Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Saturday, July 27, 2013
၂၁ ရာစု လူမှုဘဝ စွမ်းရည်များ
12:41 AM | Posted by
Phyu |
Edit Post
အပြောင်းအလဲတွေဟာ အချိန်ကို မှီပြီး
ရောက်လာတယ် ဆိုပေမယ့် အခုလို ၂၁ ရာစုမှာတော့ အပြောင်းအလဲတွေဟာ အရင်တုန်း နှစ်တွေ ဆီကထက် ပိုပြီးမြန်ဆန်လာတာ
လူတိုင်းခံစား သိနိုင်မှာပါ။ ဒီလို မြန်ဆန်တဲ့ အပြောင်းအလဲတွေကြားမှာ လိုက်ရောညီထွေစွာ
အောင်အောင်မြင်မြင် အသက်ရှင် နေထိုင်သွားနိုင်ဖို့ စွမ်းရည်တွေ လိုပါတယ်။ အခုခေတ်မှာ
ဘယ်လို စွမ်းရည်တွေ လိုအပ်ပါသလဲ ဆိုတာကို Assessment and Teaching of 21st
Century Skills (ATC21S) ကဦးဆောင်ပြီး ကမ္ဘာနေရာ အနှံ့က အဖွဲ့အစည်းပေါင်း ၆၀ ကျော်က
သုတေသနပညာရှင် ၁၂၀ စုပေါင်းပြီး သုတေသန ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီ သုတေသန ရလဒ်တွေကို ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ဇန်နဝါရီလမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
အဲဒီ ရလဒ်တွေရဲ့ အနှစ်ချုပ်ကတော့…
ပထမအချက်-
အတွေးအခေါ်ပိုင်းမှာ
ဆန်းသစ်တီထွင်မှု ရှိရမယ်။ ထိုးထွင်းဆင်ခြင်
သုံးသတ်နိုင်စွမ်းရှိရပါမယ်။ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင်စွမ်း နဲ့
လေ့လာသင်ယူနိုင်စွမ်း တို့ ရှိရပါမယ်။
ဒုတိယအချက်-
အလုပ်လုပ်ကိုင်မှုပိုင်းမှာ
ဆက်ဆံရေး ကောင်းမွန်မှုနဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မြင့်မားရပါမယ်။
တတိယအချက်-
အလုပ်အတွက် မရှိမဖြစ်
လိုအပ်တာတော့ လူမှု ဆက်သွယ်ရေးနဲ့ နည်းပညာ (ICT) အသုံးပြု ပညာရပ်ပါပဲ။
စတုတ္ထအချက်-
လူမှု အသိုင်းအဝန်းနေထိုင်မှု မှာတော့ နိုင်ငံသားကောင်းဖြစ်မှု၊ ဘဝနဲ့ အသက်မွေးဝမ်းကြောင်း
ဆက်စပ်မှု၊ အများအကျိုးနဲ့ ကိုယ့်အကျိုး မျှတ ကျေပွန်မှု တို့ပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။
လူတွေဟာ ကိုယ့်ရဲ့
နေ့စဉ်လူမှု ဘဝထဲမှာ လုပ်ငန်းခွင်ထဲမှာ အမြဲ ထည့်သွင်းစဉ်းစား ဖြစ်လာတဲ့ အယူအဆ နောက်တနည်းအားဖြင့် သဘောထားအမြင် အလေ့အထ တွေကတော့..
ပထမအချက် လူတွေဟာ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းကြတဲ့အခါ တစ်ယောက်တည်း ဖြေရှင်းဖို့ထက်
အများနဲ့ ပူးပေါင်း အဖြေရှာ ရင်ဆိုင်ဖြေရှင်း လာကြတာကို တွေ့မြင် နိုင်ပါတယ်တဲ့။
အခုခေတ်
အခြေအနေတွေဟာ ပိုမိုမြန်ဆန်လာတဲ့အတွက် တစ်ယောက်တည်း ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့
အချိန်မမီနိုင်လာတဲ့အခါ လူတွေဟာ တစ်ယောက်ချင်းစီ ရင်ဆိုင်နေရတာခြင်း တူတဲ့ သူတွေ အချင်းချင်း
စုစည်းလာကြပြီး တစ်ယောက်ချင်းစီက သူတို့ ဆီမှာရှိတဲ့ ဗဟုသုတ၊ သတင်းအချက်အလက်၊ စွမ်းရည်
စတာတွေကို ဝေမျှပြီး မတူတဲ့ စွမ်းရည်တွေနဲ့ အားလုံးပူးပေါင်းလုပ်ဆောင်ပြီး ပြဿနာတွေကို
ဖြေရှင်းတဲ့ အလေ့အထ ဖြစ်လာပါတယ်။ ဒုတိယ အချက်အနေနဲ့ အဲဒီလို လုပ်ဆောင်နိုင်ဖို့အတွက်
လူတွေဟာ ICT ပညာရပ်တွေကို ပိုသုံးလာကြတယ်။ သတင်းနဲ့ အချက်အလက်တွေ ဖလှယ်ဖို့ လူအချင်းချင်း
အဆက်အသွယ်မပြတ်လုပ်နေနိုင်ဖို့၊ ရင်းနှီးမှု တည်ဆောက်ကြဖို့ ဆက်သွယ်မှု ကွန်ယက်တွေ
ကို တည်ဆောက်လာကြတယ်။
ဒါကြောင့် ဒီခေတ်အချိန်အခါမှာ Social Networks လို့ ခေါ်တဲ့ အင်တာနက်
လူမှုကွန်ယက် တွေကို လူတွေ အသုံးများလာကြတယ်။ အင်တာနက်ကို အခြေခံတဲ့ လူမှုဆက်သွယ်ရေး
ပုံစံသစ်တွေ ဖြစ်လာကြတာကြောင့် ICT literacy လို့ ခေါ်တဲ့ ဆက်သွယ်ရေးနဲ့ နည်းပညာ တတ်မြောက်မှုဟာ အရေးပါလာတာကို တွေ့ရပါတယ်။
ဒါကြောင့် တိုးတက်မှုကို ရှာဖွေဖို့ လူတွေဟာ ဒစ်ဂျစ်တယ် နည်းပညာလေ့လာတတ်မြောက်မှုမှု အခုခေတ်ကို အမှီလိုက်ဖို့ အရေးအပါဆုံး ဖြစ်လာတယ်လို့ ဆိုထားပါတယ်။ နည်းပညာကို အကျိုးရှိရှိ ဘယ်လောက်အသုံးပြုနိုင်လည်း ဆိုတဲ့ အပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့ ဘဝတိုးတက်မှုကို ပုံဖော်တဲ့ ခေတ်ကို ရောက်နေပြီလို့ စာတမ်းက ဆိုပါတယ်။
ဒါကြောင့် တိုးတက်မှုကို ရှာဖွေဖို့ လူတွေဟာ ဒစ်ဂျစ်တယ် နည်းပညာလေ့လာတတ်မြောက်မှုမှု အခုခေတ်ကို အမှီလိုက်ဖို့ အရေးအပါဆုံး ဖြစ်လာတယ်လို့ ဆိုထားပါတယ်။ နည်းပညာကို အကျိုးရှိရှိ ဘယ်လောက်အသုံးပြုနိုင်လည်း ဆိုတဲ့ အပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့ ဘဝတိုးတက်မှုကို ပုံဖော်တဲ့ ခေတ်ကို ရောက်နေပြီလို့ စာတမ်းက ဆိုပါတယ်။
( အသေးစိတ် တစ်ချက်ခြင်းစီကို ဆက်လက်ဖော်ပြပါဦးမည်)
Ref: What Are 21st-Century Skills? By ATC21S
Subscribe to:
Post Comments (Atom)
0 comments: