ့ သားရဲ့ လက်ကလေး လွတ်ထွက်သွားတယ်.. အေးမိရေစီးနဲ့ အတူ ပါသွားခဲ့တယ်… နောက် ဘာဆို ဘာမှလဲ မသိတော့ဘူး..။

အခန်း ( ၂ )

အေးမိ ဘယ်ကိုရောက်နေမှန်းမသိ ..လွင်ထီးခေါင်ကြီးထဲ လမ်းလျှောက်နေမိတယ်.. သားလေးရော.. သမီးကြီးရော…. ကိုရင်ရေ .. ကျုပ်ကို လာခေါ်ပါဦးတော့လို့ .. အော်နေမိတယ်။ အနားက ဖြတ်သွားတဲ့ တချို့လည်း ကိုယ့်လို အပူတွေနဲ့ .. တစုံတခု ကို ရှာဖွေ နေကြတဲ့ ပုံတွေပဲ။ ကျုပ်အော်သံကို တစ်ချို့က ကြားတဲ့ပုံနဲ့ လှည့်ကြည့်ပြီး တစ်ချို့ကတော့ မကြားတဲ့ ပုံနဲ့ အနားက ဖြတ်သွားတယ်.. ကိုရင်ရေ..။
ဒါနဲ့ အေးမိစိတ်ထဲမှာ.. အိမ်နေရာကို သတိရလို့ အပြေးအလွားရှာမိတယ်.. အမလေး အေးမိတို့ အိမ်လေး မရှိတော့ပါလား.. အိမ်နားက ပိတောက်ပင် ကြီးကတော့ အကိုင်းတွေ မကျန်တော့ပေမယ့် ပင်စည်ငုတ်ကြီး ကျန်နေတယ်။ အေးမိ ဘယ်ဆက်သွားရမယ် မှန်းမသိတော့ အဲဒီ အပင်ကြီး နားမှာပဲ ထိုင်နေမိတယ်။
အော် ငါတို့ ပြေးကြတာ ရွာထိပ်က ဆရာတော်ကျောင်းကိုပဲ .. အေးမိကျောင်းဝန်းနား တဝဲလည်လည် သွားကြည့်မိတယ်။ ကိုရင်တို့ သားအဖတွေ.. လှမ်းခေါ်ပေမယ့် ကိုရင် စိတ်ညစ်နေလို့ ထင်ပါရဲ့ ကျုပ်ကို လှည့်တောင် မကြည့်ဘူးလေ။ အေးမိ စိတ်ဆိုးလာမိတယ်… ဒါပေမယ့် .. နောက်တော့ အေးမိ သဘောပေါက်လာခဲ့တာ… ဘုရားသခင်.. ကျမတို့တွေ ..ဘဝတွေ ခြားသွား ကြပါပြီလား။
နောက်တော့ .. ရွာကို အကူညီတွေရောက်လာတယ်.. အေးမိတို့ အိမ်ကလေးကိုလည်း ပြန်ဆောက်ကြတယ်.. ဒါတွေ အားလုံးကို အေးမိ ပိတောက်ပင်ကြီးမှာနေရင်း ကြည့်နေခဲ့ရတယ်။
ခုဆို အေးမိ ပိတောက်ပင်ကြီးမှာ နေလာတာ.. ၂ နှစ်တောင် ရှိပါပြီး..
ကိုရင် သာအေး .. စိတ်လို လက်ရ ဘုရားရှိခိုးရင်.. ရင်ခေါင်းသံကြီးနဲ့ .. အေးမိရေ အမျှပါကွာလို့.. ဆိုတတ်ပေမယ့်.. ကျုပ် သာဓုမခေါ်နိုင်ဘူး ကိုရင်ရယ်..။
ကျုပ် သားတွေ သမီးတွေ .. နောက် ကိုယ့်ကိုကိုယ် ဂရုမစိုက်လို့ ကျုပ် အမြဲ သတိပေးရတဲ့ ကျုပ်ရဲ့ ငယ်ပေါင်းချစ်လင် ကိုရင်ရယ်.. ကျုပ် စိတ်မချနိုင်ဘူးတော့…
ကျုပ်တို့ အိမ်မှာ ဆန်အိုးထဲ ဆန်မရှိဘူး…
ပြီးခဲ့တဲ့ နှစ်က ကျောင်းတက်ချိန် နှစ်ယောက်လုံး ကျောင်းမထားနိုင်လို့ သားကိုပဲ ကျောင်းအပ်နိုင်ခဲ့တယ်..
ခုလာမယ့် နှစ်ရော…
ကျုပ်လေ..သားသမီးတွေ ကွယ်ရာ ပိတောက်ပင်ကြီးအောက်မှာ..

အေးမိရေ.. သူတို့ကတော့ ဝက်တွေ လာပေးပါရဲ့ကွာ.. ငါတို့မှာ အလုပ်ရှားလွန်းလို့ ..ထမင်းနပ်မှန်အောင် စားနိုင်ဖို့ ကြိုးစားရင် အကြွေးတွေ တင်ရာက .. ရောင်းလိုက်ရတယ်ကွာ..

အေးမိရေ… ငါတော့ ဒီနှစ် ငါးဖမ်းလို့ မရလို့ ဘောက်ပဲရှာလုပ်ရတော့မယ်ကွာ.. မြို့ကလူတွေ လေလံရ.. ငါတို့ ရွာသားတွေ ချောင်းမှာတောင် ငါးဖမ်းမရ.. ငါတို့ သားအဖတွေ .. ငတ်များ ငတ်တော့မလားကွာ…

အေးမိရေ… လုပ်ငန်းတွေ မကောင်းတော့ .. မင့်ကလေးတွေ ငါ ကျောင်းဘယ်လိုထားရမလဲကွာ.. ကျုပ်ကလေးတွေ ..သေစာရှင်စာတတ်ရုံတင်.. ကျုပ်တော့ မကျေနပ်နိုင်ပါဘူး.. ပညာတတ်ကြီးတွေ ဖြစ်စေချင်တာတော့လို့ .. ပြောခဲ့တဲ့ .. မင်းစကားကို ငါဘယ်လို ဖြည့်ဆည်းရမလဲကွာ..

အေးမိရေ.. အိမ်ကလေးကို ပြင်.. အမိုးတွေ မိုးရတော့မယ်.. ဓနိစိမ်းတွေပဲ ခုတ်မိုးနိုင်တော့တယ်ကွာ.. ကြာကြာတော့ မခံလောက်ဘူး… အိမ်မလုံရင် ကလေးတွေ .. အအေးပတ်တာ ဖျားတာတွေ ဖြစ်လာရင်.. မင်းလဲ မရှိဘူး.. ငါ ဘယ်လို.. လုပ်ရမလဲကွယ်….

သမီးလေးလဲ မုန်တိုင်းနဲ့ ကြုံပြီးကတည်းက အရမ်းကို လန့်တတ်နေတယ်.. ရွာကို လာတဲ့ ဆရာလေးကတော့ .. စိတ်ကို ကုရမှာလို့ ပြောတယ်.. ငါလဲ .. ဘာလုပ်ပေးရမလဲ.. မသိပါဘူးကွာ..

အေးမိရေ.. ငါ လူလောကမှာ အသက်ရှင်ရတာ ပင်ပန်းလွန်းလှတယ်.. မင်းနဲ့အတူ တို့အားလုံး ဘာလို့ ပါမသွားတာလဲ ကွယ်…

ဆိုတဲ့ …

… ရှင့် ကငိုသံတွေ .. ကျုပ် ရှင့်နားမှာ ထိုင်ပြီး နားထောင်ပေးခဲ့တာ .. ကိုရင်ကတော့ မသိရှာဘူး…
တကယ်ဆို .. ကျုပ်လဲ .. ဒီလို ဘဝကြီးမှာ မနေချင်ဘူး ကိုရင်ရယ်…

ကိုရင်နဲ့ ကျုပ်သား၊သမီးတွေကို စိတ်ချရရင် ကျုပ် လွတ်မြောက်ရာကို သွားချင်ပြီ..
ဒါပေမယ့် ကျုပ်မသွားနိုင်သေးဘူး… ခုထိ.. ၂ နှစ်ကြာတဲ့ အထိ.. မသွားနိုင်သေးဘူး…..

ကိုရင် ငိုတဲ့ အသံကို ကျုပ်ကြားနိုင်ပေမယ့်…
ဟောဒီက အေးမိရဲ့ ဝိဥာဉ် ငိုသံကို ကိုရင် မကြားနိုင်ပါဘူး…
ဘယ်သူကမှလဲ .. မကြားနိုင်ပါဘူး….

ကျုပ် အမြဲ ငိုနေရတယ်.. ၂ နှစ်ရှိပြီ ကိုရင်ရယ်…။

စာနာစွာဖြင့်..

အလွမ်းပြေ
( ၃၀.၄.၂၀၁၀)

* ဒီနေ့ မိုးတွေ အရမ်းရွာနေတာကနေ ရေကြီးနေကြတဲ့ သတင်းကို ဖတ်မိရင်းက  နာဂစ်မုန်တိုင်း ၂ နှစ်ပြည့်တုန်းက ခံစားရေးထားတာပြီး  Blog မှာ မတင်ဖြစ်တဲ့ ဒီဝတ္ထုလေးကို သတိရပြီး တင်လိုက်တာပါ။ 

1 comments:

စံပယ်ချို said...

အေးမိတို့ အဖြဟ်လေးကို ကိုယ်ချင်းစာပြီး ရင်ဘတ်ထဲကနေလွမ်းမိတယ်